Beauty Knowledge

မိုးတွင်းနဲ့ လိုက်ဖက်မယ့် မိတ်ကပ်လိမ်းနည်း

“For Her Myanmar” ကိုပေးပို့လာတဲ့ ပထမဆုံး ဆောင်းပါးလေးကို မျှဝေပေးလိုက်ပြီနော်။ မိုးရာသီရောက်ပြီဆိုတော့ မိုးတွင်းနဲ့ လိုက်ဖက်မယ့် မိတ်ကပ်လိမ်းနည်းလေးအကြောင်း ပြောရအောင်လေ ☔☔ မိုးတွင်းကတော့ သိတဲ့အတိုင်း စိုထိုင်းဆ များပါတယ် မိတ်ကပ်အထူကြီးတွေ လိမ်းရတာထက် မျက်နှာကိုသဘာဝကျကျလေးလိမ်းမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေတာပေါ့ ထသွားထလာshoppingဘဲ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ hang out ဘဲဖြစ်ဖြစ် အဆင်ပြေပြီး လွယ်ကူမြန်ဆန်တဲ့ မိတ်ကပ်လိမ်းနည်းလေးပြောပြချင်လို့ပါနော် ? 1* make up base ? မိုးတွင်းအတွက်က make up base ကို အထူကြီးလိမ်းတာထက်စာရင် ခပ်ပါးပါးလေးပုတ်တာက ပိုလှပါတယ် အဲ့ဒါကမျက်နှာပြင်အရေပြားကို လေဝင်လေထွက်ကောင်းစေပြီး ချွေးထွက်တာလည်းလျှော့ချပေးနိုင်တယ် ချွေးထွက်တာများလာရင် မိတ်ကပ်တွေ ကွက်ကုန်ပျက်ကုန်မှာပေါ့နော့ ဟုတ်ဘူးလား အဲ့တော့ ပါးပါးလေးဘဲ လိမ်း […]

Beauty Health Knowledge

နေလောင်ဒဏ်ကို ကုသမယ့် အိမ်တွင်းကုထုံး

နေလောင်ဒဏ်ကို ကုသမယ့် အိမ်တွင်းကုထုံး နောက်ဆက်တွဲကို တင်ပေးလိုက်ပါပြီနော်။ နည်းလမ်းတွေက များတဲ့အတွက် နှစ်ခုစီခွဲပြီး တင်ပေးသွားပါ့မယ်။ ကြိုက်တယ်ဆိုရင် Like and share ပေးပါဦးနော်။ ရှားစောင်းလက်ပတ်ဂျယ်လ် နေလောင်တဲ့အခါမှာ ရှားစောင်းလက်ပက်ဂျယ်ကို လူတော်တော်များများ အသုံးပြုကြပါတယ်။ အေးမြတဲ့ဓာတ် ရှိပြီး စပ်ဖျဉ်းဖျဉ်းဖြစ်မှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဘာလိုမလဲဆိုတော့ – ရှားစောင်းလက်ပတ်၊ ဓားတစ်ချောင်းနှင့် ဇွန်းတစ်ချောင်းပါ။ အသုံးပြုနည်း – ပထမဆုံး ရှားစောင်းလက်ပတ် အစွန်းလေးတွေကို ဓားနဲ့ ဖြတ်ပါ။ အဲ့နောက် ရှားစောင်းလက်ပက်ကို အလယ်ကနေ ဖြတ်ပြီး ဇွန်းနဲ့ ဂျယ်လ်တွေကို ခြစ်ယူပါ။ ရလာတဲ့ ဂျယ်လ်တွေကို နေလောင်ဒဏ်ရာပေါ်မှာ လိမ်းပေးပါ။ ဂျယ်တွေအရေပြားထဲ စိမ့်ဝင်သွားတဲ့ထိ မိနစ်အနည်းငယ်လောက် ထားပါ။ ဂျယ်လ် လုံးဝခြောက်သွားပြီဆိုရင်တော့ စေးကပ်ကပ်ဖြစ်လာတယ်လို့ စတင်ခံစားရလာပါလိမ့်မယ်။ […]

FUN Health Knowledge

အလွယ်ဝိတ်ချနည်း

ကဲ ကဲ မပင်မပန်းဘဲ ဝိတ်ချရမယ်ဆိုရင်ကော စိတ်ဝင်စားကြမလားလို့ (For Her Myanmar ကို နောက်ထပ်ပေးပို့လာတဲ့ ဆောင်းပါးတစ်ပုဒ်ကို မျှဝေပေးလိုက်ပြီနော်။ ခုလိုမျိုး ကိုယ်သိထားလေ့လာထားတာလေးတွေကို အများနဲ့မျှဝေပေးချင်ရင်တော့ ကျွန်မတို့ For Her Myanmar ပျိုမေတို့ရဲ့ ကမ္ဘာ Chat Box မှတဆင့်သော်လည်းကောင်း forhermyanmar@gmail.com မှတဆင့်သော်လည်းကောင်း ပေးပို့နိုင်ပါတယ်ရှင်။) ဒီတစ်ခါကျတော့ မမတို့ကိုယ်ရည်လေးစစ်သွားအောင် အလွယ်နည်းလေးတွေရှိတယ် အောက်ကို တစ်ချက်ရှိုးကြည့် ? 1* ကိုယ်စားမယ့်အစာတွေကို လျှော့မပစ်ပါနဲ့ ဝိတ်တက်မှာစိုးလို့ဆိုပြီး ကိုယ်စားမယ့်ထဲက ဟိုဟာမစားဘူး ဒီဟာမစားဘူး လျှောက်နုတ်မနေပါနဲ့တော့ အာဟာရဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်မယ့်ဟာလေးတွေ ထပ်ပေါင်းထည့်လိုက်ပါ ကိုယ်ကြိုက်တဲ့ အသီးအနှံလေးတွေ ပန်းသီးစပျစ်သီးလိုမျိုး ထပ်စားပေးပါ ထောပတ်သီးကလည်း ဝိတ်ကျစေပါတယ် မနက်စာထဲ အရွက်များများထည့်စားတာမျိုး လုပ်ပေးပါ ? 2* လေ့ကျင့်ခန်းလုပ်ဖို့ […]

Beauty Knowledge

ချိုင်းချွေးထွက်တာကို ဘယ်လိုလုပ်ရမလဲတဲ့

hey ပျိုမေတို့ရေ ? ဒီတစ်ခါမှာတော့ For Her Myanmar ရဲ့ inbox ကနေ မေးမြန်းထားတာလေးအတွက် ပြောပြပေးမယ်နော် ချိုင်းချွေးထွက်တာကို ဘယ်လိုလုပ်ရမလဲတဲ့။ ပျိုမေတို့တွေက လှတပတလေးဝတ်ပြီး hanging out နေချိန်မှာ အင်္ကျီချိုင်းကြားမှာ ချွေးအကွက်လိုက်နဲ့ဆို ဘယ်အဆင်ပြေပါ့မလဲနော်။ အိုးးး ရှက်စရာ ?? အဲ့ဒီတော့ ချိုင်းချွေးထွက်တာကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်နော် ချွေးထွက်တာဟာ အစားအသောက်နဲ့ဆိုင်သလို အနေအထိုင်အဝတ်အစားနဲ့လည်းဆိုင်တယ်နော် ဆောင်ရန်ရှောင်ရန်လေးတွေနဲ့ ချွေးထွက်သက်သာစေမယ့်နည်းလေးတွေ ဖတ်ကြည့်ကြဦးစို့နော် ကော်ဖီအပါအဝင် hot drinks တွေကိုရှောင်ပါ။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က ချွေးထွက်ပိုများစေသလို အပူတွေသောက်တဲ့အခါမှာလည်း ချွေးထွက်တတ်တာကြောင့် လျှော့သောက်သင့်ပါတယ်   ရေအေးနဲ့ပဲ ရေချိုးပါ ရေနွေးနဲ့ရေချိုးတာက အရေပြားကို အထောက်အကူပြု bla bla တွေ […]

Knowledge Uncategorized

ယုံကြည်မှု

လူ့အလို နတ်မလိုက်နိုင် ဆိုသလိုပင် ဝတဲ့ မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ဟော ပိန်တဲ့သူကျတော့လည်း ဝချင်ပြန်သတဲ့။ ဘယ်လိုလုပ်ရမတုန်း အရပ်ကတို့… နောက်ပြီး ရှိပါသေးတယ်။ အသားလေးညိုတယ် အသားဖြူချင်ပါတယ်တဲ့ ။ အသားဖြူတဲ့သူကျပြန်တော့လည်း အသားလေးညိုမှ ဆွဲဆောင်မှုရှိတယ်ထင်ပြန်သတဲ့။ ကဲ ဒီပြဿနာမှာ ဘယ်သူတရားခံလဲဝေ့ဟူ၍ပင် မေးရမယောင်… တကယ့် တရားခံကတော့ အပြင်ပုံပန်းသဏ္ဍာန်ကို ပြစ်တင်ဝေဖန်ရာမှာ မတွန့်ဆုတ်ကြတဲ့ ဘေးပယောဂတွေပင်တည်း။ ထိုသူများက မကြာခဏ “ဟယ် နင်ဆိုသည်မှာ ဝလာလိုက်တာ၊ ပိန်လိုက်တာဟယ်၊ အသားကညိုလိုက်တာ၊ အသားက အရမ်းဖွေးတော့ ဆွဲဆောင်မှု မရှိဘူးပေါ့ဟယ်”။  အစရှိသဖြင့် ပြစ်တင်ဝေဖန်လေ့ရှိပြီး မိန်းမပျိုတို့မှာ ထိုစကားများကြားပြီး စိတ်ပျက်အားငယ်ကာ မိမိကိုယ်ကိုယုံကြည်မှုမဲ့လာရသည်မဟုတ်ပါလော။ ထို့အတွက် အဖြေရှိပါတယ်။ အကောင်းဆုံးဖြေရှင်းနည်းကမူ တခြားလူတို့၏ စကားသံများကို နားမယောင်ဘဲ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် ရှေ့သို့ […]

Knowledge

အလှအပထက်သာလွန်သော အားသာချက်များ

မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်ချောမောလှပရုံနဲ့ လှပပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ ပ်ါယံအလှအပထက် အရေးကြီးတဲ့ တခြားအချက်တွေရှိပါသေးတယ်။ ပုံလေးတွေနှိပ်ပြီး ဖတ်ကြည့်ပေးနော်။ (၁) ရဲရင့်သတ္တိရှိတယ် ရဲရင့်သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်ဟာ လူအများကြားမှာ ထင်ပေါ်နေမှာ မလွဲပါဘူး။ သူငယ်ချင်းပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်ကို ကူညီဖို့အတွက်ဆိုရင် ဘယ်လိုအန္တရာယ်မျိုးကိုမဆို  ရင်ဆိုင်နိုင်တဲ့သူမျိုးပါ။   ၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိတယ်။ သူမလုပ်သမျှအရာရာတိုင်းအပေါ်မှာ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်တတ်သူဖြစ်တယ်။ သူမကိုယ်သူမယုံကြည်ရှိပုံကို သူမရဲ့ အပြုအမူ၊ အနေအထိုင်၊ စကားအသွားအလာတွေကနေတဆင့် သိသိသာသာ မြင်နိုင်တယ်။ (၃) လူတိုင်းအပေါ် မေတ္တာထားတယ် သူမရဲ့ အပြုံးက လူတိုင်းကို နွေးထွေးမှုခံစားရစေတယ်။ ကားပေါ်မှာ နေရာမရတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေက  နေရာပေးဖို့လည်း ဝန်မလေးဘူး။ ဒုက္ခရောက်နေတဲ့သူတွေ့ရင် တစ်နည်းနည်းနဲ့ ကူညီလေ့ရှိတယ်။ တစ်ဖက်လူကို တန်ဖိုးထားခံရတယ်လို့ ခံစားစေတဲ့ […]

FUN Knowledge

အသက်မဲ့သူငယ်ချင်း

သူငယ်ချင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာမရှိမဖြစ်လိုအပ်တာပါ။ အထီးကျန်မှုခံစားရတိုင်း ၊ဝမ်းနည်းရတိုင်းမှာ သူတို့ဟာကိုယ့်အတွက် ကူညီခံစားပေးမယ့် အဖော်ကောင်းမွန်ပါ။ စာအုပ်စာပေတွေဟာ လူတွေအတွက်အသက်မဲ့သူငယ်ချင်းပါ။ သူငယ်ချင်းထက်တောင်ပိုသေးတယ်လို့ဆိုလို့ရပါတယ်။ လူသားသူငယ်ချင်းတွေသစ္စာဖောက်တတ်ပေမယ့် စာအုပ်စာပေတွေကတော့ သစ္စာမဖောက်တတ်ပါဘူး။ သင်သာသူ့အပေါ်မှီခိုနေမယ်ဆိုရင် သင်ဟာတစ်ယောက်တည်းဖြစ်နေပေမယ့်လည်း အထီးမကျန်နိုင်ပါဘူး။ စာအုပ်များများဖတ်ပါ။ လောကမှာ မိတ်ဆွေတုမိတ်ဆွေယောင်ခွဲခြားနိုင်မှာပါ။ အခက်အခဲ တွေရှောင်ရှားနိုင်တဲ့နည်းထက် ကျော်လွှားနိုင်မယ့်အစွမ်းသတ္တိရလာမှာပါ။ ဒေါသလျော့နည်းလာမယ်။ သည်းခံနိုင်စွမ်းများလာမယ်။ စာအုပ်တွေဟာ လူသားတွေရဲ့ ဉာဏ်အလင်းပြတင်းပေါက်ပါ။ သင်မရောက်ဖူးတဲ့နေရာ မကြားဖူးတဲ့သတင်း တွေကို သင့်စိတ်ထဲသယ်ဆောင်လာပေးတာပါ။ အမျိုးသမီးများ စာအုပ်များများဖတ်ပါ။ အဲ့ဒီလိုပြောရခြင်းရဲ့အကြောင်းအရင်းကတော့ အမျိုးသမီးတွေဟာ စိတ်နုကြတယ်။ နှလုံးသားဦးစားပေးတာများတဲ့အတွက် ဘဝမှာ ဆုံးဖြတ်ချက်တွေမှားတတ်ကြတယ်။ စာအုပ်ဖတ်ခြင်းအားဖြင့် သင်အရေးကြီးတယ်ဆိုတဲ့အရာတွေဟာ တကယ်တမ်း လောကမှာအရေးမပါသေးတာကို သင်ခံစားမိပါလိမ့်မယ်။ အသည်းကွဲနေလား။ စာအုပ်တစ်အုပ်ကောက်ကိုင်လိုက်ပါ။ အနည်းဆုံး ၁၀ မျက်နှာဖတ်နိုင်အောင်ကြိုးစားပါ။ အာရုံစူးစိုက်ပါ။ စာအုပ်တစ်အုပ်ပေါ် စိတ်ဝင်စားမှုများလေလေ သင်ရဲ့ယူဆချက်အမှားတွေမြင်ယောင်လာလေလေ။ သူငယ်ချင်းကောင်းနဲ့ သူငယ်ချင်းယောင်တွေလိုပဲ […]

FUN

ခွက်ထိုးခွက်လန်ရယ်ချင်သော် အဆုံးထိဖတ်ပေးပါနော်

“အမယ်လေး မောလိုက်တာဟယ်။ မအေဈေးက ပြန်လာတာတောင် လာကြိုရကောင်းမှန်းမသိ၊ ရေတစ်ခွက်ခပ်တိုက်ရကောင်းမှန်းမသိ။” အိပ်ရာမှ နိုးနိုးချင်း အမေလုပ်သူ၏ တေးသံသာကြောင့် သူ(မ) အမေ့ဆီ ရေတစ်ခွက်ခပ်ကာ အမေ့ဆီသွားလိုက်သည်။ “သမီးလေးတစ်ယောက် မွေးမိပါတယ်။ အမေလုပ်သူနဲ့ အိမ်အလုပ်ကူလုပ်မယ်မရှိဘူး။ ညဆို ညဥ့်နက်မှအိပ်၊ မနက်ဆို နေဖင်ထိုးတောင်မထ။” “ရော့ မေကြီး…။ မေကြီးအတွက် ရေအေးအေးလေးခပ်လာတယ်။ သောက်လိုက်ဦး။” “နင် ကျောင်းလည်းပြီးပြီ။ အလုပ်ဝင်ဆိုတော့လည်း ဟိုလိုလိုဒီလိုလို၊ အိမ်မှာပဲ တစ်သက်လုံးနေတော့မှာလား။” “တစ်သက်လုံးတော့ မနေပါဘူးအမေရယ်၊ အချိန်တန်ရင် အိမ်ထောင်ပြုပြီး ယောက်ျားအိမ်လိုက်နေမှာပေါ့။” “တယ်လေ၊ ငါလုပ်လိုက်ရ မကောင်းရှိတော့မယ်။  အမေလုပ်သူက အကောင်းပြောနေရင် ရွှတ်နောက်နောက်နဲ့။ အဖေလုပ်သူက ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ထဲမှာ ပင်ပင်ပန်းပန်းရှာထားရတဲ့ ပိုက်ဆံကို သမီးလုပ်သူက ထိုင်ဖြုန်းနေတယ်။” “သမီးလုပ်ချင်တဲ့ အလုပ်မတွေ့သေးလို့ပါ အမေရယ်။ […]