Biography

ဖက္ရွင္ဘုရင္မအျဖစ္ တင္စားခံရတဲ့ ေဟာလိဝုဒ္ေရႊေခတ္က အေအာင္ျမင္ဆံုးမင္းသမီး

အခုေခတ္နဲ႔ၾကည့္ရင္ေတာင္ အထာက်ေနဆဲ ဖက္ရွင္ေတြပါေနာ္  😱 😱

တစ္ေခတ္တစ္ခါက ေဟာလီးဝုဒ္အေျကာင္းကို ေျပာၾကမယ္ဆိုရင္ မင္းသမီး Audrey Hepburn ကို ေမ့ထားလို႔မရပါဘူး။ တစ္ေနကုန္ တစိမ့္စိမ့္ ထိုင္ၾကည့္မိတဲ့အထိ လွပလြန္းလွတဲ့ မင္းသမီးကို ျပပါဆိုရင္ အက္ဒ္မင္ကေတာ့ Audrey Hepburn ကို ျပမိမွာပါပဲ။

သူမဟာ ေဟာလီးဝုဒ္ေရႊေခတ္ရဲ႕ အေအာင္ျမင္ဆံုး မင္းသမီးတစ္လက္ျဖစ္သလို ညိဳ႕အားျပင္းတဲ့ သူမရဲ႕ဖက္ရွင္ေၾကာင့္ ဖက္ရွင္ဘုရင္မလို႔လည္း ခုထိတင္စားခံေနရပါတယ္။

သူမအလွက က်က္သေရရွိတဲ့အလွေကာ ညိဳ႕အားျပင္းတဲ့ အလွေကာ ေပါင္းစပ္ထားတယ္လို႔ ဆိုရမွာပါ။ နတ္မိမယ္ေလး Audrey Hepburn အေၾကာင္းကို ေျပာရမယ္ဆိုရင္ေတာ့….

Audrey Hepburn ကို ဒုတိယကမၻာစစ္ႀကီး မတိုင္ခင္ ၁၉၂၉ခုႏွစ္ ဘယ္လ္ဂ်ီယံႏိုင္ငံမွာ ေမြးဖြားခဲ့ပါတယ္။ သူမရဲ႕ ဒတ္ခ်္လူမ်ိဳးမိခင္ဟာ ေတာ္ဝင္မိသားစုရဲ႕ သူေကာင္းမ်ိဳးရိုးဘြဲ႕ ခ်ီးျမင့္ခံရသူ Baroness ျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ခ်မ္းသာတဲ့ မ်ိဳးရိုးအျမင့္စားကေနလာတာေပါ့။

ဒါေပမဲ့ စစ္ႀကီးျဖစ္တဲ့အခါမွာေတာ့ Audrey ဟာ သူမ်ားေတြလိုပဲ အသက္ရွင္က်န္ေအာင္ ရုန္းကန္ခဲ့ရပါတယ္။ စစ္အတြင္းမွာ စားစရာျပတ္ေတာက္သြားလို႔ သူမတို႔ မိသားစုဟာ ျခံထဲက က်ဴးလစ္ပန္းဖူးေတြစားၿပီး အသက္ရွင္လာခဲ့ရတာပါ။ သတၱိရွိတဲ့ Audreyဟာ နာဇီေတြကို ျပန္လည္ခုခံေရး လႈပ္ရွားမႈမွာလည္း “သတင္းပို႔သူ” အျဖစ္ တစ္တပ္တစ္အား ပါဝင္ခဲ့ပါေသးတယ္။

ဒုတိယကမၻာစစ္ႀကီးလည္းၿပီး အေျခအေနေတြလည္း တည္ၿငိမ္သြားတဲ့အခါ Audrey ဟာ သူမရဲ႕ အႏုပညာလမ္းေၾကာင္းကို ေသခ်ာအာရံုစိုက္ခဲ့ပါတယ္။ အကပိုးပါတဲ့ သူမဟာ Amsterdam နဲ႔ Londonမွာ ဘဲေလးအကကို ကၽြမ္းက်င္ပိုင္ႏိုင္ေအာင္ သင္ယူခဲ့ပါတယ္။

Audreyဟာ Londonၿမိဳ႕က ျပဇာတ္တစ္ခုမွာ chorous ပိုင္းကို ဆိုရ ၊ ကရတဲ့ မိန္းကေလးအျဖစ္ ပြဲဦးထြက္ခဲ့ၿပီး ျပဇာတ္ေတာ္ေတာ္မ်ားမ်ားမွာ မထင္မရွားက႑ကေန ပါဝင္သရုပ္ေဆာင္လာပါတယ္။

အဲ့ေနာက္မွာေတာ့ ရုပ္ရွင္ေလာကထဲ ေျခလွမ္းလာခဲ့ၿပီး ၁၉၅၁မွာ One Wild Oat ဆိုတဲ့ ရုပ္ရွင္နဲ႔ ပထမဆံုး ပြဲဦးထြက္ခဲ့ပါတယ္။ အဲ့ဒီကားမွာ မထင္မရွားေနရာကေန ပါရတာမို႔ သူမကို လူေတြက သတိမထားမိေသးပါဘူး။

သူမ အသက္၂၂ႏွစ္မွာေတာ့ Broadway က ဂီတျပဇာတ္ေတြမွာ ပါဝင္ခြင့္ရလာတာမို႔ သူမကို အေမရိကန္ပရိတ္သတ္ေတြက သတိထားမိလာပါတယ္။ ႏွစ္ႏွစ္ေလာက္ ၾကာတဲ့အခါ၊ ၁၉၅၃ခုႏွစ္မွာေတာ့ သူမဟာ မင္းသား Gregory Pack နဲ႔ The Roman Holiday ဆိုတဲ့ ရုပ္ရွင္ကို ရိုက္ကူးလိုက္တဲ့အခါ ခ်က္ခ်င္းဆိုသလို နာမည္ၿကီးသြားပါတယ္။

ရုပ္ရွင္ထဲက ေတာ္ဝင္မင္းသမီး ကာရိုက္တာကို အလြန္ပီျပင္ေအာင္ သရုပ္ေဆာင္ႏိုင္ခဲ့တာမို႔ ပရိသတ္ေတြေရာ ေဝဖန္ေရးဆရာေတြကပါ Audrey ကို သေဘာက်သြားၿပီး အံ့ဩခ်ီးက်ဴးခဲ့ၾကပါတယ္။ သူမဟာ ဒီရုပ္ရွင္နဲ႔ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ဆု ကို ရခဲ့ပါတယ္။

Audrey ရဲ႕ အေအာင္ျမင္ဆံုးရုပ္ရွင္ေတြကေတာ့ Breakfast at Tiffany’s , My Fair Lady, Roman Holiday, Sabrina, War and Peace, Charade စတဲ့ ရုပ္ရွင္ေတြပါပဲ။ IMDB Rating ေတြရွယ္ျမင့္တာေနာ္။

Breakfast at Tiffany’s ရုပ္ရွင္နဲ႔ Audreyဟာ ဖက္ရွင္ဘုရင္မလို႔ တင္စားခံခဲ့ရၿပီး ေဟာလီးဝုဒ္ရဲ႕ ဖက္ရွင္စံႏႈန္းေတြကိုပါ ေျပာင္းလဲပစ္ခဲ့ပါတယ္။

သူမဟာ အခ်ိန္ေတြဘယ္ေလာက္ၾကာၾကာ အၿမဲတမ္းေခတ္မီစတိုင္က်ေနတဲ့ သူမရဲ႕ဝတ္စားပံုေၾကာင့္ International Best Dressed list ဆိုတဲ့ အျမင့္ဆံုးဂုဏ္ပုဒ္စာရင္းထဲ ပါခဲ့တဲ့ မင္းသမီးလည္း ျဖစ္ပါတယ္။

တျဖဳတ္ျဖဳတ္ေႂကြ

အက္ဒ္မင္တို႔ဆီမွာေတာ့ Marilyn Monroe က အေတာ္နာမည္ႀကီးေပမယ့္ ေဟာလီးဝုဒ္ေလာကနဲ႔ ရုပ္ရွင္အတတ္ပညာပိုင္းမွာ Audrey Hepburn က ပိုေအာင္ျမင္ၿပီး ပိုထူးခြ်န္ပါတယ္။

Audrey Hepburn ဟာ အေမရိကန္ရုပ္ရွင္အသင္းႀကီးက ျပဳစုတဲ့ ” ေဟာလီးဝုဒ္ေရႊေခတ္၏ အေက်ာ္ေဇာဆံုး အႏုပညာရွင္၅၀” စာရင္းမွာ နံပါတ္၃ ခ်ိတ္ခဲ့တဲ့ထိ ေက်ာ္ၾကားခဲ့ပါတယ္။

