ဒီလိုမျက်နှာပေါင်းတင်ကပ်ခွာလေးတွေတော့ တွေ့ဖူးသေးဦးမယ် မထင်ပါ

ဘာလေးတွေလား…အဆန်းတွေ!!!

ဒီနေ့ခေတ်မှာ မိန်းကလေးတွေဟာ မျက်နှာကိုအလှအပပြင်ရုံတင်မက ကိုယ့်အသားအရေကို ဘယ်လိုကောင်းကောင်းထိန်းသိမ်းသင့်တယ်ဆိုတာ ပိုသိနားလည်လာကြပါပြီ။ အသားအရေထိန်းသိမ်းရာမှာ မပါမဖြစ်တဲ့ ပေါင်းတင်တာကိုလည်း အချိန်ပေးပြုလုပ်လာကြပါတယ်။ ပေါင်းတင်တာမှာလည်း နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဲ့ဒီနည်းလမ်းတွေထဲကမှ Sheet Mask လို့ခေါ်တဲ့ ပေါင်းတင်မျက်နှာဖုံးကို အသုံးပြုပြီး ပေါင်းတင်တာဟာ အသုံးပြုရလွယ်ကူပြီး ထိရောက်မှုရှိတာကြောင့် လူကြိုက်များတဲ့နည်းလမ်းတစ်ခုပါ။ ဒီလို လူကြိုက်များလာတာနဲ့အမျှ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီတွေက ပေါင်းတင်မျက်နှာဖုံးတွေကို သမားရိုးကျမဟုတ်ပဲ ထူးထူးခြားခြားပုံစံတွေနဲ့ပါ ထုတ်လုပ်လာကြပါတယ်။

ဒါကြောင့် ယောင်းတို့အနေနဲ့ ဘယ်လိုထူးထူးခြားခြား Sheet Mask လေးတွေရှိလဲဆိုတာ သိနိုင်ဖို့ အက်ဒ်မင်ကရှာဖွေတင်ပြလိုက်ရပါတယ်နော်။

Related Article >>> အက်မင်ကိုယ်တိုင် လုပ်ကြည့်ခဲ့တဲ့ မျက်နှာပေါင်းတင်နည်း

၁။ ပျားဆိပ်ပေါင်းတင် Sheet Mask

ဒီ Sheet Mask ကတော့ ပျားကောင်လေးတွေရဲ့ အဆိပ်ကိုထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ ဒီလို ပျားအဆိပ်ကို ထည့်သွင်းအသုံးပြုရင် အသားအရေတင်းရင်းခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ ဆဲလ်အသစ်များပြန်လည်မွေးဖွားလာစေနိုင်ခြင်း၊ အသားအရေပိုမိုနူးညံ့စေခြင်း၊ ပိုမိုဝင်းပလာစေခြင်းတို့ ဖြစ်ပေါ်စေတယ်လို့သိရပါတယ်။

ရွှေနဲ့ပေါင်းတင်ရင်တော့ ရွှေလိုဝင်းပြီပေါ့၂။ ရွှေ Sheet Mask

နောက် Sheet Mask ကတော့ ၂၄ကာရက်ရွှေနဲ့ ပြုလုပ်ထားတဲ့ Sheet Mask တွေဖြစ်ပြီး ရွှေပါဝင်တာကြောင့် အသားအရေကို ဝင်းလက်တောက်ပစေတယ်လို့သိရပါတယ်။ ဒါ့အပြင် ရွှေရဲ့သဘာဝဂုဏ်သတ္တိက ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဆပ်ပြာမြှုပ်လေးတွေက အူယားစရာ

၃။ ဆပ်ပြာမြှုပ် Sheet Mask

Bubble Sheet Mask တွေကျတော့ ထူးဆန်းရုံမက ချစ်ဖို့တောင်ကောင်းနေရော။ သူ့ရဲ့ထူးခြားချက်က စစသုံးခြင်းမှာ တစ်ခြားSheet Mask တွေလိုပဲလို့ထင်ရပေမယ့် မိနစ်အနည်းငယ်အတွင်းမှာ ဆပ်ပြာမြှူပ်လေးတွေထလာပါသတဲ့။ ဒီလို ဆပ်ပြာမြှုပ်လေးတွေထလာအောင် စီမံထားတဲ့ရည်ရွယ်ချက်က အသားအရေကို အောက်ဆီဂျင်ပိုမိုရရှိစေဖို့နဲ့ Sheet Mask မှာပါတဲ့ အာဟာရဓာတ်တွေကို အသားအရေက ပိုစုပ်ယူနိုင်စေဖို့လို့ သိရပါတယ်။ ဒါ့အပြင် အသားအရေကို နှိပ်နယ်ပေးသလို ခံစားရပါသတဲ့။

ဒီလို Bubble Mask တွေကို Tony Moly, Beauty Pro, Sanctuary SPA, Oh K! Life အစရှိတဲ့ တံဆိပ်တွေ ၀ယ်ယူရရှိနိုင်ပါသတဲ့။

Related Article>>>ရုံးပတီသီးနဲ့ မျက်နှာပေါင်းတင်ကြမယ်

နန်းဆန်တယ်နော်

၎။ဇာမျက်နှာဖုံးပုံစံ Sheet Mask

ဒီ Sheet Mask လေးတွေကတော့ သုံးပြီးရင် ပစ်ရက်စရာတောင် ရှိမယ်မထင်ဘူးနော်။ ဒီလို Sheet Mask လေးတွေကို အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ အသားအရေအလိုက် လိုအပ်မယ့် ဗီတာမင်တွေ၊ အသီးအနှံတွေ မျိုးစုံ ထည့်သွင်းရောင်းချကြတာမို့ ယောင်းတို့နှစ်သက်ရာကိုဝယ်ယူလို့ရပါတယ်။ ဒီ Sheet Mask လေးသုံးပြီး ယောင်းတို့ Selfie ဆွဲပြီးတင်ကြမှာ အက်ဒ်မင်သိနေတယ်နော်။ 😛

ဒီလို Sheet Mask တွေ သုံးချင်တယ်ဆိုရင်တော့ BANILA CO, Dermovia, Hey Pinkgo Girl, Eve Milan New York အစရှိတဲ့ brands တွေမှာ ရှာဖွေဝယ်ယူနိုင်ပါတယ်။

Related Article>>> အသားအရည်ဖြူဖွေးတင်းရင်းစေဖို့ သဘာဝပေါင်းတင်နည်း(၄)နည်း

ချစ်စရာလေး

5။ ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်ပုံ၊ အသီးပုံ နဲ့ ပုံစံစုံ Sheet Mask လေးများ

အခုနောက်ပိုင်းမှာတော့ Sheet Mask တွေကို အရုပ်မျက်နှာဖုံးလို တိရိစ္ဆာန်ရုပ်လေးတွေ၊ အသီးပုံလေးတွေ ပုံစံအစုံ အစုံထုတ်လုပ်ရောင်းချကြပါတယ်။ မျောက်ပုံ၊ ခွေးပုံ၊ ဖရဲသီးပုံလိုမျိုးအပြင် ချစ်စရာ မျက်နှာဖုံးပုံစံလေးတွေပါ အစုံရှိပါတယ်။ ယောင်းတို့ကို မြန်မာပြည်မှာရောင်းချနေတဲ့ တံဆိပ်တွေအများကြီးထဲမှ စိတ်ဝင်စားစရာကောင်းတဲ့ Sheet Mask ဆန်းဆန်းလေးတွေ ရရှိနိုင်တဲ့ Dermal တံဆိပ် Sheet Mask အကြောင်းလဲ ပြောပြချင်ပါတယ်။

အဲ့ဒီ Dermal Sheet Mask Sheet တံဆိပ်မှာ ရိုးရိုးဒီဇိုင်း Sheet Mask တွေအပြင် မြေခွေးပုံ၊ ပန်ဒါပုံ၊ ကျားပုံ၊ ဒေါ်လာစက္ကူပုံတွေပါရပါသတဲ့။ အက်ဒ်မင်စပ်စုကြည့်တော့ Dermal တံဆိပ်က Sheet Mask တွေ တော်တော်စုံစုံလင်လင်ကို ရှိပါတယ်။ အသားအရေအလိုက် လိုအပ်တဲ့ ဗီတာမင်တွေအပြင်၊ သဘာဝအသီးအနှံတွေကိုကြိုက်တဲ့ ယောင်းတို့အတွက် အသီးအနှံတစ်ခုချင်းစီအလိုက် ထုတ်ထားတဲ့ Sheet Mask လေးတွေပါရရှိနိုင်ပါတယ်။

နောက်ပြီး ပျားရည်၊ မီးသွေး၊ ရေညှိတို့ရဲ့ အသားအရေအတွက် ထူးခြားတဲ့ ဂုဏ်သတ္တိတွေကို ထည့်သွင်းထားတဲ့ Sheet Mask တွေအပြင် ထူးဆန်းတာတစ်ခုက မြွေဆိပ်နဲ့ပြုလုပ်ထားတဲ့ Sheet Mask ပါတဲ့။မြွေဆိပ်က အသက်အရွယ်ကြောင့် ရင့်ရော်မှုကို ကာကွယ်ပေးပါသတဲ့။

ဒီလို ထူးထူးဆန်းဆန်း Sheet Mask လေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ Facebook က Dermal Myanmar ဆိုတဲ့ Page မှာ သွားရောက်လေ့လာနိုင်ပါတယ်။ Sheet Mask အမျိုးအစားပေါင်း ၄၀ကျော်ဆိုတော့ ယောင်းတို့စိတ်ကြိုက်သာရွေးပေတော့။ အထူးအဆန်းကြိုက်တဲ့ ယောင်းတို့အတွက် လက်တို့လိုက်တာပါနော်။

 

Sugar Cane

References www.bustle.com,

www.amazon.com

Dermal Myanmar Facebook Page

Sugar Cane
Sugar Cane

ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

error: Content is protected !!