ႈInterview

ေဒါက္တာေက်ာ္ဟန္သာျမင့္ (သို႔) ျမန္မာ့႐ိုးရာယဥ္ေက်းမႈေတြကို ေဖာ္ထုတ္ျပသူလူငယ္တစ္ဦးနဲ႔ေတြ႕ဆံုျခင္း

အက်ႌတစ္ထည္ကို ခ်ဳပ္ဖုိ႔ဆိုရင္ တတ္ကၽြမ္းနားလည္တဲ့လူငါးေယာက္ေလာက္ကို လုိက္ေမးမွ အရင္ေခတ္က အက်ႌတစ္ထည္ရဲ႕ ပံုစံရတယ္။

ဒီတစ္ပတ္ အင္တာဗ်ဴးက႑မွာ ေယာင္းတို႔နဲ႔ မိတ္ဆက္ေပးခ်င္တဲ့သူက ဆရာဝန္တစ္ေယာက္ျဖစ္သလို ျမန္မာ့႐ိုးရာယဥ္ေက်းမႈအဝတ္အစားေတြ၊ ႐ိုးရာအသံုးအေဆာင္ေတြကို ျပန္လည္႐ွာေဖြေဖာ္ထုတ္တင္ျပေပးခဲ့တဲ့ ေဒါက္တာ ေက်ာ္ဟန္သာျမင့္ပဲ ျဖစ္ပါတယ္။ ေဒါက္တာ ေက်ာ္ဟန္သာျမင့္ဟာ သူ႔ရဲ႕ Facebook အေကာင့္ကေန ယဥ္ေက်းမႈနဲ႔ ပတ္သက္တဲ့ သိမွတ္ဖြယ္ရာေတြကို ေရးသားတတ္သလို၊ ျမန္မာ့ရိုးရာ အက်ႌေတြကို ကိုယ္တိုင္ဝတ္ဆင္ကာ ဓာတ္ပံုေတြနဲ႔ ေဝမွ်တတ္သူလည္း ျဖစ္ပါတယ္။

ဘာေၾကာင့္ ဒီလိုေတြလုပ္ျဖစ္ခဲ့သလဲ ဆုိတာကိုေတာ့…

ေမး- အရင္ဆံုး အစ္ကို႔ရဲ႕ အေၾကာင္းကို မိတ္ဆက္ေပးပါဦး။

ေျဖ- ကၽြန္ေတာ့္ နာမည္က ကိုေက်ာ္ဟန္သာျမင့္ပါ။ ေဆးတကၠသိုလ္ကေန ေက်ာင္းၿပီးထားၿပီး လက္႐ွိမွာ ကုသေရးဆရာဝန္အလုပ္ကို လုပ္ကိုင္ေနသူပါ။

ေဒါက္တာ ေက်ာ္ဟန္သာျမင့္

ေမး- ဒီလုိ ျမန္မာ့ယဥ္ေက်းမႈေတြအေၾကာင္း ဘာေၾကာင့္ေလ့လာေဖာ္ထုတ္ျဖစ္ခဲ့လဲ ဆုိတာ ႐ွင္းျပေပးပါဦး အစ္ကို။

ေျဖ- ငယ္ငယ္ကတည္းက ျမန္မာ့ယဥ္ေက်းမႈအေၾကာင္းေလ့လာရတာ ဝါသနာပါတယ္။ ေနာက္ၿပီး ထိုင္းကမိတ္ေဆြေတြနဲ႔ ဆံုတဲ့အခါ သူတို႔ဆီမွာ ယဥ္ေက်းမႈကို က်ယ္က်ယ္ျပန္႔ျပန္႔ ထိန္းသိမ္းၾကတယ္ ျပန္ေဖာ္ထုတ္ၾကတယ္။ ဒါေတြကို ေတြ႕တဲ့အခါ ကိုယ္ေတြဆီမွာလည္း ဒါမ်ိဳးလုပ္ျပခ်င္တဲ့ စိတ္ကူး႐ွိခဲ့တာနဲ႔ပဲ လုပ္ျဖစ္ခဲ့တာပါ။

စၿပီး လုပ္ျဖစ္ခဲ့တာကေတာ့ ကၽြန္ေတာ္ က်ီးေပါင္းျဖစ္လို႔ အလုပ္ကေန နားေနရတဲ့ အခ်ိန္ေပါ့။ အဲဒီမွာ နားေနရတဲ့အတူတူ ဒီအလုပ္ေလးေတြကို စလုပ္ျဖစ္ခဲ့တယ္။ အဲဒီလိုလုပ္ရင္းကေန ပိုေပ်ာ္လာတယ္၊ ေစတနာလည္း ပိုပါလာၿပီး လုပ္ျဖစ္ခဲ့တယ္။ အခုေတာ့ ကၽြန္ေတာ္က လုပ္ငန္းခြင္ထဲျပန္ဝင္ေနၿပီဆုိေတာ့ ယဥ္ေက်းမႈနဲ႔ပတ္သက္တာေတြ လုပ္တာ ခဏနားထားပါတယ္။

ေမး- ျမန္မာေရွးေခတ္ဝတ္စံုေတြကို ဘယ္လိုမ်ိဳး ႐ွာေဖြေလ့လာခဲ့ရသလဲ။

ေျဖ- ယဥ္ေက်းမႈနဲ႔ပတ္သက္တာေတြ ကိုယ့္ဘာသာ႐ွာဖတ္တယ္၊ ဖတ္ရင္လည္း တိက်ခိုင္မာတဲ့စာေတြဖတ္ျဖစ္တာေပါ့။ ဒါေၾကာင့္ စာၾကည့္တုိက္မွာ သြား႐ွာဖတ္ျဖစ္တယ္။ ဥပမာ – ပုသိမ္ထီးအေၾကာင္းသိခ်င္ရင္ ပုသိမ္ထီးရဲ႕ သမုိင္းအစကေန ႐ွာဖတ္ျဖစ္တယ္။ ၿပီးေတာ့ ကၽြန္ေတာ္က လက္ေတြ႕က်တယ္။ ပုသိမ္ထီးအေၾကာင္းဖတ္ၿပီးရင္ ပုသိမ္ထီးကို ကိုယ္တုိင္ေဆာင္းၾကည့္၊ ကိုင္ၾကည့္၊ ပုသိမ္ထီးလုပ္နည္းေတြကို သိခ်င္လာတယ္။

ဒါေၾကာင့္ ႐ိုးရာပစၥည္းေတြနဲ႔ ပတ္သက္တဲ့ ေလ့လာမႈေတြ လုပ္ခဲ့တယ္။ အဲဒီလုိ ေလ့လာမႈေတြ လုပ္ၿပီးေတာ့ စာေတြေရးၿပီး Facebook ေပၚမွာ Post ေတြတင္တယ္။ ဒါေပမဲ့ စာေတြ ဖတ္ရတာထက္စာရင္ ပံုေတြနဲ႔ဆို လူေတြပိုစိတ္ဝင္စားမယ္လို႔ ထင္တယ္။ ဒါေၾကာင့္ပဲ ဓာတ္ပံုေတြ ႐ိုက္ျဖစ္ခဲ့တာပါ။

ေနာက္ၿပီး တတ္ကၽြမ္းနားလည္တဲ့ လူႀကီးေတြကို ေသေသခ်ာခ်ာလုိက္ေမးရတာမ်ိဳးေတြ႐ွိတယ္။ အက်ႌတစ္ထည္ကို ခ်ဳပ္ဖုိ႔ဆိုရင္ တတ္ကၽြမ္းနားလည္တဲ့လူငါးေယာက္ေလာက္ကို လုိက္ေမးမွ အရင္ေခတ္က အက်ႌတစ္ထည္ရဲ႕ ပံုစံရတယ္။

ေမး- ဒီလိုမ်ိဳး ေရွးေခတ္အဝတ္အစားေတြျပန္ခ်ဳပ္ၿပီး ဓာတ္ပံု႐ိုက္တဲ့အခါ ဘယ္လို အခက္အခဲမ်ိဳးေတြ ႀကံဳရလဲ အစ္ကို။ 

ေျဖ- အဓိက အခက္အခဲကေတာ့ ကိုယ္စရိတ္နဲ႔ကိုယ္အစအဆံုးလုပ္ရတဲ့အတြက္ ေငြေၾကးသံုးစြဲမႈက အကန္႔အသတ္႐ွိေနတာေပါ့။ ပညာ႐ွင္လူႀကီးေတြကို ကိုယ္သိခ်င္တဲ့ အေၾကာင္းအရာေတြ ေမးရတဲ့အခါ ရွင္းျပေပးတဲ့သူရွိသလို မရွင္းျပေပးခ်င္တဲ့သူမ်ိဳးလည္း ႀကံဳရတယ္။

ဓာတ္ပံု႐ိုက္တဲ့အခါ အခက္အခဲတစ္ခုက ကုန္က်စရိတ္ေပါ့။ လူပိုစိတ္ဝင္စားေအာင္ ေမာ္ဒယ္လ္ေတြ ငွား႐ုိက္ရင္ ေမာ္ဒယ္လ္စရိတ္၊ ဓာတ္ပံုဆရာငွား႐ိုက္ရင္လည္း ကုန္က်စရိတ္က႐ွိတယ္ေလ။

ဒါေၾကာင့္ ကိုယ္တုိင္ဝတ္႐ိုက္တယ္။ ဓာတ္ပံုကိုေတာ့ အေမက ဖုန္းကင္မရာနဲ႔ ႐ိုက္ေပးတယ္။ Photographer ေတြဆီက အကူအညီရတဲ့အခါလည္း Professional Camera နဲ႔ ႐ုိက္ျဖစ္ပါတယ္။

Related Article >>> ျမန္မာ့ရိုးရာအစားအေသာက္ေတြကို အရည္အေသြးမီ၊ စိတ္ခ်ရတဲ့ စားေသာက္ကုန္ ျဖစ္ေစခ်င္တာမို႔ Tree Food ကို လုပ္ျဖစ္ခဲ့တာပါလို႔ ဆိုလာတဲ့ မခ်ိဳလဲ့ေအာင္

ကုန္က်စရိတ္ခ်ံဳ႕တဲ့အေနနဲ႔ တခ်ိဳ႕အရာေတြဆို ကြန္ပ်ဴတာနဲ႔ျပဳျပင္ရတာေတြ႐ွိတယ္။ ဥပမာ – အက်ႌကို အေရာင္တစ္ထည္တည္း ခ်ဳပ္ၿပီး Photoshop နဲ႔ ျပဳျပင္ရတာေပါ့။

အဝတ္အစားေတြ ခ်ဳပ္တဲ့အခါ ႀကံဳရတာက ဥပမာ -သိုရင္းအက်ႌတစ္ထည္ကၽြန္ေတာ္ခ်ဳပ္ေတာ့မယ္ေပါ့။ အဲဒီမွာ အက်ႌခ်ဳပ္ဆိုင္ကို ကၽြန္ေတာ္လိုခ်င္တဲ့ ပံုစံ ေသခ်ာေျပာျပတယ္။ အဲဒီေခတ္က အနံတိုပိတ္စေတြပဲ ေပၚေသးတဲ့အတြက္ အက်ႌလက္ကို အ႐ွည္တစ္ဆက္တည္း မရဘူး။ ႏွစ္နံစပ္ခ်ဳပ္ရတယ္။ အဲဒီလုိပံုစံမ်ိဳး ခ်ဳပ္ေပးပါလို႔ ေသေသခ်ာခ်ာမွာတယ္။

အက်ႌရလာေတာ့ တစ္ဆက္တည္း ခ်ဳပ္ထားတယ္။ ေနာက္တစ္ခါအပ္ရင္ ကၽြန္ေတာ္လိုခ်င္တဲ့ ပံုစံကို ေသခ်ာခ်ေရးခုိင္းတယ္။ ေရးခိုင္းလည္း ခ်ဳပ္ခ်င္သလို ခ်ဳပ္လိုက္တာပဲ။ အဲဒါမ်ိဳးေတြေပါ့..အစံုႀကံဳရပါတယ္။

ေဒါက္တာေက်ာ္ဟန္သာျမင့္

ေမး- အိမ္နီးခ်င္းႏိုင္ငံေတြက ႐ိုးရာယဥ္ေက်းမႈထိန္းသိမ္းတာေတြကို ဘယ္လိုျမင္လဲ ?

ေျဖ- ထိုင္းေတြ ဆုိရင္ သူတို႔ရဲ႕ ယဥ္ေက်းမႈေတြကို ေသေသခ်ာခ်ာထိန္းသိမ္းတယ္။ ယဥ္ေက်းမႈျပတိုက္ဆုိရင္ အဝတ္အစားနဲ႔ ပတ္သက္တဲ့ ျပတိုက္ကအစ သီးသန္႔႐ွိတယ္။ အေဆာက္အဦးေတြဆိုလည္း ေရွးလက္ရာေတြအတုိင္း ျပန္ေဆာက္ျပတာေတြ႐ွိတယ္။ ဥပမာ -ခ်င္းမုိင္က ဒါရာဝတီ ဟိုတယ္ဆို ျမန္မာဘက္က ျမနန္းစံေက်ာ္နန္းေတာ္၊ မယ္ႏုအုတ္ေက်ာင္း၊ ကရင္အမ်ိဳးသားစာၾကည့္တုိက္ ပံုစံေတြကို ျပန္ေပါင္းၿပီး ေဆာက္ထားတာ။

ထိုင္းေတြက ျမန္မာယဥ္ေက်းမႈေတြကို ဒီလုိမ်ိဳးျပန္ေဖာ္ထုတ္တာေတြ ႐ွိပါတယ္။ ကိုယ္တုိင္မလုပ္ႏိုင္လုိ႔ သူမ်ားလုပ္သြားတာကို စိတ္မေကာင္းေပမဲ့ သူတို႔ထိန္းသိမ္းေပးေတာ့လည္း မေပ်ာက္ပ်က္ေတာ့ဘူးေပါ့လို႔ အေကာင္းျမင္ေပးပါတယ္။

မေလး႐ွားမွာဆို Culture Village ဆိုတာမ်ိဳးေတြ႐ွိတယ္။ သူူတို႔ဆီမွာဆုိရင္ ယဥ္ေက်းမႈေတြကို ေလ့လာ႐ံုတင္မကဘူး ကိုယ္တုိင္ပါ ဝင္လုပ္လုိ႔ရတဲ့ activity ေလးေတြ႐ွိတယ္။

Related Article >>> မုဒိန္းမႈ ဆန္႔က်င္ေရးလႈပ္ရွားမႈမွာ ဝတ္စားဆင္ယင္မႈေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ သူမႏွင့္ေတြ႔ဆံုျခင္း

ေမး- ျမန္မာျပည္က ယဥ္ေက်းမႈနဲ႔ ပတ္သက္ၿပီးထိန္းသိမ္းဖို႔ လုပ္ခ်င္တဲ့ စိတ္ကူးေလးေတြ႐ွိရင္ေျပာျပေပးပါဦး။

ေျဖ- ႐ွိပါတယ္။ ခုနက ေျပာသလို ၾကည့္ရႈေလ့လာရံုတင္မက ကိုယ္တိုင္ပါဝင္လုိ႔ရတဲ့ Activity ေတြလုပ္လို႔ရတဲ့ ယဥ္ေက်းမႈျပခန္းေတြ၊ Culture Village လိုမ်ိဳးေတြ လုပ္ခ်င္တယ္။ ဥပမာ – ဆြမ္းအုပ္ကို ကိုယ္တုိင္ပိုက္ၾကည့္လို႔ရေအာင္ စီစဥ္ေပးထားတာ၊ လြန္းရာေက်ာ္ ပိုးခ်ိတ္ေတြကို ကိုယ္တိုင္ထိေတြ႕ကိုင္ၾကည့္ၿပီး ဝတ္ၾကည့္လုိ႔ရေအာင္စီစဥ္ေပးထားတာမ်ိဳးေပါ့။ ဧည့္သည္ေတြက ခ်ိတ္ေတြကို ကိုယ္တုိင္ဝတ္ၾကည့္ၿပီး က်က္သေရ႐ွိလုိက္တာ ဆိုတဲ့ ခံစားခ်က္မ်ိဳး ခံစားေစခ်င္တယ္။

႐ိုးရာေ႐ႊစြန္ညိဳလုိ ကစားနည္းကို ကိုယ္တိုင္ဝင္ေဆာ့လို႔ရတာမ်ိဳးေတြ လုပ္ေပးခ်င္တယ္။
ျပတုိက္ေတြမွာဆိုရင္ ျမန္မာ့႐ိုးရာ ေဒါင္းၿမီးယပ္ေတာင္ဆုိတာ ျပသထားတယ္။ ကၽြန္ေတာ္တို႔က ျမင္ရတာ ၾကည့္ရတာပဲ႐ွိတာေလ။ ဒီလို ေဒါင္းၿမီးယပ္ေတာင္ကို ကိုယ္တုိင္လုပ္လုိ႔ရတဲ့ နည္းလမ္းေတြ ျပသေပးေစခ်င္တယ္။ ဒါမွ ဒီလုိရိုးရာနည္းလမ္းေတြ မေပ်ာက္ကြယ္မွာ။

ေနာက္ၿပီး အညာေဒသက ဖက္စိမ္းကြမ္းေတာင္လုပ္နည္းဆုိရင္ လုပ္နည္းအမ်ိဳးမ်ိဳး႐ွိတယ္။ တကယ္လုပ္တတ္တဲ့သူက နည္းတယ္။ အညာဘက္မွာေတာ့ ႐ွိတာေပါ့။ ထိုင္းမွာဆုိရင္ ဒီလုိနည္းေတြအတြက္ သင္တန္းေတြ ျပန္ေပးတာမ်ိဳး႐ွိတယ္။ လုပ္နည္းစာအုပ္ေတြ႐ွိတယ္။ ဒီမွာဆုိလည္း ႐ွိသင့္တာေပါ့ေနာ္။ ေနာက္ တစ္နာရီစာ Burmese Cooking Class ေတြ၊ Burmese Dance Class ေတြ စီစဥ္ေပးခ်င္တယ္။

ေနာက္ၿပီး ေ႐ွးလက္ရာအေဆာက္အဦးေတြ ဒီဘက္ေခတ္မွာ မက်န္ေတာ့တာေတြ႐ွိတယ္။ အဲဒါေတြကို Replica ေလးေတြျပန္ေဆာက္ေစခ်င္တယ္။ ဒါမွ စိတ္ဝင္စားသူေတြ လက္ေတြ႕ျပန္ၾကည့္၊ ျပန္ေလ့လာလုိ႔ရမွာေလ။

ေဒါက္တာ ေက်ာ္ဟန္သာျမင့္

ေမး- လက္႐ွိမွာ ယဥ္ေက်းမႈနဲ႔ ပတ္သက္တာေတြ လုပ္ဖို႔ နားထားတယ္ဆိုေတာ့ အနာဂတ္မွာေရာ ဆက္လုပ္သြားဖုိ႔ စိတ္ကူး႐ွိလား။

ေျဖ- ဆက္လုပ္ျဖစ္မလုပ္ျဖစ္ဆိုတာကေတာ့ မေသခ်ာေသးပါဘူး။ ကၽြန္ေတာ့ရဲ႕ အဓိကအလုပ္ကိုပဲ အာ႐ံုစိုက္သြားမွာမို႔ပါ။ ဒါေပမဲ့ တျခားစိတ္ဝင္စားလုိ႔ လုပ္ခ်င္သူေတြ႐ွိရင္ ကူညီေပးသြားမွာပါ။

ကိုယ္သာ ယဥ္ေက်းမႈကိုထိန္းသိမ္းေပးႏိုင္မယ့္ အင္အားတစ္ခုခု႐ွိရင္ ဆက္လုပ္ခ်င္ပါတယ္။ အခုလည္း မလုပ္တာသာ ႐ွိတာ ယဥ္ေက်းမႈတဲ့ပတ္သက္တဲ့ ပစၥည္းေလးေတြ႐ွိရင္ အမွတ္တရဝယ္ေနျဖစ္တုန္းပါပဲ။

ဒါကေတာ့ ျမန္မာ့႐ိုးရာယဥ္ေက်းမႈေတြကို တတ္စြမ္းသေလာက္ေဖာ္ထုတ္ေပးခဲ့တဲ့ ကိုေက်ာ္ဟန္သာျမင့္ မ်ွေဝေပးခဲ့တဲ့ အေၾကာင္းေတြပါပဲ။ အခုအခ်ိန္မွာ အေမ့အေလ်ာ့ခံျဖစ္ေနတဲ့ တစ္ခ်ိန္ကျမန္မာလူမ်ိဳးတို႔ရဲ႕ ယဥ္ေက်းမႈေတြကို အခုလို တန္ဖိုးထားတတ္တဲ့ ျမန္မာလူငယ္တစ္ဦးက ျပန္လည္ေဖာ္ထုတ္ေပးေနတာ ေလးစားဖို႔လည္းေကာင္းသလို အက္ဒမင့္အေနနဲ႔ အေတာ္လည္း ဝမ္းသာမိပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီလို ယဥ္ေက်းမႈကို ထိန္းသိမ္းေဖာ္ထုတ္ႏိုင္မယ့္ ပုဂၢိဳလ္မ်ား ထပ္မံ ေပၚထြက္လာဖို႔ ေမွ်ာ္လင့္ရင္း…..

Sugar Cane (For Her Myanmar)

<<< Unicode >>>

အင်္ကျီတစ်ထည်ကို ချုပ်ဖို့ဆိုရင် တတ်ကျွမ်းနားလည်တဲ့လူငါးယောက်လောက်ကို လိုက်မေးမှ အရင်ခေတ်က အင်္ကျီတစ်ထည်ရဲ့ ပုံစံရတယ်။

ဒီတစ်ပတ် အင်တာဗျူးကဏ္ဍမှာ ယောင်းတို့နဲ့ မိတ်ဆက်ပေးချင်တဲ့သူက ဆရာဝန်တစ်ယောက်ဖြစ်သလို မြန်မာ့ရိုးရာယဉ်ကျေးမှုအဝတ်အစားတွေ၊ ရိုးရာအသုံးအဆောင်တွေကို ပြန်လည်ရှာဖွေဖော်ထုတ်တင်ပြပေးခဲ့တဲ့ ဒေါက်တာ ကျော်ဟန်သာမြင့်ပဲ ဖြစ်ပါတယ်။ ဒေါက်တာ ကျော်ဟန်သာမြင့်ဟာ သူ့ရဲ့ Facebook အကောင့်ကနေ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေကို ရေးသားတတ်သလို၊ မြန်မာ့ရိုးရာ အင်္ကျီတွေကို ကိုယ်တိုင်ဝတ်ဆင်ကာ ဓာတ်ပုံတွေနဲ့ ဝေမျှတတ်သူလည်း ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုတွေလုပ်ဖြစ်ခဲ့သလဲ ဆိုတာကိုတော့…

မေး- အရင်ဆုံး အစ်ကို့ရဲ့ အကြောင်းကို မိတ်ဆက်ပေးပါဦး။

ဖြေ- ကျွန်တော့် နာမည်က ကိုကျော်ဟန်သာမြင့်ပါ။ ဆေးတက္ကသိုလ်ကနေ ကျောင်းပြီးထားပြီး လက်ရှိမှာ ကုသရေးဆရာဝန်အလုပ်ကို လုပ်ကိုင်နေသူပါ။


ဒေါက်တာ ကျော်ဟန်သာမြင့်

မေး- ဒီလို မြန်မာ့ယဉ်ကျေးမှုတွေအကြောင်း ဘာကြောင့်လေ့လာဖော်ထုတ်ဖြစ်ခဲ့လဲ ဆိုတာ ရှင်းပြပေးပါဦး အစ်ကို။

ဖြေ- ငယ်ငယ်ကတည်းက မြန်မာ့ယဉ်ကျေးမှုအကြောင်းလေ့လာရတာ ဝါသနာပါတယ်။ နောက်ပြီး ထိုင်းကမိတ်ဆွေတွေနဲ့ ဆုံတဲ့အခါ သူတို့ဆီမှာ ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းသိမ်းကြတယ် ပြန်ဖော်ထုတ်ကြတယ်။ ဒါတွေကို တွေ့တဲ့အခါ ကိုယ်တွေဆီမှာလည်း ဒါမျိုးလုပ်ပြချင်တဲ့ စိတ်ကူးရှိခဲ့တာနဲ့ပဲ လုပ်ဖြစ်ခဲ့တာပါ။

စပြီး လုပ်ဖြစ်ခဲ့တာကတော့ ကျွန်တော် ကျီးပေါင်းဖြစ်လို့ အလုပ်ကနေ နားနေရတဲ့ အချိန်ပေါ့။ အဲဒီမှာ နားနေရတဲ့အတူတူ ဒီအလုပ်လေးတွေကို စလုပ်ဖြစ်ခဲ့တယ်။ အဲဒီလိုလုပ်ရင်းကနေ ပိုပျော်လာတယ်၊ စေတနာလည်း ပိုပါလာပြီး လုပ်ဖြစ်ခဲ့တယ်။ အခုတော့ ကျွန်တော်က လုပ်ငန်းခွင်ထဲပြန်ဝင်နေပြီဆိုတော့ ယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ လုပ်တာ ခဏနားထားပါတယ်။

မေး- မြန်မာရှေးခေတ်ဝတ်စုံတွေကို ဘယ်လိုမျိုး ရှာဖွေလေ့လာခဲ့ရသလဲ။

ဖြေ- ယဉ်ကျေးမှုနဲ့ပတ်သက်တာတွေ ကိုယ့်ဘာသာရှာဖတ်တယ်၊ ဖတ်ရင်လည်း တိကျခိုင်မာတဲ့စာတွေဖတ်ဖြစ်တာပေါ့။ ဒါကြောင့် စာကြည့်တိုက်မှာ သွားရှာဖတ်ဖြစ်တယ်။ ဥပမာ – ပုသိမ်ထီးအကြောင်းသိချင်ရင် ပုသိမ်ထီးရဲ့ သမိုင်းအစကနေ ရှာဖတ်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်က လက်တွေ့ကျတယ်။ ပုသိမ်ထီးအကြောင်းဖတ်ပြီးရင် ပုသိမ်ထီးကို ကိုယ်တိုင်ဆောင်းကြည့်၊ ကိုင်ကြည့်၊ ပုသိမ်ထီးလုပ်နည်းတွေကို သိချင်လာတယ်။

ဒါကြောင့် ရိုးရာပစ္စည်းတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ လုပ်ခဲ့တယ်။ အဲဒီလို လေ့လာမှုတွေ လုပ်ပြီးတော့ စာတွေရေးပြီး Facebook ပေါ်မှာ Post တွေတင်တယ်။ ဒါပေမဲ့ စာတွေ ဖတ်ရတာထက်စာရင် ပုံတွေနဲ့ဆို လူတွေပိုစိတ်ဝင်စားမယ်လို့ ထင်တယ်။ ဒါကြောင့်ပဲ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တာပါ။

နောက်ပြီး တတ်ကျွမ်းနားလည်တဲ့ လူကြီးတွေကို သေသေချာချာလိုက်မေးရတာမျိုးတွေရှိတယ်။ အင်္ကျီတစ်ထည်ကို ချုပ်ဖို့ဆိုရင် တတ်ကျွမ်းနားလည်တဲ့လူငါးယောက်လောက်ကို လိုက်မေးမှ အရင်ခေတ်က အင်္ကျီတစ်ထည်ရဲ့ ပုံစံရတယ်။

မေး- ဒီလိုမျိုး ရှေးခေတ်အဝတ်အစားတွေပြန်ချုပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လို အခက်အခဲမျိုးတွေ ကြုံရလဲ အစ်ကို။ 

ဖြေ- အဓိက အခက်အခဲကတော့ ကိုယ်စရိတ်နဲ့ကိုယ်အစအဆုံးလုပ်ရတဲ့အတွက် ငွေကြေးသုံးစွဲမှုက အကန့်အသတ်ရှိနေတာပေါ့။ ပညာရှင်လူကြီးတွေကို ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ မေးရတဲ့အခါ ရှင်းပြပေးတဲ့သူရှိသလို မရှင်းပြပေးချင်တဲ့သူမျိုးလည်း ကြုံရတယ်။

ဓာတ်ပုံရိုက်တဲ့အခါ အခက်အခဲတစ်ခုက ကုန်ကျစရိတ်ပေါ့။ လူပိုစိတ်ဝင်စားအောင် မော်ဒယ်လ်တွေ ငှားရိုက်ရင် မော်ဒယ်လ်စရိတ်၊ ဓာတ်ပုံဆရာငှားရိုက်ရင်လည်း ကုန်ကျစရိတ်ကရှိတယ်လေ။

ဒါကြောင့် ကိုယ်တိုင်ဝတ်ရိုက်တယ်။ ဓာတ်ပုံကိုတော့ အမေက ဖုန်းကင်မရာနဲ့ ရိုက်ပေးတယ်။ Photographer တွေဆီက အကူအညီရတဲ့အခါလည်း Professional Camera နဲ့ ရိုက်ဖြစ်ပါတယ်။

Related Article >>> မြန်မာ့ရိုးရာအစားအသောက်တွေကို အရည်အသွေးမီ၊ စိတ်ချရတဲ့ စားသောက်ကုန် ဖြစ်စေချင်တာမို့ Tree Food ကို လုပ်ဖြစ်ခဲ့တာပါလို့ ဆိုလာတဲ့ မချိုလဲ့အောင်

ကုန်ကျစရိတ်ချုံ့တဲ့အနေနဲ့ တချို့အရာတွေဆို ကွန်ပျူတာနဲ့ပြုပြင်ရတာတွေရှိတယ်။ ဥပမာ – အင်္ကျီကို အရောင်တစ်ထည်တည်း ချုပ်ပြီး Photoshop နဲ့ ပြုပြင်ရတာပေါ့။

အဝတ်အစားတွေ ချုပ်တဲ့အခါ ကြုံရတာက ဥပမာ -သိုရင်းအင်္ကျီတစ်ထည်ကျွန်တော်ချုပ်တော့မယ်ပေါ့။ အဲဒီမှာ အင်္ကျီချုပ်ဆိုင်ကို ကျွန်တော်လိုချင်တဲ့ ပုံစံ သေချာပြောပြတယ်။ အဲဒီခေတ်က အနံတိုပိတ်စတွေပဲ ပေါ်သေးတဲ့အတွက် အင်္ကျီလက်ကို အရှည်တစ်ဆက်တည်း မရဘူး။ နှစ်နံစပ်ချုပ်ရတယ်။ အဲဒီလိုပုံစံမျိုး ချုပ်ပေးပါလို့ သေသေချာချာမှာတယ်။

အင်္ကျီရလာတော့ တစ်ဆက်တည်း ချုပ်ထားတယ်။ နောက်တစ်ခါအပ်ရင် ကျွန်တော်လိုချင်တဲ့ ပုံစံကို သေချာချရေးခိုင်းတယ်။ ရေးခိုင်းလည်း ချုပ်ချင်သလို ချုပ်လိုက်တာပဲ။ အဲဒါမျိုးတွေပေါ့..အစုံကြုံရပါတယ်။


ဒေါက်တာကျော်ဟန်သာမြင့်

မေး- အိမ်နီးချင်းနိုင်ငံတွေက ရိုးရာယဉ်ကျေးမှုထိန်းသိမ်းတာတွေကို ဘယ်လိုမြင်လဲ ?

ဖြေ- ထိုင်းတွေ ဆိုရင် သူတို့ရဲ့ ယဉ်ကျေးမှုတွေကို သေသေချာချာထိန်းသိမ်းတယ်။ ယဉ်ကျေးမှုပြတိုက်ဆိုရင် အဝတ်အစားနဲ့ ပတ်သက်တဲ့ ပြတိုက်ကအစ သီးသန့်ရှိတယ်။ အဆောက်အဦးတွေဆိုလည်း ရှေးလက်ရာတွေအတိုင်း ပြန်ဆောက်ပြတာတွေရှိတယ်။ ဥပမာ -ချင်းမိုင်က ဒါရာဝတီ ဟိုတယ်ဆို မြန်မာဘက်က မြနန်းစံကျော်နန်းတော်၊ မယ်နုအုတ်ကျောင်း၊ ကရင်အမျိုးသားစာကြည့်တိုက် ပုံစံတွေကို ပြန်ပေါင်းပြီး ဆောက်ထားတာ။

ထိုင်းတွေက မြန်မာယဉ်ကျေးမှုတွေကို ဒီလိုမျိုးပြန်ဖော်ထုတ်တာတွေ ရှိပါတယ်။ ကိုယ်တိုင်မလုပ်နိုင်လို့ သူများလုပ်သွားတာကို စိတ်မကောင်းပေမဲ့ သူတို့ထိန်းသိမ်းပေးတော့လည်း မပျောက်ပျက်တော့ဘူးပေါ့လို့ အကောင်းမြင်ပေးပါတယ်။

မလေးရှားမှာဆို Culture Village ဆိုတာမျိုးတွေရှိတယ်။ သူူတို့ဆီမှာဆိုရင် ယဉ်ကျေးမှုတွေကို လေ့လာရုံတင်မကဘူး ကိုယ်တိုင်ပါ ဝင်လုပ်လို့ရတဲ့ activity လေးတွေရှိတယ်။

Related Article >>> မုဒိန်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဝတ်စားဆင်ယင်မှုကြောင့် ဝေဖန်ခံခဲ့ရတဲ့ သူမနှင့်တွေ့ဆုံခြင်း

မေး- မြန်မာပြည်က ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးထိန်းသိမ်းဖို့ လုပ်ချင်တဲ့ စိတ်ကူးလေးတွေရှိရင်ပြောပြပေးပါဦး။

ဖြေ- ရှိပါတယ်။ ခုနက ပြောသလို ကြည့်ရှုလေ့လာရုံတင်မက ကိုယ်တိုင်ပါဝင်လို့ရတဲ့ Activity တွေလုပ်လို့ရတဲ့ ယဉ်ကျေးမှုပြခန်းတွေ၊ Culture Village လိုမျိုးတွေ လုပ်ချင်တယ်။ ဥပမာ – ဆွမ်းအုပ်ကို ကိုယ်တိုင်ပိုက်ကြည့်လို့ရအောင် စီစဉ်ပေးထားတာ၊ လွန်းရာကျော် ပိုးချိတ်တွေကို ကိုယ်တိုင်ထိတွေ့ကိုင်ကြည့်ပြီး ဝတ်ကြည့်လို့ရအောင်စီစဉ်ပေးထားတာမျိုးပေါ့။ ဧည့်သည်တွေက ချိတ်တွေကို ကိုယ်တိုင်ဝတ်ကြည့်ပြီး ကျက်သရေရှိလိုက်တာ ဆိုတဲ့ ခံစားချက်မျိုး ခံစားစေချင်တယ်။

ရိုးရာရွှေစွန်ညိုလို ကစားနည်းကို ကိုယ်တိုင်ဝင်ဆော့လို့ရတာမျိုးတွေ လုပ်ပေးချင်တယ်။
ပြတိုက်တွေမှာဆိုရင် မြန်မာ့ရိုးရာ ဒေါင်းမြီးယပ်တောင်ဆိုတာ ပြသထားတယ်။ ကျွန်တော်တို့က မြင်ရတာ ကြည့်ရတာပဲရှိတာလေ။ ဒီလို ဒေါင်းမြီးယပ်တောင်ကို ကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလမ်းတွေ ပြသပေးစေချင်တယ်။ ဒါမှ ဒီလိုရိုးရာနည်းလမ်းတွေ မပျောက်ကွယ်မှာ။

နောက်ပြီး အညာဒေသက ဖက်စိမ်းကွမ်းတောင်လုပ်နည်းဆိုရင် လုပ်နည်းအမျိုးမျိုးရှိတယ်။ တကယ်လုပ်တတ်တဲ့သူက နည်းတယ်။ အညာဘက်မှာတော့ ရှိတာပေါ့။ ထိုင်းမှာဆိုရင် ဒီလိုနည်းတွေအတွက် သင်တန်းတွေ ပြန်ပေးတာမျိုးရှိတယ်။ လုပ်နည်းစာအုပ်တွေရှိတယ်။ ဒီမှာဆိုလည်း ရှိသင့်တာပေါ့နော်။ နောက် တစ်နာရီစာ Burmese Cooking Class တွေ၊ Burmese Dance Class တွေ စီစဉ်ပေးချင်တယ်။

နောက်ပြီး ရှေးလက်ရာအဆောက်အဦးတွေ ဒီဘက်ခေတ်မှာ မကျန်တော့တာတွေရှိတယ်။ အဲဒါတွေကို Replica လေးတွေပြန်ဆောက်စေချင်တယ်။ ဒါမှ စိတ်ဝင်စားသူတွေ လက်တွေ့ပြန်ကြည့်၊ ပြန်လေ့လာလို့ရမှာလေ။


ဒေါက်တာ ကျော်ဟန်သာမြင့်

မေး- လက်ရှိမှာ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေ လုပ်ဖို့ နားထားတယ်ဆိုတော့ အနာဂတ်မှာရော ဆက်လုပ်သွားဖို့ စိတ်ကူးရှိလား။

ဖြေ- ဆက်လုပ်ဖြစ်မလုပ်ဖြစ်ဆိုတာကတော့ မသေချာသေးပါဘူး။ ကျွန်တော့ရဲ့ အဓိကအလုပ်ကိုပဲ အာရုံစိုက်သွားမှာမို့ပါ။ ဒါပေမဲ့ တခြားစိတ်ဝင်စားလို့ လုပ်ချင်သူတွေရှိရင် ကူညီပေးသွားမှာပါ။

ကိုယ်သာ ယဉ်ကျေးမှုကိုထိန်းသိမ်းပေးနိုင်မယ့် အင်အားတစ်ခုခုရှိရင် ဆက်လုပ်ချင်ပါတယ်။ အခုလည်း မလုပ်တာသာ ရှိတာ ယဉ်ကျေးမှုတဲ့ပတ်သက်တဲ့ ပစ္စည်းလေးတွေရှိရင် အမှတ်တရဝယ်နေဖြစ်တုန်းပါပဲ။

ဒါကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို တတ်စွမ်းသလောက်ဖော်ထုတ်ပေးခဲ့တဲ့ ကိုကျော်ဟန်သာမြင့် မျှဝေပေးခဲ့တဲ့ အကြောင်းတွေပါပဲ။ အခုအချိန်မှာ အမေ့အလျော့ခံဖြစ်နေတဲ့ တစ်ချိန်ကမြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုတွေကို အခုလို တန်ဖိုးထားတတ်တဲ့ မြန်မာလူငယ်တစ်ဦးက ပြန်လည်ဖော်ထုတ်ပေးနေတာ လေးစားဖို့လည်းကောင်းသလို အက်ဒမင့်အနေနဲ့ အတော်လည်း ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ထုတ်နိုင်မယ့် ပုဂ္ဂိုလ်များ ထပ်မံ ပေါ်ထွက်လာဖို့ မျှော်လင့်ရင်း…..

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
က်ြန္မက Sugar Cane ပါ။ မႀကံပင္ေပါ့။ စာဖတ္ျခင္းကို ရူးသြပ္သလို စာေရးျခင္းကို ခံုမင္လွသူပါ ။ ေယာင္းတို႔ အတြက္ လိုအပ္သမ်ွ သုတ/ ရသ အစံုကို For Her Myanmar ကေန မ်ွေေဝေပးသြားမယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *