Book Review

ဇာတ္လမ္းေကာင္း ႀကိဳက္သူေတြအတြက္ “လရဲ႕ေအာက္ဘက္မိုင္အေဝးမွာ” ဝတၳဳ

ဆရာမ ဂ်ဴးရဲ႕ လက္ရာ ဆယ္ေက်ာ္သက္ ဇာတ္လမ္းေလးတစ္ခုေပါ့… 

ဆရာမ ဂ်ဴးရဲ႕ ပရိသတ္ေတြ ႐ွိပါလား႐ွင္? ႐ွိတယ္ဆုိရင္ေတာ့ ဆရာမရဲ႕ စာအုပ္ေလးတစ္အုပ္နဲ႔ မိတ္ဆက္ေပးပါရေစ။ စာအုပ္က ထြက္ထားတာေတာ့ နည္းနည္းၾကာပါၿပီ။ ၾကာဆို ဆယ္ႏွစ္ေက်ာ္ ေလာက္ေတာ့ ႐ွိၿပီထင္ပါရဲ႕။

ဆရာမ ေရးဖြဲ႔ခဲ့တဲ့ စာေတြထဲမွာ ဆယ္ေက်ာ္သက္ေတြကို အဓိကထားတဲ့ စာအုပ္အနည္းငယ္႐ွိပါတယ္။ ဒီစာအုပ္က အဲဒီထဲက တစ္အုပ္ပါ။ နာမည္က “လရဲ႕ေအာက္ဘက္ မိုင္အေဝးမွာ” တဲ့။

ဒီဇာတ္လမ္းရဲ႕ ပံုစံက မိသားစု ဇာတ္လမ္းပါပဲ။ အသက္ငယ္ငယ္ ေခ်ာေခ်ာ Single Mother တစ္ေယာက္နဲ႔ လူပ်ိဳေပါက္အ႐ြယ္ သားႏွစ္ေယာက္ၾကားမွာ ျဖစ္ပ်က္တဲ့ ဇာတ္လမ္းကို သဘာဝက်က် နဲ႔ ဆန္းဆန္းေလး တင္ျပထားတာပါ။

ဇာတ္လမ္းအဖြင့္ကို ေရခဲတိုက္ထဲမွာ ဖြင့္ထားပါတယ္။ ေဒၚခင္သန္႔စင္ နဲ႔ သားျဖစ္သူ သိဒၶိ တို႔က အေလာင္းတစ္ေလာင္းကို လာၾကည့္တာပါ။ အေလာင္းကို ျမင္ၿပီး ေဒၚခင္သန္႔စင္ သတိေမ့လဲက်သြားပါတယ္။

သားျဖစ္သူ ဒီပါ ရဲ႕ အေလာင္းမ်ားျဖစ္ေနမလားဆုိၿပီး စိုးရိမ္ေနရာက ဒီပါမဟုတ္မွန္းသိရေတာ့ စိတ္သက္သာရာ ရသလုိ သားအတြက္ ရတက္ေပြေနဆဲ စိတ္နဲ႔ ေမ့လဲသြားတာပါ။

အလင္းသစ္ မဂၢဇင္း ရဲ႕ ထုတ္ေဝသူနဲ႔ အယ္ဒီတာ ေဒၚ ခင္သန္႔စင္ဟာ သားျဖစ္သူေတြကို ရည္မွန္းခ်က္ႀကီးႀကီးထားသလို သူျဖစ္ေစခ်င္တဲ့အတိုင္း ျဖစ္လာေအာင္ ပံုသြင္းတတ္သူပါ။ ဒီလိုနဲ႔ တစ္ရက္မွာေတာ့ သားအငယ္ ဒီပါတစ္ေယာက္ အိမ္ကေန ထြက္ေျပးလုိ႔သြားပါေတာ့တယ္။

