Highlighter အကြောင်းစုံစုံစေ့စေ့

သဘာဝဆန်ဆန်နဲ့ လှနေစေမယ့် မိတ်ကပ်ပစ္စည်းလေးက ဘာတဲ့တုန်း?

ယောင်းယောင်းတို့ရေ… အခု ခေတ်စားနေတဲ့မိတ်ကပ်က ပြောင်ပြောင်ဝင်းဝင်းလေးနဲ့ ဘလင်းလင်းနော်။ အဲ့ဒီဘလင်းဘလင်း လေးအတွက် Highlighter ဆိုတာလေးက မရှိမဖြစ်လိုအပ်တယ်လေ။ ဆိုတော့ အဲ့ဒီ highlighter အကြောင်းကို ဒီဆောင်းပါးလေးမှာနှင်းကပြည့်ပြည့်စုံစုံဖော်ပြပေးမယ်နော့်…

Highlighter ဆိုတာ စိုစိုကြည်ကြည်လေးနဲ့ အမှောင်ထဲမှာတောင် ဖြာထွက်လောက်တဲ့အထိ ဘလင်းဘလင်းတွေတောက်ပနေတာဖြစ်ပါတယ်။ အလက်အလက်မှုန်လေးတွေ အများကြီးပါဝင်ပြီး ပါးရိုးနဲ့နှာရိုးတစ်လျှောက်မှာ တစ်ခြားနေရာတွေထက် ပိုထင်းအောင် ခြယ်သတာဖြစ်ပါတယ်။ နေရောင်အောက်မှာဖြစ်စေ၊ ညဘက်ဆလိုက်မီးတွေအောက်မှာဖြစ်စေ၊ ထင်းလင်းနေစေမှာပါ။ အထူးသဖြင့် စတူဒီယိုတွေထဲမှာ ရိုက်ကူးရေးတွေလုပ်တဲ့အခါ အလင်းအမှောင်ကစားတာမို့ highlighter ကတော့မပါမဖြစ်ပါပဲ။

ဒီ Highlighter ကိုဘယ်အချိန်တုန်းကစသုံးဖြစ်လဲဆိုရင် ဟိုးအရင်ခေတ် ဇာတ်ရုံကြီးတွေထဲမှာ အလင်းကလည်း ဒီဘက်ခေတ်လောက် အားမကောင်းသေးတာမို့ ဇာတ်ကောင်တစ်ခုကိုပိုပြီးထင်းစေချင်တဲ့အခါ မိတ်ကပ်ပညာရှင်တွေက ဒီ highlighter လေးကိုသုံးပေးဖြစ်ပါတယ်တဲ့။ မျက်နှာပေါ်မှာရှိတဲ့အရိုးတွေက အလင်းရောင်ပထမဆုံးကျတတ်တာမို့ ဒီမျက်နှာကိုခပ်သွယ်သွယ်လေးဖြစ်အောင် ပိုပြီးဦးစားပေးချင်တဲ့နေရာကို Highlighter လေးသုံးပေးတာပါ။ အသားအရည်မွဲမွဲကြီးဖြစ်နေတဲ့အခါမျိုး၊ မျက်အိတ်ကျပြီးမျက်ကွင်းညိုနေတဲ့အခါမျိုးမှာ အဲ့နေရာတွေကိုမသိသာစေအောင် တစ်ခြားနေရာတွေကိုပိုလင်းပေးလိုက်တာဖြစ်ပါတယ်။

Highlighter on point (bling bling everywhere)

Instagram မှာတင်နေကြဖြစ်တဲ့ #nofilter skin(ဘာ effect မှမသုံးထားတဲ့အသားအရည်) ဆိုတာမျိုးမှာတောင် ပြောင်ပြောင်ကြည်ကြည်လေးဖြစ်နေတာတွေ့တယ်မလား? အဲ့ဒါ အလက်မှုန်လေးတွေ ခပ်သေးသေးစိတ်စိတ်ပါတဲ့ သဘာဝဆန်ဆန် Highlighter ကိုသုံးထားတာတဲ့ (ဂျင်းတွေရမယ် :3) Highlighter မှာ အမျိုးအစားလေးမျိုးရှိပါတယ်။ ပေါင်ဒါမှုန့်ရယ်၊ အရည်ရယ်၊ ခရင်မ်ရယ်၊ အခဲချောင်းရယ်စသည်ဖြင့်ပေါ့။ ပေါင်ဒါမှုန့်ကကျ နေ့ဘက်ထသွားထလာမှာ သုံးရင်သဘာဝဆန်ဆန်အလှကို ပိုင်ဆိုင်စေမှာပါ။ ကျန်သုံးမျိုးကကျ မိတ်ကပ်အပြည့်နဲ့ ညဘက်တွေပွဲတက်တဲ့အခါ မျက်စိကျိန်းသွားရလောက်အောင် ဘလင်းဘလင်းထနေမှာဖြစ်ပါတယ်😎။ Highlighter အပြင်ကို Lighting Powder (အလင်းထည့်ပေးတဲ့ပေါင်ဒါ) ဆိုတာလေးလဲရှိပါသေးတယ်။ ပိုသေးငယ်တဲ့အလက်မှုန်လေးတွေကြောင့် မျက်နှာကိုသိပ်သိပ်လေးနဲ့ပိုပြီး လင်းလင်းလက်လက်ဖြစ်စေမှာပါ။ နေရောင်နဲ့လဲထိလိုက်ရော အိုအမေးဇင်းပေါ့။ 😁

Lighting Powder

Related Article >>> ၂၀၁၈ မှာရေပန်းစားလာမယ့် အလှအပရေးရာ (၈)မျိုး

Bronzer (အလက်ပါအညိုချတဲ့ပစ္စည်း) ကတော့ ပါးရိုးအောက်ဘက်မှာအညိုချတာလေးဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အချိန် ပိုပြီးထင်ပေါ်စေချင်တဲ့နေရာကို contouring (အညိုချ) တဲ့အပြင် အလက်လက်လေးပါတော့ ပိုပေါ်တာပေါ့။ နှင်းမှာကကျ highlight ဆိုပြီးသတ်သတ်မှတ်မှတ်ရယ်မရှိပါဘူး။ (ဒါသက်သက်ကြွားတာ 😬) အာ့ကြောင့် eyeshadow (မျက်လုံးခြယ်တာလေး) ကိုတွေ့ကရာ ကောက်ပွတ်ပစ်လိုက်ပါတယ်။ (sai eyeshadow palette ထဲက အဖြူလေးနှစ်ကွက်ရယ်၊ Tony Moly ကရွှေရောင်သေးသေးလေးတစ်ကွက်ရယ်) နဲ့ဘလင်းဘလင်းထပစ်ပါတယ်။ ဒါကြောင့် highlighter ရယ် ဆိုပြီးသီးသန့်မရှိရင် ရှိသမျှကိုဂုန်းဆင်းပစ်ပါ။ ထွင်ရင်ထွင်နိုင်သလောက် အကုန်ခုန်ကျော်ပြီးသုံးပစ်ပါလို့ 😛

Bronzer

Highlighter ကောင်းကောင်းလေးတစ်ခုလိမ်းထားရင် ခပ်ရင့်ရင့်နှုတ်ခမ်းနီဆိုးထားသလို ယုံကြည်မှုအပြည့်နဲ့ ကြော့ကြော့မော့မော့ လျှောက်လှမ်းနိုင်မှာပါ။ ဒါကြောင့် highlighter ကောင်းကောင်းလေးတစ်ခုတော့ဝယ်ထားပါလို့ အကြံပြုချင်ပါတယ်ရှင့်။ အကယ်၍သီးသန့်ကြီးမဝယ်ချင်ရင်တောင် Eyeshadow palette  (မျက်လုံးခြယ်တဲ့အကွက်) ထဲက အဖြူကွက်လေးတစ်ခုကို သေချာလေးယူပြီး ပါးရိုးပေါ်တင်လိုက်နော်။ အားလုံးပဲ ဘလင်းဘလင်းဖြစ်နိုင်ကြပါစေရှင်❤️

Hnin Ei Oo (For Her Myanmar )

Refrence : Highlighter, Lighting Powder, Bronzer

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။

error: Content is protected !!