လူသတ္ဖို႔အတြက္ လက္ထပ္ခဲ့သူ

တကယ့္လက္ေတြ႕ေလာကရဲ႕ Black Widow တဲ့ ေယာင္းတို႔ေရ.. စကားလက္ဂ်ိဳဟန္ဆန္ေလာက္မလွေပမယ့္ သူ႕ထက္ေတာ့ ၾကမ္း 😀 

လက္ထပ္တယ္ဆိုတာ ခ်စ္ျခင္းရဲ႕ သခ်ႋဳင္းပါတဲ့။ ဒါေပမဲ့ ငရဲရဲ႕ဘဲလ္ လို႔ အမည္တြင္တဲ့ သူမအတြကေ္တာ့ ဒီစကားပံုက လံုေလာက္ခဲ့ပံုမပါပါဘူး။ လက္ထပ္တယ္ဆိုတာ သူမလက္ထပ္လိုက္တဲ့ ေယာက္်ားအတြက္ သခ်ဳႋင္းပါပဲ။ က်ေအာင္ေျခြတယ္၊ လက္ထပ္ယူတယ္၊ ၿပီးရင္ သတ္ပစ္တယ္။ သူမရဲ႕ ရည္ရြယ္ခ်က္ကဘာလဲ? သတ္ဖို႔အေရး လက္ပဲထပ္ေနရဦးမလား? ဘာေၾကာင့္ ကိုယ္ယူၿပီးတဲ့ ေယာက္်ားေတြကိုပဲ သတ္ရတာလဲ? သူမက ရူးေနတာလား? ကဲ အေျဖကို အက္ဒ္မင္နဲ႔ အတူတူ ရွာၾကည့္ၾကရေအာင္…

သူမနာမည္ကိုေတာ့ Belle Gunness (ဘဲလ္ဂန္းနက္စ္) လို႔ေခၚၿပီး ၁၈၅၉ခု ႏိုဝင္ဘာ ၁၁ ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ အရပ္ကေတာ့ ၆ေပေလာက္ရွည္ၿပီး ကိုယ္အေလးခ်ိန္ ေပါင္ ၂၀၀ ေလာက္ ရွိႏိုင္ပါတယ္။ ဘဲလ္ဟာ ေနာ္ေဝကေနၿပီး အေမရိကန္ကို စီးပြားရွာဖို႔ ရည္ရြယ္ခ်က္နဲ႔ ေျပာင္းေရႊ႕လာခဲ့ပါတယ္။ အဲဒီမွာပဲ ဘဲလ္ အိမ္ေထာင္က်ခဲ့ပါတယ္။ သူမရဲ႕ ပထမဆံုးအမ်ိဳးသားကေတာ့ Mads Albert Sorenson ျဖစ္ၿပီး ၁၈၈၄ ခုႏွစ္မွာ လက္ထပ္ျဖစ္ခဲ့ၾကပါတယ္။ သူမတို႔မွာ ကေလး ၄ေယာက္ရွိပါတယ္။ ႏွစ္ေယာက္ကေတာ့ ငယ္ငယ္ေလးနဲ႔ ေသဆံုးခဲ့ၾကတာပါ။ မၾကာမတင္မွာပဲ ဘာေၾကာင့္ရယ္မသိ သူမတို႔ အိမ္ႀကီး မီးေလာင္ပါေလေရာ.. ဒီအတြက္ သူမတို႔ အာမခံေၾကးေတြ မနည္းမေနာရလိုက္ပါတယ္။ သိပ္မၾကာခင္မွာေတာ့ Sorenson ဟာ ႏွလံုးေရာဂါနဲ႔ ေသဆံုးသြားခဲ့ပါတယ္။ အသက္အာမခံေၾကးေတြကေတာ့ ဘယ္ေရာက္သြားမွန္း မသိလိုက္ရပါဘူး။ ဒီျဖစ္ရပ္ႏွစ္ခုလံုးျဖစ္သြားခဲ့တာဟာ သံသယဝင္စရာအခ်က္ေတြ အမ်ားႀကီးရွိပါတယ္။

Related Article >>> ေသြးေအးလြန္းတဲ့ လူသတ္သမားတစ္ေယာက္ရဲ႕ စိတ္ဝင္စားစရာအေတြးအေခၚ

ဒီအျဖစ္ေတြအၿပီးမွာ သူမဟာ ခပ္ျမန္ျမန္ပဲ ေနာက္တစ္ေယာက္နဲ႔ လက္ထပ္လိုက္ပါတယ္။ ၈လပဲၾကာပါေသးတယ္၊ သူမရဲ႕ အမ်ိဳးသားက ထပ္ေသဆံုးျပန္ပါေရာ..  ေနာက္ထပ္ အိမ္ေထာင္ျပဳဖို႔အတြက္ ဘဲလ္ဟာ သတင္းစာထဲ ေၾကာ္ျငာထည့္ပါေတာ့တယ္။ ၿပီးေတာ့ ေငြေၾကးခ်မ္းသာတဲ့ သူေဌးေတြဆီကုုိ စတင္ခ်ဥ္းကပ္ပါေတာ့တယ္။  John Moo, Henry Gurholdt, Olaf Svenherud, Ole B. Budsburg, Olaf Lindbloom, Andrew Hegelein စတဲ့လူေတြအျပင္ အျခား အမည္မသိသူေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။ ဘဲလ္ရဲ႕ ေတာင္းဆိုခ်က္ကေတာ့ ရိုးရွင္းပါတယ္။ သူမနဲ႔ သူတို႔ သင့္ေလ်ာ္မယ္လို႔ ထင္တဲ့အခါ သူမရဲ႕ လယ္ေတာအိမ္ေလးကို လာလည္ပါတဲ့.. ဟုတ္ကဲ့.. သြားလည္ပါတယ္။ ျပန္မလာေတာ့ပါဘူး။