Related Article >>> ဆယ္ေက်ာ္သက္ အရြယ္တိုင္း မျဖစ္မေနဖတ္သင့္တဲ့ စာအုပ္ႏွစ္အုပ္

သားအႀကီး သိဒၶိက ေအးတယ္။ အေမ ျဖစ္သူ ပံုသြင္းတဲ့အတိုင္း ေနတယ္။ အငယ္ျဖစ္သူ ဒီပါ ကေတာ့ ဂ်စ္ကန္ကန္ ႏိုင္တယ္။ သူ႔ကို ဇြတ္ပံုသြင္းတာကို မႀကိဳက္လုိ႔ ဒီလုိအိမ္ကေန ထြက္သြားတာပါ။

Related Article >>> ဒီတစ္ပတ္အတြက္ ဖတ္စရာ ဘာသာျပန္ စာအုပ္(၂)အုပ္

ေဒၚခင္သန္႔စင္ နဲ႔ သိဒၶိ တို႔ ၾကံရာမရျဖစ္ေနတုန္း သိဒၶိ သူငယ္ခ်င္း ကစ္ကစ္ ရဲ႕ အကူအညီ နဲ႔ လူမႈေရး အတုိင္ပင္ခံ အဖြဲ႔အစည္းတစ္ခုကို ဆက္သြယ္မိတယ္။ ဒီလုိ ဆက္သြယ္မိရာကေန အဲ့ဒီအဖြဲ႕အစည္းက အတိုင္ပင္ခံ ကိုေနေရာင္ခန္႔ နဲ႔ပါ သူတုိ႔ေတြ ရင္းႏွီးကၽြမ္းဝင္လာခဲ့ပါတယ္။

ဒီလုိနဲ႔ တစ္ေန႔ေတာ့ လူတစ္ဦးက သူတို႔မိသားစု ဆီကို ဆက္သြယ္လာပါတယ္။ ဒီပါ့ကို ျပန္ေတြ႕ခ်င္ရင္ သူ႔ကို ေငြငါးသိန္းေပးရမယ္လို႔ သူက ကမ္းလွမ္းလာပါတယ္။ ဒီ ကမ္းလွမ္းခ်က္ကို စဥ္းစားၿပီးမွ လက္ခံသင့္ေၾကာင့္ ကိုေနေရာင္ခန္႔ ကေျပာပါတယ္။

ဒါေပမဲ့ သားေဇာ ေၾကာင့္ ေဒၚခင္သန္႔စင္က ဒီေငြကို ေပးလိုက္ခ်င္ေနပါတယ္။ သိဒၶိကေတာ့ ဘာလုပ္ရမယ္မွန္းမသိေသးပါဘူး။ ဒီလုိအေျခအေနမွာ ေနေရာင္ခန္႔ နဲ႔ ေဒၚခင္သန္႔စင္ တို႔ ရင္းႏွီးမႈအတုိင္းအတာ ပိုလာတယ္ဆိုတာ သိဒၶိတစ္ေယာက္ သိလိုက္ရတဲ့အခါ အေျခအေနေတြက ပိုဆိုးလာပါေတာ့တယ္။

သူတုိ႔သားအမိ ဒီပါ နဲ႔ ျပန္ေတြ႕ခြင့္ရမလား?

သားအမိသံုးေယာက္ ဘယ္လို အျဖစ္အပ်က္ေတြနဲ႔ ဆက္ၿပီး ၾကံဳရဦးမွာလဲ?

ေဒၚခင္သန္႔စင္ နဲ႔ ေနေရာင္ခန္႔ တို႔ေရာ ဘာေတြ ဆက္ျဖစ္ၾကဦးမွာလဲ? ဆိုတာေတြ သိခ်င္ရင္ေတာ့ လရဲ႕ေအာက္ဘက္ မုိင္အေဝးမွာ စာအုပ္ကို ဖတ္ၾကည့္ၾကဦးလို႔….

ဒီစာအုပ္က မၾကာခင္မွာ ႐ုပ္႐ွင္အျဖစ္ ပံုသြင္းေတာ့မွာ ျဖစ္လို႔ ဖတ္ျဖစ္ေအာင္ ဖတ္ထားၾကေနာ္။ ေဒၚခင္သန္႔စင္ေနရာမွာ မအူဝဲ (အိျႏၵာေက်ာ္ဇင္) နဲ႔ ေနေရာင္ခန္႔ေနရာမွာ သရုပ္ေဆာင္မွာက ေယာင္းတို႔အခ်စ္ေတာ္ ေဒါင္းျဖစ္ၿပီး ဒီဇာတ္လမ္းကို ရိုက္ကူးမွာကလည္း ည ဇာတ္လမ္းရဲ႕ ပဲ့ကိုင္ရွင္ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦးဆိုေတာ့ကာ ေစာင့္ၾကည့္ရမယ့္ ဇာတ္ကားတစ္ကား ျဖစ္လာလိမ့္မယ္လို႔ ထင္ပါတယ္ ေယာင္းတို႔ေရ…

ေယာင္းတို႔ေရာ ဘယ္လို ျမင္ၾကလဲဟင္..

ခ်စ္တဲ့ အက္ဒ္မင္

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဆရာမ ဂျူးရဲ့ လက်ရာ ဆယ်ကျော်သက် ဇာတ်လမ်းလေးတစ်ခုပေါ့… 

ဆရာမ ဂျူးရဲ့ ပရိသတ်တွေ ရှိပါလားရှင်? ရှိတယ်ဆိုရင်တော့ ဆရာမရဲ့ စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ။ စာအုပ်က ထွက်ထားတာတော့ နည်းနည်းကြာပါပြီ။ ကြာဆို ဆယ်နှစ်ကျော် လောက်တော့ ရှိပြီထင်ပါရဲ့။

ဆရာမ ရေးဖွဲ့ခဲ့တဲ့ စာတွေထဲမှာ ဆယ်ကျော်သက်တွေကိုအဓိကထားတဲ့ စာအုပ်အနည်းငယ်ရှိပါတယ်။ ဒီစာအုပ်က အဲဒီထဲက တစ်အုပ်ပါ။ နာမည်က “လရဲ့အောက်ဘက် မိုင်အဝေးမှာ” တဲ့။

ဒီဇာတ်လမ်းရဲ့ ပုံစံက မိသားစု ဇာတ်လမ်းပါပဲ။ အသက်ငယ်ငယ် ချောချော Single Mother တစ်ယောက်နဲ့ လူပျိုပေါက်အရွယ် သားနှစ်ယောက်ကြားမှာ ဖြစ်ပျက်တဲ့ ဇာတ်လမ်းကို သဘာဝကျကျ နဲ့ ဆန်းဆန်းလေး တင်ပြထားတာပါ။

ဇာတ်လမ်းအဖွင့်ကို ရေခဲတိုက်ထဲမှာ ဖွင့်ထားပါတယ်။ ဒေါ်ခင်သန့်စင် နဲ့ သားဖြစ်သူ သိဒ္ဓိ တို့က အလောင်းတစ်လောင်းကို လာကြည့်တာပါ။ အလောင်းကို မြင်ပြီး ဒေါ်ခင်သန့်စင် သတိမေ့လဲကျသွားပါတယ်။

သားဖြစ်သူ ဒီပါ ရဲ့ အလောင်းများဖြစ်နေမလားဆိုပြီး စိုးရိမ်နေရာက ဒီပါမဟုတ်မှန်းသိရတော့ စိတ်သက်သာရာ ရသလို သားအတွက် ရတက်ပွေနေဆဲ စိတ်နဲ့ မေ့လဲသွားတာပါ။

အလင်းသစ် မဂ္ဂဇင်း ရဲ့ ထုတ်ဝေသူနဲ့ အယ်ဒီတာ ဒေါ် ခင်သန့်စင်ဟာ သားဖြစ်သူတွေကို ရည်မှန်းချက်ကြီးကြီးထားသလို သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် ပုံသွင်းတတ်သူပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ သားအငယ် ဒီပါတစ်ယောက် အိမ်ကနေ ထွက်ပြေးလို့သွားပါတော့တယ်။

Related Article >>> ဆယ်ကျော်သက် အရွယ်တိုင်း မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်နှစ်အုပ်

သားအကြီး သိဒ္ဓိက အေးတယ်။ အမေ ဖြစ်သူ ပုံသွင်းတဲ့အတိုင်း နေတယ်။ အငယ်ဖြစ်သူ ဒီပါ ကတော့ ဂျစ်ကန်ကန် နိုင်တယ်။ သူ့ကို ဇွတ်ပုံသွင်းတာကို မကြိုက်လို့ ဒီလိုအိမ်ကနေ ထွက်သွားတာပါ။

