“လုံျခံဳေႏြးေထြးတဲ့ ေမြးစားသူေတြဆီ ရင္ေသြးငယ္ေတြကို ထည့္ေပးခြင့္ရတဲ့အခါ ပိုၿပီး ၾကည္ႏူးပီတိျဖစ္ရတယ္” ဆိုတဲ့ ျမင့္မိုရ္ေမတၱာ (ခိုနားရာ)ရဲ႕ ပဲ့ကိုင္ရွင္ ေဒါက္တာျမတ္စႏၵာသန္႕နဲ႕ခဏတာ

ရင္ခြင္မဲ့ ကေလးရယ္လို႔ ေဂဟာမွာ အပ္ႏွံၿပီးတဲ့ေနာက္ သူတို႔ေလးေတြ အနာဂတ္ဟာ ဘယ္လို ျဖစ္သြားမွာလဲ? 

ေယာင္းတို႔ေရ…

“ျမန္မာႏိုင္ငံမွာ မိဘမဲ့ကေလးလို႔ သတ္မွတ္ထားခံရတဲ့ ရင္ေသြးငယ္အမ်ားစုဟာ မိဘရွိလ်က္နဲ႕ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေစာင့္ေရွာက္ႏိုင္ဘဲ မိဘမဲ့ေဂဟာကို ေရာက္ရွိေနရတာျဖစ္လို႔ မိဘမဲ့ကေလးလို႔ ေခၚမွာထက္ ရင္ခြင္မဲ့ကေလးေတြလို႔ ေခၚရင္ပိုမွန္မယ္”လို႔ ဆိုလာခဲ့တဲ့ ျမင့္မိုရ္ေမတၱာ (ခိုနားရာ) ပရဟိတေဂဟာ (အမ်ားကေတာ့ Single Mother ေစာင့္ေရွာက္ေရးေဂဟာ လို႔ သိၾကပါတယ္) ကို တည္ေထာင္ခဲ့သူ ေဒါက္တာျမတ္စႏၵာသန္႔နဲ႔ မင္မင္တို႔ For Her Myanmar ကေန အေမးအေျဖလုပ္ျဖစ္ခဲ့တာကို ေယာင္းတို႔အတြက္ ေဝမွ်ေပးခ်င္ပါတယ္…

ျမင့္မိုရ္ေမတၱာ(ခိုနားရာ)ကို တည္ေထာင္ခဲ့တာဟာ ၿပီးခဲ့တဲ့ဧပရယ္လက (၂)ႏွစ္ျပည့္ခဲ့ၿပီဆိုေတာ့ ဒီေဂဟာအေၾကာင္း ေယာင္းတို႔ သိရွိၿပီးသားျဖစ္လိမ့္မယ္လို႔ မင္မင္တို႔ကယူဆတာမို႔ ေဒါက္တာျမတ္စႏၵာသန္႔ရဲ႕ ပရဟိတ လုပ္ငန္းစဥ္ေတြထဲက တစ္ခုျဖစ္တဲ့ ရင္ခြင္မဲ့ကေလးပေပ်ာက္ေရးနဲ႔ ပတ္သက္ၿပီး ေမးျမန္းျဖစ္ခဲ့ပါတယ္… 

Related Article >>> ကုမၸဏီတစ္ခုေထာင္ဖုိ႔ဆိုတာ ေငြေတြအမ်ားႀကီး႐ွိေနမွ ျဖစ္တာမဟုတ္ဘူးလို႔ ဆိုလာတဲ့ မစႏၵီစိန္သိဏ္း

အရင္ဆံုး ေဒါက္တာ ျမတ္သန္႔က ဘယ္လို ရင္ခြင္မဲ့ကေလးေတြကို ကူညီေပးတာလဲဆိုတာ အရင္ၾကည့္ၾကရေအာင္.. 

