Book Review

အတုယူအားကျစိတ်နဲ့ စိတ်စေတနာကောင်းတွေကို မွေးဖွားပေးနိုင်တဲ့ “ သူမတူသူများ” စာအုပ်

ကောင်းမွန်တဲ့ စာပေတွေက စိတ်နှလုံးသားကောင်းမွန်လာအောင် ထိန်းကျောင်းပေးနိုင်ပါသတဲ့…

ပိတ်ရက်မှာ စာအုပ်လေးတွေနဲ့ အဖော်ပြုနိင်ဖို့ စာအုပ်ကောင်းကောင်းလေးတွေ လိုက်ရှာနေတဲ့ ယောင်းတို့အတွက် ဒီတစ်ပတ်မှာတော့ ဆရာကြီးမင်းယုဝေရဲ့ “သူမတူသူများ” ဆိုတဲ့ စာအုပ်လေးအကြောင်း လက်တို့ပေးချင်ပါတယ်နော်။ ဒီစာအုပ်လေးမှာတော့ သူမတူ ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်လွန်းလှအောင် ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာက ပုဂ္ဂိုလ်ထူးများရဲ့ အတ္ထုပ္ပတ္တိဆောင်းပါးအပုဒ်(၂၀)ကို  စုစည်းဖော်ပြပေးထားတာပါ။

Related article>>>ဝတ္ထုဖတ်ရင်း ကိုယ်တိုင်ဝင်ရောက်ခံစားနေရသလို စီးမျောသွားမယ့် ရသစာအုပ်(၃)အုပ်

ကျေးဇူးသိသူ(နပိုလီယံ) ၊ ဘိုးဘွားများအကျိုးဆောင်သူ (ဒေါ်ဦးဇွန်း) ၊ မီးတောက်ကြားမှသူရဲကောင်း (ဂျူစီဟဒ်လို) ၊ စုံထောက်ဆရာဝန် (ဆာအာသာကိုနင်ဒွိုင်း) စသဖြင့် ကိုယ်ကျိုးစွန့်လုပ်ဆောင်ခဲ့ကြတဲ့ ဝိသေသတွေနဲ့လိုက်ဖက်အောင်  ဆောင်းပါးတစ်ပုဒ်ချင်းစီရဲ့  ခေါင်းစဉ်နာမည်လေးတွေပေးထားပြီး မာတိကာမှာ ဖော်ပြပေးထားတာမို့  ယောင်းတို့စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ကို အရင်ရှာဖတ်လို့ရပါတယ်။

ဒီစာအုပ်ထဲကဆောင်းပါးတစ်ပုဒ်ချင်းစီကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)လောက်က  ငွေတာရီမဂ္ဂဇင်းနဲ့ တခြားမဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ပြီးသားဖြစ်တာမို့ ဆောင်းပါးတစ်ပုဒ်ချင်းစီပေါ် စာရေးသူရဲ့ အားစိုက်ထုတ်မှုတွေကို အနှစ်သာရပြည့်ပြည့်ဝဝနဲ့ ခံစားရရှိနိုင်မှာပါ။ ငွေတာရီမဂ္ဂဇင်းခေတ်က  ဆောင်းပါးတွေရဲ့ အရေးအသားပိုင်းကို လေ့လာနိုင်သလို ပုဂ္ဂိုလ်ထူးတွေအကြောင်းကို တစ်စုတစ်စည်းတည်းဖတ်ရမှာဆိုတော့  ဗဟုသုတရှာမှီးချင်တဲ့ယောင်းယောင်းတို့အတွက် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပဲပေါ့..

ဆရာကြီး မင်းယုဝေကိုယ်တိုင်ကလည်း ဒီစာအုပ်ကို ဖတ်မိသူတွေ ရင်ထဲမှာ စိတ်ကောင်းစေတနာကောင်းတွေ ဖြစ်ပေါ်လာပြီး အတုယူချင်စိတ်တွေ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ရေးသားခဲ့တာဖြစ်တယ်လို့ အမှာစာမှာ ရေးသားထားခဲ့ပါတယ်

တကယ်တော့ ဆရာကြီးမင်းယုဝေက “ သူလိုလူများ ” ဆိုပြီး အတ္ထုပ္ပတ္တိဆောင်းပါး(၂၅)ပုဒ်ကိုစုစည်းပြီး  လုံးချင်းစာအုပ်အဖြစ် ၁၉၇၉ခုနှစ်မှာ ထုတ်ဝေခဲ့ဖူးပါတယ်။ စာဖတ်သူတွေ ကြိုက်နှစ်သက်ကြတာကြောင့် ဒီစာအုပ်ကို ဒုတိယအကြိမ် ထုတ်ဝေခဲ့ရသလို အဲဒီစာအုပ်နဲ့ ပုံစံတူ “ သူမတူသူများ” အတ္ထုပ္ပတ္တိစာအုပ်ကိုလည်း ဆက်လက်ထုတ်ဝေဖြစ်ခဲ့တယ်လို့ ဆိုထားပါသေးတယ် ယောင်းတို့ရေ…

Related article>>>ကုန်းဘောင်ခေတ် မိဖုရားနဲ့ မင်းသမီး တို့ကို ဘွဲ့အမည်သတ်မှတ်ပုံများ

ဒါဆိုရင်တော့ ယောင်းတို့ ဒီတစ်ပတ်အတွက် ဖတ်စရာ စာအုပ်ကောင်းလေး တစ်အုပ်ရသွားပြန်ပြီပေါ့…သြော်…  စာဖတ်တာတင် မကဘဲ စာရေးတာပါ ဝါသနာပါသေးတယ်ဆိုတဲ့ ယောင်းလေးတို့အတွက် အက်ဒ်မင်တို့ ပြောပြစရာ ပွဲလေးတစ်ပွဲ ရှိသေးတယ် ယောင်းတို့ရေ.. ဒါကတော့ “G talk Yangon : Inspirational Books to Land Freelance Writing Job” ဆိုတဲ့ ပွဲလေးပါ။

ဒီပွဲမှာတော့ Freelance Writer တစ်ယောက်ဖြစ်ရပ်တည်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်တွေ စာရေးဆရာတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စည်မျဉ်းစည်းကမ်းတွေနဲ့
အရေးပါတဲ့ စာရေးသားနည်းတွေကို လက်ရှိ Content writer လောကမှာ နေရာတစ်ခုရနေသူတွေက အက်ဒ်မင်တို့ For Her Book Club Event ရဲ့ ထုံးစံအတိုင်း Freelancer တစ်ယောက်အတွက် Inspire ဖြစ်စေတဲ့ စာအုပ် ၃ အုပ်နဲ့အတူ မျှဝေပေးသွားမှာဖြစ်တဲ့အတွက် Freelancer တစ်ယောက် ဖြစ်လိုသူတိုင်း၊ Content Writer ဖြစ်လိုသူတိုင်း မဖြစ်မနေ တက်ရောက်သင့်တဲ့ ပွဲလေးပါ ယောင်းတို့ရေ…

ပွဲအကြောင်း အသေးစိတ်ကိုတော့ ဒီလင့်ခ် လေးမှာ ကြည့်လို့ရသလို ပွဲတက်ရောက်မယ်ဆိုရင်တော့ ဒီလင့်ခ် >> http://bit.ly/2FcimIT လေးမှာ Register လုပ်လို့ ရပါတယ်လို့..

ပွဲနေ့မှာ ဆုံကြရအောင်နော်.. ယောင်းတို့..

DiDi (For Her Myanmar)

Yin Sandi Ko
Yin Sandi Ko
ညီမက‌တော့ ဒီဒီပါ .စာရေးရတာကို ရူးသွပ်သူမို့ ယောင်းတို့ကိုဆွဲဆောင်နိုင်မယ့် အရေးအသားတွေနဲ့ ယောင်းတို့ပျော်စေဖို့ အမြဲကြိုးစားနေသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *