Book Review

ဝတၳဳဖတ္ရင္း ကိုယ္တိုင္ဝင္ေရာက္ခံစားေနရသလို စီးေမ်ာသြားမယ့္ ရသစာအုပ္(၃)အုပ္

အေဟာင္းေတြထဲက အေကာင္းေလးေတြ ေရြးေပးထားပါတယ္ 🥰🥰

ေယာင္းေရ…ဒီတစ္ပတ္ရုံးပိတ္ရက္မွာ ဘယ္မွမသြားဘူး ေအးေအးေဆးေဆး အိမ္မွာပဲေနမယ္ဆိုတဲ့ ေယာင္းေတြအတြက္ စာအုပ္အညႊန္းေလးအလွည့္ ျပန္ေရာက္လာပါၿပီေနာ္။ အခု Stella ညႊန္းေပးမယ့္ စာအုပ္ေလးေတြက ဖတ္ၿပီးရင္ တသသျဖစ္ေနရေစမယ့္ လက္ရာေတြမို႔ ဖုန္းေလးေတြ ႏွစ္ရက္ေလာက္ခ်ၿပီး စာအုပ္ကမာၻထဲ ဝင္ၾကည့္လိုက္ၾကပါစို႔…

(၁) ရင္ထဲကေဆာင္းရာသီ – မင္းလူ

ဒီစာအုပ္ကေတာ့ ဆရာမင္းလူရဲ႕ လက္ရာေတြထဲမွာ Stella အတြက္ ရင္ထဲအထိဆံုးပါ။ ငယ္ဘဝက နာၾကည္းခ်က္ေတြေၾကာင့္ ဘဝကိုအျမင့္ဆံုးေရာက္ေအာင္ ႀကိဳးစားေနတဲ့ ခင္ခိုင္ နဲ႔ လူရုိးလူေျဖာင့္ ခပ္ေအးေအးေနခ်င္သူ ၿငိမ္းေမာင္ တို႔လင္မယား။ ခင္ခိုင္က ႏိုင္ငံျခားပညာေတာ္သင္သြားခါနီးမွာ ကိုယ္ဝန္ရွိလာလို႕ ပညာေတာ္သင္ကို စြန္႔လႊတ္လိုက္ရပါတယ္။ ေမြးလာတဲ့ သားေမာင္ကလည္း ဥာဏ္ရည္မမီတဲ့ ကေလးျဖစ္ေနျပန္တယ္။ သူတို႔မိသားစုၾကားမွာ ဘယ္လိုအေျခအေနေတြ ျဖစ္လာမလဲ ၊ ခင္ခိုင္ကေကာ သားေမာင္အတြက္ သူ႔ရဲ႕ ရည္မွန္းခ်က္ေတြကို အဆံုးရႈံးခံမွာလား ၊ ဥာဏ္ရည္မဖြံ႔ၿဖိဳးတဲ့ကေလးတစ္ေယာက္ကို ဘယ္လိုပ်ိဳးေထာင္မွာလဲစတာေတြကို ဆရာမင္းလူက “ရင္ထဲကေဆာင္းရာသီ” မွာ ကေလာင္သားထက္ထက္ သရုပ္ေဖာ္ထားပါတယ္။

Related article >>> ဒီတစ္ပတ္အတြက္ ဖတ္စရာ ဘာသာျပန္ စာအုပ္(၂)အုပ္

(၂) မအိမ္ကံ – ခင္ခင္ထူး

စဖတ္ထဲက Stella လက္ကမခ်ႏိုင္ေအာင္ စြဲခဲ့တဲ့စာအုပ္ပါ။ အခုထက္ထိလည္း ဖတ္တိုင္းႀကိဳက္တုန္းပါပဲ။ စာအုပ္က အနည္းငယ္ထူတာမို႔ စာဖတ္ေႏွးတဲ့ ေယာင္းေတြအတြက္ အခ်ိန္ယူဖတ္ရမယ္ထင္ပါတယ္။ ဖက္စိမ္းကြမ္းေတာင္ကိုင္ျဖစ္ခ်င္လြန္းသူ ေဇာင္ခ်မ္းကုန္းရြာက မိန္းမေခ်ာ မိန္းမလွ မအိမ္ကံရဲ႕ ဘဝဇာတ္ေၾကာင္းကို ဒီဝတၳဳမွာဖတ္ရမွာပါ။ ခ်စ္စရာေက်းရြာဓေလ့ေတြ၊ ေရွးက ကြမ္းေတာင္ကိုင္ေရြးတဲ့အခါမွာ ထားရွိတဲ့ စံေတြ၊ ဂ်ပန္ေခတ္ႏိုင္ငံေရးအေျခအေနေတြအေၾကာင္းကို ထဲထဲဝင္ဝင္ေလ့လာႏိုင္မယ့္ ဆရာမခင္ခင္ထူးရဲ႕အေျပာင္ေျမာက္ဆံုးလက္ရာတစ္ခုျဖစ္ပါတယ္။

