နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။
stingy guy
Love Relationships

ကပ်စေးနည်း ကော်တရာများကို ချစ်သူမတော်သင့်သည့် အကြောင်းအရင်းများ

 ကပ်စေးနည်း ကိုကိုတွေကို ပြန်ကြိုက်မိတဲ့အခါ ဘယ်လိုအခက်အခဲ ဒုက္ခတွေနဲ့ ရင်ဆိုင်ရမလဲ။ အချစ်ရယ်လို့ ဖြစ်လာကတည်းက ခွဲခြားမှု မရှိပါဘူး။ ချစ်တတ်တဲ့ နှလုံးသားရှိရင် အိုကေစိုပြည်ပေမယ့် တစ်ခါတစ်လေ ကိုယ်ရွေးတဲ့လူရဲ့ အပြုအမူသဘောထားက ရေရှည်အတွက်စဉ်းစားစရာပါပဲ။ ကပ်စေးနည်းတတ်သူကို ချစ်သူတော်မယ်ဆိုရင်တော့ အဓိကတော့ ကိုယ်ရဲ့သည်းခံမှုစွမ်းရည်ပါပဲ။ အခုဖော်ပြမယ့် အချက်တွေကို သည်းမခံနိုင်ဘူးဆိုရင်တော့ စောစောကတည်းက “နိုးပါ” လို့ဝန်ခံသင့်ပါပြီ။ ၁။ရုပ်ရှင်ရုံက ရှေ့ဆုံးတန်း။ ပထမပိုင်းကတော့ သင်သူ့အကြောင်းသိပ်သတိမထားမိရင်တောင် ကြာလေလေသိလာလေပါပဲ။ ရုပ်ရှင်ရုံသွားရင် ရှေ့ဆုံးတန်းအမြဲရွေးဝယ်တတ်ပါတယ်။ မေးရင်တော့ အနောက်တန်းက အာရုံသိပ်မရဘူးတို့၊ အတွဲခုံကကြည့်ရတာဖီးမလာဘူးတို့ ဘာတို့ညာတို့ဖြေပါလိမ့်မယ်။ အတွဲထိုင်ခုံလား။ မမက်ပါနဲ့တော့။ ၂။အစားလျှော့ခိုင်းခြင်း။ လျှော့ခိုင်းမှာပေါ့။ ဘယ်ခေါ်သွားသွား ဟိုဟာစားချင်ဒီဟာစားချင်နဲ့ ဝယ်ကျွေးရ ပိုက်ဆံကုန်တယ်လေ။ အဲ့တော့ ပရိယာယ်လေးနဲ့ “သဲ၊ ဝလာပြီ သိပ်မစားနဲ့။သဲက ပိန်မှချစ်ဖို့ကောင်းတာ”စသဖြင့် စည်းရုံးသိမ်းသွင်းပါလိမ့်မယ်။ ၃။ […]

Knowledge Love

လူတိုင်း လျှို့ဝှက်ထားသင့်တဲ့အရာတွေ

ကိုယ့်ကိုယ်ပိုင် သိမ်းဆည်းထားသင့်တဲ့အရာတွေကို လူသိမခံတာ အကောင်းဆုံးပါ။ နောက်ကျောကို ဓားနဲ့ထိုးမယ့်သူတွေဟာ အချက်ပေးပြီး ရောက်လာတာမျိုး မဟုတ်ဘူးလေ။ ပွင့်လင်းခြင်းဟာ ကောင်းမွန်တဲ့ အမူအကျင့်ဖြစ်ပါတယ်။ ဒါပေမယ့် ပွင့်လင်းလွန်းတာကျတော့ ရံဖန်ရံခါမှာ ကိုယ့်အတွက် မကောင်းတတ်ပါဘူး။ ဆိုကြပါစို့။ ကိုယ့်မှာ အရမ်းခင်ရတဲ့သူငယ်ချင်း အသိုင်းအဝိုင်း မိတ်ဆွေတွေရှိမယ်။ ကိုယ့်အကြောင်း ကိုယ်နဲ့ပတ်သက်တာတွေ လူတိုင်းကို ပြောပြဖို့တော့ မစဉ်းစားလိုက်ပါနဲ့။ ကိုယ်က ကိုယ့်စိတ်ရင်းနဲ့ ဖော်ပြတတ်ပေမယ့် မလိုသူတချို့က ကိုယ့်ကို မုဒိတာ မပွားနိုင်ဘူးဆိုတာ သတိရှိပါ။ လူတွေကို ယုံပါ။ ယုံကြည်မှုဟာ ဆက်ဆံရေးကို ခိုင်မြဲစေပါတယ်။ လူတိုင်းကိုမယုံပါနဲ့။ အပေါ်ယံလောက်ပဲ သင်မြင်တွေ့နိုင်တာမို့လို့ပါ။ သူများတွေ မသိအောင် ဖုံးကွယ်ထားရမယ့် အရာတွေကို ဂရုတစိုက်လိုက်နာပါ။ အိမ်တွင်းရေး အရမ်းအရေးကြီးပါတယ်။ သင့်မိသားစုအကြောင်း ဖြစ်စေ သင့်အချစ်ရေး အိမ်ထောင်ရေးအကြောင်း ဖြစ်စေ […]

Love Relationships

ဒီလိုယောက်ျားမျိုးကို ဘဝလက်တွဲဖော်အဖြစ်ရွေးပါ။

မိမိအတွက် သင့်တော်တဲ့ ယောက်ျားလေးဟာ ဘယ်လိုမျိုးများ ဖြစ်မလဲ။ ယောက်ျားတွေအများကြီးပါ။ ဒါပေမယ့် ယောက်ျားတိုင်းတော့မကောင်းပါဘူး။ ကိုယ့်ဘဝတစ်လျှောက်လုံး စိတ်ချမ်းသာချင်ရင်တော့ မှန်ကန်စွာရွေးချယ်တတ်ဖို့လိုပါတယ်။ ယောက်ျားကောင်းတွေရဲ့ သိသာတဲ့အချက်တချို့ပေါ့။ – သူဟာ အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ်မှာ ကြင်နာစွာဆက်ဆံပါတယ်။ – သူ့ရည်မှန်းချက်တွေကို အပျောက်မခံသူ ဖြစ်ပါတယ်။ – တက်တက်ကြွကြွ အလုပ်လုပ်တတ်သူ ဖြစ်ပါတယ်။ – ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူဖြစ်ပါတယ်။ – ဘယ်သူပြောပြော သေချာစွာ နားထောင်တတ်ပါတယ်။ – နားလည်မှုပေးနိုင်တဲ့သူဖြစ်ပါတယ်။ – အခြားသူများအပေါ်လေးစားမှုရှိပါတယ်။ – အမူအရာတိုင်းက လူကြီးလူကောင်းဆန်ပါတယ်။ – ရိုးသားပြီး သစ္စာရှိပါတယ်။ – အကောင်းမြင်စိတ်ရှိပါတယ်။ – ပွင့်လင်းတတ်သူဖြစ်ပါတယ်။ – ဟာသဥာဏ်ရွှင်ပါတယ်။ – အလွယ်တကူ အရှုံးမပေးတတ်သူဖြစ်ပါတယ်။ – မိမိကိုယ်ကို နှိမ့်ချတတ်ပါတယ်။ […]

Knowledge

သိကောင်းစရာ “သောကြာ ၁၃” အကြောင်း

 သောကြာ ၁၃ နဲ့ပတ်သတ်ပြီး အယူးသည်းခြင်းနှင့် အမှန်တရားများ ကဲ..ဒီနေ့ ၁၃ရက်နေ့ သောကြာဆိုတာ သတိထားမိရဲ့လား။ အနောက်တိုင်း အယူအနေနဲ့ သောကြာနေ့ဟာ ၁၃ရက်နေ့ဖြစ်ရင် ကံဆိုးတယ်လို့ယူဆကြပါတယ်။ သောကြာနဲ့ ၁၃ တစ်ထပ်တည်း ကျရောက်ခြင်းဟာ တစ်နှစ်မှာ အနည်းဆုံး တစ်ခါလောက်ကျပြီး အများဆုံး ၃ခါကျရောက်နိုင်ပါတယ်။ နောက်ခံအကြောင်းကတော့ ခရစ်ယာန်တွေရဲ့ အယူအရ ယေရှုခရစ်တော် နောက်ဆုံးညစာစားတဲ့အခါ သူ့တပည့်တော် ၁၂ပါးနဲ့ အတူစားခဲ့ပါတယ်။ နောက်နေ့ သောကြာနေ့မှာပဲ ကားတိုင်တင်သတ်ခြင်းခံခဲရတယ်။ အဲ့ဒီ့နောက်ပိုင်း လူ ၁၃ယောက်စုဝေးတဲ့အခါ အဲ့ဒီ့ထဲက တစ်ယောက်ယောက် မကြာခင် သေလိမ့်မယ်လို့ ယူဆလာကြတယ်။ သူတို့အနေနဲ့ “၁၂” ကို ပြီးပြည့်စုံခြင်းလို့ သတ်မှတ်ကြတယ်။ သခင်ယေရှုရဲ့ တပည့်တော် ၁၂ယောက်၊ တစ်နှစ်မှာ ၁၂လ စသဖြင့် သတ်မှတ်တာကြောင့် ၁၂ထက်ကျော်လွန်တာနဲ့ […]

FUN

ခေတ်သစ် အိမ်သာအသုံးပြုပုံ

ခေတ်ရေစီးကြောင်းအရ ယနေ့ခေတ်လူတွေ အိမ်သာကို ဘယ်လိုနေရာအဖြစ် အသုံးပြုနေကြပြီလဲ “အိမ်သာကို ဘယ်လိုနေရာမှာ အသုံးပြုကြလဲ” လို့မေးရင် ဘယ်သူမဆို”ကိစ္စဝိစ္စရှင်းဖို့ပေါ့” လို့ရွံရွံတွံတွံဖြေကြပါလိမ့်မယ်။ တကယ်ပဲ ရွံကြလားဆိုတာတော့ မသေချာမရေရာပေါ့။ ယခုခေတ်မှာ “ဘိုထိုင်” အိမ်သာ အစားထိုးလာတာကြောင့် အရင်ခေတ်တုန်းကလိုမဟုတ်တော့ပဲ ရှင်းရလင်းရ သက်တောင့်သက်သာရှိလှပါတယ်။ အဲ့ဒီ့ ကောင်းကျိုးကို အခွင့်ကောင်းယူပြီး အိမ်သာကို အခုလို အသုံးချလာကြပါတယ်။ ကြည့်ကြပါစို့။ ၁။ဂိမ်းဆော့ရာ နေရာ။ ခေတ်ကလည်းကောင်းတော့ ဘယ်သွားသွား ဖုန်းတကိုင်ကိုင်နဲ့ အခုဆိုအဆင့်မြင့်ပြီး အိမ်သာထဲအထိ ဖုန်းသယ်သွားကြပါတယ်။ ကိစ္စရှင်းရင်း ဂိမ်းဆော့ရင်းနဲ့ ပေါ်ကိုမလာတော့ဘူး။ စိတ်ပူတတ်တဲ့ မိဘတွေသာရှိရင် လူပျောက်စာရင်းသွားတင်လောက်ပြီ။ ဒါပေမယ့်လည်း ဂိမ်းဆော့လို့ကတော့ရှယ်ပဲ။ ၂။မျက်ရည်ချွေရာ နေရာ။ အထူးသဖြင့် မိဘတွေမသိအောင် ရည်းစားခိုးထားသူတွေပေါ့။ တစ်ဖက်က ကိုယ်ချစ်သူကြောင့် စိတ်ထိခိုက်ရ၊ အသည်းကွဲရနဲ့ မိဘတွေရှေ့ငိုရရင်လည်း အိမ်ပေါ်က […]

FUN

ဆဲလ်ဖီ (selfie) ဆွဲပုံဆွဲနည်းများ

ဆဲလ်ဖီ အမျိုးပေါင်း စုံစီနဖာထဲက အထင်ရှားဆုံး ဆဲလ်ဖီဆွဲပုံဆွဲနည်းတွေကို ဖော်ပြလိုက်ပါတယ်။ ခေတ်ပဲမှီလို့လားတော့မပြောတတ်။ ဆဲလ်ဖီဆွဲနည်းတွေကလည်း အမျိုးပေါင်းများလှပါတယ်။ ရိုက်လိုက်ကြတဲ့ ဆဲလ်ဖီတွေ gallery ထဲမှာထောင်ပေါင်းများစွာပါပဲ။ ဒါပေမယ့် ရိုက်နည်းလေးတွေတော့ကွဲတယ်နော်။ အခုဖော်ပြမယ့် အမျိုးအစားထဲက ပျိုမေတို့ကိုယ်တိုင် ဘယ်အမျိုးအစားတွေအရိုက်များလည်းဆိုတာ မျှဝေပေးကြပါဦး။ ၁။အပျင်းပြေ ဆဲလ်ဖီ။ ပျင်းတဲ့အခါတိုင်း ဘယ်ပြန်ညာပြန် တဖျပ်ဖျပ်နဲ့ ရှူတင်ကွင်းရောက်သလို ဆွဲတတ်ကြပါတယ်။ အနည်းဆုံးတော့ ဆယ်ပုံမကပဲ။ နောက်တော့လည်း တစ်ပုံကျန်ရင်ကံကောင်း။ ဖျက်ပစ်တာကိုး.. ၂။ရောက်တဲ့နေရာ ဆဲလ်ဖီ။ ဘယ်သွားသွားဘယ်လာလာ ဆဲလ်ဖီမရိုက်ပဲ အိမ်မပြန်တတ်သူအချို့ရှိကြပါတယ်။ အများစုက ဖေ့ဘွတ်တို့ အင်စတာဂွမ် တို့ပေါ်အပြေးအလွှာတင်ဖို့ နေရာပေါင်းစုံ ရှုထောင်းပေါင်းစုံနဲ့ စွန့်စားပြီးရိုက်တတ်ကြပါတယ်။ ၃။ အစားတစ်လိုင်း ဆဲလ်ဖီ အစားက စားပွဲပေါ်ရောက်ပေမယ့် ပါးစပ်ထဲမရောက်ခင် ဆဲလ်ဖီလေးရိုက်လိုက်ဦးမှဆိုသူတွေရှိကြပါတယ်။ တစ်ခါတစ်လေ အစားအစာတောင် မော်ဒယ်ဖြစ်လို့။ ပါးစပ်ထဲ […]

Health

ခွေး (သို့) ကြောင်မွေးခြင်း၏ကောင်းကျိုးများ

ပျိုမေတို့အနေနဲ့ ခွေး၊ ကြောင်မွေးခြင်းဖြင့် စိတ်ရော ကိုယ်ပါ ကျန်းမာခြင်းစေကြောင်း ဖတ်ရှု မှတ်သားစေလိုပါတယ်။ အိမ်မွေး တိရစ္ဆာန်ချစ်တတ်သူတွေဟာ သာမန်လူတွေထက်တော့ အနည်းငယ် ထူးခြားချက်ကလေးတွေရှိတတ်ကြပါတယ်။ သူတို့အနေနဲ့ တိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ အမှန်တကယ်ဆိုရင်လည်း အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေးနဲ့ကြောင် မွေးခြင်းအားဖြင့် အကျိုးရလဒ်အချို့ရှိပါတယ်။ ၁။နှလုံးရောဂါဖြစ်ခြင်းမှကင်းဝေးခြင်း။ မှတ်တမ်းတွေအရ ခွေးနဲ့ကြောင်မွေးခြင်းဖြင့် နှလုံးအောင့်ခြင်းနှင့် အခြားနှလုံးဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကို ၃၀ရာခိုင်နှုန်းခန့် လျှော့ချပေးပါတယ်။ နှလုံးရောဂါရှင်တွေလည်း အိမ်မွေးတိရစ္ဆာန်မွေးထားခြင်းအားဖြင့် သက်သာလာနိုင်ခြေရှိပါတယ်။ ၂။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုကိုလျှော့ချပေး။ ပညာရှင်တွေရဲ့ လေ့လာချက်အရ လူတွေဟာ မိမိရဲ့ ဇနီး/ခင်ပွန်း နှင့် အိမ်မွေးတိရစ္ဆာန်အနားမှာရှိလျှင် စိုးရိမ်မှု၊ စိတ်ဖိစီးမှု ဖြစ်နိုင်ချေ နည်းတယ်လို့ဆိုထားပါတယ်။ ခွေး၊ ကြောင်တွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီးလျှင်ပင် ပင်ပန်းမှု နှုန်းသူ့အလိုလိုလျော့ကျလာတတ်ပါတယ်။ ၃။သွေးဖိအားလျော့ကျစေသည်။ ခွေး၊ကြောင်တွေနဲ့ […]

FUN

သာလိကာရှုံးလောက်အောင် စကားပြောကြသူများ (သို့) ပါးစပ်စွမ်းအားရှင်များ အကြောင်း

ပါးစပ်အမြှုပ်ထွက်လောက်အောင် မနားမတမ်း စကားများလွန်းကြတဲ့ မိန်းကလေးတွေရဲ့ နောက်ကွယ်က အမှန်တရားများ ယေဘုယျအားဖြင့် မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် စကားပိုပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း ပါးစပ်စွမ်းအားရှင် မိန်းကလေးတွေကတော့ အံ့မခန်းပါပဲ။ ပြောလိုက်တဲ့စကား။ တစ်စက္ကန့်အတွင်းမှာ စကားတစ်ကြောင်းလောက်ပြောနိုင်တယ်ဆိုရင်တော့ စကေးမနည်းတော့ပါဘူး။ အောက်ကအချက်ကလေးတွေတိုက်ဆိုင်နေပြီဆိုရင်တော့ သင်လည်း ပါးစပ်စွမ်းအားရှင်တစ်ယောက်ဖြစ်နေပါတယ်။ ၁။မသိရင် “မေး”၊ သိရင် “ပြေး” စတွေ့ချင်းတော့ ဘယ်သူကမှ သတိမထားမိလောက်အောင် သိမ်မွေ့နူးညံ့တဲ့ ဥပဓိရုပ်လေးနဲ့ပါ။ မသိတဲ့လူဆို “အေးလိုက်တာနော်”တဲ့။ အေး..အကြောင်းမှန်တွေသိသွားလို့ကတော့ ပြေးပြီပဲ။ အာ့လောက်တောင်နားငြီးအောင်ပြောနိုင်တာ။ ၂။ လူကဲခတ်တော်ခြင်း။ စကားများတဲ့ မိန်းကလေးတွေဟာ လူကဲခတ်ရာမှာလည်း ထက်မြက်လွန်းပါတယ်။ တွေ့ကရာလူတိုင်း စကားတွေဇွတ်ပြောတာမဟုတ်ပါဘူး။ ဘယ်လိုလူမျိုးဟာ ဘယ်လိုစကားမျိုးနဲ့အံကိုက်မလဲ။ ဘယ်လိုခေါင်းစဉ်မျိုးက သူ့ကိုပိုစိတ်ဝင်စားစေမလဲ စသဖြင့်တွက်ချက်ပြီးမှ အနန္တစကားလုံးတွေ လွှတ်တော့တာပါ။ ၃။အကြံဉာဏ်များပေးတတ်ခြင်း။ အသဲကွဲလို့များ သူတို့ဆီမသွားလိုက်နဲ့။ ပေးလိုက်တဲ့အကြံတွေ တစ်ပုံတစ်ပင်ကြီး။ […]

Health Knowledge

သတိ! လက်သည်းမကိုက်ရ။

အကယ်၍ပျိုမေဟာ လက်သည်းကိုက်ကျင့်ရှိသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ဒီအချက်ကလေးတွေကို လေ့လာပြီး မြန်မြန် အကျင့်ဖျောက်စေလိုပါတယ်။ လက်သည်းတစ်စုံသန့်ရှင်း လှပနေခြင်းဟာလည်း အမျိုးသမီးတစ်ယောက်ကို အလှပိုတိုးစေပါတယ်။ လက်သည်းကိုက်ကျင့်ရှိသူတစ်ယောက်အဖို့တော့ လှပတဲ့လက်သည်းတစ်စုံရရှိဖို့ အင်မတန်အလှမ်းဝေးလှပါတယ်။လက်သည်းကိုက်ရတဲ့အဓိကအကြောင်းအရင်းကတော့ စိတ်ဖိစီးမှုဖြစ်ပေါ်ခြင်း၊ စိုးရိမ်ခြင်းကြောင့်ဖြစ်ရပါတယ်။ဒါကြောင့် အလှအပရေးရာရော ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေပေးနိုင်တဲ့ လက်သည်းကိုက်ခြင်းအကြောင်းသိကောင်းစရာလေးတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ ပိုးမွှားတွေဝင်စေတယ်။ လက်သည်းတွေကြားထဲမှာ ဘက်တီးရီးယားပိုးများစွာရှိနေတတ်ပါတယ်။ လက်သည်းကိုက်တဲ့အခါမှာတော့ အဲ့ဒီ့ပိုးမွှားတွေ ပါးစပ်ထဲ တိုက်ရိုက်ဝင်လာပါတော့တယ်။အဲ့ဒီ့အခါမှာတော့ ခန္ဓာကိုယ်အနှံ့ကို ပိုးမွှားတွေပျံ့နှံ့ပြီး မကြာခဏဖျားနာခြင်းကို ဖြစ်ပေါ်လာစေပါတယ်။   ၂။လက်သည်းနားတစ်ဝိုက် ပြည်တည်ခြင်း။ လက်သည်းကိုက်တဲ့အခါမှာ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေဝင်တတ်ပြီး လက်သည်းနားတစ်ဝိုက် ပြည်တည်ခြင်းကိုဖြစ်ပေါ်လာစေပါတယ်။ ဆေးသောက်ရင်ပျောက်နိုင်ပေမယ့် တစ်ခါတစ်လေ ခွဲစိတ်ရတဲ့အထိဖြစ်နိုင်ပါတယ်။   ၃။သွားကို ပျက်စီးစေသည်။ လက်သည်းကိုက်တဲ့အခါ အပေါ်သွားနဲ့အောက်သွားတိုက်မိတဲ့အတွက် သွားပဲ့ခြင်းနှင့် အခန့်မသင့်လျှင် သွားကျိုးခြင်းအထိဖြစ်နိုင်ချေရှိပါတယ်။   ၄။သွားဖုံးရောင်စေသည်။ […]