Wattpad မွာပဲ ဖတ္လို႔ရႏိုင္မယ့္ အရိုတကာ့အရိုဆံုး Fiction ဇာတ္လမ္းတြဲ (၃) ခု

ဖတ္မိလို႔ စြဲသြားရင္ေတာ့ တာဝန္မယူ

ေယာင္းတို႔ေရ … ဒီတစ္ေခါက္ေတာ့ Stella ကဖုန္းနဲ႔ပဲ ေပါ့ေပါ့ပါးပါးဖတ္လို႔ အဆင္ေျပမယ့္ Wattpad fiction ေလးေတြ ေျပာျပေပးမယ္ေနာ္။ ဒါေပမဲ့ နည္းနည္းေလး ထူးျခားၿပီး challenging လည္း ျဖစ္သြားေအာင္ အဂၤလိပ္လိုဖတ္ၾကည့္ၾကရင္ မေကာင္းဘူးလား ?

After
ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ One Direction အဖြဲ႕ဝင္ေတြနဲ႔ ဇာတ္အိမ္တည္ထားတဲ့ စိတ္ကူးယဥ္ဇာတ္လမ္းတြဲေလးပါ။ ဒီထဲမွာ main character က Tessa Young ဆိုတဲ့ ဆယ္ေက်ာ္သက္ေကာင္မေလးျဖစ္ၿပီး Harry Styles ကေတာ့ ခပ္ဆိုးဆိုး ခပ္ရမ္းရမ္းေကာင္ေလးပံုစံဆိုေတာ့ ဘယ္လိုေျပာရမလဲ (ကိုယ္ေတြက main character ေနရာကေန အျပတ္ခံစားျဖစ္တာ ဟိဟိ) အသည္းတယားယားဖတ္ရမယ့္ romance fiction ေလးျဖစ္တဲ့အျပင္ စာေရးသူရဲ႕အေရးအသားက ႐ိုး႐ိုးရွင္းရွင္းနဲ႔ နားလည္လြယ္ပါတယ္။ စာေရးသူ Anna Todd ရဲ႕ “After” ကိုဖတ္ရွဴသူေပါင္း ၅၆၆ မီလီယံရွိၿပီး ဒီ fiction ကို ရုပ္ရွင္ရိုက္ဖို႔ေတာင္ ဝယ္ယူၿပီးသြားပါၿပီေနာ္..

[embedyt] https://www.youtube.com/watch?v=BNLta4nDM10[/embedyt]

 

The Upside Of Falling Down

ဒီ fiction ေလးကို အရင္က Rivals ဆိုတဲ့နာမည္နဲ႔ ထြက္ရွိခဲ့ပါေသးတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ နာမည္ေျပာင္းၿပီးေနာက္ပိုင္း ပိုလို႔ေတာင္နာမည္ႀကီးလာပါတယ္။ ဇာတ္လမ္းကေတာ့ Becca Hart ဆိုတဲ့ ေအးေဆးသမားေက်ာင္းသူေလးက ေက်ာင္းရဲ႕နာမည္ေက်ာ္ ေဘာလံုးအသင္းကပၸတိန္ Brett Wells နဲ႔ အနမ္းတစ္ခုအစျပဳၿပီး ခ်စ္သူေတြျဖစ္ေနဟန္ေဆာင္လိုက္ရတဲ့အခါ … ဟန္ေဆာင္ေနရင္းနဲ႔ ႏွလံုးသားခ်င္းတကယ္နီးစပ္သြားတဲ့အခါ …ဘာေတြဘယ္လိုဆက္ျဖစ္မလဲဆိုတာကိုေတာ့ “The Upside Of Falling Down” မွာ ဖတ္ၾကည့္လိုက္ပါ။

Related article >>> အေရာင္ေျပာင္းလဲတတ္တဲ့ အခ်စ္အေၾကာင္း ေရးဖြဲ႔ထားတဲ့ စာအုပ္(၂) အုပ္

The Bad Boy And The Tomboy
အသက္ (၁၇) ႏွစ္အရြယ္ Macy Anderson ဆိုတာ ေယာက်ာ္းေလးေတြနဲ႔ ဖက္လဲတကင္းေပါင္းၿပီး အခ်စ္ဆံုးသူငယ္ခ်င္း Jasmine ကလြဲ က်န္တဲ့မိန္းကေလးေတြကို ၾကည့္မရတဲ့ ေယာက်ာ္းလ်ာေလးပါ။ Sam ကေတာ့ အတန္းခဏခဏလစ္တတ္ၿပီး ေဘာလံုးကန္တာ ေတာ္လြန္းတဲ့ ခပ္ေခ်ေခ်ေကာင္ေလးေပါ့။ စေတြ႕ထဲက ဘုနဲ႔ေဘာက္ျဖစ္ေနတဲ့ ဒီႏွစ္ေယာက္ကေတာ့ ဘယ္လိုေတြျပႆနာတက္ၾကဦးမလဲဆိုတာကေတာ့ “The Bad Boy And The Tomboy” ကိုဖတ္ၿပီး အေျဖရွာလိုက္ပါ ေယာင္းေရ။

ကဲ ဒါေလးေတြေတာ့ ပိတ္ရက္မွာ ဖတ္လို႔ေကာင္းမယ့္ အဂၤလိပ္ fiction ေလးေတြပါ။ အဂၤလိပ္စာဖတ္အားေကာင္းလာေစသလို အပ်င္းလည္းေျပတာေၾကာင့္ မိုးေအးေအးမွာ ေကာ္ဖီတစ္ခြက္နဲ႔အတူ စာဖတ္ရင္း ဇိမ္က်လိုက္ရေအာင္ …

Stella (For Her Myanmar)

<<< Unicode >>>

ဖတ်မိလို့ စွဲသွားရင်တော့ တာဝန်မယူ

ယောင်းတို့ရေ … ဒီတစ်ခေါက်တော့ Stella ကဖုန်းနဲ့ပဲ ပေါ့ပေါ့ပါးပါးဖတ်လို့ အဆင်ပြေမယ့် Wattpad fiction လေးတွေ ပြောပြပေးမယ်နော်။ ဒါပေမဲ့ နည်းနည်းလေး ထူးခြားပြီး challenging လည်း ဖြစ်သွားအောင် အင်္ဂလိပ်လိုဖတ်ကြည့်ကြရင် မကောင်းဘူးလား ?

After
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ One Direction အဖွဲ့ဝင်တွေနဲ့ ဇာတ်အိမ်တည်ထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွဲလေးပါ။ ဒီထဲမှာ main character က Tessa Young ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်ပြီး Harry Styles ကတော့ ခပ်ဆိုးဆိုး ခပ်ရမ်းရမ်းကောင်လေးပုံစံဆိုတော့ ဘယ်လိုပြောရမလဲ (ကိုယ်တွေက main character နေရာကနေ အပြတ်ခံစားဖြစ်တာ ဟိဟိ) အသည်းတယားယားဖတ်ရမယ့် romance fiction လေးဖြစ်တဲ့အပြင် စာရေးသူရဲ့အရေးအသားက ရိုးရိုးရှင်းရှင်းနဲ့ နားလည်လွယ်ပါတယ်။ စာရေးသူ Anna Todd ရဲ့ “After” ကိုဖတ်ရှူသူပေါင်း ၅၆၆ မီလီယံရှိပြီး ဒီ fiction ကို ရုပ်ရှင်ရိုက်ဖို့တောင် ဝယ်ယူပြီးသွားပါပြီနော်..

[embedyt] https://www.youtube.com/watch?v=BNLta4nDM10[/embedyt]

 

The Upside Of Falling Down

ဒီ fiction လေးကို အရင်က Rivals ဆိုတဲ့နာမည်နဲ့ ထွက်ရှိခဲ့ပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် နာမည်ပြောင်းပြီးနောက်ပိုင်း ပိုလို့တောင်နာမည်ကြီးလာပါတယ်။ ဇာတ်လမ်းကတော့ Becca Hart ဆိုတဲ့ အေးဆေးသမားကျောင်းသူလေးက ကျောင်းရဲ့နာမည်ကျော် ဘောလုံးအသင်းကပ္ပတိန် Brett Wells နဲ့ အနမ်းတစ်ခုအစပြုပြီး ချစ်သူတွေဖြစ်နေဟန်ဆောင်လိုက်ရတဲ့အခါ … ဟန်ဆောင်နေရင်းနဲ့ နှလုံးသားချင်းတကယ်နီးစပ်သွားတဲ့အခါ …ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ “The Upside Of Falling Down” မှာ ဖတ်ကြည့်လိုက်ပါ။

Related article >>> အရောင်ပြောင်းလဲတတ်တဲ့ အချစ်အကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်(၂) အုပ်

The Bad Boy And The Tomboy
အသက် (၁၇) နှစ်အရွယ် Macy Anderson ဆိုတာ ယောကျာ်းလေးတွေနဲ့ ဖက်လဲတကင်းပေါင်းပြီး အချစ်ဆုံးသူငယ်ချင်း Jasmine ကလွဲ ကျန်တဲ့မိန်းကလေးတွေကို ကြည့်မရတဲ့ ယောကျာ်းလျာလေးပါ။ Sam ကတော့ အတန်းခဏခဏလစ်တတ်ပြီး ဘောလုံးကန်တာ တော်လွန်းတဲ့ ခပ်ချေချေကောင်လေးပေါ့။ စတွေ့ထဲက ဘုနဲ့ဘောက်ဖြစ်နေတဲ့ ဒီနှစ်ယောက်ကတော့ ဘယ်လိုတွေပြဿနာတက်ကြဦးမလဲဆိုတာကတော့ “The Bad Boy And The Tomboy” ကိုဖတ်ပြီး အဖြေရှာလိုက်ပါ ယောင်းရေ။

ကဲ ဒါလေးတွေတော့ ပိတ်ရက်မှာ ဖတ်လို့ကောင်းမယ့် အင်္ဂလိပ် fiction လေးတွေပါ။ အင်္ဂလိပ်စာဖတ်အားကောင်းလာစေသလို အပျင်းလည်းပြေတာကြောင့် မိုးအေးအေးမှာ ကော်ဖီတစ်ခွက်နဲ့အတူ စာဖတ်ရင်း ဇိမ်ကျလိုက်ရအောင် …

Stella (For Her Myanmar)

No Comments Yet

Comments are closed