“အစ္မတို႔ဆီမွာ လက္ခံထားတဲ့ ကိုယ္ဝန္ေဆာင္ေတြကို ကိုယ္ဝန္(၅)လကေန စလက္ခံၿပီး မီးဖြားၿပီး (၄၅)ရက္ အမ်ားဆုံး(၂)လထိ လက္ခံထားတယ္။ (၂)လမျပည့္ခင္မွာ သူတို႔စီမံစရာေတြအတြက္ အမ်ားႀကီးေတြးေတာခ်ိန္ရတယ္။ အဲဒီအခ်ိန္မွာ မိသားစုကိုလည္း ျပန္လည္ပူးေပါင္းခိုင္းထားတယ္။ ကေလးအတြက္ ဘယ္လိုေျဖရွင္းမလဲမဆိုတာ အရင္စဥ္းစားခိုင္းတယ္ ။ သူတို႔မိသားစုက ဘယ္လိုမွ ေျဖရွင္းစရာ နည္းလမ္းမရွိေတာ့ဘူးဆိုမွ ဒီကေလးကို အစ္မကယူတာ” ရယ္လို႔ သူ(မ)လက္ခံ ကူညီေပးျဖစ္ေနတဲ့ ကေလးေတြအေၾကာင္းကို ေျပာျပခဲ့ပါတယ္…  

ဒီကေလးေတြကို လက္ခံထားၿပီးတဲ့ေနာက္ေရာ ဘာေတြ ဆက္လုပ္ျဖစ္လဲဆိုတဲ့ အေၾကာင္းေလး ဆက္ေမးၾကည့္တဲ့အခါ… 

“အစ္မဆီမွာ ထူးထူးျခားျခားလုပ္တာက ေမြးစားခံခြင့္ေပးတာ။ အဲဒီေတာ့ ေမြးစားမိဘရွာတယ္… ရွာတယ္ဆိုတာက အစ္မဆီမွာ လာေတာင္းတဲ့ ေမြးစားမိဘေတြ အမ်ားႀကီးပဲ။ ၿပီးရင္ လူကယ္ျပန္( လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး)ကို အပ္တယ္။ ကေလးေရာ ေမြးစားမယ့္ မိဘကိုပါ ေခၚၿပီး အစ္မက သြားအပ္တာ။ ဒီကေလးက မိဘမဲ့ျဖစ္သြားၿပီ။ ဒီမိဘက ဒီကေလးကို လိုခ်င္တယ္ဆိုၿပီး အဲဒီလိုသြားအပ္တာ။ ဆိုေတာ့ ဆက္လုပ္ရမယ့္ စာရြက္စာတမ္း ကိစၥဘာညာ အားလုံးအစိုးရနဲ႔ပဲဆိုင္သြားတာေပါ့”  

ေယာင္းတို႔ေတာ့ မသိဘူးရယ္ .. မင္မင္ကေတာ့ လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနမွာ ဒီလိုရင္ခြင္မဲ့ကေလးေတြကို လက္ခံေစာင့္ေရွာက္ ေပးတဲ့အေၾကာင္း ဒီလိုစကားစပ္မိမွပဲ သိခြင့္ရေတာ့တယ္္..

Related Article >>> ရာထူးတူတဲ့ဝန္ထမ္းခ်င္း လစာဘာေၾကာင့္ကြာသြားတာလဲ (ပေရာ္ဖက္ရွင္နယ္ HR မထူးသန္႔စင္နွင့္ေတြ႕ဆုံျခင္း)

ဒါဆို ကေလးေမြးစားခြင့္ကိုေရာ ဘယ္လိုလူေတြက ရတတ္တာလဲ? 

“အစ္မက ကေလးေမြးစားခြင့္ေပးတဲ့အခါ ပစၥလကၡတ္လည္း မလုပ္ဘူး။ အစ္မ မ်က္စိေရွ႕မွာတင္ တင္းတင္းၾကပ္ၾကပ္ လုပ္ထားတာျဖစ္လို႔ ယုံၾကည္ရတဲ့ လူကိုပဲ ေပးတယ္။ မ်ားေသာအားျဖင့္ အစိုးရဝန္ထမ္းေတြေပါ့ ၊ တပ္ရင္းမွဴးဆီ ေရာက္သြားတဲ့ကေလးရွိတယ္၊ ညႊန္ၾကားေရးမွဴးဆီ  ေရာက္သြားတဲ့ကေလးရွိတယ္၊ ကုမၸဏီပိုင္ရွင္ဆီေရာက္သြားတာ ရွိတယ္၊ အမ်ိဳးမ်ိဳးေပါ့” 

ဒီစကားကို ၾကားရၿပီးတဲ့ေနာက္မွာ ကာယကံရွင္ ကေလးေတြေတာ့ မသိဘူး.. မင္မင္တို႔က ၾကားထဲက ဝမ္းသာလိုက္တာဆိုတာ .. ဆင္းရဲတဲ့မိဘ၊ သူတို႔ကို ေမြးျမဴရမွာ အဆင္မေျပတဲ့ မိဘေတြက ေမြးဖြားလာခဲ့ေပမဲ့ သူ႔တို႔ရဲ႕ကံတရား အလွည့္အေျပာင္းက ေကာင္းဖို႔ျဖစ္လာတယ္ပဲ ဆိုရမွာေပါ့ ေယာင္းတို႔ေရ… 

Related Article >>> “ပိပိတို႔ စကားဝိုင္း”ကို ျမန္မာႏိုင္ငံမွာ စၿပီး မိတ္ဆက္ေပးခဲ့တဲ့ မနႏၵာေျပာျပတဲ့ “ဘုန္း” နဲ႔ Feminism အေၾကာင္း

ဒီလိုဆို ကေလးလိုခ်င္ၿပီး ကေလးမရတဲ့သူတိုင္း ေမြးစားခြင့္ရွိတာလား ဆိုတာေလးလည္း တစ္ခ်က္ေမးၾကည့္ျဖစ္တဲ့အခါ… 

“ႏိုင္ငံေတာ္အေနနဲ႔ေတာ့ ေမြးစားခြင့္ဥပေဒနဲ႔ အုပ္ထိန္းခြင့္ဥပေဒကို ညိွႏႈိင္းၿပီး ျပန္ေရးေပးဖို႔လိုမယ္။ အခုေရးထားတာက အရမ္းတင္းၾကပ္ေနတယ္။ အရမ္းတင္းၾကပ္တဲ့ အတြက္ေၾကာင့္ ရင္ခြင္မဲ့ကေလးတစ္ေယာက္က မိဘရဖို႔ ၊ ေမြးစားခံခြင့္ရဖို႔ မလြယ္ဘူး။ ရင္ခြင္မဲ့ကေလးဦးေရ က်ခ်င္ရင္ ဒါေတြကိုေလွ်ာ့ေပးမွရမယ္။ သူတို႔ခ်မွတ္ထားတဲ့ စည္းကမ္းေတြက အၾကမ္းအားျဖင့္

  • အသက္(၄၀)ကေန (၅၀)ၾကားျဖစ္ရမယ္။
  • လင္မယားစုံတြဲျဖစ္ရမယ္။
  • ကေလးတစ္ေယာက္မွ မရွိရဘူး။
  • ကေလးမရႏိုင္ေၾကာင္း OG နဲ႔ ေဆးကုသထားတာကို ျပႏိုင္ရမယ္။

အဲ့ဒီမွာတင္ မရေတာ့ဘူး။ အဲ့ေတာ့ အဲဒါေတြကို ေျဖေလ်ာ့ေပးမွရမယ္။ ဟိုတေလာက အစ္မဆီမွာ အသက္(၅၃)ႏွစ္အရြယ္ အစ္မတစ္ေယာက္ ကေလးလာေတာင္းတယ္။ တင္ျပထားတာက အိမ္(၃)လုံးပါတယ္။ စတိုးဆိုင္ပါတယ္။ ကန္ထရိုက္လုပ္ငန္းပါတယ္။ ဒါေပမဲ့ အသက္(၅၃)ႏွစ္ျဖစ္ေနလို႔ ေမြးစားခြင့္မရရွာဘူး။ စဥ္းစားၾကည့္ေလ.. သူက ကေလးတစ္ေယာက္ကို မေကၽြးႏိုင္ဘူးလား… အဲဒါေတြက်ေတာ့ မျဖစ္သင့္ဘူးေပါ့”

ဆိုၿပီး ေမြးစားခြင့္ရဖို႔ တင္းၾကပ္တဲ့ စည္းကမ္းခ်က္ေတြရွိေနတဲ့ အေၾကာင္း ေျပာျပေပးခဲ့ပါတယ္။ ေဒါက္တာ ျမတ္သန္႔ေျပာျပမွသာ ကေလးေမြးစားဖို႔အတြက္ ဒီလိုစည္းကမ္းခ်က္ေတြ ထားရွိမွန္း ဗဟုသုတအေနနဲ႔ သိခြင့္ရခဲ့တာေပါ့ မင္မင့္အတြက္ အျမတ္ေပါ့ ေယာင္းတို႔ေရ… 

ေမြးစားခံခြင့္ရရွိသြားတဲ့ ကေလးေတြအတြက္

“စိတ္ခ်ရတဲ့လူေတြ လက္ထဲေပးလိုက္ရတာ ပိုစိတ္ခ်မ္းသာရတယ္… ျပန္ယူသြားတဲ့ မိခင္က ဖိုးသိုးဖတ္သတ္နဲ႔ဆို ပိုစိတ္ဆင္းရဲရတယ္.. ပတ္ဝန္းက်င္မလုံျခံဳခဲ့လို႔ မိခင္အေနနဲ႔ မုဒိန္းမႈေတြ ၾကံဳခဲ့ရတယ္။ ဒီလိုမလုံျခံဳတဲ့ ပတ္ဝန္းက်င္ကိုပဲ ကေလးကိုျပန္ထည့္ေပးလိုက္ရမယ္ဆိုရင္ ကေလးအတြက္ ဘယ္လိုမွစိတ္မခ်ဘူး။ ဒီလိုေႏြးေထြးလုံျခံဳတဲ့ ေမြးစားမိဘေတြ လက္ထဲေရာက္ၿပီး သူတို႔ဘဝေလးေတြ ပိုၿပီးေကာင္းစားသြားတာကို ေတြ႕ရေတာ့ ဝမ္းသာပီတိျဖစ္မိတာေပါ့” ဆိုၿပီး ေျပာျပတဲ့ ေဒါက္တာျမတ္သန္႔ရဲ႕ စကားကို ၾကားလိုက္ရခ်ိန္မွာေတာ့ ကိုယ္ပါ ပီတိေတြ ကူးစက္လာသလုိပါပဲ။

ဒါကေတာ့ ေဒါက္တာ ျမတ္သန္႔လို႔ အမ်ားေခၚၾကတဲ့ ေဒါက္တာျမတ္စႏၵာသန္႔နဲ႔ အက္ဒ္မင္တုိ႔ ေျပာျဖစ္ခဲ့ၾကတဲ့ စကားေတြပါ။ ဒီေဆာင္းပါးေလးကေန တစ္ဆင့္ ရင္ခြင္မဲ့ကေလးေတြအေၾကာင္း ေယာင္းတို႔  ပိုသိသြားသလို ကေလးေမြးစားျခင္းနဲ႔ ပတ္သက္တဲ့ ဗဟုသုတေတြလည္း ပိုၿပီး ရသြားႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္…

ေယာင္းတို႔အေနနဲ႔ သဒၶါတရားထက္သန္လို႔ ျမင့္မိုရ္ေမတၱာပရိဟေဂဟာကို အလွဴေငြထည့္သြင္းခ်င္တယ္ဆိုရင္လည္း ျမင့္မိုရ္ေမတၱာ ခိုနားရာ page မွာ ဝင္ေရာက္စုံစမ္းလို႔ရပါတယ္.. ႏို္င္ငံကိုအက်ိဳးျပဳေနတဲ့ ပရဟိတေသြးအျပည့္ပါတဲ့ အမ်ိဴးေကာင္းသား အမ်ိဳးေကာင္းသမီးေတြ အမ်ားႀကီး ဒီ့ထက္မက ေပၚထြက္လာႏိုင္ပါေစလို႔ ဆုေတာင္းရင္း…

ခ်စ္ရတဲ့ မင္္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

တင်းကြပ်လွန်းတဲ့ ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် ပြည့်စုံနေရင်တောင်  ကလေးမွေးစားခွင့်မရကြတဲ့အခါ… 

ယောင်းတို့ရေ… မြန်မာနိုင်ငံမှာ မိဘမဲ့ကလေးလို့ သတ်မှတ်ထားခံရတဲ့ ရင်သွေးငယ်အများစုဟာ မိဘရှိလျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မစောင့်ရှောက်နိုင်ဘဲ မိဘမဲ့ဂေဟာကို ရောက်ရှိနေရတာဖြစ်လို့ မိဘမဲ့ကလေးလို့ ခေါ်မှာထက် ရင်ခွင်မဲ့ကလေးတွေလို့ ခေါ်ရင်ပိုမှန်မယ်လို့ ဆိုလာခဲ့တဲ့ မြင့်မိုရ်မေတ္တာခိုနားရာ (Single Mother စောင့်ရှောက်ရေးဂေဟာ) ကို တည်ထောင်ခဲ့သူ ဒေါက်တာမြတ်စန္ဒာသန့်နဲ့ မင်မင်တို့ For Her Myanmar ကနေ အမေးအဖြေလုပ်ဖြစ်ခဲ့တာကို ယောင်းတို့အတွက် ဝေမျှပေးချင်ပါတယ်…

မြင့်မိုရ်မေတ္တာခိုနားရာကို တည်ထောင်ခဲ့တာဟာ ပြီးခဲ့တဲ့ဧပရယ်လက (၂)နှစ်ပြည့်ခဲ့ပြီဆိုတော့ ဒီဂေဟာအကြောင်း ယောင်းတို့ သိရှိပြီးသားဖြစ်လိမ့်မယ်လို့ မင်မင်တို့ကယူဆတာမို့ ဒေါက်တာမြတ်စန္ဒာသန့်ရဲ့ ပရဟိတ လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ရင်ခွင်မဲ့ကလေးပပျောက်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်… 

Related Article >>> ကုမ္ပဏီတစ်ခုထောင်ဖို့ဆိုတာ ငွေတွေအများကြီးရှိနေမှ ဖြစ်တာမဟုတ်ဘူးလို့ ဆိုလာတဲ့ မစန္ဒီစိန်သိဏ်း

အရင်ဆုံး ဒေါက်တာ မြတ်သန့်က ဘယ်လို ရင်ခွင်မဲ့ကလေးတွေကို ကူညီပေးတာလဲဆိုတာ အရင်ကြည့်ကြရအောင်.. 

“ အစ်မတို့ဆီမှာ လက်ခံထားတဲ့ ကိုယ်ဝန်ဆောင်တွေကို ကိုယ်ဝန်(၅)လကနေ စလက်ခံပြီး မီးဖွားပြီး (၄၅)ရက် အများဆုံး(၂)လထိ လက်ခံထားတယ်။ (၂)လမပြည့်ခင်မှာ သူတို့စီမံစရာတွေအတွက် အများကြီးတွေးတောချိန်ရတယ်။ အဲဒီအချိန်မှာ မိသားစုကိုလည်း ပြန်လည်ပူးပေါင်းခိုင်းထားတယ်။ ကလေးအတွက် ဘယ်လိုဖြေရှင်းမလဲမဆိုတာ အရင်စဉ်းစားခိုင်းတယ် ။ သူတို့မိသားစုက ဘယ်လိုမှ ဖြေရှင်းစရာ နည်းလမ်းမရှိတော့ဘူးဆိုမှ ဒီကလေးကို အစ်မကယူတာ” ရယ်လို့ သူ(မ)လက်ခံ ကူညီပေးဖြစ်နေတဲ့ ကလေးတွေအကြောင်းကို ပြောပြခဲ့ပါတယ်…  

ဒီကလေးတွေကို လက်ခံထားပြီးတဲ့နောက်ရော ဘာတွေ ဆက်လုပ်ဖြစ်လဲဆိုတဲ့ အကြောင်းလေး ဆက်မေးကြည့်တဲ့အခါ… 

“ အစ်မဆီမှာ ထူးထူးခြားခြားလုပ်တာက မွေးစားခံခွင့်ပေးတာ။ အဲဒီတော့ မွေးစားမိဘရှာတယ်… ရှာတယ်ဆိုတာက အစ်မဆီမှာ လာတောင်းတဲ့ မွေးစားမိဘတွေ အများကြီးပဲ။ ပြီးရင် လူကယ်ပြန်( လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး)ကို အပ်တယ်။ ကလေးရော မွေးစားမယ့် မိဘကိုပါ ခေါ်ပြီး အစ်မက သွားအပ်တာ။ ဒီကလေးက မိဘမဲ့ဖြစ်သွားပြီ။ ဒီမိဘက ဒီကလေးကို လိုချင်တယ်ဆိုပြီး အဲဒီလိုသွားအပ်တာ။ ဆိုတော့ ဆက်လုပ်ရမယ့် စာရွက်စာတမ်း ကိစ္စဘာညာ အားလုံးအစိုးရနဲ့ပဲဆိုင်သွားတာပေါ့”  

ယောင်းတို့တော့ မသိဘူးရယ် .. မင်မင်ကတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှာ ဒီလိုရင်ခွင်မဲ့ကလေးတွေကို လက်ခံစောင့်ရှောက် ပေးတဲ့အကြောင်း ဒီလိုစကားစပ်မိမှပဲ သိခွင့်ရတော့တယ်..

Related Article >>> ရာထူးတူတဲ့ဝန်ထမ်းချင်း လစာဘာကြောင့်ကွာသွားတာလဲ (ပရော်ဖက်ရှင်နယ် HR မထူးသန့်စင်နှင့်တွေ့ဆုံခြင်း)

ဒါဆို ကလေးမွေးစားခွင့်ကိုရော ဘယ်လိုလူတွေက ရတတ်တာလဲ? 

“ အစ်မက ကလေးမွေးစားခွင့်ပေးတဲ့အခါ ပစ္စလက္ခတ်လည်း မလုပ်ဘူး။ အစ်မ မျက်စိရှေ့မှာတင် တင်းတင်းကြပ်ကြပ် လုပ်ထားတာဖြစ်လို့ ယုံကြည်ရတဲ့ လူကိုပဲ ပေးတယ်။ များသောအားဖြင့် အစိုးရဝန်ထမ်းတွေပေါ့ ၊ တပ်ရင်းမှူးဆီ ရောက်သွားတဲ့ကလေးရှိတယ်၊ ညွှန်ကြားရေးမှူးဆီ  ရောက်သွားတဲ့ကလေးရှိတယ်၊ ကုမ္ပဏီပိုင်ရှင်ဆီရောက်သွားတာ ရှိတယ်၊ အမျိုးမျိုးပေါ့” 

ဒီစကားကို ကြားရပြီးတဲ့နောက်မှာ ကာယကံရှင် ကလေးတွေတော့ မသိဘူး.. မင်မင်တို့က ကြားထဲက ဝမ်းသာလိုက်တာဆိုတာ .. ဆင်းရဲတဲ့မိဘ၊ သူတို့ကို မွေးမြူရမှာ အဆင်မပြေတဲ့ မိဘတွေက မွေးဖွားလာခဲ့ပေမဲ့ သူ့တို့ရဲ့ကံတရား အလှည့်အပြောင်းက ကောင်းဖို့ဖြစ်လာတယ်ပဲ ဆိုရမှာပေါ့ ယောင်းတို့ရေ… 

Related Article >>> “ပိပိတို့ စကားဝိုင်း”ကို မြန်မာနိုင်ငံမှာ စပြီး မိတ်ဆက်ပေးခဲ့တဲ့ မနန္ဒာပြောပြတဲ့ “ဘုန်း” နဲ့ Feminism အကြောင်း

ဒီလိုဆို ကလေးလိုချင်ပြီး ကလေးမရတဲ့သူတိုင်း မွေးစားခွင့်ရှိတာလား ဆိုတာလေးလည်း တစ်ချက်မေးကြည့်ဖြစ်တဲ့အခါ… 

“နိုင်ငံတော်အနေနဲ့တော့ မွေးစားခွင့်ဥပဒေနဲ့ အုပ်ထိန်းခွင့်ဥပဒေကို ညှိနှိုင်းပြီး ပြန်ရေးပေးဖို့လိုမယ်။ အခုရေးထားတာက အရမ်းတင်းကြပ်နေတယ်။ အရမ်းတင်းကြပ်တဲ့ အတွက်ကြောင့် ရင်ခွင်မဲ့ကလေးတစ်ယောက်က မိဘရဖို့ ၊ မွေးစားခံခွင့်ရဖို့ မလွယ်ဘူး။ ရင်ခွင်မဲ့ကလေးဦးရေ ကျချင်ရင် ဒါတွေကိုလျှော့ပေးမှရမယ်။ သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေက အကြမ်းအားဖြင့်

  • အသက်(၄၀)ကနေ (၅၀)ကြားဖြစ်ရမယ်။
  • လင်မယားစုံတွဲဖြစ်ရမယ်။
  • ကလေးတစ်ယောက်မှ မရှိရဘူး။
  • ကလေးမရနိုင်ကြောင်း OG နဲ့ ဆေးကုသထားတာကို ပြနိုင်ရမယ်။

အဲ့ဒီမှာတင် မရတော့ဘူး။ အဲ့တော့ အဲဒါတွေကို ဖြေလျော့ပေးမှရမယ်။ ဟိုတလောက အစ်မဆီမှာ အသက်(၅၃)နှစ်အရွယ် အစ်မတစ်ယောက် ကလေးလာတောင်းတယ်။ တင်ပြထားတာက အိမ်(၃)လုံးပါတယ်။ စတိုးဆိုင်ပါတယ်။ ကန်ထရိုက်လုပ်ငန်းပါတယ်။ ဒါပေမဲ့ အသက်(၅၃)နှစ်ဖြစ်နေလို့ မွေးစားခွင့်မရရှာဘူး။ စဉ်းစားကြည့်လေ.. သူက ကလေးတစ်ယောက်ကို မကျွေးနိုင်ဘူးလား… အဲဒါတွေကျတော့ မဖြစ်သင့်ဘူးပေါ့”

ဆိုပြီး မွေးစားခွင့်ရဖို့ တင်းကြပ်တဲ့ စည်းကမ်းချက်တွေရှိနေတဲ့ အကြောင်း ပြောပြပေးခဲ့ပါတယ်။ ဒေါက်တာ မြတ်သန့်ပြောပြမှသာ ကလေးမွေးစားဖို့အတွက် ဒီလိုစည်းကမ်းချက်တွေ ထားရှိမှန်း ဗဟုသုတအနေနဲ့ သိခွင့်ရခဲ့တာပေါ့ မင်မင့်အတွက် အမြတ်ပေါ့ ယောင်းတို့ရေ… 

မွေးစားခံခွင့်ရရှိသွားတဲ့ ကလေးတွေအတွက်

“စိတ်ချရတဲ့လူတွေ လက်ထဲပေးလိုက်ရတာ ပိုစိတ်ချမ်းသာရတယ်… ပြန်ယူသွားတဲ့ မိခင်က ဖိုးသိုးဖတ်သတ်နဲ့ဆို ပိုစိတ်ဆင်းရဲရတယ်.. ပတ်ဝန်းကျင်မလုံခြုံခဲ့လို့ မိခင်အနေနဲ့ မုဒိန်းမှုတွေ ကြုံခဲ့ရတယ်။ ဒီလိုမလုံခြုံတဲ့ ပတ်ဝန်းကျင်ကိုပဲ ကလေးကိုပြန်ထည့်ပေးလိုက်ရမယ်ဆိုရင် ကလေးအတွက် ဘယ်လိုမှစိတ်မချဘူး။ ဒီလိုနွေးထွေးလုံခြုံတဲ့ မွေးစားမိဘတွေ လက်ထဲရောက်ပြီး သူတို့ဘဝလေးတွေ ပိုပြီးကောင်းစားသွားတာကို တွေ့ရတော့ ဝမ်းသာပီတိဖြစ်မိတာပေါ့” ဆိုပြီး ပြောပြတဲ့ ဒေါက်တာမြတ်သန့်ရဲ့ စကားကို ကြားလိုက်ရချိန်မှာတော့ ကိုယ်ပါ ပီတိတွေ ကူးစက်လာသလိုပါပဲ။

ဒါကတော့ ဒေါက်တာ မြတ်သန့်လို့ အများခေါ်ကြတဲ့ ဒေါက်တာမြတ်စန္ဒာသန့်နဲ့ အက်ဒ်မင်တို့ ပြောဖြစ်ခဲ့ကြတဲ့ စကားတွေပါ။ ဒီဆောင်းပါးလေးကနေ တစ်ဆင့် ရင်ခွင်မဲ့ကလေးတွေအကြောင်း ယောင်းတို့  ပိုသိသွားသလို ကလေးမွေးစားခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း ပိုပြီး ရသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်…

ယောင်းတို့အနေနဲ့ သဒ္ဓါတရားထက်သန်လို့ မြင့်မိုရ်မေတ္တာပရိဟဂေဟာကို အလှူငွေထည့်သွင်းချင်တယ်ဆိုရင်လည်း မြင့်မိုရ်မေတ္တာ ခိုနားရာ page မှာ ဝင်ရောက်စုံစမ်းလို့ရပါတယ်.. နိုင်ငံကိုအကျိုးပြုနေတဲ့ ပရဟိတသွေးအပြည့်ပါတဲ့ အမျိူးကောင်းသား အမျိုးကောင်းသမီးတွေ အများကြီး ဒီ့ထက်မက ပေါ်ထွက်လာနိုင်ပါစေလို့ ဆုတောင်းရင်း…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed