ရုံးပိတ္ရက္မွာ ေပါ့ေပါ့ပါးပါးဖတ္ဖို႔ ဆရာမ မစႏၵာရဲ႕ စာအုပ္ေလး (၅) အုပ္

ဒီအပတ္မွာ စာဖတ္ဖို႔စိတ္ကူးေနတဲ့ ေယာင္းတို႔အတြက္

ေယာင္းတို႔ေရ… Stella တို႔ေတြက ေန႔စဥ္ဘဝမွာ လံုးလည္ခ်ာလည္လိုက္ေနတာနဲ႔ပဲ ႏွလံုးသားအာဟာရျဖစ္တဲ့ စာအုပ္ေတြကိုဖတ္ဖို႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ စာအုပ္ေတြက ကမာၻႀကီးရဲ႕ ျပတင္းေပါက္ေတြပါ။ အခု Stella ေျပာျပေပးမယ့္ ဆရာမ မစႏၵာရဲ႕စာအုပ္ေလးေတြက ေယာင္းကို စိတ္လက္ေပါ့ပါးေစၿပီး ေတြးစရာေတြလည္းရတဲ့အတြက္ တစ္ပတ္မွႏွစ္ရက္ရတဲ့ ရုံးပိတ္ရက္ေလးမွာ ဖုန္းပြတ္ေနမယ့္အစား ဒီစာအုပ္ေလးေတြကိုဖတ္ၾကည့္ေစခ်င္ပါတယ္ေနာ္…

ဂ်ီေဟာသူ

ခင္ခ်ိဳ၊ ေထြး၊ မိ၊ ေဝေဝ၊ ေမာ္ေမာ္နဲ႔ မမခင္တို႔ အေဆာင္ေန စက္မႈတကၠသိုလ္ေက်ာင္းသူအုပ္စုအေၾကာင္း ေရးထားတဲ့ ဂ်ီေဟာသူ စာအုပ္က ေယာင္းတို႔ကို အႀကိဳက္ေတြ႔ေစမွာပါ။ ေက်ာင္းသူဘဝ ဗရုတ္က်ခ်က္ေတြကို ဖတ္ၿပီး အေတာမသတ္ေအာင္ ရယ္ရမယ့္အျပင္ ေယာင္းရဲ႕တကၠသိုလ္ေက်ာင္းသူဘဝကို ျပန္အမွတ္ရေစမွာပါ။ သူတို႔ေခတ္က တကၠသိုလ္နဲ႔ ကိုယ့္ေခတ္ တကၠသိုလ္ ယွဥ္ၾကည့္ၿပီး ရင္ထဲ တစ္မ်ိဳးျဖစ္သြားမွာကေတာ့ က်ိန္းေသပါပဲ ေယာင္းတို႔ေရ…

ငယ္သူမို႔မသိပါ

ေငြေၾကးခ်မ္းသာတဲ့ မိဘေတြရဲ႕ တစ္ဦးတည္းေသာသမီး၊ ခပ္ဆိုးဆိုးေကာင္မေလး၊ ေငြကို ေရလိုသံုးလာတဲ့ ေကာလိပ္ေက်ာင္းသူ ႏြယ္ (သို႔မဟုတ္) ဂ်စ္တူး…အရီးျမရွိရာ ပန္လြယ္ကို သြားလည္ရာက အိမ္က မုန္႔ဖိုးျဖတ္လိုက္ေတာ့ ဦးဆိုးေပႀကီးအိမ္မွာ ရရာအလုပ္ဝင္လုပ္ပါေလေရာ။ လူရိုးလူေအး ဦးဆိုးေပႀကီးခမ်ာ ခပ္ရြတ္ရြတ္ ခပ္ေနာက္ေနာက္ ေကာင္မေလး ႏြယ္ကိုမွ သံေယာဇဥ္တြယ္မိေလေတာ့ ဘာေတြဆက္ျဖစ္မလဲဆိုတာ….

ႏြယ္ရဲ႕ ဦးဆိုးေပႀကီးကို ပညာေပးပံုေတြ၊ ႏြယ္နဲ႔အေပါင္းအပါကေလးတစ္သိုက္ရဲ႕ အလြဲေပါင္းေသာင္းေျခာက္ေထာင္ေတြကို ဖတ္ၿပီး ပါးစပ္မပိတ္ႏိုင္ေအာင္ ရယ္ေမာရမွာမို႔ အသက္တစ္ဆယ့္ရွစ္ႏွစ္ကို ျပန္ေရာက္သြားသလို ခံစားခ်က္မ်ိဳးကိုေပးမယ့္ ဝတၳဳေလးပါပဲ။

ကြက္လပ္ကေလးျဖည့္ေပးပါ

ကိုတူးနဲ႔ စူးမာဟာ ေမာင္ႏွမေလးေယာက္ထဲက အလတ္ႏွစ္ေယာက္။ ေဆးေက်ာင္းသူအမႀကီးနဲ႔လည္း မရင္းႏွီးတဲ့အျပင္ မိဘႏွစ္ပါးကလည္း အငယ္ဆံုး တာတီးေလးကိုပဲ အာရုံစိုက္ေနမိတဲ့အခါ အလတ္ႏွစ္ေယာက္ရဲ႕စိတ္မွာ ဘယ္လိုခံစားရမလဲဆိုတာကို ဆရာမ မစႏၵာက ကြက္ကြက္ကြင္းကြင္းေရးျပထားပါတယ္။ မိဘတိုင္းလိုလို ဖတ္သင့္ၿပီး မိဘမျဖစ္လာေသးတဲ့သူေတြလည္း မျဖစ္မေန သိထားရမယ့္အခ်က္ေလးေတြ၊ သတိျပဳ ေရွာင္ၾကဥ္ရမယ့္ အခ်က္ေလးေတြကိုလည္း ေတြ႔ရမွာပါ။ Stella အႀကိဳက္ဆံုးစာအုပ္ေတြထဲက တစ္အုပ္မို႔ ေယာင္းတို႔ကိုလည္း ဖတ္ၾကည့္ေစခ်င္ပါတယ္ေနာ္။

အရိပ္

ေက်ာ္ထြန္းညိဳ၊ အမာညိဳ၊ ညီလင္းတို႔ ေမာင္ႏွမ။ ပစၥည္းဥစၥာျပည့္စံုေပမဲ့ မိဘေမတၱာငတ္ေနတဲ့ စု၊ အမာညိဳရဲ႕သူငယ္ခ်င္း သက္သက္။ ဇာတ္ေကာင္ေတြရဲ႕ ငယ္ရာကႀကီးလာတဲ့ဘဝတစ္ေလွ်ာက္ကို ျမင္လာရတဲ့အခါမွာ ကိုယ္တိုင္ သူတို႔ရဲ႕ဘဝတစ္စိတ္တစ္ေဒသျဖစ္သြားသလို ခံစားရမယ့္ ဝတၳဳပါ။ အဲ့ေခတ္အခါက လူကံုထံအသိုင္းအဝိုင္းရဲ႕ ပါတီပြဲေတြ၊ ေက်ာင္းသားဘဝေတြနဲ႔ မူးယစ္ေဆးရဲ႕ဆိုးက်ိဳးေတြကို မ်က္စိထဲျမင္လာေအာင္ သရုပ္ေဖာ္ထားၿပီး လက္ကမခ်ခ်င္ေလာက္ေအာင္ စြဲတဲ့စာအုပ္တစ္အုပ္ပါပဲ။

ႏွင္းဆီ

ေဇာ္နဲ႔ေမာ္အႁမႊာေမာင္ႏွမရဲ႕အေဖက ႏွင္း ဆိုတဲ့ ေနာက္မိန္းမငယ္ငယ္ေခ်ာေခ်ာေလးကို ေကာက္ယူလိုက္တဲ့အခါ…ေဇာ္နဲ႔ေမာ္က ႏွင္းကိုမုန္းၾကမွာလား၊ သူတို႔ေမာင္ႏွမရဲ႕အေဖ ဆံုးပါးသြားတဲ့အခါ ႏွင္းနဲ႔ လင္ပါသားသမီးႏွစ္ေယာက္ၾကားမွာ ဘယ္လိုဆက္ဆံေရးေတြျဖစ္လာမလဲ၊ ႏွင္းမွာ ဘယ္လိုအတိတ္ေတြရွိခဲ့လဲဆိုတာကို ဆရာမ မစႏၵာရဲ႕ ႏွင္းဆီ ဝတၳဳမွာ ဖတ္ရမွာပါ။

