Book Review

Crazy Rich Asians ကြိုက်သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်း (၃) အုပ်

အရမ်းကောင်းလို့ပါနော်.. 😉

Crazy Rich Asians ကြည့်ပြီးကြပြီလား ယောင်းတို့ရေ? ကြည့်ပြီးတော့ ဘယ်လိုလေး ခံစားရလဲ။ စာရေးဆရာ ကီဗင်ကွမ်ရဲ့ ဝတ္ထုကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတာတော့ လုံးဝ အမိုက်စားပဲနော်။ စင်္ကာပူရဲ့ မင်းသားတစ်ယောက်လို ကြွယ်ဝချမ်းသာလွန်းတဲ့ သူဌေးသားနဲ့ လက်ထပ်ရတယ် ဆိုတာကိုက မိန်းကလေး တစ်ယောက်အနေနဲ့ အိပ်မက်မက်နေသလို ခံစားရမှာ။ Crazy Rich Asians ကြည့်ပြီးလို့ အရမ်းကောင်းတာပဲလို့ ယူဆမိရင်တော့ သူ့လိုပဲ ကောင်းတဲ့ ဝတ္တုစာအုပ်ကောင်းတွေ ရှိတယ်ဆိုတာ ညွှန်းချင်ပါတယ်။ ယောင်းတို့ ဖတ်ကြည့်ပြီး ကြိုက်မယ်ထင်ရတဲ့ စာအုပ်ကောင်းလေးတွေ အိမွန်က ညွှန်းချင်ပါတယ်နော်။

Everything I Never Told You

စာအုပ်နာမည်လေးကိုက ဆန်းတယ်နော်။ စာရေးဆရာကတော့ Celeste Ng ဖြစ်ပြီး ဒီစာအုပ် ဖြစ်မြောက်ဖို့ ခြောက်နှစ်တောင် အချိန်ပေးခဲ့ရပါတယ်။ တရုတ် -အမေရိကန်  သွေးနှော မိသားစုရဲ့ သမီးအလတ် လင်ဒီယာလေး ကန်ထဲမှာ ရေနစ်သေဆုံးပြီးနောက် သူ့မိဘတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။ လင်ဒီယာက ကျောင်းမှာ စာတော်ပြီး လူသိများတယ်လို့ မိဘတွေက သတ်မှတ်ထား သိထားကြပေမဲ့ တကယ်တော့  အပေါင်းအသင်း မရှိသလို စာလည်း ညံ့တယ်ဆိုတာကို သိလိုက်ရချိန်မှာတော့….

ဘာကြောင့် သူတို့သိထားတာနဲ့ တကယ့်အဖြစ်အပျက်နဲ့ လွဲချော်နေရတာလဲ?

မိဘတွေရဲ့ အိမ်ထောင်ရေး အခြေအနေတွေက သားသမီးတွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနိုင်မလဲ?

လင်ဒီယာလေးရဲ့ သေဆုံးမှု အကြောင်းရင်းက ဘာဖြစ်မလဲ? စတာတွေကို စိတ်ဝင်စားစရာ ဖတ်ရှုရမှာပါ။ ဒီဝတ္ထုကိုတော့ လာမယ့် အောက်တိုဘာ ပထမပတ်မှာ ရုပ်ရှင်ကားကြီးအဖြစ် ရုံတင်တော့မှာပါနော်.. ဒီမှာတင်မတင်တော့ မသိဘူးရယ်…

Related Article >>> အရောင်ပြောင်းလဲတတ်တဲ့ အချစ်အကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်(၂) အုပ်

To All the Boys I’ve loved before

စာရေးဆရာမ Jenny Han ရဲ့ နယူးယော့ခ်မှာ ရောင်းအားအကောင်းဆုံး စာအုပ်ပါ။ ၁၆ နှစ်အရွယ်ကောင်မလေး Lara Jean Song က ချစ်ဖူးသမျှ ကောင်လေးတွေကို ဖွင့်ဟဝန်ခံတဲ့ စာလေးတွေ ရေးသားပြီး သူ့အခန်းထဲမှာပဲ တိတ်တိတ်လေး သိမ်းထားပါတယ်။ ဒါပေမဲ့ ရေးထားသမျှ စာတိုင်းက သက်ဆိုင်သူတွေဆီ ရောက်သွားချိန်မှာတော့…

ယောင်းတို့မှာရော ချစ်ခဲ့ဖူးတဲ့သူတွေအတွက် ခံစားချက်ကိုယ်စီ ရှိခဲ့ဖူးလား? ကိုယ့်ခံစားချက်နဲ့များ တိုက်ဆိုင်နေမလားလို့ သိချင်ခဲ့ရင်၊ အတိတ်တွေကို ပြန်လည်တမ်းတမယ်ဆိုရင်တော့ဖြင့် Netflix မှာ သြဂုတ်လ ၁၇ ရက်နေ့တည်းက ပြသနေပါပြီနော်။

Related Article >>> ရိုးရိုးအချစ်ဝတ္ထုမဟုတ်တဲ့ အချစ်ဝတ္ထုတစ်ပုဒ်

Five Star Billionaires

စာရေးဆရာ Trash Aw ရဲ့ Five Star Billionaires ဇာတ်အိမ်ကတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ တည်ထားတာ ဖြစ်ပါတယ်။

ရည်မှန်းချက်ကြီးကြီးထားပြီး ရှန်ဟိုင်းမှာ အလုပ်လုပ်မယ်လို့လာရင်း အလိမ်ခံလိုက်ရတဲ့ မလေးလူမျိုး တောသူမလေး တစ်ယောက်…

ဘားတစ်ခုမှာ ရန်ဖြစ်ဖူးတာကြောင့် ဂုဏ်သတင်း ကျဆင်းပြီး နာမည်ကြီး ပေါ့ပ်ကြယ်ပွင့် ဘဝကနေ ကုန်တိုက်တွေမှာ သီချင်းဆိုတဲ့ အဖြစ်ကို ရောက်ရှိသွားတဲ့ ထိုင်ဝမ်လူမျိုး မင်းသား ဂယ်ရီ…

အောင်မြင်ချင်ရင် ယောက်ျားတစ်ယောက် ကျောထောက်နောက်ခံရှိဖို့ လိုတယ်လို့ သူငယ်ချင်းတွေ မြှောက်ပေးခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် Yinghui နဲ့

ချမ်းသာကြွယ်ဝတဲ့ မလေးရှားမိသားစုက မွေးစားခံရတဲ့ တစ်ကိုယ်တည်းသမား စီးပွားရေး လုပ်ငန်းရှင် Justin။

ဒီဇာတ်ကောင် လေးခုလုံးအတွက် အဓိကကျတဲ့ နောက်ဆုံး ဇာတ်ကောင် Walter Chao

ဒီ ၅ ယောက်က ဘယ်လိုတွေ တွေ့ဆုံလို့ ဘာတွေဖြစ်လာကြမှာလဲ?

ကံကြမ္မာက ဘယ်သူ့ကို မျက်နှာသာပေးမှာလဲ?

အခက်အခဲကိုယ်စီကို ဘယ်လို ရင်ဆိုင်ကြမှာလဲ? အားလုံးက စိတ်ဝင်စားစရာပဲနော်…

အိမွန်ပြောပြတဲ့ စာအုပ် ၃ အုပ်လေးက အာရှရဲ့အငွေ့အသက်တွေ ပါနေတဲ့အတွက် ယောင်းတို့လည်း နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်…  Crazy Rich Asians မှာလို မိသားစုဒရာမာ သဘောမျိုးလေးတွေ ဖြစ်လို့ ဇာတ်ကောင်များများနဲ့ မပျင်းရတဲ့ စာအုပ်ကောင်းလေးတွေ ဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်နော်။

With love,

Ei Mon (For Her Myanmar)

Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….

Leave a Reply

Your email address will not be published. Required fields are marked *