ဆံပင်အတွက် အချိန်သီးသန့် ပေးနေစရာမလိုဘဲ ဆံသားလှပနေစေမယ့် နည်းလမ်းများ

ဆံသားလေး လှပစေဖို့ ဒီအချက်လေးတွေကလည်း အရမ်း အရေးပါ ပါတယ်နော်…

ယောင်းတို့ သတိမထားမိတဲ့ ဒီအချက်လေးတွေက ဆံပင်သားအပေါ် ဒီလောက်ထိ သက်ရောက်မှုရှိနေတယ်ဆို ယောင်းဘာပြောမလဲ … အယ်လယ် 😀 .. မနောက်ဘူးနော် အတည်.. ကိုယ်သတိမထားမိတဲ့ အချက်လေးတွေက ကိုယ့်ဆံပင်ကို ထိခိုက်ပျက်စီးစေတယ်ဆိုရင် ဘာလုပ်ရဦးမလဲ.. လွယ်ပါတယ်။ ဒီအချက်လေးတွေကို သိအောင်ဖတ်ပြီး ပြင်သင့်တာပြင်၊ လုပ်သင့်တာ လုပ်ရုံပေါ့ ဟုတ်ဘူးလား.. ဒါဆို ဘယ်အချက်လေးတွေက ယောင်းရဲ့ ဆံသားကို ပြောင်းလဲစေနိုင်မလဲဆိုတာကို အက်ဒ်မင်နဲ့ အတူတူ လေ့လာကြည့်ကြရအောင်…

  • ယောင်းဆံသား နဲ့ ကိုက်ညီမယ့် ခေါင်းလျှော်ရည်ကို ရှာဖွေပါ

ဆံသားက ခြောက်သွေ့ကြမ်းတမ်းနေတာလား၊ အဆီပြန်ပြီးဝပ်နေတာလား၊ ပျက်စီးနေတာလား စသဖြင့် ဘာတွေဖြစ်နေတယ်၊ ဘာတွေ လိုအပ်နေတယ်ဆိုတာကို သေချာသိအောင်လေ့လာပြီးမှ ကိုယ့်ဆံသားနဲ့ ကိုက်ညီမယ့် ခေါင်းလျှော်ရည်ကို ရှာဖွေ သုံးစွဲပါ။ ဆံပင်က ခြောက်နေတယ်ဆို ကိုယ်က အဆီပြန်တာကို သက်သာစေတဲ့ ခေါင်းလျှော်ရည်တွေ သုံးမိနေရင် ပိုဆိုးသွားမှာပေါ့ ဟုတ်တယ်ဟုတ် .. ဒါကြောင့် ကိုယ်နဲ့ မသင့်လျော်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုခြင်းကို အထူး အထူးကို သတိထားသင့်ပါတယ် ယောင်းတို့ရေ…

  • မှန်ကန်တဲ့ ခေါင်းလျှော်နည်း ဖြစ်ပါစေ

ခေါင်းလျှော်ရည် ပမာဏ အများကြီး မသုံးပါနဲ့ … ခေါင်းလျှော်ရည် ပမာဏ များများသုံးခြင်းက ဆံသားလှပခြင်းက တိုက်ရိုက်အချိုးမကျပါဘူး ယောင်းရေ… ခေါင်းမလျှော်ခင်မှာ ခေါင်းအရင်ဖြီးချလိုက်ပါ… ခေါင်းလျှော်ရည်ကိုလက်ထဲမှာ ထည့်ပြီးတော့ အမြုပ်ထအောင်လုပ်ပြီးတော့မှ ဦးရေပြားပေါ် တင်ပြီး နှိပ်နယ်ပေးပါ… လက်သည်းနဲ့ ကုတ်ဖဲ့တာမျိုး မလုပ်ဖို့တော့ မှာပါရစေယောင်းရေ.. လက်သည်းနဲ့ ကုတ်မိလို့ ပေါက်သွားပြဲသွားတာမျိုးဆို ပိုးဝင်တာတွေ၊ ဘာတွေဖြစ်နိုင်တဲ့အပြင် ဆံပင်တွေကိုလည်း ပျက်စီးကျိုးကြေစေပါတယ်လို့…

Related Article >>> ပုံစံမကျတဲ့ဆံပင်တွေကို အချိန်တိုအတွင်းပြုပြင်နိုင်မည့်နည်းလမ်းများ

  • ရေပူကို တတ်နိုင်သလောက် မသုံးပါနဲ့ 

အေးတဲ့ အချိန်မှာဆိုရင် ရေပူကို သုံးပြီး ခေါင်းလျှော်လေ့ရှိကြပါတယ်… အဲ့ဒါကတကယ်တော့ ယောင်း ဆံသားလေးတွေ အတွက် မကောင်းပါဘူးနော်… ရေပူက ဆံပင်တွေကို အရောင်လွင့်စေပြီးတော့ အဆီထုတ်တဲ့ ဂလင်းလေးတွေကို လှုံ့ဆော်ပေးနိုင်ပါတယ် … အဆီပြန်တဲ့သူဆို ပိုဆိုးပေါ့ ယောင်းတို့ရယ်… သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဦးရေပြား နဲ့ ဆံသားပေါ်မှာ ကပ်ညှိနေတဲ့ အညစ်အကြေးလေးတွေကို ဖယ်ရှား ပေးနိုင်ဖို့ ကြက်သီးနွေးရေလောက်ကိုတော့ အသုံးပြုဖို့ လိုအပ်ပါတယ်… ပြီးရင်တော့ ရေအေးအေး လေးကို သုံးပြီးတော့ ခေါင်းပြန်လျှော်ဖို့ ကိုတော့ မမေ့ပါနဲ့နော်…

  • ဆံပင်ပုံသွင်းတဲ့ အပူပေးပစ္စည်းများ အသုံးများခြင်း

 

ဆံပင်ဖြောင့်စက် ၊ ဆံပင်ကောက်စက် အစရှိတဲ့ အပူပေးပစ္စည်းတွေက ဆံသားရဲ့ ပျောင်းနွဲ့လှပမှုနဲ့ တောက်ပမှုတွေကို လျော့စေတာကြောင့် တတ်နိုင်သလောက် အသုံးမပြုတာ အကောင်းဆုံးပါ… မဖြစ်မနေအမြဲ အသုံးပြုရမယ် ဆိုရင်တော့ thermal protective spray (အပူဒဏ်ခံတဲ့ ဖြန်းဆေး) ကို အသုံးပြုပေးနော်… ဆံသားလေးတွေ ခြောက်သွေ့ပြီး ကျိုးကြေတာမျိုး မဖြစ်စေဖို့ အတွက် ဒီအချက်လေးက အရေးကြီးဆုံး ဆိုလည်း မမှားပါ ဘူးယောင်းရေ…

  • ဆံပင်နဲ့ ဦးရည်ပြားကို ပုံမှန် အာဟာရ ဖြည့်ပေးပါ

ခြောက်သွေ့တဲ့ ဆံသားပိုင်ရှင် ယောင်းယောင်းတို့ ကတော့ conditioner (ပျော့ဆေး) ဒါမှမဟုတ် ဆံပင်ပေါင်းဆေးကို အသုံးပြုပေးဖို့ လိုကိုလိုမှာပါ… ရေများများသောက်ပေးဖို့လည်း မမေ့ပါနဲ့ ယောင်းရေ… ရေများများ သောက်ပေးခြင်းက ဆံပင်နဲ့ ဦးရေပြားအတွက်ပဲ ကောင်းတာမဟုတ်ဘဲ အသားအရေ လှစေဖို့ နဲ့ ယောင်းရဲ့ကျန်းမာရေးအတွက်ပါ အများကြီး အကူအညီ ဖြစ်ပါတယ်နော်… ဆံသားလေးကို အခြောက်ခံပြီးတဲ့ အချိန်မှာလည်း hair serum ဒါမှမဟုတ် အဆီ တစ်မျိုးမျိုးကို လိမ်းပေးဖို့ မမေ့ပါနဲ့ ယောင်းတို့ရေ…

ဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့ ဆံပင်လေးတွေကို လှပအောင် ဘယ်လို ဂရုစိုက်နေရမယ်ဆိုတာ မှန်းမိလောက်ပြီဟုတ် ? တကယ်လို့ ယောင်းတို့မှာလည်း ကိုယ်ပိုင်လျှို့ဝှက်နည်းလေးတွေရှိနေရင်လည်း ပြန်ပြောပေးခဲ့ကြဦးနော်…

လှပပြီးတော့ တောက်ပတဲ့ ဆံသားအလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ ယောင်းကလေးတို့ရေ…

Akari (For Her Myanmar)

Source –talkchick, worldhealthcare,curejoy