အလှတရားတို့ မည်သည်

မိန်းမလှလေးတစ်ယောက်ဖြစ်ချင်တယ်ဆို ဒါကိုဖတ်ကြည့်လိုက်ပါ။

ယောင်းတို့ရေ ယောင်းတို့ကိုယ်ပေါ်မှာ ကိုယ့်ဟာကိုယ် စိတ်တိုင်းမကျမိတဲ့ လက္ခဏာလေးတွေ ရှိကြသလားဟင်။ ဥပမာ ခါးလေးတုတ်နေတာ၊ ပေါင်လေးလုံးနေတာ၊ လက်မောင်းလေးပျော့နေတာ စသည်ဖြင့်ပေါ့။ အမှန်အတိုင်းဝန်ခံရရင် အက်ဒမင့်မှာတော့ရှိတယ်။ အက်ဒမင်က ဝတယ်မလား။

အရင်တုန်းကတော့ ကိုယ်ဝတယ်ဆိုပြီး အဝတ်ပွပွကြီးတွေဝတ်၊ အလှပြင်လဲ လှမှာမဟုတ်ဘူးဆိုပြီး ပြင်ကိုမနေတာ။ အသက်၂၀ကျော်လေးမှာပဲ အန်တီကြီးရုပ်ကို ပေါက်နေရော။ ခုများတော့ လက်မောင်းသားအိအိလေး လှုပ်နေလဲ လက်ပြတ်ဝတ်ဖို့ မကြောက်တော့ဘူး။ ဗိုက်ခေါက်ထွက်နေလဲ ကိုယ်ကြပ်အင်္ကျီဝတ်ဖို့ ဝန်မလေးဘူး။ အဲ့လိုဝတ်တော့လဲ လူတွေက ကိုယ်ကြောက်နေသလို ရုပ်ဆိုးလိုက်တာလို့ မပြောကြပါဘူး။ လှလာလို့ အငေးတောင်ခံရသေး (အယ်လယ်)။

Related article >>> မိန်းကလေးတွေရဲ့ခန္ဓာကိုယ်ပုံစံ (၆) မျိုးအကြောင်း

ပြောချင်တာက ယောင်းတို့တွေအားလုံးဟာ မိန်းမလှလေးတွေပါလို့။ ချို့ယွင်းချက်လို့ ယောင်းတို့ထင်နေတဲ့ အချက်ကလေးတွေက ယောင်းတို့ကို သူများနဲ့မတူအောင် ထူးခြားစေတဲ့ လက္ခဏာလေးတွေပါပဲ။ ပိန်သည်၊ ဝသည်၊ ကြီးသည်၊ ငယ်သည် မရှိဘဲ တို့တွေအားလုံးက လှသောသူများပါပဲနော်။

အဲဒီအချက်ကို သက်သေပြသောအားဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီက Simply Be ဆိုတဲ့ ဖက်ရှင်တံဆိပ်တစ်ခုကနေ ဦးဆောင်ပြီး လှုပ်ရှားမှုတစ်ခု လုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို London Fashion Week ရဲ့ ပထမဆုံးရက်မှာ လုပ်ခဲ့တာပါ။ ဘာလုပ်တာလဲဆိုတော့ ခန္ဓာကိုယ်အရွယ်အစား မျိုးစုံရှိတဲ့ အမျိုးသမီးတွေက အတွင်းခံလှလှလေးတွေဝတ်ပြီး လန်ဒန်မြို့ရဲ့လမ်းပေါ်မှာ လမ်းသလားကြတာပါ။

Sonny Turner, Megan Crabbe, Callie Thorpe, Hayley Hasselhoff, Poppy Towers အစရှိတဲ့ နာမည်ကြီး plus size model တွေနဲ့ blogger (ဘလော့ဂါ) တွေက ဒီလှုပ်ရှားမှုကို အားဖြည့်ပေးခဲ့ပါတယ်။

💛💛💛 #rulesrewritten

A post shared by Simply Be Fashion (@simplybeuk) on

သူတို့ဝတ်ထားတဲ့ ဂျက်ကက်တွေပေါ်မှာတော့ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး အားပေးတဲ့ စာသားလေးတွေ ရေးထားတာ တွေ့ရမှာပါ။

“ဖက်ရှင်နဲ့ပတ်သတ်ပြီး စွန့်စားလိုက်ပါ။ သူများတွေအတိုင်း ဝင်ဆန့်အောင် မလုပ်ပါနဲ့။”

“ဝံ့ကြွားလိုက်ပါ။ အားပေးလိုက်ပါ။”

“ဝတ်ချင်ရင် ဝတ်သာဝတ်။”

Keep your eyes peeled for our new campaign 👀 #rulesrewritten

A post shared by Simply Be Fashion (@simplybeuk) on

Related article >>> မမဝဝလှမှလှ

ယောင်းတို့ရေ… အခုအမျိုးသမီးတွေကို ရုပ်ဆိုးလိုက်တာလို့ မြင်လားဟင်။ အက်ဒမင်ကတော့ မမြင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လှနေတဲ့ အောင်မြင်နေတဲ့ အမျိုးသမီးတွေကိုပဲ မြင်တယ်။ ဒီလိုပဲ အက်ဒမင်တို့၊ ယောင်းတို့ကိုယ်တိုင်ကလဲ ကိုယ့်ကိုယ်ကိုယ် မလှဘူးလို့ ထင်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး အလှတွေပြင်၊ အလုပ်တွေ (စာတွေ) ကြိုးစားလို့ ဘဝမှာ အောင်မြင်မှုရအောင် ယူလိုက်ပါ။

ပိန်ပိန်၊ ဝဝ၊ ပုပု၊ ရှည်ရှည် တို့တွေအားလုံးဟာ ဒီမော်ဒယ်မမတွေလိုပဲ လှနိုင်ပါတယ်။ မှန်ထဲကြည့်လိုက်စမ်းပါ။ မဂ္ဂဇင်းထဲက မော်ဒယ်လေးကိုတော့ တွေ့မှာမဟုတ်ဘူး။ ဒါပေမဲ့ မိန်းမလှလေးတစ်ယောက်ကိုတော့ တွေ့ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ယောင်းဟာလည်း မိန်းမလှလေးတစ်ယောက်မို့ပါ။

Khine (For Her Myanmar)

Reference : Revelist | Metro

 

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

error: Content is protected !!