အခ်စ္ဟာသဝတၳဳ ခ်ိဳခ်ိဳေလးႏွစ္သက္သူေတြရဲ႕ ဆႏၵလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏုိင္မယ့္ “သစ္ခက္ငါး”

ဘယ္ႏွစ္ေခါက္ဖတ္ဖတ္ ရယ္ေနရတုန္း… <3

ေယာင္းေရ…. ဒီတစ္ပတ္ရဲ႕ အားလပ္ရက္ကို အခ်စ္ဟာသ ဝတၳဳခ်ိဳခ်ိဳေလးဖတ္ရင္း ေက်ာ္ျဖတ္ၾကရေအာင္… ေယာင္းတို႔ ဖတ္ဖို႔ အက္ဒ္မင္ညႊန္းေပးခ်င္တဲ့ အခ်စ္ဝတၳဳေလးနာမည္က သစ္ခက္ငါး တဲ့။

နာမည္ေလးက ဆန္းတယ္ဟုတ္ ? ဒီ ဝတၳဳက အက္ဒမင္တို႔ ကေလးဘဝကတည္းက ထြက္ခဲ့တဲ့စာအုပ္ပါ။ ဒါေပမဲ့ ဘယ္အခ်ိန္ဖတ္ဖတ္ၾကည္ႏူးစရာေလးေပါ့။ တခ်ိဳ႕အခ်စ္ဝတၳဳေတြလို လက္ေတြ႕ဘဝေတြနဲ႔ ကင္းကြာေနတဲ့ ဝတၳဳမ်ိဳးလည္း မဟုတ္ပါဘူး။ ေနာက္ၿပီး ပါးစပ္မေစ့ေအာင္ ရယ္ေနရတယ္ေလ။

ဒီစာအုပ္ကို ပထမပိုင္း နဲ႔ ဒုတိယပိုင္း ႏွစ္အုပ္တြဲထုတ္ခဲ့တာျဖစ္ပါတယ္။ စာေရးသူကေတာ့ လက္ရာေကာင္းမ်ားစြာကို ဖန္တီးခဲ့တဲ့ ဆရာ နီကိုရဲ ပါ။ ဟိုတစ္ေခတ္က ဗီဒီယိုကားအျဖစ္ လည္းထြက္႐ွိေအာင္ျမင္ခဲ့ပါေသးတယ္။

ကဲ .. ဒါဆို ဝတၳဳရဲ႕ ဇာတ္လမ္းအက်ဥ္းေလးကို ၾကည့္ၾကရေအာင္…

Related Article >>> နာမည္ေက်ာ္စာေရးဆရာေတြရဲ႕ နာမည္တစ္လံုးဝတၳဳ (၃) ပုဒ္

ဒီဇာတ္လမ္းရဲ႕ အဓိက ဇာတ္လိုက္ေကာင္မေလးက သစ္ခက္ တဲ့။ သူ႔မွာ ထူးျခားတဲ့အက်င့္႐ွိတယ္။ လမ္းမွာ ေတြ႕တဲ့ ပစၥည္းတိုင္းကို ေကာက္တတ္တဲ့အက်င့္ေပ့ါ။ သူ႔ သူငယ္ခ်င္းေတြက ဒီအက်င့္ကို ေဖ်ာက္ပါဆိုတာလည္း မေဖ်ာက္ဘူးရယ္..

တစ္ေန႔ေတာ့ သစ္ခက္ တစ္ေယာက္ ငါးဆယ္တန္ တစ္႐ြက္ကို ဘတ္စ္ကားေပၚမွာ ေတြ႕ပါေလေရာ။ (အဲ့ေခတ္က ငါးဆယ္တန္က ဒီေခတ္ ငါးရာတန္ ဒါမွမဟုတ္ ငါးေထာင္တန္ေလာက္ တန္ဖိုး႐ွိမလားမသိဘူးေနာ္ ေတာ္ေတာ္ၾကာၿပီဆိုေတာ့ေလ)

သစ္ခက္တစ္ေယာက္ အဲ့ဒီ ငါးဆယ္တန္ကို အေၾကာင္းျပဳလို႔ စိုးခ်ိန္ ဆုိတဲ့ ေကာင္ေလးတစ္ေယာက္ နဲ႔ ဆံုဆည္းရပါေတာ့တယ္။ ငါးဆယ္တန္ကိုအေၾကာင္းျပဳၿပီး ဆံုဆည္းရသူမို႔ သစ္ခက္ က ငါး လို႔ ခ်စ္စႏိုးေခၚပါတယ္။ ဒီလိုနဲ႔ သစ္ခက္ နဲ႔ ငါး တို႔ ခ်စ္ခရီးလမ္း စတင္ၾကတာေပါ့။ ဒါေပမဲ့ ကံဆိုးခ်င္ေတာ့ သစ္ခက္ ရဲ႕ ေဖေဖ ဦးဘခက္က သစ္ခက္တုိ႔အေၾကာင္းကို သိသြားေရာ..

သစ္ခက္မွာ သူ႔မိဘေတြ သေဘာတူထားတဲ့သူ႐ွိပါတယ္။ ေနာက္ၿပီး သစ္ခက္ က သူ႔ေဖေဖကို အရမ္းေၾကာက္ရတဲ့သူပါ။ ဒါေၾကာင့္ သစ္ခက္ကို အိမ္ထဲက အိမ္ျပင္ထြက္ခြင့္ေတာင္ မျပဳေတာ့ပါဘူး။

Related Article >>> မၾကည္ျပာႏွင့္ ခ်စ္ျခင္း၏ နဂၢတစ္မ်ားကို စားၿမံဳ႕ျပန္ျခင္း

ဒီအခါ သစ္ခက္ကို အရမ္းခ်စ္တဲ့ ငါး တစ္ေယာက္ ဒုကၡေရာက္ေတာ့တာေပါ့။ သစ္ခက္ ကို ျပန္လည္ဆက္သြယ္ခြင့္ရဖို႔ ငါး တစ္ေယာက္ အစြမ္းကုန္ႀကိဳးစားပါေတာ့တယ္။

သိပ္ခ်စ္ၾကတဲ့ သစ္ခက္ နဲ႔ ငါး တို႔ ဆံုစည္းႏိုင္မွာလားဆိုတာကိုေတာ့ ဒီဝတၳဳေလးထဲမွာ ဆက္ၾကည့္ေနာ္… ဇာတ္လမ္းက အရမ္း မထူးဆန္းပါဘူး။ ဒါေပမဲ့ အေရးသားကလည္း ေကာင္းသလို ဟာသေတြလည္းပါေတာ့ ေယာင္းတို႔ သေဘာက်မွာပါ။

ခ်စ္စရာ အခ်စ္ဟာသ ဝတၳဳေလးဖတ္ၿပီး ေယာင္းတုိ႔ အားလပ္ရက္ကို ေပ်ာ္႐ႊင္စြာျဖတ္သန္းႏိုင္ၾကပါေစ႐ွင္..

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဘယ်နှစ်ခေါက်ဖတ်ဖတ် ရယ်နေရတုန်း… <3

ယောင်းရေ…. ဒီတစ်ပတ်ရဲ့ အားလပ်ရက်ကို အချစ်ဟာသ ဝတ္ထုချိုချိုလေးဖတ်ရင်း ကျော်ဖြတ်ကြရအောင်… ယောင်းတို့ ဖတ်ဖို့ အက်ဒ်မင်ညွှန်းပေးချင်တဲ့ အချစ်ဝတ္ထုလေးနာမည်က သစ်ခက်ငါး တဲ့။

နာမည်လေးက ဆန်းတယ်ဟုတ် ? ဒီ ဝတ္ထုက အက်ဒမင်တို့ ကလေးဘဝကတည်းက ထွက်ခဲ့တဲ့စာအုပ်ပါ။ ဒါပေမဲ့ ဘယ်အချိန်ဖတ်ဖတ်ကြည်နူးစရာလေးပေါ့။ တချို့အချစ်ဝတ္ထုတွေလို လက်တွေ့ဘဝတွေနဲ့ ကင်းကွာနေတဲ့ ဝတ္ထုမျိုးလည်း မဟုတ်ပါဘူး။ နောက်ပြီး ပါးစပ်မစေ့အောင် ရယ်နေရတယ်လေ။

ဒီစာအုပ်ကို ပထမပိုင်း နဲ့ ဒုတိယပိုင်း နှစ်အုပ်တွဲထုတ်ခဲ့တာဖြစ်ပါတယ်။ စာရေးသူကတော့ လက်ရာကောင်းများစွာကို ဖန်တီးခဲ့တဲ့ ဆရာ နီကိုရဲ ပါ။ ဟိုတစ်ခေတ်က ဗီဒီယိုကားအဖြစ် လည်းထွက်ရှိအောင်မြင်ခဲ့ပါသေးတယ်။

ကဲ .. ဒါဆို ဝတ္ထုရဲ့ ဇာတ်လမ်းအကျဉ်းလေးကို ကြည့်ကြရအောင်…

Related Article >>> နာမည်ကျော်စာရေးဆရာတွေရဲ့ နာမည်တစ်လုံးဝတ္ထု (၃) ပုဒ်

ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးက သစ်ခက် တဲ့။ သူ့မှာ ထူးခြားတဲ့အကျင့်ရှိတယ်။ လမ်းမှာ တွေ့တဲ့ ပစ္စည်းတိုင်းကို ကောက်တတ်တဲ့အကျင့်ပေ့ါ။ သူ့ သူငယ်ချင်းတွေက ဒီအကျင့်ကို ဖျောက်ပါဆိုတာလည်း မဖျောက်ဘူးရယ်..

တစ်နေ့တော့ သစ်ခက် တစ်ယောက် ငါးဆယ်တန် တစ်ရွက်ကို ဘတ်စ်ကားပေါ်မှာ တွေ့ပါလေရော။ (အဲ့ခေတ်က ငါးဆယ်တန်က ဒီခေတ် ငါးရာတန် ဒါမှမဟုတ် ငါးထောင်တန်လောက် တန်ဖိုးရှိမလားမသိဘူးနော် တော်တော်ကြာပြီဆိုတော့လေ)

သစ်ခက်တစ်ယောက် အဲ့ဒီ ငါးဆယ်တန်ကို အကြောင်းပြုလို့ စိုးချိန် ဆိုတဲ့ ကောင်လေးတစ်ယောက် နဲ့ ဆုံဆည်းရပါတော့တယ်။ ငါးဆယ်တန်ကိုအကြောင်းပြုပြီး ဆုံဆည်းရသူမို့ သစ်ခက် က ငါး လို့ ချစ်စနိုးခေါ်ပါတယ်။ ဒီလိုနဲ့ သစ်ခက် နဲ့ ငါး တို့ ချစ်ခရီးလမ်း စတင်ကြတာပေါ့။ ဒါပေမဲ့ ကံဆိုးချင်တော့ သစ်ခက် ရဲ့ ဖေဖေ ဦးဘခက်က သစ်ခက်တို့အကြောင်းကို သိသွားရော..

သစ်ခက်မှာ သူ့မိဘတွေ သဘောတူထားတဲ့သူရှိပါတယ်။ နောက်ပြီး သစ်ခက် က သူ့ဖေဖေကို အရမ်းကြောက်ရတဲ့သူပါ။ ဒါကြောင့် သစ်ခက်ကို အိမ်ထဲက အိမ်ပြင်ထွက်ခွင့်တောင် မပြုတော့ပါဘူး။

Related Article >>> မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ်များကို စားမြုံ့ပြန်ခြင်း

ဒီအခါ သစ်ခက်ကို အရမ်းချစ်တဲ့ ငါး တစ်ယောက် ဒုက္ခရောက်တော့တာပေါ့။ သစ်ခက် ကို ပြန်လည်ဆက်သွယ်ခွင့်ရဖို့ ငါး တစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။

သိပ်ချစ်ကြတဲ့ သစ်ခက် နဲ့ ငါး တို့ ဆုံစည်းနိုင်မှာလားဆိုတာကိုတော့ ဒီဝတ္ထုလေးထဲမှာ ဆက်ကြည့်နော်… ဇာတ်လမ်းက အရမ်း မထူးဆန်းပါဘူး။ ဒါပေမဲ့ အရေးသားကလည်း ကောင်းသလို ဟာသတွေလည်းပါတော့ ယောင်းတို့ သဘောကျမှာပါ။

ချစ်စရာ အချစ်ဟာသ ဝတ္ထုလေးဖတ်ပြီး ယောင်းတို့ အားလပ်ရက်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေရှင်..

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed