သာမန်ထက် အရသာတစ်မူထူးနေမယ့် ဂျပန်စတိုင် ထမင်းကြော် (၂) မျိုး

ကြော်စားကြည့်.. အရမ်းကောင်းတယ်

ယောင်းတို့ရေ..

ထမင်းကြော်ဆိုသော်ငြားလည်း တစ်နေ့လာလည်း ပဲပြုတ်ထမင်းကြော် တစ်နေ့လာလည်း ဆီနဲ့လှိမ့်ထားတဲ့ ထမင်းကြော်ထက် အကုန်အကျလည်း သိပ်မများ အရသာလည်း ပိုရှိတဲ့ ဒီလို ဂျပန်စတိုင်လ် ထမင်းကြော်လေး ဆိုရင်ရော.. … ကိုယ်ကိုယ်တိုင်လည်း ကြော်လို့ရသလို ဟင်းချက်သူ မေမေတို့ကိုလည်း ညွှန်းနိုင်ပါတယ်နော်။

ရှလွတ် ရှလွတ် 😛

ဂျပန်စတိုင်လ် ကြက်သွန်ဖြူ ထမင်းကြော်

ထမင်း                                ၂ ခွက် နဲ့ တစ်ဝက်

ကြက်ဥ                              ၂ လုံး

ကြက်သွန်ဖြူ                      ၁၀ မွှာ

ပဲငံပြာရည်အကြဲ                 စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား                              စားပွဲတင်ဇွန်း ၂ ဇွန်း

Mirin (ဂျပန်ဟင်းခတ်အရည်)စားပွဲတင်ဇွန်း ၂ ဇွန်း

ခရုဆီ                                 စားပွဲတင်ဇွန်း ၁ ဇွန်း

ငါးငံပြာရည်                         လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နှမ်းဆီ                                စားပွဲတင်ဇွန်း ၁ ဇွန်း

ဆား                                   လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်ကောင်းမှုန့်                 အနည်းငယ်

Related article >>> လွယ်လွယ်ကူကူ အသားလုံးကြော် (၃) မျိုး

အရင်ဆုံး ထမင်းကြော် အရသာအရည်အသွေး တိုးမြှင့်ပေးနိုင်မယ့် ဆော့စ်လေး အရင်ပြင်ပါမယ်။ ဆော့စ်ထဲမှာတော့ ပဲငံပြာရည်အကြဲ ၊ သကြား ၊ mirin ၊ ခရုဆီ ၊ ငါးငံပြာရည် ၊ နှမ်းဆီတို့ကို ရောစပ်ထားပါမယ်။

ပြီးရင် အိုးထဲကို ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ကြက်သွန်ဖြူ လှီးထားတာလေးတွေကို ထည့်ပြီးတော့ ကြက်သွန်ဖြူ ဆီသတ်ပေးပါ… ပြီးတာနဲ့ ပန်းကန်လုံးတစ်ခုထဲကို ဆယ်ထားပေးလိုက်ပါ။ နောက်ထပ် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပြီးတော့ ကြက်ဥခေါက်ထားတာလေးတွေကို ထည့်ကြော်ပေးပါ… ကြက်ဥလေးတွေရပြီဆိုရင်တော့ ဘေးမှာ ခဏထားလိုက်ပြီး ထမင်းကြော်ဖို့အတွက်  ဆီစားပွဲတင်ဇွန်းတစ်ဇွန်းစာကို ထည့်ပေးလိုက်ပါ… ပြီးရင် ထမင်းထည့်ပြီး ငရုတ်ကောင်းမှုန့်နဲ့ ဆားပါ အချိုးအဆအတိုင်းထည့်ပေးပါ။ နောက်ပြီး ကြက်သွန်ဖြူကြော်ထားတာလေးတွေထဲက တစ်ဝက်ကိုပါ ထည့်ပေးလိုက်ပါ။ ပြီးပြီဆိုရင်တော့ အကုန်ရောပြီး ၁ မိနစ်ကျော် လောက် အချိန်ပေးပြီး ကြော်ပေးလိုက်နော်… တစ်ချိန်တည်းမှာပဲ ပြင်ဆင်ထားတဲ့ ဆော့စ်ကို ထမင်းထဲမှာ ရောထည့်ပြီး ကြော်ပေးနော်… ကျက်ခါနီးပြီဆိုရင်တော့ ကျန်တဲ့ကြက်သွန်ဖြူကြော်ထားတာလေးတွေကို ပါ ရောကြော်ပြီးသွားရင်တော့… ဂျပန်စတိုင်လ် ကြက်သွန်ဖြူ ထမင်းကြော်လေး ရပါပြီ။

အသားလေးနဲ့ ဆိုတော့ ပိုစားကောင်းတာပေါ့ 😛

ဂျပန်စတိုင်လ် ကြက်သားထမင်းကြော်

ကြက်ရင်ပုံသား                        ၃ ပုံ ၁ ပုံ

ပြောင်းဖူး ၊ မုန်လာဥနီ              စားပွဲတင်ဇွန်း ၂ ဇွန်း

မှို                                           ၁ ခု

ထမင်း                                   ပန်းကန်လုံး ၁ လုံးစာ

ဆား                                      အနည်းငယ်

ငရုတ်ကောင်းမှုန့်                    အနည်းငယ်

Ketchup                              စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ တစ်ဝက်

Related article >>> နို့တိုက် မေမေတွေ အားရှိအောင် စားသင့်တဲ့ အစားအစာ ၈ မျိုး

မှိုကိုပါးပါးလှီးပြီးတော့ အသင့်ပြင်ထားပေးပါ… ကြက်သားကိုလည်း တစ်ကိုက်စာအရွယ်အစားလေးတွေ လှီးပေးထားပြီး ပြောင်းဖူးနဲ့ မုန်လာဥနီကိုလည်း အဆင်သင့်ပြင်ထားပေးပါ။ အဲဒါတွေပြီးရင်တော့ ပထမဆုံး ကြက်သားကို အရင်ကြော်ပေးပါ။ ပြီးရင် မှိုက နူးတာ ကြာတဲ့အတွက်ကြောင့် မှိုကို အရင်ထည့်… ပြီးမှ ပြောင်းဖူး ၊ မုန်လာဥနီတို့ကို ထည့်ပါ။ ဟင်းသီးဟင်းရွက်လေးတွေ နူးခါနီလောက်မှ ထမင်းကို Ketchup ဆော့စ်နဲ့ ရောကြောက်လိုက်ပါ။  နောက်ဆုံး အရသာလေး ပိုကောင်းသွားအောင် ဆားနဲ့ ငရုတ်ကောင်းမှုန့် ကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ကြက်သားထမင်းကြော်လေး စားဖို့ အဆင်သင့် ဖြစ်သွားပါပြီ။

Akari (For Her Myanmar)

Photo Credit – Cocinayvino , Bear Naked Cookbook

Source – Yummies4Dummies, TabiEats, Bear Naked Cookbook

error: Content is protected !!