ႏိုင္ငံေရး အေျခခံ နားလည္ခ်င္သူတိုင္း ဖတ္ထားသင့္တဲ့ စာအုပ္မ်ား

ႏိုင္ငံေရးဆိုတာ ဘာလဲ သိခ်င္ၾကသူေတြအတြက္

ဗဟုသုတစံုခ်င္ပါတယ္ဆုိတဲ့ ေယာင္းေတြပဲျဖစ္ျဖစ္၊ ႏိုင္ငံေရးဆိုတာ ဘာလဲ စူးစမ္းေလ့လာခ်င္သူေယာင္းေတြပဲျဖစ္ျဖစ္ ႏိုင္ငံေရးအေၾကာင္း ေလ့လာလို႔ရေစမယ့္ စာအုပ္သံုးအုပ္နဲ႔ မိတ္ဆက္ေပးမယ္ေနာ္။

အဲဒီစာအုပ္ေတြက …

၁။ ႏိုင္ငံေရးေလ့လာလုိသူ လူငယ္တို႔အတြက္ ႏို္င္ငံေရးဆိုင္ရာ လူမႈေရးကိစၥရပ္မ်ား (ေဒါက္တာထြန္းဝင္း)

ႏိုင္ငံေရးေလ့လာလုိသူ လူငယ္တို႔အတြက္ ႏို္င္ငံေရးဆိုင္ရာ လူမႈေရးကိစၥရပ္မ်ား

စာေရးဆရာ ေဒါက္တာ ထြန္းဝင္း ေရးသားတဲ့ လူငယ္ နဲ႔ ႏိုင္ငံေရး ဆိုတဲ့ စာအုပ္ကေတာ့ စာအုပ္အဖြင့္မွာတင္ ႏိုင္ငံေရး ဆိုတာ ဘာလဲ၊ ႏုိ္င္ငံေရးသမားဆိုတာ ဘာကို ေခၚတာလဲ ဆိုတာကေန စတင္႐ွင္းျပထားတာျဖစ္ပါတယ္။

ေနာက္ပိုင္းမွာဆိုရင္လည္း ႏိုင္ငံေရး သေဘာတရားေတြနဲ႔ ႏိုင္ငံေရးသမားတုိ႔ ႐ွိသင့္တဲ့ ကိုယ္က်င့္တရားေတြကို ႏိုင္ငံတကာအေျခအေန၊ ျမန္မာျပည္ အေျခအေနတို႔နဲ႔ ဥပမာေပး ႐ွင္းလင္းျပထားပါတယ္။ ဒါေၾကာင့္ ႏုိင္ငံေရးအေၾကာင္း ခုမွ စၿပီး ေလ့လာမယ့္ ေယာင္းတို႔အတြက္၊ လူငယ္ေလးေတြအတြက္ေတာ့ အဆင္ေျပေစမယ့္ စာအုပ္ေလးပါပဲ။

Related Article >>> အမ်ိဳးသမီးႏွင့္ ႏိုင္ငံေရး

၂။ လူငယ္ ႏွင့္ ႏိုင္ငံေရး ။ ႏိုင္ငံေရး ႏွင့္ လူငယ္ (သန္းဝင္းလိႈင္)

ဒီစာအုပ္ကလည္း ႏို္င္ငံေရး အေျခခံသေဘာတရားေတြ ေလ့လာလိုတဲ့ လူငယ္ေတြအတြက္ ႏို္င္ငံေရးဆုိတာ ဘာလဲ၊ ကမာၻေပၚမွာ ဘယ္လို ႏိုင္ငံေရးဝါဒေတြ႐ွိလဲ စတာေတြအျပင္ ထူးခၽြန္ထင္႐ွားတဲ့ ကမာၻ နဲ႔ ျမန္မာက ႏိုင္ငံေရးသမားေတြ ရဲ႕ ႏိုင္ငံေရး နဲ႔ ပတ္သက္ၿပီး မွ်ေဝခဲ့တဲ့ အေတြးအျမင္တို႔ကိုပါ ျပည့္ျပည့္စံုစံုနဲ႔ တင္ျပထားပါတယ္။ ဒီလုိ ႏိုင္ငံေရးအေၾကာင္းေတြကို စာေရးသူက ညီ၊ညီမငယ္ေတြကို ႐ွင္းလင္းေျပာျပဟန္ နဲ႔ ေရးသားထားတာမို႔ စာဖတ္သူေတြကို ပ်င္းရိၿငီးေငြ႕ေစမွာ မဟုတ္ဘဲ စိတ္ဝင္စားေအာင္ ဆြဲေခၚသြားႏုိင္မွာပါ။ ဖတ္ၾကည့္ေနာ္ ေယာင္းတို႔…

၃။ ဒီမိုကေရစီ စနစ္အမ်ိဳးမ်ိဳး (ေ႐ႊကူေမႏွင္း)

ဒီမိုကေရစီ စနစ္အမ်ိဳးမ်ိဳး

ဆရာမႀကီး ေ႐ႊကူေမႏွင္း ေရးသားတဲ့ ဒီမိုကေရစီ စနစ္အမ်ိဳးမ်ိဳး ဆိုတဲ့ စာအုပ္ကလည္း လူငယ္ေတြ ဖတ္ကို ဖတ္ထားသင့္တဲ့ စာအုပ္ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ျမန္မာျပည္က ဒီမိုကေရစီစနစ္ကို က်င့္သံုးေနတဲ့ တိုင္းျပည္ျဖစ္တဲ့အတြက္ လူငယ္ေတြအေနနဲ႔ ဒီမိုကေရစီရဲ႕ စံႏႈန္းဆိုတာ ဘာလဲ၊ ဒီမိုကေရစီ စနစ္ဆိုတာ ဘာလဲ၊ ဒီမိုကေရစီဆိုတာ ဘာလဲ ဆိုတာမ်ိဳးေတြ သိထားဖို႔ လိုအပ္တယ္ မဟုတ္လား…  ဆရာမႀကီးက ဒီစာအုပ္မွာ ဒီမုိကေရစီစနစ္အေၾကာင္းကို တိုတို႐ွင္း႐ွင္း၊ ျပည့္ျပည့္စံုစံု ေရးသားထားတာမို႔ လူငယ္ေတြ ဖတ္႐ႈသင့္တဲ့ စာအုပ္ေကာင္းတစ္အုပ္ပါပဲ။

Related Article >>> အြန္လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ ဖရာရီလမ္းခြဲကို ဖတ္ၾကည့္တဲ့အခါ….

ဒီစာအုပ္ေတြက လူငယ္ေတြအတြက္ ေရးသားထားတဲ့ စာအုပ္ေတြ ျဖစ္တဲ့အတြက္ အေျခခံ ႏုိင္ငံေရး သေဘာတရားေတြနဲ႔ လူငယ္ေတြ သိထားသင့္တဲ့ အေၾကာင္းအရာေတြကို မွ်ေဝေပးထားတာပါ။ ေယာင္းတို႔လည္း ဒီစာအုပ္ေတြကို ဖတ္႐ႈၿပီး ႏိုင္ငံေရးအသိအျမင္ႂကြယ္ဝလို႔ တုိင္းျပည္ကို ကိုယ္တတ္စြမ္းသလို အက်ိဳးျပဳႏိုင္တဲ့ လူငယ္ေလးေတြ ျဖစ္လာၾကပါေစလို႔..

Sugar Cane (For Her Myanmar)

နိုင်ငံရေးဆိုတာ ဘာလဲ သိချင်ကြသူတွေအတွက်

ဗဟုသုတစုံချင်ပါတယ်ဆိုတဲ့ ယောင်းတွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးဆိုတာ ဘာလဲ စူးစမ်းလေ့လာချင်သူယောင်းတွေပဲဖြစ်ဖြစ် နိုင်ငံရေးအကြောင်း လေ့လာလို့ရစေမယ့် စာအုပ်သုံးအုပ်နဲ့ မိတ်ဆက်ပေးမယ်နော်။

အဲဒီစာအုပ်တွေက …

၁။ နိုင်ငံရေးလေ့လာလိုသူ လူငယ်တို့အတွက် နိုင်ငံရေးဆိုင်ရာ လူမှုရေးကိစ္စရပ်များ (ဒေါက်တာထွန်းဝင်း)


နိုင်ငံရေးလေ့လာလိုသူ လူငယ်တို့အတွက် နိုင်ငံရေးဆိုင်ရာ လူမှုရေးကိစ္စရပ်များ
စာရေးဆရာ ဒေါက်တာ ထွန်းဝင်း ရေးသားတဲ့ လူငယ် နဲ့ နိုင်ငံရေး ဆိုတဲ့ စာအုပ်ကတော့ စာအုပ်အဖွင့်မှာတင် နိုင်ငံရေး ဆိုတာ ဘာလဲ၊ နိုင်ငံရေးသမားဆိုတာ ဘာကို ခေါ်တာလဲ ဆိုတာကနေ စတင်ရှင်းပြထားတာဖြစ်ပါတယ်။