Related Article >>> ဒီတစ်ပတ်အတွက် ဖတ်စရာ ဘာသာပြန် စာအုပ်(၂)အုပ်

ဒေါ်ခင်သန့်စင် နဲ့ သိဒ္ဓိ တို့ ကြံရာမရဖြစ်နေတုန်း သိဒ္ဓိ သူငယ်ချင်း ကစ်ကစ် ရဲ့ အကူအညီ နဲ့ လူမှုရေး အတိုင်ပင်ခံ အဖွဲ့အစည်းတစ်ခုကို ဆက်သွယ်မိတယ်။ ဒီလို ဆက်သွယ်မိရာကနေ အဲ့ဒီအဖွဲ့အစည်းက အတိုင်ပင်ခံ ကိုနေရောင်ခန့် နဲ့ပါ သူတို့တွေ ရင်းနှီးကျွမ်းဝင်လာခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့ လူတစ်ဦးက သူတို့မိသားစု ဆီကို ဆက်သွယ်လာပါတယ်။ ဒီပါ့ကို ပြန်တွေ့ချင်ရင် သူ့ကို ငွေငါးသိန်းပေးရမယ်လို့ သူက ကမ်းလှမ်းလာပါတယ်။ ဒီ ကမ်းလှမ်းချက်ကို စဉ်းစားပြီးမှ လက်ခံသင့်ကြောင့် ကိုနေရောင်ခန့် ကပြောပါတယ်။

ဒါပေမဲ့ သားဇော ကြောင့် ဒေါ်ခင်သန့်စင်က ဒီငွေကို ပေးလိုက်ချင်နေပါတယ်။ သိဒ္ဓိကတော့ ဘာလုပ်ရမယ်မှန်းမသိသေးပါဘူး။ ဒီလိုအခြေအနေမှာ နေရောင်ခန့် နဲ့ ဒေါ်ခင်သန့်စင် တို့ ရင်းနှီးမှုအတိုင်းအတာ ပိုလာတယ်ဆိုတာ သိဒ္ဓိတစ်ယောက် သိလိုက်ရတဲ့အခါ အခြေအနေတွေက ပိုဆိုးလာပါတော့တယ်။

သူတို့သားအမိ ဒီပါ နဲ့ ပြန်တွေ့ခွင့်ရမလား?

သားအမိသုံးယောက် ဘယ်လို အဖြစ်အပျက်တွေနဲ့ ဆက်ပြီး ကြုံရဦးမှာလဲ?

ဒေါ်ခင်သန့်စင် နဲ့ နေရောင်ခန့် တို့ရော ဘာတွေ ဆက်ဖြစ်ကြဦးမှာလဲ? ဆိုတာတွေ သိချင်ရင်တော့ လရဲ့အောက်ဘက် မိုင်အဝေးမှာ စာအုပ်ကို ဖတ်ကြည့်ကြဦးလို့….

ဒီစာအုပ်က မကြာခင်မှာ ရုပ်ရှင်အဖြစ် ပုံသွင်းတော့မှာ ဖြစ်လို့ ဖတ်ဖြစ်အောင် ဖတ်ထားကြနော်။ ဒေါ်ခင်သန့်စင်နေရာမှာ မအူဝဲ (အိန္ဒြာကျော်ဇင်) နဲ့ နေရောင်ခန့်နေရာမှာ သရုပ်ဆောင်မှာက ယောင်းတို့အချစ်တော် ဒေါင်းဖြစ်ပြီး ဒီဇာတ်လမ်းကို ရိုက်ကူးမှာကလည်း ည ဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ ထူးပိုင်ဇော်ဦးဆိုတော့ကာ စောင့်ကြည့်ရမယ့် ဇာတ်ကားတစ်ကား ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ် ယောင်းတို့ရေ…

ယောင်းတို့ရော ဘယ်လို မြင်ကြလဲဟင်..

ချစ်တဲ့ အက်ဒ်မင်

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *