ၾကည္ႏူးလြမ္းေမာစရာ BL အခန္းဆက္ ဝတၳဳေလးမ်ား

အက္ဒ္မင့္ အႀကိဳက္ဆံုးေတြ စုထားေပးတာ ဟီး..

ေယာင္းတို႔ေရ…

မေတြ႕ရတာ နည္းနည္း ၾကာၿပီေနာ္.. ဟိုတစ္ခါက Wattpad က အက္ဒ္မင္သေဘာက်တဲ့ ဝတၳဳေလးေတြကို စုၿပီး ေရးေပးထားတာ ေယာင္းတို႔ေတြ သေဘာက်ၾကတယ္ဆိုေတာ့ အက္ဒ္မင့္မွာ ေပ်ာ္လို႔.. အဲဒီမွာ BL ဝတၳဳေကာင္းေကာင္းေလးေတြလည္း စုေပးပါဆိုၿပီး ေတာင္းဆိုၾကတာေတြလည္း ရွိေတာ့ (အယ္လယ္ ကိုယ္စကားေခၚထားတာ ထည့္မေျပာဘူး :P) ဒီတစ္ေခါက္မွာ BL ေကာင္းေကာင္းေလးေတြ စုေပးလိုက္ပါတယ္လို႔..

၁။ Quickly Wear The Face of Devil

ဟိုးအေရွ႕မွာ အက္ဒ္မင္ ေျပာျပခဲ့တဲ့ ရွီရွန္းလို System ဇာတ္လမ္းမ်ိဳးပါပဲ။ Arc အလိုက္သြားတဲ့ ဝတၳဳေတြမို႔လို႔ ဝတၳဳရွည္ႀကီးေတြ မဖတ္ခ်င္တဲ့ ေယာင္းတို႔အတြက္ အဆင္ေျပႏိုင္ပါတယ္။ ဇာတ္ေကာင္ကလည္း က်ိဳးယြင္ရွန္႔နဲ႔ သူ႕(ရွဴးဂါး)ဒယ္ဒီ ႏွစ္ေယာက္ပဲ Arc တိုင္းမွာ ပါတာပါ။   က်ိဳးယြင္ရွန္႕က ဘဝေပါင္းေထာင္နဲ႔ခ်ီ ဝင္စားခဲ့ရၿပီး ဘဝတုိင္းမွာ ဗီလိန္လုပ္ခဲ့ရတာေပါ့.. သူက နဂိုတည္းက မိန္းမေတြကို စိတ္မဝင္စားတဲ့သူပါ။ သူ အစြမ္းေတြရၿပီး system ကို ထိန္းခ်ဳပ္ေနတဲ့ Lord God ရဲ႕ လႊမ္းမိုးမႈေအာက္က လြတ္သြားတဲ့အခါမွာ သူ႕ကံၾကမၼာ သူဖန္တီးလာႏိုင္ပါေတာ့တယ္။ (System ထဲကေတာ့ မလြတ္ေသးဘူးေပါ့ေလ..) မာယာေပါင္းစံုနဲ႔ က်ိဳးယြင္ရွန္႔ Lord God ဆီက တကယ္ေရာ လြတ္ေျမာက္ႏိုင္ပါ့မလား? သူ႕ရဲ႕ ဒယ္ဒီနဲ႔ သူနဲ႔ေရာ System ကေန လြတ္ေျမာက္ႏုိင္ပါ့မလား? ဘဝတိုင္းမွာေရာ ဒယ္ဒီ့ အခ်စ္ကို ရေအာင္ယူႏုိင္ပါ့မလားဆိုတာ စိတ္ဝင္တစား ဖတ္ရႈရမွာပါ ေယာင္းတို႔ေရ… ၁၈ေယာက္အထက္ စုဖတ္ရမယ့္ အခန္း နည္းနည္းေတာ့ ပါပါတယ္ 😀

Related Article >>> Wattpad မွ ခ်စ္စရာ အခန္းဆက္ ရိုမန္႔စ္ ဝတၳဳ (၅)အုပ္

၂။ The Grandmaster of Demonic Cultivation

Mo Dao Zu Shi နာမည္နဲ႔ လူသိမ်ားပါတယ္။  အက္ဒ္မင့္အႀကိဳက္ဆံုး ဆိုရင္လည္း မမွားပါဘူး။ စာေရးဆရာမ Mo Xian Tong Xiu ရဲ႕ ဒုတိယေျမာက္ လက္ရာျဖစ္ပါတယ္ေနာ္.. ဆရာမရဲ႕ The Scum Villain’s self saving system (ပထမစာအုပ္) နဲ႔ Heaven’s Official Blessing (တတိယ စာအုပ္) တို႔လည္း နာမည္ႀကီးေပမဲ့ Mo Dao Zu Shi က နာမည္အႀကီးဆံုးလို႔ ဆိုရင္ေတာင္ ရမလားမသိဘူးရယ္။ ဘာလို႔လဲဆိုေတာ့ Mo Dao Zu Shi Donghua (Anime) က Season 1 အဆံုးထိ ထြက္ထားၿပီး Season 2 က ဒီ ၂၀၁၉ မွာ ဆက္ထြက္လာမယ့္အျပင္ (ခုေတာ့ Official Trailer ထြက္ထားၿပီးၿပီ .. အက္ဒ္မင္ေတာ့ မေစာင့္ႏုိင္ေတာ့ပါဘူးေနာ္.. T.T ) Manhua (manga) လည္း ထြက္ေနတဲ့အျပင္ The Untamed နာမည္နဲ႔လည္း Live Action ဒရာမာ စီးရီးစ္ ထြက္ရွိလာဦးမွာပါ။ အဲ.. Live Action ကေတာ့ Normal/ Bromance ေျပာင္းထားတာေလး တစ္ခုေတာ့ ရွိတာေပါ့ေနာ္…

ဇာတ္လမ္းကေတာ့ မိစာၦသခင္ႀကီးဆိုၿပီး လူတကာက ရြံေၾကာက္ႀကီး ျဖစ္ေနၾကတဲ့ ေဝ့ဝူရွမ္းဟာ ဖုတ္၊သရဲ ေတြကို ထိန္းေက်ာင္းၿပီး ဖုတ္၊သရဲ စစ္တပ္ႀကီးကို ဖြဲ႕စည္းႏုိင္တဲ့သူပါ။ ဒါေပမဲ့ အထင္လြဲမႈေတြ၊ ရန္ၿငိဳးေတြၾကားမွာပဲ ေခ်မႈန္းခံခဲ့ရၿပီး ေသဆံုးသြားခဲ့ပါတယ္။ (ဇာတ္လမ္းကေတာ့ စကတည္းက မင္းသားေသတာပဲ :3 ) ဒါေပမဲ့ တစ္ရက္မွာေတာ့ ကိုယ့္ကိုယ္ကိုယ္ ယဇ္ပူေဇာ္ၿပီး ေဝ့ဝူရွမ္းကို ဆင့္ေခၚခဲ့တဲ့ ေမာ့ရႊမ္းယြီဆိုတဲ့ ေကာင္ေလးတစ္ေယာက္ေၾကာင့္ ေဝ့ဝူရွမ္းက သိုင္းေလာကထဲ ျပန္ေရာက္လာတဲ့အခါမွာ….

ဘယ္လို မုန္တိုင္းေတြကို ေက်ာ္ျဖတ္ရဦးမွာလဲ?
သူ႕ရဲ႕ ရန္သူေတြကေရာ သူ႕ကို အလြတ္ေပးမွာလား?

သူက ေဝ့ဝူရွမ္းဆိုတာကိုေရာ အဆံုးထိ လွ်ိဳ႕ဝွက္သြားနိုင္မွာလား? စတာေတြကို ရင္ခုန္လြမ္းေမာစရာ ဖတ္ရႈရမွာပါ ေယာင္းတို႔ေရ… ျမန္မာ ဘာသာျပန္ေတာ့ “ေမွာ္နက္အရွင္” ဆိုတဲ့ နာမည္နဲ႔ ျပန္ထားတာ ရွိပါတယ္ေနာ္…

Related Article >>> ေကာင္ေလးေတြရဲ႕ရိုမန္႔စ္

၃။ ညီ

ကဲ.. လာပါၿပီ… ျပည္တြင္းျဖစ္ေလးေတြ 😀 အမွန္တိုင္း ေျပာရရင္ အက္ဒ္မင္က ဘာသာျပန္ေတြ ပိုသေဘာက်တတ္သူပါ။ ကိုယ္က စာအရွည္ႀကီးမွ ဖတ္ရတာ သေဘာက်တဲ့သူဆိုေတာ့ ဇာတ္လမ္း ဇာတ္အိမ္ က်ယ္က်ယ္၊ ခိုင္ခိုင္နဲ႔ အပိုင္း ၁၀၀၀ ေက်ာ္ ဝတၳဳေတြကိုမွ အဖတ္မ်ားတာပါ။ ဒါေပမဲ့ ရွားရွားပါးပါး အက္ဒ္မင္ ဒီဝတၳဳေလးေတြေတာ့ သေဘာက်တယ္။ ဟင္.. အက္ဒ္မင္ ညီဆိုတာ ဝတၳဳ တစ္ပိုင္းပဲ မဟုတ္ဘူးလားဆိုေတာ့ ဟုတ္ေတာ့ဟုတ္တယ္.. ဒါေပမဲ့ ညီကို ေျပာရင္ Ex-pect နဲ႔ Pro ကိုလည္း ခ်န္ခဲ့လို႔မရေတာ့ ၃ခုလံုး တစ္ခါတည္း ေျပာပါ့မယ္…

အမွန္မွာ အက္ဒ္မင္က Ex-pect ကို အရင္ဖတ္ဖူးတာ၊ ဖတ္ရင္းနဲ႔မွ ကိုယ္မသိတဲ့ ဇာတ္ေကာင္ေတြက အဆက္အစပ္နဲ႔ ပါလာေတာ့ လူက အူေၾကာင္ေၾကာင္ျဖစ္ၿပီး Author “HsuChiko” ရဲ႕ Stories ေတြထဲ ဝင္ေမႊေတာ့မွ ညီကို ေတြ႕တာပါ။ ဒါေတာင္ ေခ်ာ္ေတာေငါ့ၿပီး Pro ကို အရင္သြားဖတ္လိုက္ေသးတယ္ ၿပီးကာမွ Pro မွာက ညီဝတၳဳကို စီးရီးစ္ျပန္ရိုက္တဲ့အခါ ေတြ႕ဆံုၾကတဲ့ သရုပ္ေဆာင္ ႏွစ္ေယာက္အေၾကာင္းဆုိေတာ့မွ ညီကို ေျပးဖတ္ရတဲ့ အျဖစ္ပါ။ 😀 အဲ့ေတာ့ ေယာင္းတို႔လည္း ညီကို အရင္ဖတ္၊ ၿပီးေတာ့မွ Pro ဖတ္ရင္ဖတ္၊ Ex-pect က ေနာက္မွ သီးသန္႔ဖတ္ခ်င္ရင္ဖတ္၊ ဒီလို လုပ္လို႔ရပါတယ္ေနာ္.. ဇာတ္လမ္းကိုေတာ့ ေျပာေတာ့ဘူး ေယာင္းတို႔ရယ္..၃ အုပ္ေတာင္ဆိုေတာ့….

ဒါေပမဲ့ ေယာင္းတို႔ အဲဒီဝတၳဳေတြ ဖတ္ရင္ LGBT အထူးသျဖင့္ Gay ေတြရဲ႕ ဘဝကို ေသခ်ာ နားလည္သြားပါလိမ့္မယ္။ အက္ဒ္မင္ကေတာ့ ဝတၳဳဖန္တီးသူကို အရမး္သေဘာက်တာ အမွန္ပါ။ ျဖစ္သလို ဇာတ္လမ္းမဖြဲ႕ဘဲ ေသေသခ်ာခ်ာ ႏႈိက္ႏိႈက္ခၽြတ္ခၽြတ္ အားထုတ္ေလ့လာၿပီး ေရးထားတာ အရမ္းကို ေလးစားစရာ ေကာင္းပါတယ္။ ဥပမာ Pro မွာဆို စီးရီးစ္တစ္ခု ရိုက္ဖို႔အေရး ဘာေတြ ဘယ္လို လုပ္ရတယ္ဆိုတာကစ၊ ဇာတ္ညႊန္းေတြအေၾကာင္း၊ ထုတ္လုပ္ေရးေတြအေၾကာင္း ေဖာ္ျပထားတာက အေသးစိတ္က်လြန္းတာ လက္ဖ်ားခါယူရပါတယ္။ (မွန္တဲ့အတိုင္းေျပာရရင္ ေရာင္းတမ္း အခ်စ္ဝတၳဳေတြထဲမွာေတာင္ ဒီလို အားထုတ္မႈမ်ိဳးက အေတာ္ကို ေတြ႕ရခဲတာမို႔ ပိုၿပီး ေလးစားရပါတယ္လို႔)

ဒီေလာက္ဆို ေယာင္းတို႔ဖတ္စရာေတြ အမ်ားႀကီး ရသြားေလာက္ပါၿပီေနာ္… Bonus အေနနဲ႔ BL မဟုတ္ဘဲ လတ္တေလာ အက္ဒ္မင္အရမ္းသေဘာက်ေနၿပီး ေယာင္းတို႔ကို ဖတ္ေစခ်င္တဲ့ စာအုပ္ေလးေတြ ေျပာျပေပးမယ္ေနာ္… အဲဒီ စာအုပ္ေတြကေတာ့ Author Anna Lynn ရဲ႕ Lucifer’s Bride, Neverland နဲ႔ Rupture ပါ… စာေရးသူရဲ႕ အေတြးအေခၚေလးေတြကို ပါးပါးေလး လွစ္ျပထားသလို ခံစားရၿပီး သူ႕ရဲ႕ လြတ္လပ္တဲ့ အျမင္ေလးေတြကို သေဘာက်စရာ ေတြ႕ရတယ္လို႔ အက္ဒ္မင္ေတာ့ ထင္ပါတယ္။

အဆင္ေျပၾကပါေစ ေယာင္းတို႔ေရ…

အားလံုးကို ခ်စ္တဲ့

Libra (For Her Myanmar)

<<< Unicode >>>

အက်ဒ်မင့် အကြိုက်ဆုံးတွေ စုထားပေးတာ ဟီး..

ယောင်းတို့ရေ…မတွေ့ရတာ နည်းနည်း ကြာပြီနော်.. ဟိုတစ်ခါက Wattpad က အက်ဒ်မင်သဘောကျတဲ့ ဝတ္ထုလေးတွေကို စုပြီး ရေးပေးထားတာ ယောင်းတို့တွေ သဘောကျကြတယ်ဆိုတော့ အက်ဒ်မင့်မှာ ပျော်လို့.. အဲဒီမှာ BL ဝတ္ထုကောင်းကောင်းလေးတွေလည်း စုပေးပါဆိုပြီး တောင်းဆိုကြတာတွေလည်း ရှိတော့ (အယ်လယ် ကိုယ်စကားခေါ်ထားတာ ထည့်မပြောဘူး :P) ဒီတစ်ခေါက်မှာ BL ကောင်းကောင်းလေးတွေ စုပေးလိုက်ပါတယ်လို့..

၁။ Quickly Wear The Face of Devil

ဟိုးအရှေ့မှာ အက်ဒ်မင် ပြောပြခဲ့တဲ့ ရှီရှန်းလို System ဇာတ်လမ်းမျိုးပါပဲ။ Arc အလိုက်သွားတဲ့ ဝတ္ထုတွေမို့လို့ ဝတ္ထုရှည်ကြီးတွေ မဖတ်ချင်တဲ့ ယောင်းတို့အတွက် အဆင်ပြေနိုင်ပါတယ်။ ဇာတ်ကောင်ကလည်း ကျိုးယွင်ရှန့်နဲ့ သူ့(ရှူးဂါး)ဒယ်ဒီ နှစ်ယောက်ပဲ Arc တိုင်းမှာ ပါတာပါ။ ကျိုးယွင်ရှန့်က ဘဝပေါင်းထောင်နဲ့ချီ ဝင်စားခဲ့ရပြီး ဘဝတိုင်းမှာ ဗီလိန်လုပ်ခဲ့ရတာပေါ့.. သူက နဂိုတည်းက မိန်းမတွေကို စိတ်မဝင်စားတဲ့သူပါ။ သူ အစွမ်းတွေရပြီး system ကို ထိန်းချုပ်နေတဲ့ Lord God ရဲ့ လွှမ်းမိုးမှုအောက်က လွတ်သွားတဲ့အခါမှာ သူ့ကံကြမ္မာ သူဖန်တီးလာနိုင်ပါတော့တယ်။ (System ထဲကတော့ မလွတ်သေးဘူးပေါ့လေ..)

မာယာပေါင်းစုံနဲ့ ကျိုးယွင်ရှန့် Lord God ဆီက တကယ်ရော လွတ်မြောက်နိုင်ပါ့မလား?

သူ့ရဲ့ ဒယ်ဒီနဲ့ သူနဲ့ရော System ကနေ လွတ်မြောက်နိုင်ပါ့မလား?

ဘဝတိုင်းမှာရော ဒယ်ဒီ့ အချစ်ကို ရအောင်ယူနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစား ဖတ်ရှုရမှာပါ ယောင်းတို့ရေ… ၁၈ယောက်အထက် စုဖတ်ရမယ့် အခန်း နည်းနည်းတော့ ပါပါတယ် 😀

Related Article >>> Wattpad မှ ချစ်စရာ အခန်းဆက် ရိုမန့်စ် ဝတ္ထု (၅)အုပ်

၂။ The Grandmaster of Demonic Cultivation

Mo Dao Zu Shi နာမည်နဲ့ လူသိများပါတယ်။ အက်ဒ်မင့်အကြိုက်ဆုံး ဆိုရင်လည်း မမှားပါဘူး။ စာရေးဆရာမ Mo Xian Tong Xiu ရဲ့ ဒုတိယမြောက် လက်ရာဖြစ်ပါတယ်နော်.. ဆရာမရဲ့ The Scum Villain’s self saving system (ပထမစာအုပ်) နဲ့ Heaven’s Official Blessing (တတိယ စာအုပ်) တို့လည်း နာမည်ကြီးပေမဲ့ Mo Dao Zu Shi က နာမည်အကြီးဆုံးလို့ ဆိုရင်တောင် ရမလားမသိဘူးရယ်။ ဘာလို့လဲဆိုတော့ Mo Dao Zu Shi Donghua (Anime) က Season 1 အဆုံးထိ ထွက်ထားပြီး Season 2 က ဒီ ၂၀၁၉ မှာ ဆက်ထွက်လာမယ့်အပြင် (ခုတော့ Official Trailer ထွက်ထားပြီးပြီ .. အက်ဒ်မင်တော့ မစောင့်နိုင်တော့ပါဘူးနော်.. T.T ) Manhua (manga) လည်း ထွက်နေတဲ့အပြင် The Untamed နာမည်နဲ့လည်း Live Action ဒရာမာ စီးရီးစ် ထွက်ရှိလာဦးမှာပါ။ အဲ.. Live Action ကတော့ Normal/ Bromance ပြောင်းထားတာလေး တစ်ခုတော့ ရှိတာပေါ့နော်…

ဇာတ်လမ်းကတော့ မိစ္ဆာသခင်ကြီးဆိုပြီး လူတကာက ရွံကြောက်ကြီး ဖြစ်နေကြတဲ့ ဝေ့ဝူရှမ်းဟာ ဖုတ်၊သရဲ တွေကို ထိန်းကျောင်းပြီး ဖုတ်၊သရဲ စစ်တပ်ကြီးကို ဖွဲ့စည်းနိုင်တဲ့သူပါ။ ဒါပေမဲ့ အထင်လွဲမှုတွေ၊ ရန်ငြိုးတွေကြားမှာပဲ ချေမှုန်းခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။ (ဇာတ်လမ်းကတော့ စကတည်းက မင်းသားသေတာပဲ :3 ) ဒါပေမဲ့ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယဇ်ပူဇော်ပြီး ဝေ့ဝူရှမ်းကို ဆင့်ခေါ်ခဲ့တဲ့ မော့ရွှမ်းယွီဆိုတဲ့ ကောင်လေးတစ်ယောက်ကြောင့် ဝေ့ဝူရှမ်းက သိုင်းလောကထဲ ပြန်ရောက်လာတဲ့အခါမှာ….

ဘယ်လို မုန်တိုင်းတွေကို ကျော်ဖြတ်ရဦးမှာလဲ?

သူ့ရဲ့ ရန်သူတွေကရော သူ့ကို အလွတ်ပေးမှာလား?

သူက ဝေ့ဝူရှမ်းဆိုတာကိုရော အဆုံးထိ လျှို့ဝှက်သွားနိုင်မှာလား? စတာတွေကို ရင်ခုန်လွမ်းမောစရာ ဖတ်ရှုရမှာပါ ယောင်းတို့ရေ… မြန်မာ ဘာသာပြန်တော့ “မှော်နက်အရှင်” ဆိုတဲ့ နာမည်နဲ့ ပြန်ထားတာ ရှိပါတယ်နော်…

Related Article >>> ကောင်လေးတွေရဲ့ရိုမန့်စ်

၃။ ညီ

ကဲ.. လာပါပြီ… ပြည်တွင်းဖြစ်လေးတွေ 😀 အမှန်တိုင်း ပြောရရင် အက်ဒ်မင်က ဘာသာပြန်တွေ ပိုသဘောကျတတ်သူပါ။ ကိုယ်က စာအရှည်ကြီးမှ ဖတ်ရတာ သဘောကျတဲ့သူဆိုတော့ ဇာတ်လမ်း ဇာတ်အိမ် ကျယ်ကျယ်၊ ခိုင်ခိုင်နဲ့ အပိုင်း ၁၀၀၀ ကျော် ဝတ္ထုတွေကိုမှ အဖတ်များတာပါ။ ဒါပေမဲ့ ရှားရှားပါးပါး အက်ဒ်မင် ဒီဝတ္ထုလေးတွေတော့ သဘောကျတယ်။ ဟင်.. အက်ဒ်မင် ညီဆိုတာ ဝတ္ထု တစ်ပိုင်းပဲ မဟုတ်ဘူးလားဆိုတော့ ဟုတ်တော့ဟုတ်တယ်.. ဒါပေမဲ့ ညီကို ပြောရင် Ex-pect နဲ့ Pro ကိုလည်း ချန်ခဲ့လို့မရတော့ ၃ခုလုံး တစ်ခါတည်း ပြောပါ့မယ်…

အမှန်မှာ အက်ဒ်မင်က Ex-pect ကို အရင်ဖတ်ဖူးတာ၊ ဖတ်ရင်းနဲ့မှ ကိုယ်မသိတဲ့ ဇာတ်ကောင်တွေက အဆက်အစပ်နဲ့ ပါလာတော့ လူက အူကြောင်ကြောင်ဖြစ်ပြီး Author “HsuChiko” ရဲ့ Stories တွေထဲ ဝင်မွှေတော့မှ ညီကို တွေ့တာပါ။ ဒါတောင် ချော်တောငေါ့ပြီး Pro ကို အရင်သွားဖတ်လိုက်သေးတယ် ပြီးကာမှ Pro မှာက ညီဝတ္ထုကို စီးရီးစ်ပြန်ရိုက်တဲ့အခါ တွေ့ဆုံကြတဲ့ သရုပ်ဆောင် နှစ်ယောက်အကြောင်းဆိုတော့မှ ညီကို ပြေးဖတ်ရတဲ့ အဖြစ်ပါ။ 😀 အဲ့တော့ ယောင်းတို့လည်း ညီကို အရင်ဖတ်၊ ပြီးတော့မှ Pro ဖတ်ရင်ဖတ်၊ Ex-pect က နောက်မှ သီးသန့်ဖတ်ချင်ရင်ဖတ်၊ ဒီလို လုပ်လို့ရပါတယ်နော်.. ဇာတ်လမ်းကိုတော့ ပြောတော့ဘူး ယောင်းတို့ရယ်..၃ အုပ်တောင်ဆိုတော့….ဒါပေမဲ့ ယောင်းတို့ အဲဒီဝတ္ထုတွေ ဖတ်ရင် LGBT အထူးသဖြင့် Gay တွေရဲ့ ဘဝကို သေချာ နားလည်သွားပါလိမ့်မယ်။

အက်ဒ်မင်ကတော့ ဝတ္ထုဖန်တီးသူကို အရမ်းသဘောကျတာ အမှန်ပါ။ ဖြစ်သလို ဇာတ်လမ်းမဖွဲ့ဘဲ သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် အားထုတ်လေ့လာပြီး ရေးထားတာ အရမ်းကို လေးစားစရာ ကောင်းပါတယ်။ ဥပမာ Pro မှာဆို စီးရီးစ်တစ်ခု ရိုက်ဖို့အရေး ဘာတွေ ဘယ်လို လုပ်ရတယ်ဆိုတာကစ၊ ဇာတ်ညွှန်းတွေအကြောင်း၊ ထုတ်လုပ်ရေးတွေအကြောင်း ဖော်ပြထားတာက အသေးစိတ်ကျလွန်းတာ လက်ဖျားခါယူရပါတယ်။ (မှန်တဲ့အတိုင်းပြောရရင် ရောင်းတမ်း အချစ်ဝတ္ထုတွေထဲမှာတောင် ဒီလို အားထုတ်မှုမျိုးက အတော်ကို တွေ့ရခဲတာမို့ ပိုပြီး လေးစားရပါတယ်လို့)ဒီလောက်ဆို ယောင်းတို့ဖတ်စရာတွေ အများကြီး ရသွားလောက်ပါပြီနော်…

Bonus အနေနဲ့ BL မဟုတ်ဘဲ လတ်တလော အက်ဒ်မင်အရမ်းသဘောကျနေပြီး ယောင်းတို့ကို ဖတ်စေချင်တဲ့ စာအုပ်လေးတွေ ပြောပြပေးမယ်နော်… အဲဒီ စာအုပ်တွေကတော့ Author Anna Lynn ရဲ့ Lucifer’s Bride, Neverland နဲ့ Rupture ပါ… စာရေးသူရဲ့ အတွေးအခေါ်လေးတွေကို ပါးပါးလေး လှစ်ပြထားသလို ခံစားရပြီး သူ့ရဲ့ လွတ်လပ်တဲ့ အမြင်လေးတွေကို သဘောကျစရာ တွေ့ရတယ်လို့ အက်ဒ်မင်တော့ ထင်ပါတယ်။

အဆင်ပြေကြပါစေ ယောင်းတို့ရေ…

အားလုံးကို ချစ်တဲ့

Libra (For Her Myanmar)

No Comments Yet

Comments are closed