နောက်ပိုင်းမှာဆိုရင်လည်း နိုင်ငံရေး သဘောတရားတွေနဲ့ နိုင်ငံရေးသမားတို့ ရှိသင့်တဲ့ ကိုယ်ကျင့်တရားတွေကို နိုင်ငံတကာအခြေအနေ၊ မြန်မာပြည် အခြေအနေတို့နဲ့ ဥပမာပေး ရှင်းလင်းပြထားပါတယ်။ ဒါကြောင့် နိုင်ငံရေးအကြောင်း ခုမှ စပြီး လေ့လာမယ့် ယောင်းတို့အတွက်၊ လူငယ်လေးတွေအတွက်တော့ အဆင်ပြေစေမယ့် စာအုပ်လေးပါပဲ။

Related Article >>> အမျိုးသမီးနှင့် နိုင်ငံရေး

၂။ လူငယ် နှင့် နိုင်ငံရေး ။ နိုင်ငံရေး နှင့် လူငယ် (သန်းဝင်းလှိုင်)

ဒီစာအုပ်ကလည်း နိုင်ငံရေး အခြေခံသဘောတရားတွေ လေ့လာလိုတဲ့ လူငယ်တွေအတွက် နိုင်ငံရေးဆိုတာ ဘာလဲ၊ ကမ္ဘာပေါ်မှာ ဘယ်လို နိုင်ငံရေးဝါဒတွေရှိလဲ စတာတွေအပြင် ထူးချွန်ထင်ရှားတဲ့ ကမ္ဘာ နဲ့ မြန်မာက နိုင်ငံရေးသမားတွေ ရဲ့ နိုင်ငံရေး နဲ့ ပတ်သက်ပြီး မျှဝေခဲ့တဲ့ အတွေးအမြင်တို့ကိုပါ ပြည့်ပြည့်စုံစုံနဲ့ တင်ပြထားပါတယ်။ ဒီလို နိုင်ငံရေးအကြောင်းတွေကို စာရေးသူက ညီ၊ညီမငယ်တွေကို ရှင်းလင်းပြောပြဟန် နဲ့ ရေးသားထားတာမို့ စာဖတ်သူတွေကို ပျင်းရိငြီးငွေ့စေမှာ မဟုတ်ဘဲ စိတ်ဝင်စားအောင် ဆွဲခေါ်သွားနိုင်မှာပါ။ ဖတ်ကြည့်နော် ယောင်းတို့…

၃။ ဒီမိုကရေစီ စနစ်အမျိုးမျိုး (ရွှေကူမေနှင်း)

ဆရာမကြီး ရွှေကူမေနှင်း ရေးသားတဲ့ ဒီမိုကရေစီ စနစ်အမျိုးမျိုး ဆိုတဲ့ စာအုပ်ကလည်း လူငယ်တွေ ဖတ်ကို ဖတ်ထားသင့်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်က ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ ဒီမိုကရေစီရဲ့ စံနှုန်းဆိုတာ ဘာလဲ၊ ဒီမိုကရေစီ စနစ်ဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ ဆိုတာမျိုးတွေ သိထားဖို့ လိုအပ်တယ် မဟုတ်လား…  ဆရာမကြီးက ဒီစာအုပ်မှာ ဒီမိုကရေစီစနစ်အကြောင်းကို တိုတိုရှင်းရှင်း၊ ပြည့်ပြည့်စုံစုံ ရေးသားထားတာမို့ လူငယ်တွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။

Related Article >>> အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ဖရာရီလမ်းခွဲကို ဖတ်ကြည့်တဲ့အခါ….

ဒီစာအုပ်တွေက လူငယ်တွေအတွက် ရေးသားထားတဲ့ စာအုပ်တွေ ဖြစ်တဲ့အတွက် အခြေခံ နိုင်ငံရေး သဘောတရားတွေနဲ့ လူငယ်တွေ သိထားသင့်တဲ့ အကြောင်းအရာတွေကို မျှဝေပေးထားတာပါ။ ယောင်းတို့လည်း ဒီစာအုပ်တွေကို ဖတ်ရှုပြီး နိုင်ငံရေးအသိအမြင်ကြွယ်ဝလို့ တိုင်းပြည်ကို ကိုယ်တတ်စွမ်းသလို အကျိုးပြုနိုင်တဲ့ လူငယ်လေးတွေ ဖြစ်လာကြပါစေလို့..

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed