ျမန္မာျပည္ရဲ႕ ပထမဆံုး အမ်ိဳးသမီး အကယ္ဒမီဆု႐ွင္ ၾကည္ၾကည္ေ႒း

ဇာတ္မင္းသမီးရယ္လို႔ ႏွိမ့္ခ်ဆက္ဆံခံခဲ့ရတဲ့ၾကားက ေအာင္ျမင္မႈေတြ သဲ့ယူႏုိင္ခဲ့တဲ့ မင္းသမီးႀကီးေပါ့…

ေယာင္းတို႔ေရ … အကယ္ဒမီေပးပြဲကလည္း နီးလာၿပီဆိုေတာ့ ေယာင္းတို႔ မသိမမီလုိက္တဲ့ ေခတ္က အကယ္ဒမီမ်ား႐ွင္ မင္းသမီးႀကီး ၾကည္ၾကည္ေ႒း အၾကာင္း တစ္ေစ့တစ္ေစာင္းေလး  ေျပာျပေပးခ်င္ပါတယ္။ သူ(မ)ဟာ ျမန္မာျပည္မွာ တစ္ေခတ္မွာ တစ္ေယာက္လို႔ ဆိုရေလာက္ေအာင္ လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ မင္းသမီးျဖစ္ပါတယ္။

ၾကည္ၾကည္ေ႒း (အမည္ရင္း မျမၾကင္) ကို ၁၉၂၄ မတ္လ ၁၉ ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ မျမၾကင္ဟာ အသက္ ၅ ႏွစ္ေလာက္ကတည္းက ဇာတ္ခံုေပၚမွာ ပါဝင္ကျပခဲ့သူပါ။ အဲ့ဒီေခတ္ေတြက ေခတ္စားခဲ့တဲ့ ကေလးဇာတ္ လို႔ ေခၚတဲ့ ကေလးမင္းသား၊ မင္းသမီးေလးေတြ ကျပ ေဖ်ာ္ေျဖတဲ့ ဇာတ္ေတြမွာ ၾကည္ၾကည္ေ႒း ျဖစ္လာမယ့္ မျမၾကင္ ကျပခဲ့တာ အ႐ြယ္ေရာက္သည္အထိပါပဲ။

အ႐ြယ္ေရာက္လာေတာ့ ဇာတ္သမီး ဘဝ နဲ႔ ျပဇာတ္၊ ႏွစ္ပါးသြား၊ ေနာက္ပိုင္းဇာတ္ထုတ္ေတြ ကို မာလာရီ ဆုိတဲ့ အမည္နဲ႔ ကျပခဲ့ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ေက်းလက္ေဒသ နယ္ဘက္ေတြမွာ ေအာင္ျမင္ခဲ့တဲ့ မာလာရီ ဟာ ၁၉၅၀ ဝန္းက်င္မွာ ရန္ကုန္ေျမကို ေျခခ် ခဲ့ပါတယ္။

Related Article >>> ေအာ္စကာေကာေဇာနီသမိုင္းတစ္ေလွ်ာက္ မင္းသမီးတုိ႔ရဲ႕ဖက္႐ွင္မ်ား

ရန္ကုန္မွာ နာမည္ႀကီး ျပဇာတ္ နဲ႔ ႐ုပ္႐ွင္ေလာကကို ဝင္ေရာက္ဖုိ႔ စတင္ႀကိဳးစားရာမွာ ဇာတ္မင္းသမီး မုိ႔ မႀကိဳက္ဘူးဆုိၿပီး သူ႔ကို ျငင္းပယ္တာခံခဲ့ရပါတယ္။ မာလာရီ ဟာ သူ အေရြးခ်ယ္မခံရတာထက္ ဇာတ္သဘင္ပညာကို ဒီေလာက္ပဲ အထင္ေသးရသလား ဆုိၿပီး စိတ္မေကာင္းျဖစ္ခဲ့႐ွာပါတယ္။

နာမည္ႀကီး ျပဇာတ္႐ံုျဖစ္တဲ့ ကာေ႒း ျပဇာတ္႐ံုက မင္းသမီးသစ္ေခၚယူတဲ့အခါမွာေတာ့ မာလာရီ ဝင္ေရာက္ေလွ်ာက္ထားခဲ့ပါတယ္။ သူ႔ အႏုပညာစြမ္းေၾကာင့္ မာလာရီဟာ ဒုတိယဆု နဲ႔ အေ႐ြးခ်ယ္ခံလုိက္ရပါတယ္။ ဒုတိယရခဲ့တာကလည္း ဇာတ္မင္းသမီးျဖစ္လုိ႔ အမွတ္ေလွ်ာ့ခံရတာပါတဲ့။

ဒီလိုနဲ႔ ကာေ႒း ျပဇာတ္႐ံုက မင္းသမီးအသစ္ႏွစ္ေယာက္ကို ျမင့္ျမင့္ေ႒း နဲ႔ ၾကည္ၾကည္ေ႒း ရယ္လို႔ စင္ေပၚတင္လိုက္ပါတယ္။ ဇာတ္မင္းသမီးျဖစ္တာေၾကာင့္ အထင္ေသးခံရတဲ့ ၾကည္ၾကည္ေ႒းဟာ ျပဇာတ္ခံုမွာေတာ့ ပရိသတ္ရဲ႕ အားေပးမႈအထူးရ႐ွိေအာင္ျမင္ခဲ့ပါတယ္။

အဲ့ဒီေခတ္က သတင္းစာေတြက ၾကည္ၾကည္ေ႒းကို ျပဇာတ္ဘုရင္မ လုိ႔ တင္စားခ်ီးက်ဴးခဲ့ပါတယ္။ ျပဇာတ္ေလာကမွာ သရဖူေဆာင္းၿပီးတဲ့ေနာက္ ၾကည္ၾကည္ေ႒းကို ႐ုပ္႐ွင္မင္းသားႀကီး တင္ေမာင္က ႐ုပ္႐ွင္႐ိုက္ဖို႔ ကမ္းလွမ္းခဲ့တာေၾကာင့္ သူ႔ရဲ႕ ပထမဆံုး႐ုပ္႐ွင္ ခ်စ္သက္ေဝ ကို  ႐ိုက္ကူးခဲ့ပါတယ္။

၁၉၅၂ ခုႏွစ္ဟာ ျမန္မာ့႐ုပ္႐ွင္သမိုင္းမွာ ပထမဆံုးအကယ္ဒမီဆု ေပးအပ္တဲ့ ခုႏွစ္ျဖစ္ပါတယ္။ အဲ့ဒီခုႏွစ္မွာ ၾကည္ၾကည္ေ႒း ရဲ႕ ပထမဆံုး ႐ုပ္႐ွင္ကား ခ်စ္သက္ေဝ နဲ႔ အကယ္ဒမီဆု ရ႐ွိခဲ့ၿပီး ျမန္မာျပည္ရဲ႕ ပထမဆံုးဦးဆံုးေသာ အမ်ိဳးသမီးဇာတ္ေဆာင္ဆု႐ွင္ အျဖစ္ သမိုင္းဝင္ခဲ့ပါတယ္။

ၾကည္ၾကည္ေ႒းဟာ ျမန္မာ့႐ုပ္႐ွင္ေလာကမွာ ႏွစ္ေပါင္းမ်ားစြာရပ္တည္ေအာင္ျမင္ခဲ့ၿပီး အကယ္ဒမီ ၄ ဆု႐ွင္ ျဖစ္ခဲ့ပါတယ္။ ပရိသတ္ႏွစ္သက္တဲ့ ဇာတ္ကားမ်ားစြာ႐ွိခဲ့သလို အကယ္ဒမီ ရထိုက္ရဲ႕သားနဲ႔ လြဲခဲ့တဲ့ ကားေတြလည္း႐ွိခဲ့ပါတယ္။

Related Article >>> မွတ္မွတ္ရရ အကယ္ဒမီ

သူရဲ႕ ဒုတိယ ႐ုပ္႐ွင္ “ရတနာပံု” ၊ တတိယ ႐ုပ္႐ွင္ “အေက်ာ္အေမာ္”တို႔မွာ အကယ္ဒမီရထိုက္ေပမဲ့ လူတစ္ဦးကို အကယ္ဒမီဆက္တိုက္မေပးရဆိုတဲ့ မူေၾကာင့္ ေလးကားေျမာက္႐ုပ္႐ွင္ “ခ်စ္ခြင့္မပိုင္”မွာမွ ဒုတိယ အကယ္ဒမီ ကို ပိုင္ဆုိင္ခဲ့တာပါ။

အခုအခ်ိန္အထိ လူေတြ ခ်ီးက်ဴးေနဆဲ ဂႏၳဝင္႐ုပ္႐ွင္ “ပန္းပန္လ်က္ပါ” မွာလည္း အကယ္ဒမီ ရႏုိင္ပါလ်က္ကယ္နဲ႔ အဲဒီႏွစ္မွာ အကယ္ဒမီဆုေပးပြဲမ႐ွိလုိ႔ လြဲခဲ့ျပန္ပါတယ္။ “စကားေျပာေသာအသည္းႏွလံုး” ႐ုပ္႐ွင္မွာလည္း အကယ္ဒမီဆုရႏိုင္ေပမဲ့ ဇာတ္ဝင္ခန္းထဲက အဝတ္အစားတခ်ိဳ႕ေၾကာင့္ အကယ္ဒမီနဲ႔ လြဲေခ်ာ္ခဲ့ရျပန္ပါတယ္။ အဲဒီႏွစ္ကားစလံုးအတြက္ ပရိသတ္ေပးတဲ့ အကယ္ဒမီျဖစ္တဲ့ ခ်စ္ခင္အားေပးမႈကိုေတာ့ ၾကည္ၾကည္ေ႒းဟာ ယေန႔တုိင္ လက္ခံထားရဆဲပါပဲ။

ေနာက္ထပ္အကယ္ဒမီဆုကိုေတာ့ “ႏုႏုငယ္ငယ္” ၊ “လူေဇာ္” စတဲ့ ႐ုပ္႐ွင္ေတြနဲ႔ ရ႐ွိခဲ့ပါတယ္။ ႐ုပ္႐ွင္ေလာက က မဟုတ္တဲ့ အျခားဆုအေနနဲ႔ ၁၉၅၈ ခုႏွစ္က ျမန္မာျပည္သမၼတႀကီး မန္းဝင္းေမာင္ ခ်ီးျမွင့္တဲ့ ဝဏၰေက်ာ္ထင္ ဘြဲ႕ရခဲ့လို႔ ဝဏၰေက်ာ္ထင္ ၾကည္ၾကည္ေ႒း ရယ္လို႔ ျဖစ္လာခဲ့ပါတယ္။

မင္းသမီးႀကီး ၾကည္ၾကည္ေ႒းဟာ ျမန္မာ့႐ိုးရာ ဇာတ္သဘင္၊ အၿငိမ့္ အႏုပညာ သာမက ျပဇာတ္၊ ႐ုပ္႐ွင္ အႏုပညာကိုပါ တတ္ကၽြမ္းထူးခၽြန္သူမို႔ စြယ္စံုရ အႏုပညာရွင္လို႔ေတာင္ ေခၚဆိုႏုိင္ပါတယ္ ေယာင္းတို႔ေရ…

တစ္ခ်ိန္က ေအာင္ျမင္ခဲ့တဲ့ မင္းသမီးႀကီး ၾကည္ၾကည္ေ႒းအေၾကာင္းကို ဖတ္ရင္း ေယာင္းတို႔ တစ္ခုခု ခံစားရတယ္ဆိုရင္ပဲ ေရးရက်ိဳး နပ္ပါၿပီလို႔..

Sugar Cane (For Her Myanmar)

References : ဂ်ာနယ္ေက်ာ္မမေလး ၏ မာလာရီ အတၳဳပတၱိစာအုပ္၊ မိုးျမင့္မင္း (အႏုပညာဒီပလိုမာ) ၏ အကယ္ဒမီေလးထပ္ကြမ္း ႐ုပ္႐ွင္မင္းသမီးႀကီး ဝဏၰေက်ာ္ထင္ ၾကည္ၾကည္ေ႒း ေဆာင္းပါး

<<< Unicode >>>

ဇာတ်မင်းသမီးရယ်လို့ နှိမ့်ချဆက်ဆံခံခဲ့ရတဲ့ကြားက အောင်မြင်မှုတွေ သဲ့ယူနိုင်ခဲ့တဲ့ မင်းသမီးကြီးပေါ့… 

ယောင်းတို့ရေ … အကယ်ဒမီပေးပွဲကလည်း နီးလာပြီဆိုတော့ ယောင်းတို့ မသိမမီလိုက်တဲ့ ခေတ်က အကယ်ဒမီများရှင် မင်းသမီးကြီး ကြည်ကြည်ဋ္ဌေး အကြာင်း တစ်စေ့တစ်စောင်းလေး ပြောပြပေးချင်ပါတယ်။ သူ(မ)ဟာ မြန်မာပြည်မှာ တစ်ခေတ်မှာ တစ်ယောက်လို့ ဆိုရလောက်အောင် လျှမ်းလျှမ်းတောက်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။

ကြည်ကြည်ဋ္ဌေး (အမည်ရင်း မမြကြင်) ကို ၁၉၂၄ မတ်လ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မမြကြင်ဟာ အသက် ၅ နှစ်လောက်ကတည်းက ဇာတ်ခုံပေါ်မှာ ပါဝင်ကပြခဲ့သူပါ။ အဲ့ဒီခေတ်တွေက ခေတ်စားခဲ့တဲ့ ကလေးဇာတ် လို့ ခေါ်တဲ့ ကလေးမင်းသား၊ မင်းသမီးလေးတွေ ကပြ ဖျော်ဖြေတဲ့ ဇာတ်တွေမှာ ကြည်ကြည်ဋ္ဌေး ဖြစ်လာမယ့် မမြကြင် ကပြခဲ့တာ အရွယ်ရောက်သည်အထိပါပဲ။

အရွယ်ရောက်လာတော့ ဇာတ်သမီး ဘဝ နဲ့ ပြဇာတ်၊ နှစ်ပါးသွား၊ နောက်ပိုင်းဇာတ်ထုတ်တွေ ကို မာလာရီ ဆိုတဲ့ အမည်နဲ့ ကပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ နယ်ဘက်တွေမှာ အောင်မြင်ခဲ့တဲ့ မာလာရီ ဟာ ၁၉၅၀ ဝန်းကျင်မှာ ရန်ကုန်မြေကို ခြေချ ခဲ့ပါတယ်။

Related Article >>> အော်စကာကောဇောနီသမိုင်းတစ်လျှောက် မင်းသမီးတို့ရဲ့ဖက်ရှင်များ

ရန်ကုန်မှာ နာမည်ကြီး ပြဇာတ် နဲ့ ရုပ်ရှင်လောကကို ဝင်ရောက်ဖို့ စတင်ကြိုးစားရာမှာ ဇာတ်မင်းသမီး မို့ မကြိုက်ဘူးဆိုပြီး သူ့ကို ငြင်းပယ်တာခံခဲ့ရပါတယ်။ မာလာရီ ဟာ သူ အရွေးချယ်မခံရတာထက် ဇာတ်သဘင်ပညာကို ဒီလောက်ပဲ အထင်သေးရသလား ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ရှာပါတယ်။

နာမည်ကြီး ပြဇာတ်ရုံဖြစ်တဲ့ ကာဋ္ဌေး ပြဇာတ်ရုံက မင်းသမီးသစ်ခေါ်ယူတဲ့အခါမှာတော့ မာလာရီ ဝင်ရောက်လျှောက်ထားခဲ့ပါတယ်။ သူ့ အနုပညာစွမ်းကြောင့် မာလာရီဟာ ဒုတိယဆု နဲ့ အရွေးချယ်ခံလိုက်ရပါတယ်။ ဒုတိယရခဲ့တာကလည်း ဇာတ်မင်းသမီးဖြစ်လို့ အမှတ်လျှော့ခံရတာပါတဲ့။

ဒီလိုနဲ့ ကာဋ္ဌေး ပြဇာတ်ရုံက မင်းသမီးအသစ်နှစ်ယောက်ကို မြင့်မြင့်ဋ္ဌေး နဲ့ ကြည်ကြည်ဋ္ဌေး ရယ်လို့ စင်ပေါ်တင်လိုက်ပါတယ်။ ဇာတ်မင်းသမီးဖြစ်တာကြောင့် အထင်သေးခံရတဲ့ ကြည်ကြည်ဋ္ဌေးဟာ ပြဇာတ်ခုံမှာတော့ ပရိသတ်ရဲ့ အားပေးမှုအထူးရရှိအောင်မြင်ခဲ့ပါတယ်။

အဲ့ဒီခေတ်က သတင်းစာတွေက ကြည်ကြည်ဋ္ဌေးကို ပြဇာတ်ဘုရင်မ လို့ တင်စားချီးကျူးခဲ့ပါတယ်။ ပြဇာတ်လောကမှာ သရဖူဆောင်းပြီးတဲ့နောက် ကြည်ကြည်ဋ္ဌေးကို ရုပ်ရှင်မင်းသားကြီး တင်မောင်က ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် သူ့ရဲ့ ပထမဆုံးရုပ်ရှင် ချစ်သက်ဝေ ကို ရိုက်ကူးခဲ့ပါတယ်။

၁၉၅၂ ခုနှစ်ဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ပထမဆုံးအကယ်ဒမီဆု ပေးအပ်တဲ့ ခုနှစ်ဖြစ်ပါတယ်။ အဲ့ဒီခုနှစ်မှာ ကြည်ကြည်ဋ္ဌေး ရဲ့ ပထမဆုံး ရုပ်ရှင်ကား ချစ်သက်ဝေ နဲ့ အကယ်ဒမီဆု ရရှိခဲ့ပြီး မြန်မာပြည်ရဲ့ ပထမဆုံးဦးဆုံးသော အမျိုးသမီးဇာတ်ဆောင်ဆုရှင် အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ကြည်ကြည်ဋ္ဌေးဟာ မြန်မာ့ရုပ်ရှင်လောကမှာ နှစ်ပေါင်းများစွာရပ်တည်အောင်မြင်ခဲ့ပြီး အကယ်ဒမီ ၄ ဆုရှင် ဖြစ်ခဲ့ပါတယ်။ ပရိသတ်နှစ်သက်တဲ့ ဇာတ်ကားများစွာရှိခဲ့သလို အကယ်ဒမီ ရထိုက်ရဲ့သားနဲ့ လွဲခဲ့တဲ့ ကားတွေလည်းရှိခဲ့ပါတယ်။

Related Article >>> မှတ်မှတ်ရရ အကယ်ဒမီ

သူရဲ့ ဒုတိယ ရုပ်ရှင် “ရတနာပုံ” ၊ တတိယ ရုပ်ရှင် “အကျော်အမော်”တို့မှာ အကယ်ဒမီရထိုက်ပေမဲ့ လူတစ်ဦးကို အကယ်ဒမီဆက်တိုက်မပေးရဆိုတဲ့ မူကြောင့် လေးကားမြောက်ရုပ်ရှင် “ချစ်ခွင့်မပိုင်”မှာမှ ဒုတိယ အကယ်ဒမီ ကို ပိုင်ဆိုင်ခဲ့တာပါ။

အခုအချိန်အထိ လူတွေ ချီးကျူးနေဆဲ ဂန္ထဝင်ရုပ်ရှင် “ပန်းပန်လျက်ပါ” မှာလည်း အကယ်ဒမီ ရနိုင်ပါလျက်ကယ်နဲ့ အဲဒီနှစ်မှာ အကယ်ဒမီဆုပေးပွဲမရှိလို့ လွဲခဲ့ပြန်ပါတယ်။ “စကားပြောသောအသည်းနှလုံး” ရုပ်ရှင်မှာလည်း အကယ်ဒမီဆုရနိုင်ပေမဲ့ ဇာတ်ဝင်ခန်းထဲက အဝတ်အစားတချို့ကြောင့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။ အဲဒီနှစ်ကားစလုံးအတွက် ပရိသတ်ပေးတဲ့ အကယ်ဒမီဖြစ်တဲ့ ချစ်ခင်အားပေးမှုကိုတော့ ကြည်ကြည်ဋ္ဌေးဟာ ယနေ့တိုင် လက်ခံထားရဆဲပါပဲ။

နောက်ထပ်အကယ်ဒမီဆုကိုတော့ “နုနုငယ်ငယ်” ၊ “လူဇော်” စတဲ့ ရုပ်ရှင်တွေနဲ့ ရရှိခဲ့ပါတယ်။ ရုပ်ရှင်လောက က မဟုတ်တဲ့ အခြားဆုအနေနဲ့ ၁၉၅၈ ခုနှစ်က မြန်မာပြည်သမ္မတကြီး မန်းဝင်းမောင် ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင် ဘွဲ့ရခဲ့လို့ ဝဏ္ဏကျော်ထင် ကြည်ကြည်ဋ္ဌေး ရယ်လို့ ဖြစ်လာခဲ့ပါတယ်။

မင်းသမီးကြီး ကြည်ကြည်ဋ္ဌေးဟာ မြန်မာ့ရိုးရာ ဇာတ်သဘင်၊ အငြိမ့် အနုပညာ သာမက ပြဇာတ်၊ ရုပ်ရှင် အနုပညာကိုပါ တတ်ကျွမ်းထူးချွန်သူမို့ စွယ်စုံရ အနုပညာရှင်လို့တောင် ခေါ်ဆိုနိုင်ပါတယ် ယောင်းတို့ရေ…

တစ်ချိန်က အောင်မြင်ခဲ့တဲ့ မင်းသမီးကြီး ကြည်ကြည်ဋ္ဌေးအကြောင်းကို ဖတ်ရင်း ယောင်းတို့ တစ်ခုခု ခံစားရတယ်ဆိုရင်ပဲ ရေးရကျိုး နပ်ပါပြီလို့..

Sugar Cane (For Her Myanmar)

References : ဂျာနယ်ကျော်မမလေး ၏ မာလာရီ အတ္ထုပတ္တိစာအုပ်၊ မိုးမြင့်မင်း (အနုပညာဒီပလိုမာ) ၏ အကယ်ဒမီလေးထပ်ကွမ်း ရုပ်ရှင်မင်းသမီးကြီး ဝဏ္ဏကျော်ထင် ကြည်ကြည်ဋ္ဌေး ဆောင်းပါး

No Comments Yet

Comments are closed