ဘာမွန္းမသိတဲ့ ေပ်ာက္ဆံုးမႈေတြထဲမွာ အမ်ိဳးသားေတြအျပင္ သားသမီးေတြပါ အစအနရွာမရေတာ့တာလည္း ရွိပါတယ္။ဥပမာဆို သူမရဲ႕ ခင္ပြန္းျဖစ္တဲ့ ပီတာဂန္းနက္စ္ေသဆံုးတာအျပင္ သူ႕ရဲ႕ ေမြးကင္းစ သမီးေလးပါ ေသဆံုးခဲ့ရပါတယ္။ ေမြးစားထားတဲ့ သမီးေလး ဂ်င္းနီကိုလည္း ဘဲလ္ရဲ႕ အိမ္မွာပဲ ေသဆံုးလ်က္သား ေတြ႕ရွိခဲ့ရပါတယ္။ အျခားအျခားေသာ ကေလးေတြလည္း ထိုနည္းတူစြာပါပဲ။

ကံၾကမၼာကေတာ့ အၿမဲတမ္း ဘဲလ္အေပၚပဲ ကြက္ၿပီးေကာင္းမေနခဲ့ပါဘူး။ အေပၚမွာဆိုခဲ့တဲ့ Andrew Hegelein ရဲ႕ညီ Asle Hegelein ဟာ အစ္ကိုေပ်ာက္ဆံုးမႈေၾကာင့္ ဘဲလ္ဆီကို စာေရးစံုစမ္းခဲ့ပါတယ္။ ဘဲလ္ကေတာ့ လြယ္လြယ္ကူကူပါပဲ အန္ဒရူးဟာ သူမနဲ႔အတူ ရွိမေနပါဘူးတဲ့။ အမ်ိဳးေတြဆီကို အလည္သြားတာ ျဖစ္ႏုိင္ပါသတဲ့.. ဒါေပမဲ့ Asle က မယံုၾကည္ခဲ့ပါဘူး။ ဒါေၾကာင့္ ဘဲလ္က မယံုၾကည္ရင္လည္း သူမဆီမွာ ကိုယ္တိုင္လာၾကည့္ႏိုင္ေၾကာင္း၊ ရွာမယ္ဆိုရင္လည္း သူမပါ ကူညီေပးမယ့္အေၾကာင္း၊ဒါေပမဲ့ ရွာေဖြဖို႔ စရိတ္စကေတြက ေဈးႀကီးတာေၾကာင့္ Asle က အကုန္အက်ခံရမွာျဖစ္ေၾကာင္း၊ သူမအတြက္လည္း ကူညီခ ထိုက္သင့္သေလာက္ ေပးရမွာျဖစ္ေၾကာင္း အေၾကာင္းျပန္လိုက္ပါတယ္ ။ ဒါဟာ  သူမရဲ႕ ကံဆိုးမႈအစျပဳျခင္းအေၾကာင္းရင္းပါပဲ။

ဒီထဲမွာ ထူးျခားတဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္က ရွိေနပါေသးတယ္။ ဘာလဲဆိုေတာ့ ဘဲလ္က သူမရဲ႕ အင္ဒီယားနားလယ္ကြင္းကို ထိိန္းသိမ္းဖို႔ Ray Lamphere ကို ငွားရမ္းခဲ့ပါတယ္။ Ray က ဘဲလ္အေပၚမွာ ခံစားခ်က္ေတြရွိေနၿပီး တျဖည္းျဖည္း ခ်စ္ျမတ္ႏိုးလာပါတယ္။ ဘယ္လိုပဲ မထိုက္တန္ဘူးဆိုဆို Ray က ဘဲလ္ဆီလာေနတဲ့ ေယာက္်ားေတြကို ၾကည့္လို႔မရခဲ့ပါဘူး။ မနာလိုစိတ္နဲ႔ သဝန္တိုစိတ္အရင္းခံလို႔ ရန္ျပဳလာတဲ့အခါမွာေတာ့ ဘဲလ္က သူ႕ကို အလုပ္ထုတ္ခဲ့ပါတယ္။ အျခားလူေတြကိုေတာ့ သတ္ျဖတ္ပစ္လို႔ ပိုက္ဆံေတြယူထားၿပီး ဒီလူကိုေတာ့ အလုပ္ပဲ ထုတ္ခဲ့တာက သူမရဲ႕ အခ်စ္ေတြကို မသိမသာမ်ား ေဖာ္ျပခဲ့ေလသလား!!! ေနာက္မွ ၾကည့္စီစဥ္မယ္လို႔မ်ားေတြးခဲ့ေလသလား?

Asle Hegeleinေရာက္လာတဲ့အခါမွာ ဘဲလ္က ေရွ႕ေနေတြနဲ႔ သြားေတြ႕ၿပီး Ray ဟာ သူမရဲ႕ အသက္အႏၱရာယ္ကို ၿခိမ္းေျခာက္ေနတဲ့အျပင္ အိမ္ကိုလည္း မီးေလာင္တိုက္သြင္းမယ္လို႔ ႀကိမ္းဝါးေနတဲ့အေၾကာင္း သြားတိုင္ခဲ့ပါတယ္။ ေရွ႕ေနကလည္း ရဲေတြနဲ႔ အမႈဖြင့္ဖို႔ တုိက္တြန္းခဲ့ေပမဲ့ ဘဲလ္ကေတာ့ ရဲေတြဆီ မသြားခဲ့ဘဲ သူမပိုင္ဆိုင္သမွ် ေငြေၾကးဥစၥာေတြကို ဘဏ္ကေန ထုတ္ယူခဲ့ပါတယ္။သူတကယ္လည္း ခ်မ္းသာပါတယ္။ ပိုင္ဆိုင္မႈက ၂၀၁၂ ေငြနဲ႔တြက္မယ္ဆို အေမရိကန္ေဒၚလာ ၆.၃သန္းရွိပါတယ္တဲ့…  တကယ္ေတာ့ Ray က ၿခိမ္းေျခာက္တာမဟုတ္ခဲ့ဘဲ သူမလြတ္ေျမာက္ႏိုင္ဖို႔ အစီအစဥ္ကို သူမကိုယ္တိုင္ ခ်မွတ္ခဲ့တာ အမ်ားႀကီးျဖစ္ႏိုင္ပါတယ္။  ဥပေဒကို လက္တစ္လံုးျခား လုပ္ခဲ့တာမ်ိဳးေပါ့။

ဘာေၾကာင့္လဲဆိုေတာ့ သူမ တိုင္ၾကားခဲ့တဲ့အတိုင္း သူမရဲ႕ လယ္ေတာအိမ္ မီးေလာင္ခဲ့ပါတယ္။ မီးေလာင္ျပင္ထဲမွာေတာ့ အရိုးစု ၄ခု ေတြ႕ရွိရပါတယ္။ ၃ခုကေတာ့ သူမရဲ႕ သမီးေတြျဖစ္တယ္လို႔ အတည္ျပဳႏုိင္ၿပီး ၄ခုေျမာက္ အရိုးစုကိုေတာ့ ဂန္းနက္စ္လို႔ ခန္႔မွန္းၾကပါတယ္။ ဒါေပမဲ့ ထူးျခားတာက ဒီအရိုးစုမွာ ေခါင္းရွိမေနပါဘူး။ ေပ်ာက္ဆံုးေနတဲ့ ေခါင္းကို ရွာရင္း ရွာရင္းကေန သူမေခါင္းကိုေတာ့မေတြ႕ရဘဲ သူမရဲ႕ သားေကာင္ေတြျဖစ္ခဲ့တဲ့ လူေတြရဲ႕အေလာင္းေတြဟာ သူမလယ္ကြင္းရဲ႕ ေျမႀကီးေတြထဲကေန ေပၚထြက္လာခဲ့ပါေတာ့တယ္။ ေပ်ာက္ဆံုးခဲ့တဲ့ သတို႔သားေလာင္းေတြအျပင္ ကေလးေတြပါ ပါဝင္ေနပါတယ္။

သူမတိုင္ၾကားခ်က္ ရွိထားတာေၾကာင့္ ဒီအမႈျဖစ္ျဖစ္ခ်င္း Ray ကို လိုက္လံဖမ္းဆီးၾကပါတယ္။ Ray ကေတာ့ သတင္းၾကားတာနဲ႔ ေမးရွာပါတယ္ “အဲဒီမုဆိုးမနဲ႔ ကေလးေတြ လြတ္သြားၾကရဲ႕လားဗ်ာ.. သံုးေယာက္လံုး လြတ္တယ္မဟုတ္လား? ” ဘယ္ေလာက္ေတာင္ ရင္နာစရာျမင္ကြင္းလဲ စဥ္းစားၾကည့္ပါေယာင္းတို႔… ကိုယ္ခ်စ္တဲ့သူ ေသတဲ့သတင္းကိုလည္း ၾကားရရွာတယ္။ သူမီးရႈိ႕ပါတယ္ဆိုၿပီးလည္း သူ႕ကိုလာဖမ္းတယ္၊ သူသိပ္ခ်စ္တဲ့ အမ်ိဳးသမီး အေလာင္းမွာေတာ့ ေခါင္းေတာင္မက်န္ခဲ့ဘူးတဲ့.. ရင္နာစရာအျဖစ္ႀကီးပါ။ Ray ကေတာ့ သူ မလုပ္ဘူးလို႔ ျငင္းဆန္ေနဆဲပါပဲ။ ဒါေပမဲ့ လက္ေတြ႕ဘဝက ဒရာမာကားေတြလို မလွပခဲ့ဘူး ေယာင္းတို႔ေရ.. သက္ေသအဆင့္ဆင့္နဲ႔ စစ္ေဆးၿပီး Ray ကို အိမ္မီးရိႈ႕မႈနဲ႔ ေထာင္ခ်ပစ္ပါတယ္။ ဒါေပမဲ့ လူသတ္မႈကေနေတာ့ သူလြတ္ကင္းခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေသဆံုးသူက ဘဲလ္မဟုတ္လို႔ပါ။ အဆံုးသတ္ကေတာ့ Ray ဟာ ၁၉၀၈ ခုႏွစ္ ႏိုဝင္ဘာ ၂၆မွာ ေထာင္အႏွစ္ ႏွစ္ဆယ္ က်ခဲ့ရၿပီး ၁၉၀၉ ဒီဇင္ဘာ ၃၀ မွာ ေထာင္တြင္းမွာပဲ ေသဆံုးသြားခဲ့ရပါတယ္။ ဘယ္ေလာက္ေတာင္ စိတ္ေထာင္းကိုယ္ေၾကျဖစ္ခဲ့သလဲဆိုတာ :'(

Related Article >>> လူသတ္မႈအျပစ္ဒဏ္အေနနဲ႔ မိန္းကေလးေတြကို ေလ်ာ္ေၾကးအျဖစ္ေပးရတဲ႔ Pashtun လူမ်ိဳးစု

မေသဆံုးခင္မွာ Ray ဝန္ခံသြားတာတစ္ခုရွိပါတယ္။ သူဘယ္သူ႕ကိုမွမသတ္ခဲ့ေပမယ့္ ဘဲလ္သတ္ခဲ့တဲ့သူေတြကိုေတာ့ ကူညီျမွဳပ္ႏွံေပးခဲ့ပါတယ္တဲ့။  တစ္ခါတေလမွာလည္း အခ်ိန္ကုန္ သက္သာေအာင္လို႔ ဧည့္သည္ေတြေသာက္မယ့္ ေကာ္ဖီခြက္ထဲ အဆိပ္ခတ္ သတ္ပစ္ပါတယ္တဲ့။ ပံုမွန္အားျဖင့္ေတာ့ ဧည့္သည္ေရာက္လာတဲ့အခ်ိန္မွာ ဘဲလ္က ဧည့္ဝတ္ေက်ေက်ျပဳစုၿပီး အစာထဲမွာ ေဆးခတ္ထားပါတယ္။ ဧည့္သည္ေတြ မူးေဝေဝျဖစ္ေနတဲ့အခ်ိန္မွာ သားခုတ္ဓားနဲ႔ တစ္ခါတည္း ေခါင္းကိုျဖတ္လုိက္တာပါတဲ့။ အေလာင္းကိုေတာ့ ေျမေအာက္ခန္းကို သယ္သြားၿပီး သူ႕ရဲ႕ ဒုတိယေယာက္်ား အသားခုတ္သမား ပီတာဆီက သူမရလိုက္တဲ့ ပညာနဲ႔ ဖ်က္လို႔ ေခြးေတြကို ေကၽြးပစ္တာမ်ိဳးေတြလည္း ရွိပါတယ္။ က်န္တဲ့ အၾကြင္းအက်န္ေတြကိုေတာ့ ျခံထဲမွာ ျမွဳပ္ျမွဳပ္ထားပါတယ္တဲ့။ တစ္ခါတေလမွာေတာ့ နံရံထဲ အေလာင္းေတြထည့္ၿပီး အဂၤေတနဲ႔ ဖံုးလိုက္တာမ်ိဳးေတြလည္း ရွိပါတယ္လို႔ ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ တစ္ဦးတည္းေသာ သက္ေသ Ray ကလည္း ေသဆံုးသြားခဲ့ပါၿပီ။ ဘယ္လိုမ်ားဆက္ၿပီး အမႈလိုက္ၾကမလဲ..   ဘဲလ္က ဘယ္မ်ားေရာက္သြားတာလဲ? ေခါင္းေပ်ာက္ဆံုးေနတဲ့ အေလာင္းကေရာ ဘယ္က အမ်ိဳးသမီးလဲ?… ဒီအမ်ိဳးသမီးကို Ray ကလည္း သတ္ထားတာမဟုတ္ေတာ့ ေခါင္းက ဘယ္လိုျပတ္ၿပီး ဘယ္ကိုမ်ားေရာက္သြားရတာလဲ?

ခက္ခက္ခဲခဲ လိုက္လံစစ္ေဆးတဲ့ အမွန္တရားဘက္ေတာ္သားေတြရဲ႕ လက္ထဲမွာ အမႈက ရုပ္လံုးေပၚခဲ့ပါၿပီ။ အဲဒီေသဆံုးတဲ့အမ်ိဳးသမီးကို ဘဲလ္က သူမထြက္မေျပးခင္ တစ္ရက္အလိုမွာ ရွီကာဂိုကေန အိမ္အကူအျဖစ္ ငွားရမ္းခဲ့ၿပီး အဲဒီေနရာကေန သူမ ထာဝရလြတ္ေျမာက္ဖုိ႔ အသံုးခ်ခဲ့တာပါ။ သူမကို ေဆးခတ္၊ မေသမခ်င္းရိုက္သတ္ၿပီး ေခါင္းကိုျဖတ္လို႔ ေရထဲအေလးဆြဲပစ္ခ်ထားခဲ့တာပါ။ ဒါမွ ရဲေတြက ေခါင္းကိုရွာမေတြ႕ႏုိင္ဘဲ သူမလို႔ ထင္ၾကမွာမဟုတ္ပါလား။

ကေလးေတြကိုေတာ့ ကလုိရိုေဖာင္းနဲ႔ ေမ့ေဆးေပးသတ္ၿပီး အေလာင္းေတြကို ေခါင္းျပတ္အမ်ိဳးသမီးအေလာင္းနဲ႔ ေျမေအာက္ခန္းမွာထည့္ခဲ့ပါတယ္။ သူမကိုယ္တိုင္ေတာ့ ေသဆံုးတဲ့အမ်ိဳးသမီးရဲ႕ အဝတ္အစားေတြဝတ္၊ သူမရဲ႕သြားတုကိုခၽြတ္လုိ႔ အေလာင္းေဘးမွာထားၿပီး သူမကိုယ္တိုင္ အိမ္ကို မီးရႈိ႕ခဲ့တာပါ။ Ray နဲ႔ အတူတူထြက္ေျပးၾကမယ္လုိ႔ ကတိထားခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ သူမ ကတိဖ်က္ခဲ့ပါတယ္။ သူေစာင့္ေနတဲ့လမ္းကို ထြက္မလာဘဲ မီးေလာင္ေနတဲ့ကြင္းျပင္တစ္ဘက္က သစ္ေတာထဲ ဝင္ေရာက္ထြက္ေျပးခဲ့ပါတယ္တဲ့။ ရဲေတြလိုက္ရွာလို႔ ေတြ႕ႏုိင္မယ့္ သက္ေသေတြကိုေတာ့ Ray လုပ္တယ္ထင္ေအာင္ ဖန္တီးထားခဲ့ပါတယ္။ ခ်စ္သူရဲ႕ သစၥာေဖာက္မႈကို အႀကိမ္ႀကိမ္ခံခဲ့ရတဲ့ Ray ရဲ႕ အျဖစ္ကေတာ့ ရင္နင့္စရာပါ။

ဒီအျဖစ္အပ်က္ေတြေနာက္ပိုင္းမွာလည္း ေမးခြန္းေပါင္းမ်ားစြာနဲ႔ ဘဲလ္ဟာ ပေဟဠိဆန္စြာ ေပ်ာက္ဆံုးေနဆဲပါ။  သူဘယ္ေရာက္သြားတယ္ဆိုတာ ဘယ္သူမွမသိသလို ေသဆံုးၿပီးခဲ့ၿပီလို႔ သတ္မွတ္ၿပီးေနာက္ပိုင္းမွာလည္း အလားတူ ေပ်ာက္ဆံုးမႈေတြ ထပ္ျဖစ္ေနဆဲပါပဲ။ ဒီအလုပ္ေတြကေရာ ဘဲလ္တစ္ေယာက္တည္း လုပ္ခဲ့တာလား၊ ဒါမွမဟုတ္ သူမကို နည္းယူၿပီး တစ္ေယာက္ေယာက္ကမ်ား လုပ္ေနတာလားဆိုတာကေတာ့ ဘယ္သူမွ မသိႏိုင္ပါဘူး။

ေယာင္းတို႔ေရာ.. ဘယ္လိုထင္ၾကလဲ? တကယ့္အျဖစ္အပ်က္ေတြက စိတ္ကူးယဥ္ဇာတ္လမ္းေတြထက္ ဆန္းၾကယ္တယ္ ဟုတ္?

Libra (For Her Myanmar )

Reference : Wikipedia , History , Biography

<<< Unicode >>>

တကယ့်လက်တွေ့လောကရဲ့ Black Widow တဲ့ ယောင်းတို့ရေ.. စကားလက်ဂျိုဟန်ဆန်လောက်မလှပေမယ့် သူ့ထက်တော့ ကြမ်း 😀 

လက်ထပ်တယ်ဆိုတာ ချစ်ခြင်းရဲ့ သင်္ချိုင်းပါတဲ့။ ဒါပေမဲ့ ငရဲရဲ့ဘဲလ် လို့ အမည်တွင်တဲ့ သူမအတွကေ်တာ့ ဒီစကားပုံက လုံလောက်ခဲ့ပုံမပါပါဘူး။ လက်ထပ်တယ်ဆိုတာ သူမလက်ထပ်လိုက်တဲ့ ယောက်ျားအတွက် သချုႋင်းပါပဲ။ ကျအောင်ခြွေတယ်၊ လက်ထပ်ယူတယ်၊ ပြီးရင် သတ်ပစ်တယ်။ သူမရဲ့ ရည်ရွယ်ချက်ကဘာလဲ? သတ်ဖို့အရေး လက်ပဲထပ်နေရဦးမလား? ဘာကြောင့် ကိုယ်ယူပြီးတဲ့ ယောက်ျားတွေကိုပဲ သတ်ရတာလဲ? သူမက ရူးနေတာလား? ကဲ အဖြေကို အက်ဒ်မင်နဲ့ အတူတူ ရှာကြည့်ကြရအောင်…

သူမနာမည်ကိုတော့ Belle Gunness (ဘဲလ်ဂန်းနက်စ်) လို့ခေါ်ပြီး ၁၈၅၉ခု နိုဝင်ဘာ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အရပ်ကတော့ ၆ပေလောက်ရှည်ပြီး ကိုယ်အလေးချိန် ပေါင် ၂၀၀ လောက် ရှိနိုင်ပါတယ်။ ဘဲလ်ဟာ နော်ဝေကနေပြီး အမေရိကန်ကို စီးပွားရှာဖို့ ရည်ရွယ်ချက်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီမှာပဲ ဘဲလ် အိမ်ထောင်ကျခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးအမျိုးသားကတော့ Mads Albert Sorenson ဖြစ်ပြီး ၁၈၈၄ ခုနှစ်မှာ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ သူမတို့မှာ ကလေး ၄ယောက်ရှိပါတယ်။ နှစ်ယောက်ကတော့ ငယ်ငယ်လေးနဲ့ သေဆုံးခဲ့ကြတာပါ။ မကြာမတင်မှာပဲ ဘာကြောင့်ရယ်မသိ သူမတို့ အိမ်ကြီး မီးလောင်ပါလေရော.. ဒီအတွက် သူမတို့ အာမခံကြေးတွေ မနည်းမနောရလိုက်ပါတယ်။ သိပ်မကြာခင်မှာတော့ Sorenson ဟာ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။ အသက်အာမခံကြေးတွေကတော့ ဘယ်ရောက်သွားမှန်း မသိလိုက်ရပါဘူး။ ဒီဖြစ်ရပ်နှစ်ခုလုံးဖြစ်သွားခဲ့တာဟာ သံသယဝင်စရာအချက်တွေ အများကြီးရှိပါတယ်။

Related Article >>> သွေးအေးလွန်းတဲ့ လူသတ်သမားတစ်ယောက်ရဲ့ စိတ်ဝင်စားစရာအတွေးအခေါ်

ဒီအဖြစ်တွေအပြီးမှာ သူမဟာ ခပ်မြန်မြန်ပဲ နောက်တစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။ ၈လပဲကြာပါသေးတယ်၊ သူမရဲ့ အမျိုးသားက ထပ်သေဆုံးပြန်ပါရော..  နောက်ထပ် အိမ်ထောင်ပြုဖို့အတွက် ဘဲလ်ဟာ သတင်းစာထဲ ကြော်ငြာထည့်ပါတော့တယ်။ ပြီးတော့ ငွေကြေးချမ်းသာတဲ့ သူဌေးတွေဆီကို စတင်ချဉ်းကပ်ပါတော့တယ်။  John Moo, Henry Gurholdt, Olaf Svenherud, Ole B. Budsburg, Olaf Lindbloom, Andrew Hegelein စတဲ့လူတွေအပြင် အခြား အမည်မသိသူတွေလည်း အများကြီး ရှိပါသေးတယ်။ ဘဲလ်ရဲ့ တောင်းဆိုချက်ကတော့ ရိုးရှင်းပါတယ်။ သူမနဲ့ သူတို့ သင့်လျော်မယ်လို့ ထင်တဲ့အခါ သူမရဲ့ လယ်တောအိမ်လေးကို လာလည်ပါတဲ့.. ဟုတ်ကဲ့.. သွားလည်ပါတယ်။ ပြန်မလာတော့ပါဘူး။

ဘာမှန်းမသိတဲ့ ပျောက်ဆုံးမှုတွေထဲမှာ အမျိုးသားတွေအပြင် သားသမီးတွေပါ အစအနရှာမရတော့တာလည်း ရှိပါတယ်။ဥပမာဆို သူမရဲ့ ခင်ပွန်းဖြစ်တဲ့ ပီတာဂန်းနက်စ်သေဆုံးတာအပြင် သူ့ရဲ့ မွေးကင်းစ သမီးလေးပါ သေဆုံးခဲ့ရပါတယ်။ မွေးစားထားတဲ့ သမီးလေး ဂျင်းနီကိုလည်း ဘဲလ်ရဲ့ အိမ်မှာပဲ သေဆုံးလျက်သား တွေ့ရှိခဲ့ရပါတယ်။ အခြားအခြားသော ကလေးတွေလည်း ထိုနည်းတူစွာပါပဲ။

ကံကြမ္မာကတော့ အမြဲတမ်း ဘဲလ်အပေါ်ပဲ ကွက်ပြီးကောင်းမနေခဲ့ပါဘူး။ အပေါ်မှာဆိုခဲ့တဲ့ Andrew Hegelein ရဲ့ညီ Asle Hegelein ဟာ အစ်ကိုပျောက်ဆုံးမှုကြောင့် ဘဲလ်ဆီကို စာရေးစုံစမ်းခဲ့ပါတယ်။ ဘဲလ်ကတော့ လွယ်လွယ်ကူကူပါပဲ အန်ဒရူးဟာ သူမနဲ့အတူ ရှိမနေပါဘူးတဲ့။ အမျိုးတွေဆီကို အလည်သွားတာ ဖြစ်နိုင်ပါသတဲ့.. ဒါပေမဲ့ Asle က မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့် ဘဲလ်က မယုံကြည်ရင်လည်း သူမဆီမှာ ကိုယ်တိုင်လာကြည့်နိုင်ကြောင်း၊ ရှာမယ်ဆိုရင်လည်း သူမပါ ကူညီပေးမယ့်အကြောင်း၊ဒါပေမဲ့ ရှာဖွေဖို့ စရိတ်စကတွေက ဈေးကြီးတာကြောင့် Asle က အကုန်အကျခံရမှာဖြစ်ကြောင်း၊ သူမအတွက်လည်း ကူညီခ ထိုက်သင့်သလောက် ပေးရမှာဖြစ်ကြောင်း အကြောင်းပြန်လိုက်ပါတယ် ။ ဒါဟာ  သူမရဲ့ ကံဆိုးမှုအစပြုခြင်းအကြောင်းရင်းပါပဲ။

ဒီထဲမှာ ထူးခြားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်က ရှိနေပါသေးတယ်။ ဘာလဲဆိုတော့ ဘဲလ်က သူမရဲ့ အင်ဒီယားနားလယ်ကွင်းကို ထိန်းသိမ်းဖို့ Ray Lamphere ကို ငှားရမ်းခဲ့ပါတယ်။ Ray က ဘဲလ်အပေါ်မှာ ခံစားချက်တွေရှိနေပြီး တဖြည်းဖြည်း ချစ်မြတ်နိုးလာပါတယ်။ ဘယ်လိုပဲ မထိုက်တန်ဘူးဆိုဆို Ray က ဘဲလ်ဆီလာနေတဲ့ ယောက်ျားတွေကို ကြည့်လို့မရခဲ့ပါဘူး။ မနာလိုစိတ်နဲ့ သဝန်တိုစိတ်အရင်းခံလို့ ရန်ပြုလာတဲ့အခါမှာတော့ ဘဲလ်က သူ့ကို အလုပ်ထုတ်ခဲ့ပါတယ်။ အခြားလူတွေကိုတော့ သတ်ဖြတ်ပစ်လို့ ပိုက်ဆံတွေယူထားပြီး ဒီလူကိုတော့ အလုပ်ပဲ ထုတ်ခဲ့တာက သူမရဲ့ အချစ်တွေကို မသိမသာများ ဖော်ပြခဲ့လေသလား!!! နောက်မှ ကြည့်စီစဉ်မယ်လို့များတွေးခဲ့လေသလား?

Asle Hegeleinရောက်လာတဲ့အခါမှာ ဘဲလ်က ရှေ့နေတွေနဲ့ သွားတွေ့ပြီး Ray ဟာ သူမရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့အပြင် အိမ်ကိုလည်း မီးလောင်တိုက်သွင်းမယ်လို့ ကြိမ်းဝါးနေတဲ့အကြောင်း သွားတိုင်ခဲ့ပါတယ်။ ရှေ့နေကလည်း ရဲတွေနဲ့ အမှုဖွင့်ဖို့ တိုက်တွန်းခဲ့ပေမဲ့ ဘဲလ်ကတော့ ရဲတွေဆီ မသွားခဲ့ဘဲ သူမပိုင်ဆိုင်သမျှ ငွေကြေးဥစ္စာတွေကို ဘဏ်ကနေ ထုတ်ယူခဲ့ပါတယ်။သူတကယ်လည်း ချမ်းသာပါတယ်။ ပိုင်ဆိုင်မှုက ၂၀၁၂ ငွေနဲ့တွက်မယ်ဆို အမေရိကန်ဒေါ်လာ ၆.၃သန်းရှိပါတယ်တဲ့…  တကယ်တော့ Ray က ခြိမ်းခြောက်တာမဟုတ်ခဲ့ဘဲ သူမလွတ်မြောက်နိုင်ဖို့ အစီအစဉ်ကို သူမကိုယ်တိုင် ချမှတ်ခဲ့တာ အများကြီးဖြစ်နိုင်ပါတယ်။  ဥပဒေကို လက်တစ်လုံးခြား လုပ်ခဲ့တာမျိုးပေါ့။

ဘာကြောင့်လဲဆိုတော့ သူမ တိုင်ကြားခဲ့တဲ့အတိုင်း သူမရဲ့ လယ်တောအိမ် မီးလောင်ခဲ့ပါတယ်။ မီးလောင်ပြင်ထဲမှာတော့ အရိုးစု ၄ခု တွေ့ရှိရပါတယ်။ ၃ခုကတော့ သူမရဲ့ သမီးတွေဖြစ်တယ်လို့ အတည်ပြုနိုင်ပြီး ၄ခုမြောက် အရိုးစုကိုတော့ ဂန်းနက်စ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ထူးခြားတာက ဒီအရိုးစုမှာ ခေါင်းရှိမနေပါဘူး။ ပျောက်ဆုံးနေတဲ့ ခေါင်းကို ရှာရင်း ရှာရင်းကနေ သူမခေါင်းကိုတော့မတွေ့ရဘဲ သူမရဲ့ သားကောင်တွေဖြစ်ခဲ့တဲ့ လူတွေရဲ့အလောင်းတွေဟာ သူမလယ်ကွင်းရဲ့ မြေကြီးတွေထဲကနေ ပေါ်ထွက်လာခဲ့ပါတော့တယ်။ ပျောက်ဆုံးခဲ့တဲ့ သတို့သားလောင်းတွေအပြင် ကလေးတွေပါ ပါဝင်နေပါတယ်။

သူမတိုင်ကြားချက် ရှိထားတာကြောင့် ဒီအမှုဖြစ်ဖြစ်ချင်း Ray ကို လိုက်လံဖမ်းဆီးကြပါတယ်။ Ray ကတော့ သတင်းကြားတာနဲ့ မေးရှာပါတယ် “အဲဒီမုဆိုးမနဲ့ ကလေးတွေ လွတ်သွားကြရဲ့လားဗျာ.. သုံးယောက်လုံး လွတ်တယ်မဟုတ်လား? ” ဘယ်လောက်တောင် ရင်နာစရာမြင်ကွင်းလဲ စဉ်းစားကြည့်ပါယောင်းတို့… ကိုယ်ချစ်တဲ့သူ သေတဲ့သတင်းကိုလည်း ကြားရရှာတယ်။ သူမီးရှို့ပါတယ်ဆိုပြီးလည်း သူ့ကိုလာဖမ်းတယ်၊ သူသိပ်ချစ်တဲ့ အမျိုးသမီး အလောင်းမှာတော့ ခေါင်းတောင်မကျန်ခဲ့ဘူးတဲ့.. ရင်နာစရာအဖြစ်ကြီးပါ။ Ray ကတော့ သူ မလုပ်ဘူးလို့ ငြင်းဆန်နေဆဲပါပဲ။ ဒါပေမဲ့ လက်တွေ့ဘဝက ဒရာမာကားတွေလို မလှပခဲ့ဘူး ယောင်းတို့ရေ.. သက်သေအဆင့်ဆင့်နဲ့ စစ်ဆေးပြီး Ray ကို အိမ်မီးရှို့မှုနဲ့ ထောင်ချပစ်ပါတယ်။ ဒါပေမဲ့ လူသတ်မှုကနေတော့ သူလွတ်ကင်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သေဆုံးသူက ဘဲလ်မဟုတ်လို့ပါ။ အဆုံးသတ်ကတော့ Ray ဟာ ၁၉၀၈ ခုနှစ် နိုဝင်ဘာ ၂၆မှာ ထောင်အနှစ် နှစ်ဆယ် ကျခဲ့ရပြီး ၁၉၀၉ ဒီဇင်ဘာ ၃၀ မှာ ထောင်တွင်းမှာပဲ သေဆုံးသွားခဲ့ရပါတယ်။ ဘယ်လောက်တောင် စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့သလဲဆိုတာ :'(

Related Article >>> လူသတ်မှုအပြစ်ဒဏ်အနေနဲ့ မိန်းကလေးတွေကို လျော်ကြေးအဖြစ်ပေးရတဲ့ Pashtun လူမျိုးစု

မသေဆုံးခင်မှာ Ray ဝန်ခံသွားတာတစ်ခုရှိပါတယ်။ သူဘယ်သူ့ကိုမှမသတ်ခဲ့ပေမယ့် ဘဲလ်သတ်ခဲ့တဲ့သူတွေကိုတော့ ကူညီမြှုပ်နှံပေးခဲ့ပါတယ်တဲ့။  တစ်ခါတလေမှာလည်း အချိန်ကုန် သက်သာအောင်လို့ ဧည့်သည်တွေသောက်မယ့် ကော်ဖီခွက်ထဲ အဆိပ်ခတ် သတ်ပစ်ပါတယ်တဲ့။ ပုံမှန်အားဖြင့်တော့ ဧည့်သည်ရောက်လာတဲ့အချိန်မှာ ဘဲလ်က ဧည့်ဝတ်ကျေကျေပြုစုပြီး အစာထဲမှာ ဆေးခတ်ထားပါတယ်။ ဧည့်သည်တွေ မူးဝေဝေဖြစ်နေတဲ့အချိန်မှာ သားခုတ်ဓားနဲ့ တစ်ခါတည်း ခေါင်းကိုဖြတ်လိုက်တာပါတဲ့။ အလောင်းကိုတော့ မြေအောက်ခန်းကို သယ်သွားပြီး သူ့ရဲ့ ဒုတိယယောက်ျား အသားခုတ်သမား ပီတာဆီက သူမရလိုက်တဲ့ ပညာနဲ့ ဖျက်လို့ ခွေးတွေကို ကျွေးပစ်တာမျိုးတွေလည်း ရှိပါတယ်။ ကျန်တဲ့ အကြွင်းအကျန်တွေကိုတော့ ခြံထဲမှာ မြှုပ်မြှုပ်ထားပါတယ်တဲ့။ တစ်ခါတလေမှာတော့ နံရံထဲ အလောင်းတွေထည့်ပြီး အင်္ဂတေနဲ့ ဖုံးလိုက်တာမျိုးတွေလည်း ရှိပါတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတည်းသော သက်သေ Ray ကလည်း သေဆုံးသွားခဲ့ပါပြီ။ ဘယ်လိုများဆက်ပြီး အမှုလိုက်ကြမလဲ..   ဘဲလ်က ဘယ်များရောက်သွားတာလဲ? ခေါင်းပျောက်ဆုံးနေတဲ့ အလောင်းကရော ဘယ်က အမျိုးသမီးလဲ?… ဒီအမျိုးသမီးကို Ray ကလည်း သတ်ထားတာမဟုတ်တော့ ခေါင်းက ဘယ်လိုပြတ်ပြီး ဘယ်ကိုများရောက်သွားရတာလဲ?

ခက်ခက်ခဲခဲ လိုက်လံစစ်ဆေးတဲ့ အမှန်တရားဘက်တော်သားတွေရဲ့ လက်ထဲမှာ အမှုက ရုပ်လုံးပေါ်ခဲ့ပါပြီ။ အဲဒီသေဆုံးတဲ့အမျိုးသမီးကို ဘဲလ်က သူမထွက်မပြေးခင် တစ်ရက်အလိုမှာ ရှီကာဂိုကနေ အိမ်အကူအဖြစ် ငှားရမ်းခဲ့ပြီး အဲဒီနေရာကနေ သူမ ထာဝရလွတ်မြောက်ဖို့ အသုံးချခဲ့တာပါ။ သူမကို ဆေးခတ်၊ မသေမချင်းရိုက်သတ်ပြီး ခေါင်းကိုဖြတ်လို့ ရေထဲအလေးဆွဲပစ်ချထားခဲ့တာပါ။ ဒါမှ ရဲတွေက ခေါင်းကိုရှာမတွေ့နိုင်ဘဲ သူမလို့ ထင်ကြမှာမဟုတ်ပါလား။

ကလေးတွေကိုတော့ ကလိုရိုဖောင်းနဲ့ မေ့ဆေးပေးသတ်ပြီး အလောင်းတွေကို ခေါင်းပြတ်အမျိုးသမီးအလောင်းနဲ့ မြေအောက်ခန်းမှာထည့်ခဲ့ပါတယ်။ သူမကိုယ်တိုင်တော့ သေဆုံးတဲ့အမျိုးသမီးရဲ့ အဝတ်အစားတွေဝတ်၊ သူမရဲ့သွားတုကိုချွတ်လို့ အလောင်းဘေးမှာထားပြီး သူမကိုယ်တိုင် အိမ်ကို မီးရှို့ခဲ့တာပါ။ Ray နဲ့ အတူတူထွက်ပြေးကြမယ်လို့ ကတိထားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမ ကတိဖျက်ခဲ့ပါတယ်။ သူစောင့်နေတဲ့လမ်းကို ထွက်မလာဘဲ မီးလောင်နေတဲ့ကွင်းပြင်တစ်ဘက်က သစ်တောထဲ ဝင်ရောက်ထွက်ပြေးခဲ့ပါတယ်တဲ့။ ရဲတွေလိုက်ရှာလို့ တွေ့နိုင်မယ့် သက်သေတွေကိုတော့ Ray လုပ်တယ်ထင်အောင် ဖန်တီးထားခဲ့ပါတယ်။ ချစ်သူရဲ့ သစ္စာဖောက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ Ray ရဲ့ အဖြစ်ကတော့ ရင်နင့်စရာပါ။

ဒီအဖြစ်အပျက်တွေနောက်ပိုင်းမှာလည်း မေးခွန်းပေါင်းများစွာနဲ့ ဘဲလ်ဟာ ပဟေဠိဆန်စွာ ပျောက်ဆုံးနေဆဲပါ။  သူဘယ်ရောက်သွားတယ်ဆိုတာ ဘယ်သူမှမသိသလို သေဆုံးပြီးခဲ့ပြီလို့ သတ်မှတ်ပြီးနောက်ပိုင်းမှာလည်း အလားတူ ပျောက်ဆုံးမှုတွေ ထပ်ဖြစ်နေဆဲပါပဲ။ ဒီအလုပ်တွေကရော ဘဲလ်တစ်ယောက်တည်း လုပ်ခဲ့တာလား၊ ဒါမှမဟုတ် သူမကို နည်းယူပြီး တစ်ယောက်ယောက်ကများ လုပ်နေတာလားဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

ယောင်းတို့ရော.. ဘယ်လိုထင်ကြလဲ? တကယ့်အဖြစ်အပျက်တွေက စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ဆန်းကြယ်တယ် ဟုတ်?

Libra (For Her Myanmar )

Reference : Wikipedia , History , Biography

No Comments Yet

Comments are closed