ေျပာျပေပးသြားတဲ့ စာအုပ္ေလးေတြကိုဖတ္ရင္ ေယာင္းတို႔ အႀကိဳက္ေတြ႕ၾကလိမ့္မယ္လို႔ ထင္ပါတယ္ေနာ္။ ဒီအပတ္မွာေတာ့ စာဖတ္ျဖစ္ေအာင္ ဖတ္လိုက္ရေအာင္ ေယာင္းတို႔ေရ။

Stella (For Her Myanmar)

<<< Unicode >>>

ဒီအပတ်မှာ စာဖတ်ဖို့စိတ်ကူးနေတဲ့ ယောင်းတို့အတွက်

ယောင်းတို့ရေ… Stella တို့တွေက နေ့စဉ်ဘဝမှာ လုံးလည်ချာလည်လိုက်နေတာနဲ့ပဲ နှလုံးသားအာဟာရဖြစ်တဲ့ စာအုပ်တွေကိုဖတ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ စာအုပ်တွေက ကမ္ဘာကြီးရဲ့ ပြတင်းပေါက်တွေပါ။ အခု Stella ပြောပြပေးမယ့် ဆရာမ မစန္ဒာရဲ့စာအုပ်လေးတွေက ယောင်းကို စိတ်လက်ပေါ့ပါးစေပြီး တွေးစရာတွေလည်းရတဲ့အတွက် တစ်ပတ်မှနှစ်ရက်ရတဲ့ ရုံးပိတ်ရက်လေးမှာ ဖုန်းပွတ်နေမယ့်အစား ဒီစာအုပ်လေးတွေကိုဖတ်ကြည့်စေချင်ပါတယ်နော်…

ဂျီဟောသူ

ခင်ချို၊ ထွေး၊ မိ၊ ဝေဝေ၊ မော်မော်နဲ့ မမခင်တို့ အဆောင်နေ စက်မှုတက္ကသိုလ်ကျောင်းသူအုပ်စုအကြောင်း ရေးထားတဲ့ ဂျီဟောသူ စာအုပ်က ယောင်းတို့ကို အကြိုက်တွေ့စေမှာပါ။ ကျောင်းသူဘဝ ဗရုတ်ကျချက်တွေကို ဖတ်ပြီး အတောမသတ်အောင် ရယ်ရမယ့်အပြင် ယောင်းရဲ့တက္ကသိုလ်ကျောင်းသူဘဝကို ပြန်အမှတ်ရစေမှာပါ။ သူတို့ခေတ်က တက္ကသိုလ်နဲ့ ကိုယ့်ခေတ် တက္ကသိုလ် ယှဉ်ကြည့်ပြီး ရင်ထဲ တစ်မျိုးဖြစ်သွားမှာကတော့ ကျိန်းသေပါပဲ ယောင်းတို့ရေ…

ငယ်သူမို့မသိပါ

ငွေကြေးချမ်းသာတဲ့ မိဘတွေရဲ့ တစ်ဦးတည်းသောသမီး၊ ခပ်ဆိုးဆိုးကောင်မလေး၊ ငွေကို ရေလိုသုံးလာတဲ့ ကောလိပ်ကျောင်းသူ နွယ် (သို့မဟုတ်) ဂျစ်တူး…အရီးမြရှိရာ ပန်လွယ်ကို သွားလည်ရာက အိမ်က မုန့်ဖိုးဖြတ်လိုက်တော့ ဦးဆိုးပေကြီးအိမ်မှာ ရရာအလုပ်ဝင်လုပ်ပါလေရော။ လူရိုးလူအေး ဦးဆိုးပေကြီးခမျာ ခပ်ရွတ်ရွတ် ခပ်နောက်နောက် ကောင်မလေး နွယ်ကိုမှ သံယောဇဉ်တွယ်မိလေတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ…. နွယ်ရဲ့ ဦးဆိုးပေကြီးကို ပညာပေးပုံတွေ၊ နွယ်နဲ့အပေါင်းအပါကလေးတစ်သိုက်ရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်တွေကို ဖတ်ပြီး ပါးစပ်မပိတ်နိုင်အောင် ရယ်မောရမှာမို့ အသက်တစ်ဆယ့်ရှစ်နှစ်ကို ပြန်ရောက်သွားသလို ခံစားချက်မျိုးကိုပေးမယ့် ဝတ္ထုလေးပါပဲ။

ကွက်လပ်ကလေးဖြည့်ပေးပါ

ကိုတူးနဲ့ စူးမာဟာ မောင်နှမလေးယောက်ထဲက အလတ်နှစ်ယောက်။ ဆေးကျောင်းသူအမကြီးနဲ့လည်း မရင်းနှီးတဲ့အပြင် မိဘနှစ်ပါးကလည်း အငယ်ဆုံး တာတီးလေးကိုပဲ အာရုံစိုက်နေမိတဲ့အခါ အလတ်နှစ်ယောက်ရဲ့စိတ်မှာ ဘယ်လိုခံစားရမလဲဆိုတာကို ဆရာမ မစန္ဒာက ကွက်ကွက်ကွင်းကွင်းရေးပြထားပါတယ်။ မိဘတိုင်းလိုလို ဖတ်သင့်ပြီး မိဘမဖြစ်လာသေးတဲ့သူတွေလည်း မဖြစ်မနေ သိထားရမယ့်အချက်လေးတွေ၊ သတိပြု ရှောင်ကြဉ်ရမယ့် အချက်လေးတွေကိုလည်း တွေ့ရမှာပါ။ Stella အကြိုက်ဆုံးစာအုပ်တွေထဲက တစ်အုပ်မို့ ယောင်းတို့ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်နော်။

အရိပ်

ကျော်ထွန်းညို၊ အမာညို၊ ညီလင်းတို့ မောင်နှမ။ ပစ္စည်းဥစ္စာပြည့်စုံပေမဲ့ မိဘမေတ္တာငတ်နေတဲ့ စု၊ အမာညိုရဲ့သူငယ်ချင်း သက်သက်။ ဇာတ်ကောင်တွေရဲ့ ငယ်ရာကကြီးလာတဲ့ဘဝတစ်လျှောက်ကို မြင်လာရတဲ့အခါမှာ ကိုယ်တိုင် သူတို့ရဲ့ဘဝတစ်စိတ်တစ်ဒေသဖြစ်သွားသလို ခံစားရမယ့် ဝတ္ထုပါ။ အဲ့ခေတ်အခါက လူကုံထံအသိုင်းအဝိုင်းရဲ့ ပါတီပွဲတွေ၊ ကျောင်းသားဘဝတွေနဲ့ မူးယစ်ဆေးရဲ့ဆိုးကျိုးတွေကို မျက်စိထဲမြင်လာအောင် သရုပ်ဖော်ထားပြီး လက်ကမချချင်လောက်အောင် စွဲတဲ့စာအုပ်တစ်အုပ်ပါပဲ။

နှင်းဆီ

ဇော်နဲ့မော်အမြွှာမောင်နှမရဲ့အဖေက နှင်း ဆိုတဲ့ နောက်မိန်းမငယ်ငယ်ချောချောလေးကို ကောက်ယူလိုက်တဲ့အခါ…ဇော်နဲ့မော်က နှင်းကိုမုန်းကြမှာလား၊ သူတို့မောင်နှမရဲ့အဖေ ဆုံးပါးသွားတဲ့အခါ နှင်းနဲ့ လင်ပါသားသမီးနှစ်ယောက်ကြားမှာ ဘယ်လိုဆက်ဆံရေးတွေဖြစ်လာမလဲ၊ နှင်းမှာ ဘယ်လိုအတိတ်တွေရှိခဲ့လဲဆိုတာကို ဆရာမ မစန္ဒာရဲ့ နှင်းဆီ ဝတ္ထုမှာ ဖတ်ရမှာပါ။

ပြောပြပေးသွားတဲ့ စာအုပ်လေးတွေကိုဖတ်ရင် ယောင်းတို့ အကြိုက်တွေ့ကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ ဒီအပတ်မှာတော့ စာဖတ်ဖြစ်အောင် ဖတ်လိုက်ရအောင် ယောင်းတို့ရေ။

Stella (For Her Myanmar)

No Comments Yet

Comments are closed