Audrey ဟာ Tony, Emmy, Grammy, Academy ဆိုတဲ့ လူနည္းစုေလာက္သာ ရဖူးတဲ့ဆုေတြကို သိမ္းပိုက္ႏုိင္ခဲ့တဲ့ ရွားပါးမင္းသမီးတစ္လက္လည္း ျဖစ္သလို အကယ္ဒမီဆု၊ ေရႊကမၻာလုံးဆု နဲ႔ BAFTA ဆုကို ရခဲ့တဲ့ ပထမဆံုးမင္းသမီးလည္း ျဖစ္ပါတယ္။

သူမမွာ အိမ္ေထာင္ႏွစ္ဆက္နဲ႔ ပါတနာတစ္ေယာက္ ရွိခဲ့ပါတယ္။ Audrey ဟာ သူမနဲ႔ ရုပ္ရွင္တူတူရိုက္ရင္း ခ်စ္ကၽြမ္းဝင္ခဲ့တဲ့ Mal Ferrer နဲ႔ ၁၉၅၄ခုႏွစ္မွာ လက္ထပ္ခဲ့ၿပီးသားတစ္ေယာက္ ရခဲ့ပါတယ္။

Ferrer နဲ႔ မဂၤလာေဆာင္ စဥ္ က

၁၉၆၈ခုႏွစ္ခုႏွစ္မွာ ကြာရွင္းလိုက္ၿပီး ၁၉၆၉ခုႏွစ္မွာေတာ့ Andrea Dotti ဆိုတဲ့ အီတာလ်ံစိတ္ေရာဂါကု ဆရာဝန္နဲ႔ ေနာက္အိမ္ေထာင္ျပဳခဲ့ပါတယ္။

ဒုတိယအိမ္ေထာင္နဲ႔

သားေလးတစ္ေယာက္ ထပ္ရခဲ့ၿပီး ၁၉၈၂ခုႏွစ္မွာ ကြာရွင္းလိုက္ပါတယ္။

Audrey ဟာ အသက္ရလာတဲ့အခါ ရုပ္ရွင္ရိုက္တာကိုေလၽွာ့ၿပီး UNICEF က ခန္႔အပ္တဲ့ ေစတနာ့ဝန္ထမ္းအလုပ္ကိုသာ အခ်ိန္ေပးအာရံုစိုက္ခဲ့ပါတယ္။

၁၉၈၈ကေန ၁၉၉၂အထိ အဆင္းရဲဆံုး အာဖရိက၊ အာရွ ေဒသေတြမွာ ကေလးေတြအတြက္ ေစတနာဝန္ထမ္း လုပ္ခဲ့ၿပီး ၁၉၉၃ခုႏွစ္မွာေတာ့ ဆြစ္ဇာလန္က သူမရဲ႕ ေနအိမ္မွာပဲ ကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္သြားရွာပါတယ္။

သူမေသဆံုးခ်ိန္မွာ ၆၃ႏွစ္ပဲ ရွိပါေသးတယ္။ ၁၉၈၀ခုႏွစ္တည္းက အတူေနလာတဲ့ Robert Wolders ဆိုတဲ့ ခ်စ္သူကေတာ့ Audrey ေသဆံုးခ်ိန္ထိ သူမအနားမွာ ရွိေပးခဲ့ပါတယ္။

By
Mia (For Her Myanmar)
reference links: biography.com IMDb.com

<<<Unicode>>>

 

အခုခေတ်နဲ့ကြည့်ရင်တောင် အထာကျနေဆဲ ဖက်ရှင်တွေပါနော်  😱 😱

တစ်ခေတ်တစ်ခါက ဟောလီးဝုဒ်အကြောင်းကို ပြောကြမယ်ဆိုရင် မင်းသမီး Audrey Hepburn ကို မေ့ထားလို့မရပါဘူး။ တနေကုန် တစိမ့်စိမ့် ထိုင်ကြည့်မိတဲ့အထိ လှပလွန်းလှတဲ့ မင်းသမီးကို ပြပါဆိုရင် အက်ဒ်မင်ကတော့ Audrey Hepburn ကို ပြမိမှာပါပဲ။

သူမဟာ ဟောလီးဝုဒ်ရွှေခေတ်ရဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်လက်ဖြစ်သလို ညို့အားပြင်းတဲ့ သူမရဲ့ဖက်ရှင်ကြောင့် ဖက်ရှင်ဘုရင်မလို့လည်း ခုထိတင်စားခံနေရပါတယ်။

သူမအလှက ကျက်သရေရှိတဲ့အလှကော ညို့အားပြင်းတဲ့ အလှကော ပေါင်းစပ်ထားတယ်လို့ ဆိုရမှာပါ။ နတ်မိမယ်လေး Audrey Hepburn အကြောင်းကို ပြောရမယ်ဆိုရင်တော့….

Audrey Hepburn ကို ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ၁၉၂၉ခုနှစ် ဘယ်လ်ဂျီယံနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ ဒတ်ချ်လူမျိုးမိခင်ဟာ တော်ဝင်မိသားစုရဲ့ သူကောင်းမျိုးရိုးဘွဲ့ ချီးမြင့်ခံရသူ Baroness ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ချမ်းသာတဲ့ မျိုးရိုးအမြင့်စားကနေလာတာပေါ့။

ဒါပေမဲ့ စစ်ကြီးဖြစ်တဲ့အခါမှာတော့ Audrey ဟာ သူများတွေလိုပဲ အသက်ရှင်ကျန်အောင် ရုန်းကန်ခဲ့ရပါတယ်။ စစ်အတွင်းမှာ စားစရာပြတ်တောက်သွားလို့ သူမတို့ မိသားစုဟာ ခြံထဲက ကျူးလစ်ပန်းဖူးတွေစားပြီး အသက်ရှင်လာခဲ့ရတာပါ။ သတ္တိရှိတဲ့ Audreyဟာ နာဇီတွေကို ပြန်လည်ခုခံရေး လှုပ်ရှားမှုမှာလည်း “သတင်းပို့သူ” အဖြစ် တစ်တပ်တစ်အား ပါဝင်ခဲ့ပါသေးတယ်။

ဒုတိယကမ္ဘာစစ်ကြီးလည်းပြီး အခြေအနေတွေလည်း တည်ငြိမ်သွားတဲ့အခါ Audrey ဟာ သူမရဲ့ အနုပညာလမ်းကြောင်းကို သေချာအာရုံစိုက်ခဲ့ပါတယ်။ အကပိုးပါတဲ့ သူမဟာ Amsterdam နဲ့ Londonမှာ ဘဲလေးအကကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူခဲ့ပါတယ်။

Audreyဟာ Londonမြို့က ပြဇာတ်တစ်ခုမှာ chorous ပိုင်းကို ဆိုရ ၊ ကရတဲ့ မိန်းကလေးအဖြစ် ပွဲဦးထွက်ခဲ့ပြီး ပြဇာတ်တော်တော်များများမှာ မထင်မရှားကဏ္ဍကနေ ပါဝင်သရုပ်ဆောင်လာပါတယ်။

အဲ့နောက်မှာတော့ ရုပ်ရှင်လောကထဲ ခြေလှမ်းလာခဲ့ပြီး ၁၉၅၁မှာ One Wild Oat ဆိုတဲ့ ရုပ်ရှင်နဲ့ ပထမဆုံး ပွဲဦးထွက်ခဲ့ပါတယ်။ အဲ့ဒီကားမှာ မထင်မရှားနေရာကနေ ပါရတာမို့ သူမကို လူတွေက သတိမထားမိသေးပါဘူး။

သူမ အသက်၂၂နှစ်မှာတော့ Broadway က ဂီတပြဇာတ်တွေမှာ ပါဝင်ခွင့်ရလာတာမို့ သူမကို အမေရိကန်ပရိတ်သတ်တွေက သတိထားမိလာပါတယ်။ နှစ်နှစ်လောက် ကြာတဲ့အခါ၊ ၁၉၅၃ခုနှစ်မှာတော့ သူမဟာ မင်းသား Gregory Pack နဲ့ The Roman Holiday ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးလိုက်တဲ့အခါ ချက်ချင်းဆိုသလို နာမည်ကြီးသွားပါတယ်။

ရုပ်ရှင်ထဲက တော်ဝင်မင်းသမီး ကာရိုက်တာကို အလွန်ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာမို့ ပရိတ်သတ်တွေရော ဝေဖန်ရေးဆရာတွေကပါ Audrey ကို သဘောကျသွားပြီး အံ့ဩချီးကျူးခဲ့ကြပါတယ်။ သူမဟာ ဒီရုပ်ရှင်နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ကို ရခဲ့ပါတယ်။

Audrey ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်တွေကတော့ Breakfast at Tiffany’s , My Fair Lady, Roman Holiday, Sabrina, War and Peace, Charade စတဲ့ ရုပ်ရှင်တွေပါပဲ။ IMDB Rating တွေရှယ်မြင့်တာနော်။

Breakfast at Tiffany’s ရုပ်ရှင်နဲ့ Audreyဟာ ဖက်ရှင်ဘုရင်မလို့ တင်စားခံခဲ့ရပြီး ဟောလီးဝုဒ်ရဲ့ ဖက်ရှင်စံနှုန်းတွေကိုပါ ပြောင်းလဲပစ်ခဲ့ပါတယ်။

သူမဟာ အချိန်တွေဘယ်လောက်ကြာကြာ အမြဲတမ်းခေတ်မှီစတိုင်ကျနေတဲ့ သူမရဲ့ဝတ်စားပုံကြောင့် International Best Dressed list ဆိုတဲ့ အမြင့်ဆုံးဂုဏ်ပုဒ်စာရင်းထဲ ပါခဲ့တဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။

တဖြုတ်ဖြုတ်ကြွေ

အက်ဒ်မင်တို့ဆီမှာတော့ Marilyn Monroe က အတော်နာမည်ကြီးပေမယ့် ဟောလီးဝုဒ်လောကနဲ့ ရုပ်ရှင်အတတ်ပညာပိုင်းမှာ Audrey Hepburn က ပိုအောင်မြင်ပြီး ပိုထူးချွန်ပါတယ်။

Audrey Hepburn ဟာ အမေရိကန်ရုပ်ရှင်အသင်းကြီးက ပြုစုတဲ့ ” ဟောလီးဝုဒ်ရွှေခေတ်၏ အကျော်ဇောဆုံး အနုပညာရှင်၅၀” စာရင်းမှာ နံပါတ်၃ ချိတ်ခဲ့တဲ့ထိ ကျော်ကြားခဲ့ပါတယ်။

Audrey ဟာ Tony, Emmy, Grammy, Academy ဆိုတဲ့ လူနည်းစုလောက်သာ ရဖူးတဲ့ဆုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရှားပါးမင်းသမီးတစ်လက်လည်း ဖြစ်သလို အကယ်ဒမီဆု၊ ရွှေကမ္ဘာလုံးဆု နဲ့ BAFTA ဆုကို ရခဲ့တဲ့ ပထမဆုံးမင်းသမီးလည်း ဖြစ်ပါတယ်။

သူမမှာ အိမ်ထောင်နှစ်ဆက်နဲ့ ပါတနာတစ်ယောက် ရှိခဲ့ပါတယ်။ Audrey ဟာ သူမနဲ့ ရုပ်ရှင်တူတူရိုက်ရင်း ချစ်ကျွမ်းဝင်ခဲ့တဲ့ Mal Ferrer နဲ့ ၁၉၅၄ခုနှစ်မှာ လက်ထပ်ခဲ့ပြီးသားတစ်ယောက် ရခဲ့ပါတယ်။

Ferrer နဲ့ မင်္ဂလာဆောင် စဉ် က

၁၉၆၈ခုနှစ်ခုနှစ်မှာ ကွာရှင်းလိုက်ပြီး ၁၉၆၉ခုနှစ်မှာတော့ Andrea Dotti ဆိုတဲ့ အီတာလျံစိတ်ရောဂါကု ဆရာဝန်နဲ့ နောက်အိမ်ထောင်ပြုခဲ့ပါတယ်။

ဒုတိယအိမ်ထောင်နဲ့

သားလေးတစ်ယောက် ထပ်ရခဲ့ပြီး ၁၉၈၂ခုနှစ်မှာ ကွာရှင်းလိုက်ပါတယ်။

Audrey ဟာ အသက်ရလာတဲ့အခါ ရုပ်ရှင်ရိုက်တာကိုလျှော့ပြီး UNICEF က ခန့်အပ်တဲ့ စေတနာ့ဝန်ထမ်းအလုပ်ကိုသာ အချိန်ပေးအာရုံစိုက်ခဲ့ပါတယ်။

၁၉၈၈ကနေ ၁၉၉၂အထိ အဆင်းရဲဆုံး အာဖရိက၊ အာရှ ဒေသတွေမှာ ကလေးတွေအတွက် စေတနာဝန်ထမ်း လုပ်ခဲ့ပြီး ၁၉၉၃ခုနှစ်မှာတော့ ဆွစ်ဇာလန်က သူမရဲ့ နေအိမ်မှာပဲ ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားရှာပါတယ်။

သူမသေဆုံးချိန်မှာ ၆၃နှစ်ပဲ ရှိပါသေးတယ်။ ၁၉၈၀ခုနှစ်တည်းက အတူနေလာတဲ့ Robert Wolders ဆိုတဲ့ ချစ်သူကတော့ Audrey သေဆုံးချိန်ထိ သူမအနားမှာ ရှိပေးခဲ့ပါတယ်။

By
Mia (For Her Myanmar)
reference links: biography.com IMDb.com

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *