ႈInterview

အမ်ိဳးသမီးေတြ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ဖို႔ မသႏာၱလႈိင္ေျပာျပတဲ့ အႀကံျပဳခ်က္ (၃) ခ်က္

ေယာင္းတို႔ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ေစဖို႔ မသႏာၱလႈိင္က ဘယ္လိုအႀကံေပးသြားလဲ

ေယာင္းတို႔ေရ…လြန္ခဲ့တဲ့ရက္ေတြတုန္းက မသႏာၱလႈိင္နဲ႔ ျပင္သစ္ယဥ္ေက်းမႈဌာနက က်င္းပတဲ့ “So What” campaign ေလးမွာ ႀကံဳတုန္းဆံုတုန္း စကားစျမည္ေျပာျဖစ္ခဲ့ပါတယ္။ မသႏာၱလႈိင္ကို အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ဖို႔ ဘာေတြလိုအပ္တယ္ထင္လဲဆိုတဲ့ ေမးခြန္းေလးေမးျဖစ္ခဲ့တဲ့အခါ မသႏာၱလႈိင္က သူ(မ)ရဲ႕ ထင္ျမင္ခ်က္ေလးေတြကို ဒီလိုေဝမွ်ခဲ့ပါတယ္။

သူမ်ားေတြရဲ႕အျမင္ကို ေခါင္းထဲမထည့္ပါနဲ႔

အရင္ဆံုး သူမ်ားက ကိုယ့္ကိုဘယ္လိုထင္မလဲ၊ သူမ်ားေတြ ကိုယ့္ဆီက ဘာေတြေမွ်ာ္လင့္လဲ၊ ဘာေတြလုပ္ေစခ်င္မလဲဆိုတာ ေခါင္းထဲမထည့္ဘဲ ကိုယ္ျဖစ္ခ်င္တာ ဘာလဲ ၊ ကိုယ္လုပ္ခ်င္တာ ဘာလဲဆိုတာ စဥ္းစားဆံုးျဖတ္ၿပီး ဒါကိုလုပ္လိုက္ရင္ ကိုယ္တကယ္စိတ္ခ်မ္းသာမွာလား၊ ေပ်ာ္ရႊင္ေက်နပ္သြားမွာလားဆိုတာ ဦးစားေပးၿပီးေတြးပါ။

Related article>>>ကိုယ့္ကိုယ္ကိုယ္ နားလည္ႏိုင္ဖို႔ ကိုယ့္အေၾကာင္းကိုယ္ သိလာဖို႔ ဘာေတြကို ျပင္ဆင္ရမလဲ?

ေမွ်ာ္လင့္ခ်က္မထားပါနဲ႔

သူတစ္ပါးကို ဘာပဲလုပ္ေပးေပး တန္ျပန္ေမွ်ာ္လင့္ခ်က္မထားတာ အေကာင္းဆံုးပါပဲ။ ဘာလို႔လဲဆိုေတာ့ ကိုယ္လုပ္ေပးလိုက္လို႔ သူစိတ္ခ်မ္းသာသြားရဲ႕လား ၊ ေက်နပ္သြားရဲ႕လား ၊ ကိုယ့္ကိုေက်းဇူးတင္မွာလားစတဲ့ ေမွ်ာ္လင့္ခ်က္ေတြရွိခဲ့ရင္ ကိုယ္ေမွ်ာ္လင့္ထားတဲ့အတိုင္း ျပန္မတုန္႔ျပန္ဘူးဆို ကိုယ္ပဲစိတ္ဆင္းရဲရမွာမို႔လို႔ပါ။ ကူညီစရာကူညီၿပီး ဘာေမွ်ာ္လင့္ခ်က္မွ ျပန္မထားတဲ့အခါ ကိုယ္လည္းစိတ္ခ်မ္းသာရတာေပါ့။

မွီခိုျခင္းကင္းပါေစ

ကိုယ့္ကိုယ္ကိုယ္ခ်စ္တာနဲ႔ ႏွစ္တာ တျခားစီပါ။ ကိုယ္ကတစ္ေယာက္တည္းေနရတာ အားငယ္ေနတတ္တယ္၊ အၿမဲတမ္းအားကိုးစရာတစ္ေယာက္ေယာက္ကို ရွာေနတတ္တယ္ဆိုရင္ အဲ့ဒါကိုယ့္ကိုယ္ကိုယ္ခ်စ္တာမဟုတ္ပါဘူး။ ကိုယ္အတြက္ ကိုယ္ကလံုေလာက္ရဲ႕လားဆိုတာ စဥ္းစားပါ။ ကိုယ့္အတြက္ကိုယ္အခ်ိန္ေပးပါ။ တစ္ေယာက္တည္းေနရတဲ့ ကိုယ္ပိုင္အခ်ိန္ေလးေတြကို တန္ဖိုးထားတတ္လာၿပီဆိုရင္ေတာ့ ဒါကကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္ဖို႔ လမ္းစတစ္ခုပါပဲ။

Related article>>>ကိုယ့္ရဲ႕ စြမ္းေဆာင္ရည္ အျမင့္ဆံုးျဖစ္ေစမည့္ တိက်ေသခ်ာေသာ နည္းလမ္း(၄)သြယ္

ကဲ…ဒီအခ်က္ေလးေတြကေတာ့ မသႏာၱလႈိင္က ေယာင္းတို႔အတြက္ ေျပာျပေပးသြားတဲ့ ကိုယ့္ကိုယ္ကိုယ္ခ်စ္နည္းေလးေတြပါ။ ေယာင္းတို႔လည္း ဒီအခ်က္ေလးေတြကိုဖတ္ၿပီး ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္တဲ့ ယံုၾကည္မႈအျပည့္နဲ႔ အမ်ိဳးသမီးေတြျဖစ္ၾကပါေစေနာ္။

Stella (For Her Myanmar)

Photo credit>>> Thandar Hlaing Facebook

<<<Unicode>>>

ယောင်းတို့ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်စေဖို့ မသန္တာလှိုင်က ဘယ်လိုအကြံပေးသွားလဲ

ယောင်းတို့ရေ…လွန်ခဲ့တဲ့ရက်တွေတုန်းက မသန္တာလှိုင်နဲ့ ပွဲတစ်ခုမှာ ကြုံတုန်းဆုံတုန်း စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ မသန္တာလှိုင်ကို အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ ဘာတွေလိုအပ်တယ်ထင်လဲဆိုတဲ့ မေးခွန်းလေးမေးဖြစ်ခဲ့တဲ့အခါ မသန္တာလှိုင်က သူ(မ)ရဲ့ ထင်မြင်ချက်လေးတွေကို ဒီလိုဝေမျှခဲ့ပါတယ်။

သူများတွေရဲ့အမြင်ကို ခေါင်းထဲမထည့်ပါနဲ့

အရင်ဆုံး သူများက ကိုယ့်ကိုဘယ်လိုထင်မလဲ၊ သူများတွေ ကိုယ့်ဆီက ဘာတွေမျှော်လင့်လဲ၊ ဘာတွေလုပ်စေချင်မလဲဆိုတာ ခေါင်းထဲမထည့်ဘဲ ကိုယ်ဖြစ်ချင်တာ ဘာလဲ ၊ ကိုယ်လုပ်ချင်တာ ဘာလဲဆိုတာ စဉ်းစားဆုံးဖြတ်ပြီး ဒါကိုလုပ်လိုက်ရင် ကိုယ်တကယ်စိတ်ချမ်းသာမှာလား၊ ပျော်ရွှင်ကျေနပ်သွားမှာလားဆိုတာ ဦးစားပေးပြီးတွေးပါ။

Related article>>> ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်ဖို့ ကိုယ့်အကြောင်းကိုယ် သိလာဖို့ ဘာတွေကို ပြင်ဆင်ရမလဲ?

မျှော်လင့်ချက်မထားပါနဲ့

သူတစ်ပါးကို ဘာပဲလုပ်ပေးပေး တန်ပြန်မျှော်လင့်ချက်မထားတာ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်ပေးလိုက်လို့ သူစိတ်ချမ်းသာသွားရဲ့လား ၊ ကျေနပ်သွားရဲ့လား ၊ ကိုယ့်ကိုကျေးဇူးတင်မှာလားစတဲ့ မျှော်လင့်ချက်တွေရှိခဲ့ရင် ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ပြန်မတုန့်ပြန်ဘူးဆို ကိုယ်ပဲစိတ်ဆင်းရဲရမှာမို့လို့ပါ။ ကူညီစရာကူညီပြီး ဘာမျှော်လင့်ချက်မှ ပြန်မထားတဲ့အခါ ကိုယ်လည်းစိတ်ချမ်းသာရတာပေါ့။

မှီခိုခြင်းကင်းပါစေ

ကိုယ့်ကိုယ်ကိုယ်ချစ်တာနဲ့ နှစ်တာ တခြားစီပါ။ ကိုယ်ကတစ်ယောက်တည်းနေရတာ အားငယ်နေတတ်တယ်၊ အမြဲတမ်းအားကိုးစရာတစ်ယောက်ယောက်ကို ရှာနေတတ်တယ်ဆိုရင် အဲ့ဒါကိုယ့်ကိုယ်ကိုယ်ချစ်တာမဟုတ်ပါဘူး။ ကိုယ်အတွက် ကိုယ်ကလုံလောက်ရဲ့လားဆိုတာ စဉ်းစားပါ။ ကိုယ့်အတွက်ကိုယ်အချိန်ပေးပါ။ တစ်ယောက်တည်းနေရတဲ့ ကိုယ်ပိုင်အချိန်လေးတွေကို တန်ဖိုးထားတတ်လာပြီဆိုရင်တော့ ဒါကကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ လမ်းစတစ်ခုပါပဲ။

Related article>>>ကိုယ့်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်စေမည့် တိကျသေချာသော နည်းလမ်း(၄)သွယ်

ကဲ…ဒီအချက်လေးတွေကတော့ မသန္တာလှိုင်က ယောင်းတို့အတွက် ပြောပြပေးသွားတဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်နည်းလေးတွေပါ။ ယောင်းတို့လည်း ဒီအချက်လေးတွေကိုဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့ ယုံကြည်မှုအပြည့်နဲ့ အမျိုးသမီးတွေဖြစ်ကြပါစေနော်။

Stella (For Her Myanmar)

Photo credit>>> Thandar Hlaing Facebook

Stella
Stella
Stella ကေတာ့ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုကို အဓိကေဝမွ်ေပးသြားမွာပါ။ သုတရသေတြကိုလည္း လက္လွမ္းမွီသေလာက္ ေရးေပးပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *