Book Review Knowledge

ႏွစ္သစ္မွာအက်ိဳးရွိေစမယ့္ စာအုပ္(၂)အုပ္

က်န္းမာေရးအတြက္ တကယ္ကို အက်ိဳးရွိေစမွာေနာ္

>>> Zawgyi >>>

ကဲ..နယူးရီးယား ေရာက္ေတာ့မယ္ဆိုေတာ့ ထံုးစံအတိုင္း ႏွစ္သစ္ဆံုးျဖတ္ခ်က္အစီအစဥ္(New year resolution) ေတြေခတ္ထလာၿပီ။ အမ်ားစုကေတာ့ ဝိတ္ေလွ်ာ့မယ္၊ ပိုက္ဆံရွာမယ္၊ ဘာဝယ္မယ္၊ ညာဝယ္မယ္ စတဲ့အစီအစဥ္ေတြကမ်ားပါတယ္။ က်န္းမာေရးအတြက္ေရာ ဆံုးျဖတ္ခ်က္တစ္ခုခုလုပ္ထားလား။ မလုပ္ထားေသးရင္ေတာ့ ေယာင္းတုိ႔ကို စာအုပ္(၂)အုပ္နဲ႔မိတ္ဆက္ပါရေစေနာ္။ ဒီစာအုပ္ဖတ္ၿပီးရင္ေတာ့ က်န္းမာေရးအတြက္ အေရးႀကီးတဲ့ဆံုးျဖတ္ခ်က္တစ္ခုခုခ်ျဖစ္သြားၾကမွာပါ။

၁။ အမတရွာပံုေတာ္ (တင္ေမာင္ျမင့္)

အက္ဒမင္က ေတာ္ရုံတန္ရုံက်န္းမာေရးစာအုပ္ဖတ္ျဖစ္တာမဟုတ္ဘူး။ ဒါေပမဲ့ စာအုပ္ဆိုင္သြားရင္း ဆရာတင္ေမာင္ျမင့္ရဲ႕ ဘာသာျပန္စာအုပ္ဆိုေတာ့ ဘာလဲစပ္စုရင္း သေဘာက်မိလုိ႔ ဝယ္ဖတ္ျဖစ္သြားတာ။ မူရင္းစာအုပ္ကေတာ့ အိႏၵိယႏြယ္ဖြား အေမရိကန္ႏိုင္ငံသား ဦးေႏွာက္အာရုံေၾကာခြဲစိတ္ဆရာဝန္ၾကီး ေဒါက္တာ ဆန္ေဂ်းဂြတ္ပတားရဲ႕ Chasing Life ျဖစ္ပါတယ္။ စာအုပ္ပါအခ်က္အလက္ေတြက တကယ့္အႏွစ္လုိ႔ေျပာရမွာပါ။

-အသက္ရွည္ေစဖို႔ အစာစားနည္း၊ အစားအစာေရြးျခယ္နည္း အျပင္ဗီတာမင္နဲ႔ ျဖည့္စြက္စာေတြရဲ႕အေရးပါပံု၊

– ေဆးဝါးေတြအေပၚခ်ည္း အားမကိုးဘဲ သဘာဝအစားအစာထဲက အက်ိဳးေက်းဇူးရႏုိင္ပံု၊

-ကိုယ္လက္လႈပ္ရွားမႈ၊ ေလ့က်င့္ခန္းပံုမွန္လုပ္ေပးျခင္းက က်န္းမာေရးအႏွစ္ခ်ဳပ္ျဖစ္ေၾကာင္းနဲ႔ ေလ့က်င့္ခန္းလုပ္တဲ့အခါ ပံုစံက်က်လုပ္ဖို႔ နည္းလမ္း အၾကံျပဳခ်က္မ်ားေတြ၊

-ဦးေနွာက္အတြက္ က်န္းမာေစတဲ့အၾကံေပးခ်က္ေတြ၊ ကင္ဆာေရာဂါအတြက္ ေဆာင္ရန္၊ ေရွာင္ရန္အေသးစိတ္ရွင္းျပခ်က္ေတြ

-ဆီးခ်ိဳ၊ ေသြးတိုး၊ အဝလြန္ေရာဂါရဲ႕ အႏၱရာယ္ေတြ၊ ေျဖရွင္းခ်က္ေတြ၊ ကာကြယ္နည္းစနစ္ေတြ

-စိတ္က်န္းမာေရးကလည္း အသက္ရွည္ျခင္းက႑မွာအေရးအၾကီးဆံုးျဖစ္ပံု

စတဲ့အခ်က္ေတြအားလံုးနဲ႔တကြ ဆရာႀကီးရဲ႕အေတြ႔အၾကံဳေတြကိုပါ တြဲဖက္ေရးသားထားတာကိုဒီစာအုပ္မွာေတြ႔ရမွာပါ။ ေယာင္းတုိ႔စာဖတ္ရမွာပ်င္းရင္ေတာင္ အခန္းတစ္ခန္းတုိင္းဆီရဲ႕ေနာက္ဆံုးက အႏွစ္ခ်ဳပ္က ေယာင္းကိုစိတ္ဝင္စားေစမွာပါ။ ဆရာတင္ေမာင္ျမင့္ရဲ႕ ဘာသာျပန္စြမ္းရည္ကိုေတာ့ အထူးေျပာစရာလိုမယ္မထင္ပါဘူး။

Related article >>> ေယာင္းခႏၶာကိုယ္ရဲ႕ အဆီေတြက ေယာင္းရဲ႕ က်န္းမာေရးအေၾကာင္း ေျပာျပေနတယ္ဆိုတာ သိပါသလား

၂။ ကၽြန္ေတာ္ေရးေသာ က်န္းမာေရးစာစုမ်ား (ေဒါက္တာၿဖိဳးေမာင္)

ဒီစာအုပ္ကေတာ့ အက္ဒမင့္အစ္ကိုဝယ္လာလို႔ ဖ်က္ခနဲေကာက္ဖတ္မိရင္း ဖတ္ျဖစ္သြားတာေလးပါ။ က်န္းမာေရးစာစုဆိုသလို ေဒါက္တာၿဖိဳးေမာင္ေမာင္ရဲ႕ website ေဆာင္းပါးေလးေတြကို စုစည္းထားတဲ့စာအုပ္တစ္အုပ္ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အေၾကာင္းအရာေတာ္ေတာ္ေလးစံုလင္ပါတယ္။ ေခါင္းစဥ္ေပါင္း ၄၅ခုပါဝင္ၿပီး ေခါင္းစဥ္ေတာ္ေတာ္မ်ားမ်ားက အက္ဒမင္တုိ႔ေယာင္းတုိ႔အတြက္ အက်ိဳးတစ္ခုခုေတာ့ေပးမွာပါ။ အေသးစိတ္ေျပာျပေနရင္ ရွည္သြားမွာစိုးလို႔ ေယာင္းတုိ႔စိတ္ဝင္စားမယ့္ေခါင္းစဥ္ေလးေတြေရြးေျပာေပးမယ္ေနာ္။ အက္ဒမင္သေဘာက်တဲ့ေခါင္းစဥ္ကေတာ့ fastingပါ။ အခ်ိန္အပိုင္းအျခားအလိုက္ အစာေရွာင္ျခင္းနဲ႔ သူ႕ရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ဒီစာအုပ္ဖတ္ၿပီးမွသိလာရတာပါ။ ဝိတ္ခ်ခ်င္တဲ့ေယာင္းေတြ၊ အသားအရည္လွခ်င္တဲ့ေယာင္းေတြအတြက္ အံအကိုက္ဆံုးပဲ။ ေနာက္တစ္ခုသေဘာက်မိတာက skincare  productsေတြ ထဲမွာပါဝင္တဲ့ ဓာတုပစၥည္းေတြရဲ႕ဆိုက်ိဳးေတြ၊ အႏၱရာယ္ေတြကို ဂရုျပဳမိေအာင္ ဗဟုသုတအေနနဲ႔ ဖတ္လိုက္ရတယ္။ ဒီ့အျပင္ gym ကစားတဲ့အခါ သတိထားသင့္တဲ့အခ်က္ေတြ၊ အၾကံျပဳခ်က္ေတြလည္းပါပါေသးတယ္။ ေခါင္းစဥ္ေတာ္ေတာ္စံုလို႔ တန္လြန္းတဲ့စာအုပ္လုိ႔ေျပာလို႔ရပါတယ္။

ကဲ..ေယာင္းတုိ႔ေရ.. က်န္းမာမွ ဖလန္းဖလန္းႏုိင္မွာမို႔ ႏွစ္သစ္အတြက္ ဆံုးျဖတ္ခ်က္ေတြခ်တဲ့အခါ က်န္းမာေရးအတြက္ပါထည့္စဥ္းစားဖို႔လိုတယ္ေနာ္။ ေယာင္းတုိ႔သာ ဒီစာအုပ္တစ္အုပ္အုပ္ေၾကာင့္ ဆံုးျဖတ္ခ်က္ေကာင္းခ်ႏိုင္ၿပီဆိုရင္ျဖင့္ အက္ဒမင္ထခုန္မတတ္ေပ်ာ္ရပါျပီ။

Christina (For Her Myanmar)

>>> Unicode >>>

ကျန်းမာရေးအတွက် တကယ်ကို အကျိုးရှိစေမှာနော်

ကဲ..နယူးရီးယား ရောက်တော့မယ်ဆိုတော့ ထုံးစံအတိုင်း နှစ်သစ်ဆုံးဖြတ်ချက်အစီအစဉ်(New year resolution) တွေခေတ်ထလာပြီ။ အများစုကတော့ ဝိတ်လျှော့မယ်၊ ပိုက်ဆံရှာမယ်၊ ဘာဝယ်မယ်၊ ညာဝယ်မယ် စတဲ့အစီအစဉ်တွေကများပါတယ်။ ကျန်းမာရေးအတွက်ရော ဆုံးဖြတ်ချက်တစ်ခုခုလုပ်ထားလား။ မလုပ်ထားသေးရင်တော့ ယောင်းတို့ကို စာအုပ်(၂)အုပ်နဲ့မိတ်ဆက်ပါရစေနော်။ ဒီစာအုပ်ဖတ်ပြီးရင်တော့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုခုချဖြစ်သွားကြမှာပါ။

၁။ အမတရှာပုံတော် (တင်မောင်မြင့်)

အက်ဒမင်က တော်ရုံတန်ရုံကျန်းမာရေးစာအုပ်ဖတ်ဖြစ်တာမဟုတ်ဘူး။ ဒါပေမဲ့ စာအုပ်ဆိုင်သွားရင်း ဆရာတင်မောင်မြင့်ရဲ့ ဘာသာပြန်စာအုပ်ဆိုတော့ ဘာလဲစပ်စုရင်း သဘောကျမိလို့ ဝယ်ဖတ်ဖြစ်သွားတာ။ မူရင်းစာအုပ်ကတော့ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဆန်ဂျေးဂွတ်ပတားရဲ့ Chasing Life ဖြစ်ပါတယ်။ စာအုပ်ပါအချက်အလက်တွေက တကယ့်အနှစ်လို့ပြောရမှာပါ။

-အသက်ရှည်စေဖို့ အစာစားနည်း၊ အစားအစာရွေးခြယ်နည်း အပြင်ဗီတာမင်နဲ့ ဖြည့်စွက်စာတွေရဲ့အရေးပါပုံ၊

– ဆေးဝါးတွေအပေါ်ချည်း အားမကိုးဘဲ သဘာဝအစားအစာထဲက အကျိုးကျေးဇူးရနိုင်ပုံ၊

-ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းက ကျန်းမာရေးအနှစ်ချုပ်ဖြစ်ကြောင်းနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပုံစံကျကျလုပ်ဖို့ နည်းလမ်း အကြံပြုချက်များတွေ၊

-ဦးနှောက်အတွက် ကျန်းမာစေတဲ့အကြံပေးချက်တွေ၊ ကင်ဆာရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်အသေးစိတ်ရှင်းပြချက်တွေ

-ဆီးချို၊ သွေးတိုး၊ အဝလွန်ရောဂါရဲ့ အန္တရာယ်တွေ၊ ဖြေရှင်းချက်တွေ၊ ကာကွယ်နည်းစနစ်တွေ

-စိတ်ကျန်းမာရေးကလည်း အသက်ရှည်ခြင်းကဏ္ဍမှာအရေးအကြီးဆုံးဖြစ်ပုံ

စတဲ့အချက်တွေအားလုံးနဲ့တကွ ဆရာကြီးရဲ့အတွေ့အကြုံတွေကိုပါ တွဲဖက်ရေးသားထားတာကိုဒီစာအုပ်မှာတွေ့ရမှာပါ။ ယောင်းတို့စာဖတ်ရမှာပျင်းရင်တောင် အခန်းတစ်ခန်းတိုင်းဆီရဲ့နောက်ဆုံးက အနှစ်ချုပ်က ယောင်းကိုစိတ်ဝင်စားစေမှာပါ။ ဆရာတင်မောင်မြင့်ရဲ့ ဘာသာပြန်စွမ်းရည်ကိုတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။

Related article >>> ယောင်းခန္ဓာကိုယ်ရဲ့ အဆီတွေက ယောင်းရဲ့ ကျန်းမာရေးအကြောင်း ပြောပြနေတယ်ဆိုတာ သိပါသလား

၂။ ကျွန်တော်ရေးသော ကျန်းမာရေးစာစုများ (ဒေါက်တာဖြိုးမောင်)

ဒီစာအုပ်ကတော့ အက်ဒမင့်အစ်ကိုဝယ်လာလို့ ဖျက်ခနဲကောက်ဖတ်မိရင်း ဖတ်ဖြစ်သွားတာလေးပါ။ ကျန်းမာရေးစာစုဆိုသလို ဒေါက်တာဖြိုးမောင်မောင်ရဲ့ website ဆောင်းပါးလေးတွေကို စုစည်းထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကြောင်းအရာတော်တော်လေးစုံလင်ပါတယ်။ ခေါင်းစဉ်ပေါင်း ၄၅ခုပါဝင်ပြီး ခေါင်းစဉ်တော်တော်များများက အက်ဒမင်တို့ယောင်းတို့အတွက် အကျိုးတစ်ခုခုတော့ပေးမှာပါ။ အသေးစိတ်ပြောပြနေရင် ရှည်သွားမှာစိုးလို့ ယောင်းတို့စိတ်ဝင်စားမယ့်ခေါင်းစဉ်လေးတွေရွေးပြောပေးမယ်နော်။ အက်ဒမင်သဘောကျတဲ့ခေါင်းစဉ်ကတော့ fastingပါ။ အချိန်အပိုင်းအခြားအလိုက် အစာရှောင်ခြင်းနဲ့ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဒီစာအုပ်ဖတ်ပြီးမှသိလာရတာပါ။ ဝိတ်ချချင်တဲ့ယောင်းတွေ၊ အသားအရည်လှချင်တဲ့ယောင်းတွေအတွက် အံအကိုက်ဆုံးပဲ။ နောက်တစ်ခုသဘောကျမိတာက skincare  productsတွေ ထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေရဲ့ဆိုကျိုးတွေ၊ အန္တရာယ်တွေကို ဂရုပြုမိအောင် ဗဟုသုတအနေနဲ့ ဖတ်လိုက်ရတယ်။ ဒီ့အပြင် gym ကစားတဲ့အခါ သတိထားသင့်တဲ့အချက်တွေ၊ အကြံပြုချက်တွေလည်းပါပါသေးတယ်။ ခေါင်းစဉ်တော်တော်စုံလို့ တန်လွန်းတဲ့စာအုပ်လို့ပြောလို့ရပါတယ်။

ကဲ..ယောင်းတို့ရေ.. ကျန်းမာမှ ဖလန်းဖလန်းနိုင်မှာမို့ နှစ်သစ်အတွက် ဆုံးဖြတ်ချက်တွေချတဲ့အခါ ကျန်းမာရေးအတွက်ပါထည့်စဉ်းစားဖို့လိုတယ်နော်။ ယောင်းတို့သာ ဒီစာအုပ်တစ်အုပ်အုပ်ကြောင့် ဆုံးဖြတ်ချက်ကောင်းချနိုင်ပြီဆိုရင်ဖြင့် အက်ဒမင်ထခုန်မတတ်ပျော်ရပါပြီ။

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *