အနုပညာဟာ ဘာကြောင့်မရှိမဖြစ်လိုအပ်တာလဲ??

ဘဝမှာ ရုန်းကန်ရတာတွေ၊ ပင်ပန်းရတာတွေ၊ အားတင်းရတာတွေ၊ အလျှော့ပေးရတာတွေ စတဲ့ မဖြစ်ချင်တဲ့အရာတွေ တန်းစီဖြစ်နေကြတာမလား?? ခုစာဖတ်နေရင်းနဲ့တောင် တစ်ဘက်က တခြားတွေးစရာတွေ အများကြီးရှိနေမှာ တို့သိပါတယ်နော်။ ခဏလေးရပ်ပြီး အနားပေးလိုက်ပြီး အနုပညာလေးတွေ ခံစားလိုက်ကြရအောင်..

ယောင်းတို့ရေ…
ခံစားမှု အနုပညာဆိုတာ လူတိုင်းရဲ့ ဘဝမှာလိုကိုလိုအပ်တယ်လို့ အက်ဒမင်ကတော့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေကို စကားလုံးတွေ၊ အမူအရာတွေနဲ့ ဖော်ပြဖို့ မစွမ်းသာတော့တဲ့အခါ အနုပညာကတစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေလို့ပါပဲ။
ခုအက်ဒမင် ယောင်းလေးတို့ ဘဝမှာ အနုပညာရသတွေ ဘာကြောင့်လိုအပ်လဲ ဆိုတာ ပြောပြပေးမယ်နော်…..

၁) အနုပညာက ဖန်တီးခဲ့တဲ့ အတိတ်တွေနဲ့ ဖြစ်အင်တွေကို ပြန်ပြောပြပါတယ်။

အနုပညာရှင်တွေ ဖန်တီးခဲ့တဲ့အချိန်က ဖြစ်ရပ်တွေက သူတို့အတွက်တော့ ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါ။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ သူ့အတွေ့အကြုံတွေကို အနုပညာကနေတစ်ဆင့် ခံစားနိုင်တာဟာ ကိုယ့်အတွက်လဲ မတူကွဲပြားတဲ့ ကမ္ဘာတစ်ခုကို အလည်သွားလိုက်ရသလို ခံစားစေနိုင်လို့ပါ။

Related Article >>> အချစ်ဆိုသည်မှာ

၂) စိတ်ခံစားမှုအားကောင်းလာစေပါတယ်။

အနုပညာတစ်ခု ရသတစ်ခုမှာ ကိုယ်ဟာနစ်မျောသွားတယ်ဆိုတာ ဒီအနုပညာနဲ့ ကိုယ့်စိတ်ခံစားချက်တို့က မမြင်နိုင်တဲ့ ဆက်နွယ်မှုတွေရှိနေလို့ပါတဲ့။ ဒီလို ထပ်တူကျသွားတဲ့အချိန်မှာ အနုပညာသည်ရဲ့စိတ်ကို တစ်ထပ်တည်းခံစားလာရပြီး စိတ်ခံစားမှုတွေက အရင်ကထက် ပိုပြီးသိမ်မွေ့နူးညံ့လာလို့ပါ။

၃) အနုပညာဆိုတာ ဆက်သွယ်မှုတစ်မျိုးပါ။

အနုပညာဆိုတာ ကြားခံနယ်တစ်မျိုးပါ။ ကိုယ့်မှာရှိနေတဲ့ အတွေးတွေ၊ အမြင်တွေ စိတ်ကူးတွေကို ဘယ်လိုထုတ်ပြရမှန်းမသိတော့တဲ့အခါ အနုပညာကနေတစ်ဆင့် ဖော်ပြကြပါတယ်။ ဒါကြောင့် ကိုယ်ခံစားနေရတဲ့ အရာတွေကို ပြောပြထုတ်ပြနိုင်ဖို့ အနုပညာဆိုတာ လိုကိုလိုအပ်ပါတယ် ယောင်းလေးတို့ရေ…

Related Article >>> လူသားတစ်ဦးနှင့် သူ၏အကောင်းမြင်စိတ်

၎) အနုပညာဆိုတာ ကုသခြင်းတစ်မျိုးပါ။

ကိုယ်ကအနုပညာဖန်တီးသူဖြစ်စေ၊ ခံစားသက်ဝင်သူဖြစ်စေ အနုပညာဆိုတာ ခန္ဓာကိုယ်နဲ့ စိတ်ကို သက်ဝင်လှုပ်ရှားစေပြီး တစ်ဖန်ပြန်လည်လန်းဆန်းစေပါတယ်။ အနောက်နိုင်ငံတွေမှာဆို ကလေးတွေကို ဥာဏ်ရည်မြင့်မားပြီး ခံစားသက်ဝင်မှုအားကောင်းလာစေဖို့ အနုပညာကုထုံး လေ့ကျင့်ခန်းတွေကိုပါ လုပ်ဆောင်စေတာမျိုးတွေ ရှိပါတယ်နော်။

၅) အနုပညာက အရာရာကိုအကောင်းမြင်စေပါတယ်။

ယောင်းလေးတို့ အနုပညာကို ခံစားသက်ဝင်သွားတဲ့အချိန်က အရာရာကို အကောင်းမြင်စိတ်တွေနဲ့ပဲ ကြည့်ပြီး အားလုံးဟာလှပတယ်လို့ ခံစားလိုက်ရမယ့်အချိန်ပါပဲ။ ဘာလို့လဲဆိုတော့ အနုပညာခံစားတတ်ဖို့ ဂုဏ်တွေ စည်းစိမ်တွေ ငွေတွေ ဘာမှကိုမလိုအပ်ပါဘူး။ အနုပညာဆိုတာ ကမ္ဘာသုံးဘာသာစကားတစ်ခုပါ။ ငြိမ်းချမ်းခြင်းရဲ့ မူလသင်ရိုးဖြစ်လို့ပါ။

အက်ဒမင် ကြိုက်ရတဲ့ အနုပညာသည်တစ်ယောက်ပြောတာရှိပါတယ်။ အနုပညာကို ဖန်တီးတတ်တဲ့လူကိုမှ အနုပညာသည်လို့ခေါ်တွင်တာမဟုတ်ပါဘူး။ သူဖန်တီးတဲ့ အနုပညာကို နက်နဲနေအောင် ခံစားတတ် ခံယူတတ်တဲ့သူကိုလဲ အနုပညာလို့ခေါ်တွင်ပါတယ်တဲ့။
ယောင်းလေးတို့ဘဝမှာလဲ စိတ်ဖိစီးမှုတွေများလာရင် ဖိအားတွေမြင့်တက်လာရင် အနုပညာတစ်မျိုးမျိုးကို ခံစားဖို့ မမေ့လျော့ပါနဲ့နော်….

Thu ( For Her Myanmar )

Reference : thecommissionedartbylindy

Thu
Thu

ကိုယ့်အတွေ့အကြုံ ခံစားချက်တွေကို blog လေးတွေကနေ လိုလိုလားလား မျှဝေပေးချင်သူတစ်ယောက်ပါ။ Mood အလိုက် feel ပြီးရေးရတာ သိပ်သဘောကျပါတယ်။ 😁😁