သင်္ကြန်တွင်း အိမ်တွင်းပုန်းသမားတွေရဲ့ စပယ်ရှယ် အားသာချက် (၄)ချက်

အားကျတယ်တော့ လုပ်လိုက်ပါ … 😛 

နိဒါန်း မချီတော့ပါဘူးကွယ်… အိမ်တွင်းပုန်းလေးတွေရဲ့ ဘဝ ဘယ်လိုတွေ သာယာနေလဲ တစ်ချက်ရှိုးလိုက်။

(၁) အားရပါရ အိပ်နိုင်ခြင်း

ဒီအချိန်က ကိုယ့်အိမ်ကိုယ်ရာကို ပြန်ရောက်သူဖြစ်နေပါစေ စိတ်လွှတ်ကိုယ်လွှတ်အိပ်လို့ရပါတယ်။ အလုပ်အကြောင်း ၊ ရည်းစားဟောင်းအကြောင်းတွေ ဒိုးစမ်းပါ.။ ဆွေးနေ ငေးနေဖို့ မလိုပါဘူး…  ကိုယ်အတွက် အားဖြစ်စေမယ့် အိပ်ခြင်းကို ဒီလူတွေ အကျိုးရှိရှိ အသုံးချတတ်တာပါ။ မနက်ဆိုလည်း နေဖင်ထိုးတဲ့ထိ အိပ်၊ နေ့လည်စာနဲ့ညစာပေါင်းစားလည်းအရေးလား အိပ်တာက ရောဂါရတာမှ မဟုတ်တာလေ.. နော်။

(၂) အချိန်မရွေး စားသောက်နိုင်ခြင်း 

အို… လည်ပတ်နေတဲ့သူတွေ လမ်းဘေးက တွေ့ကရာ ဝယ်စားနေရတဲ့အချိန် ကိုယ်တွေက ရေခဲသေတ္တာရှေ့ အချိန်မရွေး သွားနိုင်သူတွေပါ။ အိပ်ယာထလာလို့ ယောင်တောင်တောင် ဘာလုပ်ရမှန်းမသိ….စားပါတယ်။ မ ဆာသေးလည်းစားပါတယ်။ စားနေရင်း သောက်နေရင်း ထပ်ဆာလာရင်တောင် အဆင်သင့်ထပ်စားလို့ရပါတယ်။ ကိုယ့်အကြိုက်အစားတွေ ဝယ်ထားဖို့တော့လိုတာပေါ့နော်။ 😛 စိတ်လိုရင် ခေါက်ဆွဲပြုတ် ကို ရှယ်ပြုတ်နည်းတွေဘာတွေလည်း အင်တာနက်က ရှာပြီး လက်စွမ်းတွေကို ပြလို့ရပါတယ်။

Related article >>> ယိုးဒယားအပ်မှိုထောင်း နှင့် အပ်မှိုကြွပ်ကြော်

(၃) စိတ်ကြိုက်ရုပ်ရှင် ထိုင်ကြည့်နိုင်ခြင်း

ရေတွေကြားထဲ.. ဘာလုပ်မှာလဲ.. သာသာယာယာ ကိုယ့်မျက်စိရှေ့ ရောက်လာတဲ့ တီဗီအစီအစဉ်တွေ ရုပ်ရှင်တွေ ထိုင်ကြည့်တယ်လေ။ TVက လာတဲ့ သင်္ကြန်မိုးကား ပဲ ကြည့်မလား ။ သင်္ကြန်အိမ်ပြင်လျှောက်မလည် လည်း တီဗီထဲ လည်လို့ရတာပဲ။ သင်္ကြန်ဇာတ်ကားတွေ မကြည့်ချင်ဘူးဆိုလည်း LIVE လွှင့်နေတဲ့ သင်္ကြန်မြင်ကွင်းတွေကို ကိုကာကိုလာလေး တစ်ငုံသောက်လိုက်… အာလူးကြော်လေး တစ်ဖတ်စားလိုက်နဲ့ ပျော်မွေ့လို့ရပါတယ်။

(၄) သဘောရှိ ကလောရှိ အွန်လိုင်း သုံးခြင်း

အွန်လိုင်းမှာ ကိုယ်လုပ်လို့ရတဲ့ အရာတွေ အများကြီးရှိပါတယ်။ သယ်ရင်းတွေနဲ့ အလွမ်းသယ်မလား…? ဒီနိုင်ငံတွင်းရှိ ကိုယ်လိုသူလို အိမ်တွင်းပုန်းနေသူတွေ… နိုင်ငံခြားက သယ်ရင်းတွေနဲ့ စပယ်ရှယ် လေပေါလို့ရတဲ့ အချိန်လေးပေါ့။ check in တင်သမျှ သယ်ရင်းတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း တိုက်ရိုက် စပ်စုလို့ရပါတယ်။ အွန်လိုင်းပေါ်က ရှိသမျှ သီချင်းတွေ ရုပ်ရှင်တွေကို ဒေါင်းပြီး ခံစားလို့ရသလို… ကိုယ်တိုးတက်ရာ တိုးတက်ကြောင်းအတွက် လေ့လာလို့ရမယ့် စာတွေကို အေးဆေး အချိန်ပြီး လေ့လာလို့ရပါတယ်။

Related article >>> ကိုရီးယားရဲ့ နာမည်ကြီး ဝက်ဆလပ်ကို အိမ်မှာလုပ်စားကြမယ်

ဆိုတော့ကား…. သင်္ကြန်ငါးရက်လုံး သူများတွေ ခရီးထွက်လို့ အသားတွေမဲ ပိုက်ဆံတွေ နင်းကန်ကုန်လာသူတွေ သင်္ကြန်တွေ စွတ်လည်ပြီး အသားအရည်ပျက်စီးပါပြီလို့ အော်နေတဲ့ သူငယ်ချင်းတွေကြား ကိုယ်ကတော့ အိမ်တွင်းပုန်းနေလို့ စားလိုက်သောက်လိုက် အိပ်လိုက်စားလိုက်နဲ့ ဝဖီးပြီး ရေဆေးငါးကြီးပမာ လူမွှေးသူမွှေးပြောင်နေမှာကို ဂုဏ်ယူလိုက်ပါ။ ကိုယ်လို အိမ်တွင်းအောင်းပြီး သင်္ကြန်လည်းပြီး ရေဆေးငါးဖြစ်နေမယ့် သူငယ်ချင်းတွေကို Tagတွဲလိုက်ဦးနော်။

Wai Zin (For Her Myanmar)

Wai Zin
Wai Zin

နာမည်ကတော့ ဝေဇင်ဦး ပါ။အသက်ကတော့ ၂၄ ။စာပေနဲ့ပတ်သက်ရင် ဝါသနာက တားမနိုင်စီးမရ မို့လို့ စာတွေရေးရမယ်ဆို ထမင်းမေ့ ဟင်းမေ့တတ်တဲ့သူပေါ့။ အမျိုးသမီးထု အတွက် တစ်တပ်တစ်အားဖြစ်ရမယ် ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားရင်း စာတွေပိုရေးဖြစ်ပါတယ်။

error: Content is protected !!