“ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ညကတော့ နှင်း အရမ်းပျော်ခဲ့ရတယ် သိလား။ ကိုနဲ့အတူ ပြန်နေခွင့် ရခဲ့လို့။”
နေနေကျအခန်းတဲ့… နှင်း သုံးသွားတဲ့ စကားလုံးက ကျွန်တော့်အား အတိတ်ကို ပြန်သတိရစေခဲ့သည်
ဒီသားလေးကလည်း ထက် တစ်ယောက်တည်း download ဆွဲလို့ရလာတာ မဟုတ်ဘူး မောင်။ မောင်နဲ့ ပေါင်းစပ်ပြီးမှ ရလာတဲ့ ရင်သွေးလေးပါ
ကျွန်တော့်ကြောင့် အိမ်ထောင်တစ်ခု ပြိုကွဲခဲ့ရပြီ။ ဒါဆို ကျွန်တော့်အိမ်ထောင်ကိုရော အပြိုကွဲခံရမည်တဲ့လား
ခါတိုင်း မိုးချုပ်မှ ပြန်လာတဲ့ညတွေဆို နှင်း နဲ့ နှစ်ပါးသွားကခဲ့ရသောကြောင့် ထက် အသံကို ကျွန်တော် သတိမထားမိ
“ဖောက်ပြန်ခြင်းဆိုတာ ခန္ဓာကိုယ်တစ်ခုက ခန္ဓာကိုယ်တစ်ခုကို လိုအပ်လို့ဖြစ်တဲ့အပြင် ဆုတောင်းတွေ မှားခဲ့ကြရင်လည်း ဖြစ်နိုင်ပါတယ် ဦးဆွေ…”