မိန်းကလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေထိုင်ဖို့အတွက် အရေးကြီးဆုံးအချက်တွေက ဘာတွေလဲ ?

အချစ်ပျောက်ဆုံးပြီး စင်ဂယ်ဖြစ်နေတာ ပြသနာမဟုတ်ဘူးနော်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးပြီး သိမ်ငယ်နေရင်တော့ ပြင်ဖို့လိုလာပြီးယောင်းရေ။

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက ကော့စမတ်တစ်ပစ္စည်းတွေထက်အရေးကြီးတာမို့ ဒီလိုပြသနာတွေ ယောင်းမှာရှိနေရင် ပြင်နိုင်ဖို့အတွက် အရေးကြီးဆုံးအချက်တွေကို အက်ဒမင်ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။

စတေးတပ်တွေသာ ရေးတင်ကြတာ။ တကယ်ကိုယ့်ကိုယ်ကိုယ်ချစ်လားဆိုတော့ “ဟယ်နင်ဝလာတယ်နော်” တစ်ယောက်ယောက်က ပြောလိုက်ရင် မျက်နှာမဲ့သွားတာနဲ့တင်သိသာတယ်။ ယောင်းကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်မချစ်လို့ သူများတွေရဲ့ ဝေဖန်ခြင်းခံရတာ။ ယောင်းသာ ကိုယ့်ကိုယ်ကိုယ်ချစ်ကြည့်၊ “အေး၊ ငါဝတာက လှတယ်ဟ”ဆိုပြီး ဘယ်သူဘာပြောပြော အဖတ်တောင်လုပ်မိမှာမဟုတ်ဘူး။

၂။ သပ်သပ်ရပ်ရပ်နေပါ။

သပ်သပ်ရပ်ရပ်နဲ့ အလှပြင်တာမဆိုင်ပါဘူးနော်။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပြီး နေရုံနဲ့တင်သပ်ရပ်နေပါပြီ။ ကိုယ်တိုင်ကသပ်ရပ်နေရင် ဘယ်သွားသွား ဘယ်သူနဲ့တွေတွေ့ သိမ်ငယ်နေသလို မခံစားရတော့ပါဘူး။

၃။ လူတွေနဲ့ပြောဆို ဆက်ဆံပါ။

လူကြောက်လို့ တစ်ယောက်တည်းနေတာက ရေရှည်မှာအဆင်မပြေပါဘူး။ လူအသစ်တွေနဲ့ ပြောရမှာကြောက်နေရင်တောင် အတန်းဖော်တွေဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် မုန့်တူတူထွက်စားတာမျိုး လုပ်ပေးပါ။ ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတဲ့သူအများစုက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးသွားတတ်ကြပါတယ်။

၄။ကျန်းမာရေး ဂရုစိုက်ပါ။

လူတစ်ယောက်ရဲ့ အသက်တာမှာ အရေးကြီးဆုံးက ကျန်းမာရေးပါ။ ကျန်းမာရေးကောင်းမှ စိတ်ဓာတ်ကြံခိုင်မှာပါ။ အိပ်ရေးဝအောင်အိပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ ခန္ဓာကိုယ်မှာ တစ်ခုခုပြောင်းလဲလာတာသတိပြုမိရင် မပေါ့ဆပါနဲ့။ အသားအရေပုံမှန်ထက် မဲခြောက်သွားတာမျိုး၊ လက်သည်းတွေ ကျိုးပဲ့လွယ်လာတာမျိုး၊ ပင်ပန်းလွယ် မောပန်းလွယ်တာမျိုးဆိုရင်တော့ သံဓာတ်အားနည်း၊ မနည်း စစ်ဖို့လိုပါပြီ။ အဲဒီအတွက် သံဓာတ်အားဖြည့်ဆေးကို ရွေးချယ်တော့မယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ့်အတွက် အရည်အသွေး အထူးစိတ်ချရတယ်ဆိုတဲ့ သံဓာတ်အားဖြည့်ဆေးကို
ရွေးချယ်သင့်ပါတယ်။ မင်မင်လတ်တလော သောက်နေတဲ့ Ferofort ဆိုရင် သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြသနာတွေအပြင် ကိုယ်ခံစွမ်းအားအတွက်ရော အာရုံကြောနဲ့ ဦးနှောက်စွမ်းရည်အတွက်ရော မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် အရိုးနဲ့ သွားပါ ကျန်းမာကြံ့ခိုင်စေတာမို့ Ferofort ကို ရွေးသောက်ဖြစ်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ။

ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုဆိုတာ ပျော်ရွှင်မှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်မှု ရှိတာမို့ ကိုယ့်ကိုယ့်ကိုယ် ပျော်ရွှင်အောင်နေပါ။ ယောင်းရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ ယောင်းရဲ့ အတွေးအခေါ် ရှုမြင်တဲ့ ရှုထောင့်ပေါ်မှာ အများကြီးမူတည်ပါတယ်။ အတွေးအခေါ်ကောင်းတွေ အကောင်းမြင်မှုတွေနဲ့ ရှင်သန်လေ ယောင်းဘဝမှာ ပိုပျော်ရွှင်ရလေပါပဲ။ ယောင်းရဲ့ ပျော်ရွှင်မှုကလည်း တခြားလူတွေကိုပါ ကူးစက်စေတာမို့ လောကကိုတောင် အကျိုးပြုစေပါတယ်နော်။

ဒီလောက်ဆို ယောင်းတို့လည်း ကိုယ့်ကိုယ်ကိုယ် ဘာအချက်တွေလိုနေလဲဆိုတာ သုံးသပ်မိမယ်ထင်ပါတယ်။ ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင် ယောင်းကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်လာမှာပါ။

<<<Zawgyi>>>

အခ်စ္ေပ်ာက္ဆုံးၿပီး စင္ဂယ္ျဖစ္ေနတာ ျပသနာမဟုတ္ဘူးေနာ္။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေပ်ာက္ဆုံးၿပီး သိမ္ငယ္ေနရင္ေတာ့ ျပင္ဖို႔လိုလာၿပီးေယာင္းေရ။

မိန္းကေလးတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈက ေကာ့စမတ္တစ္ပစၥည္းေတြထက္အေရးႀကီးတာမို႔ ဒီလိုျပသနာေတြ ေယာင္းမွာရွိေနရင္ ျပင္ႏိုင္ဖို႔အတြက္ အေရးႀကီးဆုံးအခ်က္ေတြကို အက္ဒမင္ရွာေဖြတင္ဆက္ေပးလိုက္ပါတယ္။

၁။ ကိုယ့္ကိုယ္ကိုယ္ခ်စ္ပါ။

စေတးတပ္ေတြသာ ေရးတင္ၾကတာ။ တကယ္ကိုယ့္ကိုယ္ကိုယ္ခ်စ္လားဆိုေတာ့ “ဟယ္နင္ဝလာတယ္ေနာ္” တစ္ေယာက္ေယာက္က ေျပာလိုက္ရင္ မ်က္ႏွာမဲ့သြားတာနဲ႔တင္သိသာတယ္။ ေယာင္းကိုယ္တိုင္က ကိုယ့္ကိုယ္ကိုယ္မခ်စ္လို႔ သူမ်ားေတြရဲ႕ ေဝဖန္ျခင္းခံရတာ။ ေယာင္းသာ ကိုယ့္ကိုယ္ကိုယ္ခ်စ္ၾကည့္၊ “ေအး၊ ငါဝတာက လွတယ္ဟ”ဆိုၿပီး ဘယ္သူဘာေျပာေျပာ အဖတ္ေတာင္လုပ္မိမွာမဟုတ္ဘူး။

၂။ သပ္သပ္ရပ္ရပ္ေနပါ။

သပ္သပ္ရပ္ရပ္နဲ႔ အလွျပင္တာမဆိုင္ပါဘူးေနာ္။ တစ္ကိုယ္ရည္သန႔္ရွင္းေရး ဂ႐ုစိုက္ၿပီး ေန႐ုံနဲ႔တင္သပ္ရပ္ေနပါၿပီ။ ကိုယ္တိုင္ကသပ္ရပ္ေနရင္ ဘယ္သြားသြား ဘယ္သူနဲ႔ေတြေတြ႕ သိမ္ငယ္ေနသလို မခံစားရေတာ့ပါဘူး။

၃။ လူေတြနဲ႔ေျပာဆို ဆက္ဆံပါ။

လူေၾကာက္လို႔ တစ္ေယာက္တည္းေနတာက ေရရွည္မွာအဆင္မေျပပါဘူး။ လူအသစ္ေတြနဲ႔ ေျပာရမွာေၾကာက္ေနရင္ေတာင္ အတန္းေဖာ္ေတြျဖစ္ျဖစ္၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ပဲျဖစ္ျဖစ္ မုန႔္တူတူထြက္စားတာမ်ိဳး လုပ္ေပးပါ။ ေပါင္းသင္းဆက္ဆံေရးအဆင္မေျပတဲ့သူအမ်ားစုက ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈေပ်ာက္ဆုံးသြားတတ္ၾကပါတယ္။

၄။က်န္းမာေရး ဂ႐ုစိုက္ပါ။

လူတစ္ေယာက္ရဲ႕ အသက္တာမွာ အေရးႀကီးဆုံးက က်န္းမာေရးပါ။ က်န္းမာေရးေကာင္းမွ စိတ္ဓာတ္ႀကံခိုင္မွာပါ။ အိပ္ေရးဝေအာင္အိပ္ၿပီး က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္စားပါ။ ခႏၶာကိုယ္မွာ တစ္ခုခုေျပာင္းလဲလာတာသတိျပဳမိရင္ မေပါ့ဆပါနဲ႔။ အသားအေရပုံမွန္ထက္ မဲေျခာက္သြားတာမ်ိဳး၊ လက္သည္းေတြ က်ိဳးပဲ့လြယ္လာတာမ်ိဳး၊ ပင္ပန္းလြယ္ ေမာပန္းလြယ္တာမ်ိဳးဆိုရင္ေတာ့ သံဓာတ္အားနည္း၊ မနည္း စစ္ဖို႔လိုပါၿပီ။ အဲဒီအတြက္ သံဓာတ္အားျဖည့္ေဆးကို ေ႐ြးခ်ယ္ေတာ့မယ္ဆိုရင္လည္း ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ကိုယ့္အတြက္ အရည္အေသြး အထူးစိတ္ခ်ရတယ္ဆိုတဲ့ သံဓာတ္အားျဖည့္ေဆးကို
ေ႐ြးခ်ယ္သင့္ပါတယ္။ မင္မင္လတ္တေလာ ေသာက္ေနတဲ့ Ferofort ဆိုရင္ သံဓာတ္ခ်ိဳ႕တဲ့မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ ျပသနာေတြအျပင္ ကိုယ္ခံစြမ္းအားအတြက္ေရာ အာ႐ုံေၾကာနဲ႔ ဦးေႏွာက္စြမ္းရည္အတြက္ေရာ ျမႇင့္တင္ေပးပါတယ္။ ဒါ့အျပင္ အ႐ိုးနဲ႔ သြားပါ က်န္းမာႀကံ့ခိုင္ေစတာမို႔ Ferofort ကို ေ႐ြးေသာက္ျဖစ္ပါတယ္။

၅။ ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ထားပါ။

ကိုယ့္ကိုယ့္ကိုယ္ ယုံၾကည္မႈဆိုတာ ေပ်ာ္႐ႊင္မႈနဲ႔လည္း တိုက္႐ိုက္သက္ဆိုင္မႈ ရွိတာမို႔ ကိုယ့္ကိုယ့္ကိုယ္ ေပ်ာ္႐ႊင္ေအာင္ေနပါ။ ေယာင္းရဲ႕ စစ္မွန္တဲ့ ေပ်ာ္႐ႊင္မႈဟာ ေယာင္းရဲ႕ အေတြးအေခၚ ရႈျမင္တဲ့ ရႈေထာင့္ေပၚမွာ အမ်ားႀကီးမူတည္ပါတယ္။ အေတြးအေခၚေကာင္းေတြ အေကာင္းျမင္မႈေတြနဲ႔ ရွင္သန္ေလ ေယာင္းဘဝမွာ ပိုေပ်ာ္႐ႊင္ရေလပါပဲ။ ေယာင္းရဲ႕ ေပ်ာ္႐ႊင္မႈကလည္း တျခားလူေတြကိုပါ ကူးစက္ေစတာမို႔ ေလာကကိုေတာင္ အက်ိဳးျပဳေစပါတယ္ေနာ္။

ဒီေလာက္ဆို ေယာင္းတို႔လည္း ကိုယ့္ကိုယ္ကိုယ္ ဘာအခ်က္ေတြလိုေနလဲဆိုတာ သုံးသပ္မိမယ္ထင္ပါတယ္။ ဒီအခ်က္ေလးေတြကိုသာ လိုက္နာမယ္ဆိုရင္ ေယာင္းကကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအျပည့္ရွိတဲ့မိန္းကေလးတစ္ေယာက္ျဖစ္လာမွာပါ။

No Comments Yet

Leave a Reply

Your email address will not be published.