မင်္ဂလာပွဲမတိုင်ခင်ကြွေလွင့်ခဲ့ရတဲ့ သန်းကြွယ်သူဌေးကြီးရဲ့အမွေခံသမီး

ဝမ်းနည်းစရာကောင်းလှတဲ့ သူမရဲ့ဖြစ်စဉ်ကတော့….

လာမယ့် ဧပရယ်လမှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ သတို့သမီးလေးဟာ မမျှော်လင့်ဘဲ အဖြစ်ဆိုးနဲ့ ကြုံ ပြီး မပြန်လမ်းကိုမြန်းသွားခဲ့ပါပြီ။ သူမဟာ ကျိကျိတက်ချမ်းသာတဲ့ မိသားစုမှာမွေးဖွားလာခဲ့ပြီး ဘဝမှာ လာခြင်းကောင်းခဲ့ပါလျက် ချစ်ရသူနဲ့ရွှေလက်တွဲခါနီးမှ အခုလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရရှာတာပါ။

အသက် ဆယ့်ရှစ်နှစ်အရွယ် Mina Basaran ဟာ တူရကီလူမျိုးစီးပွားရေးလုပ်ငန်းရှင်  Huseyin Basaran ရဲ့ အမွေခံ သမီးတစ်ဦးဖြစ်ပါတယ်။ သူမချစ်သူနဲ့ လွန်ခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလမှာစေ့စပ်ခဲ့ပြီး လက်ထပ်ပွဲမတိုင်ခင် သူငယ်ချင်းတွေမိန်းကလေးတွေနဲ့အတူ bachelorette party (အနောက်နိုင်ငံမှာ မိန်းကလေးတွေ လက်မထပ်ခင်ကျင်းပတဲ့ပါတီ) ကို ဒူဘိုင်းမှာ ဆင်နွှဲခဲ့ကြပါတယ်။

Related Article >> > သံမဏိ မိန်းမပျို သို့မဟုတ် လောကငရဲမှ လွတ်မြောက်လာသူ နာဒီယာ

ဒူဘိုင်းမှာတောင် သူငယ်ချင်းတွေနဲ့ပျော်နေခဲ့ပါသေးတယ်

ကျရောက်လာမယ့် ကံကြမ္မာဆိုးကို မသိကြရှာသေးတဲ့ Minaနဲ့ သူငယ်ချင်းတွေဟာ ဒူဘိုင်းက ဟော်တယ်ကြီးမှာ အပျော်ကြီးပျော်နေတဲ့ပုံတွေကို Instagram မှာ တင်ခဲ့ကြပါသေးတယ်။ သူမ သူငယ်ချင်းတွေဟာလည်း ထိပ်ထိပ်ကြဲအသိုင်းအဝိုင်းက သမီးပျိုတွေပဲဖြစ်ပြီး လက်ဝတ်ရတနာ ဒီဇိုင်နာ၊ ဖက်ရှင်ဒီဇိုင်နာ၊ နာမည်ကြီးအဝတ်အထည်ထုတ်လုပ်သူအစရှိသဖြင့် လုပ်ကိုင်နေကြသူတွေပါ။

သူတို့တွေဟာ ဒူဘိုင်းမှာအပျော်ကြီးပျော်ခဲ့ကြပြီး တူရကီကို တနင်္ဂနွေနေ့က ကိုယ်ပိုင်လေယာဉ်နဲ့ ပြန်လည်ထွက်ခွာခဲ့ရာမှာ ဆိုးဝါးတဲ့ရာသီဥတုနဲ့ ကြုံခဲ့ရပြီး အီရန်က တောင်တန်းတွေအပေါ်လေယာဉ်ပျက်ကျခဲ့ပါတယ်။ လေယာဉ်ဟာ မပျက်ကျခင်မီးလောင်ပေါက်ကွဲခဲ့တာကြောင့် လေယာဉ်ပေါ်ပါလာတဲ့ လေယာဉ်ဝန်ထမ်းအမျိုးသမီးသုံးဦးနဲ့အတူ သတို့သမီးလောင်း Mina၊သူမရဲ့ သူငယ်ချင်းခြောက်ယောက်စလုံးအသက်ဆုံးရှူံးခဲ့ရပါတယ်။

Related Article>>> မုဒိန်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဝတ်စားဆင်ယင်မှုကြောင့် ဝေဖန်ခံခဲ့ရတဲ့ သူမနှင့်တွေ့ဆုံခြင်း

ချောမောလှပသူ Mina

လေယာဉ်မီးလောင်ခဲ့တာကြောင့် သေဆုံးသူတို့ရဲ့ ခန္ဓာကိုယ်တွေမီးလောင်ကျွမ်းပျက်ဆီးခဲ့တာကြောင့် ဘယ်သူဘယ်ဝါရယ်လို့ ခွဲခြားမရဘူးလို့သိရပါတယ်။ ဒါကြောင့် သူတို့ရုပ်အလောင်းတွေကို DNAနဲ့ခွဲခြားစစ်ဆေးသွားမယ်လို့သိရပါတယ်။

Sugar Cane (For Her Myanmar)

Reference – www.thenational.ae, www.cbsnews.com

Sugar Cane
Sugar Cane

ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

error: Content is protected !!