Related article >>> မိန္းကေလးတိုင္းအတြက္ မရွိမျဖစ္လိုအပ္တဲ့ စာအုပ္ (၄) အုပ္

(၃) ပန္းစကား – မစႏၵာ

ေႂကြ…တစ္ပတ္လွ်ိဳဆံထံုး၊ မာနရိပ္ကင္းတဲ့ မ်က္ဝန္းညိဳညိဳ၊ ေအးခ်မ္းၿငိမ္သက္တဲ့အသြင္နဲ႕ ေႂကြ။ သူ(မ)ဘဝရဲ႕ တစ္ဦးတည္းေသာ ခင္တြယ္စရာ ကိုေလး။ လွ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ ေႂကြ။ ဒီ ေႂကြဆိုတဲ့ မိန္းကေလးကိုမွ ခ်စ္မိတဲ့ စက္မႈတကၠသိုလ္ေက်ာင္းသား ေမာင္ေမာင္။ ေႂကြ႕ဘဝမွာ ဘယ္လိုလွ်ိဳ႕ဝွက္ခ်က္ေတြရွိေနလဲ၊ ေမာင္ေမာင္ကေကာ ေႂကြ႕ကို အိမ္မက္ဆိုးေတြကေန ကယ္တင္ႏိုင္မွာလား၊ ကိုေလးဆိုတာကေကာ ဘယ္သူလဲ ? ရယ္ေမာစရာေတြေရာ ရင္ေမာစရာေတြေရာကို ဆရာမ မစႏၵာရဲ႕ဟန္အတိုင္း ေပါ့ေပါ့ပါးပါးေရးထားတာျဖစ္လို႔ “ပန္းစကား” ကို ေယာင္းတို႔အႀကိဳက္ေတြ႔မွာပါ။

Related article >>> ဇာတ္လမ္းေကာင္း ႀကိဳက္သူေတြအတြက္ “လရဲ႕ေအာက္ဘက္မိုင္အေဝးမွာ” ဝတၳဳ

ကဲ…ဒီေလာက္ဆိုရင္ ေယာင္းတို႔လည္း ဒီတစ္ပတ္အတြက္ ႏွစ္သက္ရာစာအုပ္ေလးေတြ ေရြးၿပီးဖတ္လို႔ရေလာက္ၿပီေပါ့ေနာ္။ Stella ေရြးေပးထားတဲ့ စာအုပ္ေတြက Stella ကိုယ္တိုင္ဘယ္ႏွေခါက္ဖတ္ဖတ္ မရုိးတဲ့စာအုပ္ေတြမို႔ Stella နဲ႔ ေယာင္းတို႔ အႀကိဳက္တူေလာက္မယ္ထင္ပါတယ္။ ဒါဆို ေနာက္တစ္ပတ္ၾကမွ စာအုပ္ေတြနဲ႔ ျပန္ေတြ႔ၾကတာေပါ့ေနာ္။

Stella (For Her Myanmar)

<<<Unicode>>>

အဟောင်းတွေထဲက အကောင်းလေးတွေ ရွေးပေးထားပါတယ် 🥰🥰

ယောင်းရေ…ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ဘယ်မှမသွားဘူး အေးအေးဆေးဆေး အိမ်မှာပဲနေမယ်ဆိုတဲ့ ယောင်းတွေအတွက် စာအုပ်အညွှန်းလေးအလှည့် ပြန်ရောက်လာပါပြီနော်။ အခု Stella ညွှန်းပေးမယ့် စာအုပ်လေးတွေက ဖတ်ပြီးရင် တသသဖြစ်နေရစေမယ့် လက်ရာတွေမို့ ဖုန်းလေးတွေ နှစ်ရက်လောက်ချပြီး စာအုပ်ကမ္ဘာထဲ ဝင်ကြည့်လိုက်ကြပါစို့…

(၁) ရင်ထဲကဆောင်းရာသီ – မင်းလူ

ဒီစာအုပ်ကတော့ ဆရာမင်းလူရဲ့ လက်ရာတွေထဲမှာ Stella အတွက် ရင်ထဲအထိဆုံးပါ။ ငယ်ဘဝက နာကြည်းချက်တွေကြောင့် ဘဝကိုအမြင့်ဆုံးရောက်အောင် ကြိုးစားနေတဲ့ ခင်ခိုင် နဲ့ လူရိုးလူဖြောင့် ခပ်အေးအေးနေချင်သူ ငြိမ်းမောင် တို့လင်မယား။ ခင်ခိုင်က နိုင်ငံခြားပညာတော်သင်သွားခါနီးမှာ ကိုယ်ဝန်ရှိလာလို့ ပညာတော်သင်ကို စွန့်လွှတ်လိုက်ရပါတယ်။ မွေးလာတဲ့ သားမောင်ကလည်း ဉာဏ်ရည်မမီတဲ့ ကလေးဖြစ်နေပြန်တယ်။ သူတို့မိသားစုကြားမှာ ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲ ၊ ခင်ခိုင်ကကော သားမောင်အတွက် သူ့ရဲ့ ရည်မှန်းချက်တွေကို အဆုံးရှုံးခံမှာလား ၊ ဉာဏ်ရည်မဖွံ့ဖြိုးတဲ့ကလေးတစ်ယောက်ကို ဘယ်လိုပျိုးထောင်မှာလဲစတာတွေကို ဆရာမင်းလူက “ရင်ထဲကဆောင်းရာသီ” မှာ ကလောင်သားထက်ထက် သရုပ်ဖော်ထားပါတယ်။

Related article >>> ဒီတစ်ပတ်အတွက် ဖတ်စရာ ဘာသာပြန် စာအုပ်(၂)အုပ်

(၂) မအိမ်ကံ – ခင်ခင်ထူး

စဖတ်ထဲက Stella လက်ကမချနိုင်အောင် စွဲခဲ့တဲ့စာအုပ်ပါ။ အခုထက်ထိလည်း ဖတ်တိုင်းကြိုက်တုန်းပါပဲ။ စာအုပ်က အနည်းငယ်ထူတာမို့ စာဖတ်နှေးတဲ့ ယောင်းတွေအတွက် အချိန်ယူဖတ်ရမယ်ထင်ပါတယ်။ ဖက်စိမ်းကွမ်းတောင်ကိုင်ဖြစ်ချင်လွန်းသူ ဇောင်ချမ်းကုန်းရွာက မိန်းမချော မိန်းမလှ မအိမ်ကံရဲ့ ဘဝဇာတ်ကြောင်းကို ဒီဝတ္ထုမှာဖတ်ရမှာပါ။ ချစ်စရာကျေးရွာဓလေ့တွေ၊ ရှေးက ကွမ်းတောင်ကိုင်ရွေးတဲ့အခါမှာ ထားရှိတဲ့ စံတွေ၊ ဂျပန်ခေတ်နိုင်ငံရေးအခြေအနေတွေအကြောင်းကို ထဲထဲဝင်ဝင်လေ့လာနိုင်မယ့် ဆရာမခင်ခင်ထူးရဲ့အပြောင်မြောက်ဆုံးလက်ရာတစ်ခုဖြစ်ပါတယ်။

Related article >>> မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စာအုပ် (၄) အုပ်

(၃) ပန်းစကား – မစန္ဒာကြွေ…

တစ်ပတ်လျှိုဆံထုံး၊ မာနရိပ်ကင်းတဲ့ မျက်ဝန်းညိုညို၊ အေးချမ်းငြိမ်သက်တဲ့အသွင်နဲ့ ကြွေ။ သူ(မ)ဘဝရဲ့ တစ်ဦးတည်းသော ခင်တွယ်စရာ ကိုလေး။ လျှို့ဝှက်ချက်တွေနဲ့ ကြွေ။ ဒီ ကြွေဆိုတဲ့ မိန်းကလေးကိုမှ ချစ်မိတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား မောင်မောင်။ ကြွေ့ဘဝမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲ၊ မောင်မောင်ကကော ကြွေ့ကို အိမ်မက်ဆိုးတွေကနေ ကယ်တင်နိုင်မှာလား၊ ကိုလေးဆိုတာကကော ဘယ်သူလဲ ? ရယ်မောစရာတွေရော ရင်မောစရာတွေရောကို ဆရာမ မစန္ဒာရဲ့ဟန်အတိုင်း ပေါ့ပေါ့ပါးပါးရေးထားတာဖြစ်လို့ “ပန်းစကား” ကို ယောင်းတို့အကြိုက်တွေ့မှာပါ။

Related article >>> ဇာတ်လမ်းကောင်း ကြိုက်သူတွေအတွက် “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဝတ္ထု

ကဲ…ဒီလောက်ဆိုရင် ယောင်းတို့လည်း ဒီတစ်ပတ်အတွက် နှစ်သက်ရာစာအုပ်လေးတွေ ရွေးပြီးဖတ်လို့ရလောက်ပြီပေါ့နော်။ Stella ရွေးပေးထားတဲ့ စာအုပ်တွေက Stella ကိုယ်တိုင်ဘယ်နှခေါက်ဖတ်ဖတ် မရိုးတဲ့စာအုပ်တွေမို့ Stella နဲ့ ယောင်းတို့ အကြိုက်တူလောက်မယ်ထင်ပါတယ်။ ဒါဆို နောက်တစ်ပတ်ကြမှ စာအုပ်တွေနဲ့ ပြန်တွေ့ကြတာပေါ့နော်။

Stella (For Her Myanmar)

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *