ံHorror

အိမ္အသစ္မွာေတြ႕တဲ့ မိန္းမလွေလးရဲ႕ ပံုျပင္

မိန္းမလွေလးတစ္ေယာက္ နဲ႔ အိမ္ေျပာင္းလာတဲ့ ေကာင္ေလးတစ္ေယာက္.. ရင္းႏွီးသြားၾကတဲ့အခါ… 

သူရိန္တစ္ေယာက္ ပိတ္ရက္ကေလးမွာ အိမ္ေျပာင္းအိမ္ေရႊ႔လုပ္ေနရတယ္။ အရင္ေနတဲ့တိုက္ခန္းပိုင္ရွင္နဲ႔ အဆင္မေျပေတာ့တာမို႔ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အသိအိမ္ကို ငွားေနဖို႔ဆံုးျဖတ္လိုက္တယ္။ တိုက္ခန္းသစ္နဲ႔ အလုပ္ကသိပ္လည္း မေဝးေတာ့တာမို႔ သူရိန္႔အဖို႔သိပ္ဟန္က်သြားတယ္။

တိုက္ခန္းအသစ္မွာ ေရခဲေသတၱာ၊ အဲယားကြန္းစသျဖင့္ရွိတာမို႔ စာအုပ္စင္အေသးနဲ႔ ဗီရုိအေသးတစ္လံုးကလြဲလို႔ သူရိန္႔အတြက္ တျခားေလးလံတဲ့ ပစၥည္းမ်ိဳး သယ္စရာမရွိေတာ့။ ၆လႊာဆုိေပမဲ့ ဓာတ္ေလွကားပါတာမို႔ ပစၥည္းေရႊ႕ရျပဳရလည္းလြယ္ကူတာလည္း ကံေကာင္းတယ္ပဲဆိုရမယ္။ ပစၥည္းတင္ကားအတြက္က်သင့္ေငြရွင္းၿပီး တုိက္ခန္းေပၚတက္မယ္ၾကံခါမွ ေဟာ.. မိုက္ခရိုေဝ့ဖ္ မီးဖိုက က်န္ခဲ့ျပန္ၿပီ…

မီးဖိုသယ္ရင္း ဓာတ္ေလွကားဘက္ ေလွ်ာက္လာတုန္း မိန္းကေလးတစ္ေယာက္ဓာတ္ေလွကားထဲဝင္သြားတာကို ျမင္လိုက္ရတာမို႔ သူရိန္မီးဖိုးႀကီးသယ္ၿပီး ဓာတ္ေလွကားဆီ တစ္ခ်ိဳးတည္း ေျပးေတာ့တာပဲ…

“ခဏေလး ကၽြန္ေတာ္ပါဝင္ခဲ့ပါရေစ”

သူရိန္႔ေအာ္သံၾကားေတာ့ မိန္းကေလးလည္း တံခါးဖြင့္ေပးထားတယ္။ ခလုတ္ႏွိပ္ထားတာၾကည့္ၿပီး ေကာင္မေလးက အေပၚဆံုး အထပ္မွာ ေနမွန္း ခန္႔မွန္းမိတယ္။ ေကာင္မေလးကသူ႔ရိန္႔ကိုျပံဳးရုံပဲျပံဳးျပျပီ ေရွ႕တည့္တည့္ကိုမ်က္ႏွာျပန္မူလုိက္တယ္။ သိပ္မၾကာလိုက္ဘူး။ ၆ထပ္ေရာက္ေတာ့ သူရိန္လည္း ဓာတ္ေလွကားထဲက ထြက္ခဲ့လိုက္တယ္။

အက္ဖ္ေအပီပီ ေကာင္မေလးအေပၚ ရင္ခုန္သြားတာကအမွန္။ အသားခပ္ညိဳညိဳ အရပ္ခပ္ရွည္ရွည္ ေျခတံသြယ္သြယ္ေလးနဲ႔ မ်က္ႏွာကလည္း ဆက္စီက်တဲ့ဘက္သြားတယ္။ ဂါဝန္အနီဒူးဖုံးေလးနဲ႔ေပမဲ့ ေတာ္ေတာ္ဆြဲေဆာင္အားေကာင္းတယ္။ သူရိန္ကေတာ့ ဖြန္ေၾကာင္ဖုိ႔ အဆင္ေလးတစ္ေယာက္ရသြားၿပီမို႔ ေျပာင္းခဲ့ရတာ အေတာ္ေလး ေပ်ာ္ေနမိ…

ပစၥည္းေတြ ေနရာတက်အစီအစဥ္ခ်လို႔အၿပီး ညစာအတြက္ခ်က္ျပဳတ္ဖို႔ျပင္ေနတုန္း တံခါးဘဲလ္အသံျမည္လာတယ္။ ညီႏိုင္ျဖစ္လိမ့္မယ္လို႔ တစ္ထစ္ခ်ယံုၾကည္ၿပီး တံခါးအဖြင့္မွာ သူရိန္ရင္တုန္သြားတယ္။ ရင္ခုန္သြားတယ္ဆုိ ပိုမွန္လိမ့္မယ္ထင္တယ္။ ဓာတ္ေလွကားမွာ ဆံုခဲ့တဲ့မိန္းကေလးက လက္မွာေၾကြဇလံုတစ္ခုကိုင္ၿပီး ျပံဳးျပံဳးေလးနဲ႔ ရပ္ေနတာကိုး…

“ ဟုတ္ကဲ့ညီမ။ ဘာလိုခ်င္လို႔လဲ ခင္ဗ်”

“ညီမဒီေန႔အလုပ္အင္တာဗ်ဴးေအာင္လို႔ အထိမ္းအမွတ္အေနနဲ႔ မုန္႔လုပ္ျဖစ္တယ္။ အဲ့ဒါ တစ္တုိက္လံုးကို လိုက္ေပးေနတာ။ ေရာ့..အစ္ကို”

ဇလံုအဖံုးကိုဖြင့္လိုက္ေတာ့..အားပါးပါးေမႊးေနတာပဲ။ ၾကက္သားမုန္႔ေလးေတြက အနံ႔နဲ႔တင္ ဆြဲေဆာင္ေနတယ္။ ဒီေကာင္မေလးက ေခ်ာလည္းေခ်ာ၊ ဟင္းခ်က္လည္း ကၽြမ္းတာပဲ။ မနက္ျဖန္ ဖိတ္စာသြားရုိက္ဦးမွ ဆိုတဲ့အေတြးေတာင္ ေၾကာင္ေတာင္ေတာင္နဲ႔ ဝင္လာမိလို႔ သူရိန္တစ္ခ်က္ရယ္မိသြားတယ္။

“ေက်းဇူးေနာ္ ညီမေလး။”

“ရပါတယ္ရွင့္။ သြားခြင့္ျပဳ…အဲ…အစ္ကိုေရ အထဲမွာ ေညွာ္နံ႔ရေနတယ္ေနာ္”

သြားပါၿပီ။ ဟင္းဆီသတ္ဖုိ႔ ဆီထဲ ၾကက္သြန္နီထည့္ၿပီး ေမ့လာတယ္။ သူရိန္ ကမန္းကတန္းေျပးဝင္ေတာ့ ေကာင္မေလးလည္း လိုက္ဝင္လာတယ္။ ၾကက္သြန္နီလံုးဝတူးသြားၿပီမို႔ အိုးကိုမီ းဖိုေပၚကခ်လိုက္တယ္။ ၾကက္သြန္နီမရွိရင္ ၾကက္သားဟင္း ခ်က္လို႔ မရေတာ့မယ့္ အေရး ေတြးၿပီး သူရိန္စိတ္အႀကီးအက်ယ္ပ်က္သြားတယ္။

“ရတယ္အစ္ကို။ ၾကက္သားခ်က္မလို႔ မဟုတ္လား။ ညီမ ခ်က္ေပးမယ္ေလ.. ၾကက္သြန္နီမရွိလည္း ခ်က္လို႔ရတဲ့ နည္းေတြ ရွိပါတယ္”

“ရပါတယ္ညီမရယ္။ ညီမၾကက္သားမုန္႔က အစ္ကို႔ညစာအတြက္ ဖူလံုပါၿပီ။”

“အားမနာပါနဲ႔”

“တကယ္ေျပာတာ ေက်းဇူးအရမ္းတင္ပါတယ္”

“ဟီးဟီး ဟုတ္ပါၿပီရွင့္… ဒါဆို ညီမျပန္လိုက္ဦးမယ္ေနာ္”

“ဟုတ္ကဲ့ပါဗ်”

သူမတံခါးဝကထြက္ၿပီး ျပန္မယ္လုပ္တုန္း အရပ္ရွည္ရွည္သန္သန္မာမာနဲ႔ လူတစ္ေယာက္ေရာက္လာျပီး

“ရတီမိုး နင္ ဒီမွာဘာလုပ္ေနတာလဲ”

“ဟို..ငါဒီေန႔အလုပ္အင္တာဗ်ဴးေအာင္တယ္ေလ။ ဒါေၾကာင့္တစ္တုိက္လံုးကိုမုန္႔လိုက္ေဝ..ေဝ”

“တစ္အိမ္ဝင္ တစ္အိမ္ထြက္ ဒီလိုပဲေဝတာေပါ့”

ထိုလူအၾကည့္က ခနဲ႔တဲ့တဲ့ မသကၤာတဲ့အၾကည့္နဲ႔ သူရိန္႔ကိုတစ္ခ်က္၊ ေကာင္မေလးကိုတစ္ခ်က္လွည့္ၾကည့္တယ္။ ေကာင္မေလးက မ်က္ႏွာပ်က္ၿပီး ထိုသူ႕လက္ေမာင္းကို ဆြဲလို႔…

“ဘာေတြေျပာေနတာလဲ။ လာအိမ္ျပန္ၾကမယ္”

ဒါေတာင္ အဲ့ဒီလူက သူရိန္႔ကို ေက်ာခ်မ္းစရာေကာင္းတဲ့အၾကည့္မ်ိဳးနဲ႔ ၾကည့္သြားေသးတယ္။ သူရိန္ဘယ္ေလာက္ေတာင္ ေၾကာက္သြားလဲဆိုေတာ့ အိပ္မက္ထဲေတာင္ အဲ့လူႀကီးကို ထည့္မက္တဲ့အထိပဲ။ သူရိန္ကေတာ့ ဗိုက္ဆာလို႔ ေပါက္ကရ မက္တယ္ထင္ေနတာပဲ… ေကာင္မေလး ေပးထားတဲ့ ၾကက္သားမုန္႔ေတြကလည္း သူတို႔ပဲ ေမ့ၿပီး ျပန္ယူသြားသလား၊ ႂကြက္ပဲ ဆြဲသလားေတာ့မသိ.. စားမယ္ၾကံေတာ့ မေတြ႕ေတာ့တာနဲ႔ မစားလိုက္ရဘူးေလ…

Related Article >>> ပါးစပ္ရာဇဝင္ထဲက ေခါင္းျပတ္သရဲမ ခရာဆူ

ဒီေန႔ အုိဗာတုိင္းဆင္းရေတာ့ အိမ္ျပန္ေရာတာ ၁၁ခြဲေက်ာ္သြားတယ္။ ဓာတ္ေလွကားေခၚၿပီး တံခါးအပြင့္မွာ ရတီ့ကို ေတြ႔လိုက္ရတယ္။ အိမ္ေနရင္း ကာတြန္းေဘာင္းဘီ တီရွပ္ေလးနဲ႔ မ်က္ႏွာမွာ မိတ္ကပ္တစ္စက္မွမရွိဘဲ ၾကည့္ရရုိးရွင္းေနတယ္။ ဒါေပမဲ့ ထူးဆန္းတာက သူရိန္ကို မရယ္ျပဘူး။ သူရိန္ကေတာ့ ျပံဳးျပလိုက္ၿပီး ဓာတ္ေလွကားထဲ ဝင္သြားလိုက္တယ္။ ဟုတ္တယ္ေလ.. သူမျပံဳးျပခ်င္ေန.. ကိုယ့္တာဝန္ေတာ့ ကိုယ္လုပ္ရမွာပဲ ေနာ္႔… အေတြးက မၾကာလိုက္ပါဘူး။ ဓာတ္ေလွကားစတက္တဲ့အခ်ိန္မွာပဲ ေဘးက ရႈိက္သံထြက္လာေရာ…

သူရိန္လည္းမေနႏိုင္တဲ့အဆံုး လွည့္ၾကည့္လုိက္ေတာ့ လက္ႏွစ္ဖက္နဲ႔ မ်က္ႏွာကို အုပ္ၿပီး ႐ႈိက္ႀကီးတငင္ငိုေနတဲ့ ရတီရယ္ေလ…

“ညီမဘာျဖစ္လို႔လဲ။ အဆင္မေျပဘူးလား”

သူရိန္႔အခန္းအထပ္မွာ ဓာတ္ေလွကားရပ္သြားေပမဲ့ အျပင္မထြက္ႏိုင္ေသးဘူး… ဟုတ္တယ္ေလ.. ငိုေနတဲ့သူကို ပစ္ၿပီး သြားဖို႔ထိလည္း သူက အသည္းမမာႏိုင္ေလ…

“အိမ္ခဏလုိက္ခဲ့ပါလား အစ္ကို”

“ဗ်ာ”

“ညီမကို အစ္ကိုပဲကူညီႏုိင္မွာ”

“ေၾသာ္.. အင္း.. အင္း”

သူရိန္ ရတီ့အိမ္လိုက္သြားဖုိ႔ဆံုးျဖတ္လိုက္ေတာ့ ရတီက အေပၚဆံုးအထပ္ခလုတ္ကိုႏွိပ္လိုက္တယ္။ ဓာတ္ေလွကားတံခါးပြင့္ၿပီး ရတီ့အိမ္အေရွ႕လည္းေရာက္ေရာ ဘာေၾကာင့္ရယ္မသိ သူရိန္႔စိတ္ထဲ တစ္မ်ိဳး ျဖစ္သြားေရာ… ရတီက တံခါးကို အသာတြန္းဖြင့္လုိက္ေတာ့ ညွီစို႔စို႔အနံ႔က ေထာင္းခနဲ…

“အစ္ကို ခဏေလးရပ္ေနေနာ္။ ညီမမီးသြားဖြင့္လိုက္ဦးမယ္။”

သူရိန္႔ေက်ာထဲ စိမ့္ခနဲျဖစ္သြားတယ္။ စိတ္ထဲက တစ္မ်ိဳးႀကီးျဖစ္ေနတာကလည္း ပိုဆိုးလာတယ္… ရုတ္တရက္ မီးလင္းလာေတာ့ အိမ္က အေတာ္ႀကီး ရႈပ္ပြေနတာကို ေတြ႕လိုက္ရတယ္။ သတင္းစာအေဟာင္းေတြ၊ မုန္႔အခြံေတြနဲ႔လူေနခ်င္စရာေတာင္မေကာင္းေအာင္ပဲ။ ရတီ့ကို အထင္ႀကီးခဲ့တာေတာင္ ဘယ္နားေပ်ာက္သြားမွန္း မသိေတာ့ဘူး။

ရတီက သူရိန္႔လက္ကိုကိုင္ၿပီး အိမ္အတြင္းပိုင္းထဲ ဆြဲေခၚသြားတယ္။ အခန္းတစ္ခုထဲလည္းေရာက္ေရာ ညွီနံ႔က ေတာ္ေတာ္ဆိုးရြားလာတယ္။ သူရိန္တစ္ခုခုကို နင္းမိသလို ခံစားရတယ္။ အဲ့ဒီအခ်ိန္မွာ ရတီက အခန္းမီးခလုတ္လည္းဖြင့္လိုက္ေရာ…

“အား….”

သူရိန္နင္းထားတာက လူသန္မာႀကီးရဲ႕အေလာင္း။ မ်က္လံုးႀကီးျပဴးထြက္ေနၿပီး ေသြးေတာင္မရွိေတာ့တာမို႔ သူရိန္လန္႔ၿပီး မိုက္ခနဲျဖစ္သြားတယ္။

Related Article >>> ေခ်ာက္ခ်ားစရာ အေကာင္းဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

ရတီက သူရိန္ေရွ႕ထိုင္ခ်ၿပီး ရႈိက္ႀကီးတငင္ငိုခ်တယ္။

“ကၽြန္မလူသတ္မိၿပီ အစ္ကို။ ဘယ္လုိလုပ္ရမလဲ။ သူကၽြန္မကိုႏွိပ္စက္လြန္းအားႀကီးတယ္။ တစ္ေန႔တစ္ေန႔ ကၽြန္မကို သဝန္တိုၿပီး နာက်င္ေအာင္ လုပ္တယ္။ မေန႔က အစ္ကို႔အိမ္ကထြက္လာလို႔ အစ္ကိုနဲ႔ အထင္လြဲၿပီး ညီမကိုဒီေန႔အရမ္းရိုက္တာ။ ညီမလည္း သူရိုက္တာကေန ကာကြယ္ရင္း ေဘးနားမွာစမ္းလို႔ရတဲ့ မီးဆေလာင္းနဲ႔ ရိုက္လိုက္တာ.. ေသြးေတာ့မထြက္ဘဲ အဲ့လိုႀကီး ေသသြားေတာ့တာပဲ အစ္ကိုရယ္..  ရတီေၾကာက္တယ္။ ဘာလုပ္ရမလဲ။ အီးဟီးဟီး”

သူရိန္လည္း ေၾကာင္အမ္းအမ္းနဲ႔ လူေသေကာင္ကိုေရာ ရတီ့ကိုပါ တစ္ခ်က္ၾကည့္လိုက္ရင္း

“ရဲအေၾကာင္းၾကားၾကမယ္”

“အင္း။ ဟုတ္ကဲ့အစ္ကို။ ဒါေပမယ့္ အစ္ကိုဘယ္လိုေျပာမွာလဲ။”

“မင္းကိုယ္တိုင္ဝန္ခံရမွာ”

“ဟင့္အင္း။ ရတီမလုိက္ႏုိင္ေတာ့ဘူး။ ရတီ့ဗိုက္ထဲကလည္း ေတာ္ေတာ္နာေနၿပီ။ ကေလးလည္းလႈပ္ေနၿပီ။”

“ဟင္”

သူရိန္ အ့ံၾသမွင္သက္ေနခ်ိန္မွာပဲ ရတီက သူ(မ)အက်ႌကို လွန္ျပလိုက္တယ္။

ဗိုက္တစ္ခုလံုးပြင့္ေနၿပီး အတြင္းပိုင္းက အူတြင္းကလီစာေတြကအစ အတုိင္းသား… ရုတ္တရက္ဗိုက္ထဲက သေႏၶသားေလး ထြက္က်လာတာကို ျမင္ၿပီးတဲ့ေနာက္မွာေတာ့ သူရိန္အျမင္အာရုံတစ္ခုလံုး ေမွာင္အတိဖံုးသြားပါေတာ့တယ္…

“ညီေလး..ညီေလးေရ”

အသံတစ္ခုေၾကာင့္ သူရိန္႔မ်က္လံုးပြင့္လာတယ္။ တိုက္အေစာင့္ ဦးေလးျဖစ္ေနတယ္။ သူရိန္ကမန္းကတန္းထၾကည့္ေတာ့ ၾကပ္ခိုးေတြျပည့္ႏွက္ေနတဲ့ အခန္းတစ္ခန္းမွာ။ ဘာဆိုဘာမွမရွိဘဲ ေျပာင္သလင္းခါေနတဲ့အခန္း။

“ဦး..ဦးေလး..မေန႔ညတုန္းက ဒီမွာ”

“ဦးေလးသိတယ္။ မင္းအေျခာက္ခံရတယ္ထင္တယ္။ လိုက္ခဲ့ ငါ့ညီ။ ငါမင္းကိုေအးေအးေဆးေဆးေျပာျပရတာေပါ့”

သူရိန္႔အိမ္ေရာက္ေတာ့ အေစာင့္ဦးေလးက ေျပာလာတယ္။

“မင္းကို ဒီအိမ္ငွားတဲ့သူက ဘာမွေျပာမျပထားဘူးထင္တယ္။ မင္းေတြ႕ခဲ့တဲ့ေကာင္မေလးက ေသသြားတာ ၆လေလာက္ ရွိၿပီ။ မင္းမေျပာဘဲ ဦးသိေနလို႔ အံ့ၾသေနတယ္မဟုတ္လား။ မင္းအေရွ႕မွာလည္း ႏွစ္ေယာက္ေလာက္ ဒီလုိျဖစ္ဖူးၾကတယ္။ လြန္ခဲ့တဲ့ေျခာက္လက လင္မယားႏွစ္ေယာက္ အဲဒီတုိက္ခန္းကို ေျပာင္းလာတယ္။ ေကာင္မေလးက တအားလွတာ။ သူ႔ေယာက္်ား လူသန္ႀကီးက ဒါကိုစိတ္မခ်ဘူး။ ေန႔တိုင္းလိုလို သူတို႔အိမ္က ရန္ျဖစ္သံၾကားတယ္လို႔ ေဘးအိမ္ကေျပာျပတယ္။ တစ္ရက္ မင္းေနတဲ့အိပ္ခန္းကို ေကာင္ေလးတစ္ေယာက္ေျပာင္းလာပါေရာ.. အဲဒီမွာပဲ ေကာင္မေလးနဲ႔ အဲ့ဒီေကာင္ေလးကို စြပ္စြဲၿပီး ျပႆနာ အႀကီးအက်ယ္ျဖစ္ၾကတာ။ ေနာက္ေန႔မနက္ မင္းအခန္းမွာေနတဲ့ေကာင္ေလးက ေကာင္မေလးကို စာအုပ္တစ္အုပ္ေပးမယ္ဆိုၿပီး အိမ္လိုက္သြားေတာ့မွ ႏွစ္ေယာက္လံုး ေသလ်က္နဲ႔ေတြ႔ရတာ။ ဟိုေကာင္ကလည္းမ်က္လံုးႀကီးျပဴးထြက္၊ ေကာင္မေလးကလည္း ဗိုက္ထဲက ေသြးေတြလွ်ံ ေအာက္ပိုင္းက သေႏၶသားတန္းလန္းနဲ႔ေသေနတာ။ ငါတုိ႔ေတာင္ ေကာင္မေလးကိုယ္ဝန္ရွိေနမွန္း အဲ့ဒီေတာ့မွသိရတာ။

အဲ့ဒီ့ေကာင္ေလးလည္း အဲ့ဒီ့အခန္းမွာမေနရဲေတာ့ဘဲ ေျပာင္းသြားတယ္။ ေနာက္ေျပာင္းလာတဲ့ႏွစ္ေယာက္လည္း ေျပာင္းလာၿပီးႏွစ္ရက္အၾကာ မိုးလင္းခ်ိန္မွာ အဲ့ဒီအခန္းထဲေရာက္ေနေရာ။ မင္းျဖစ္သလိုေပါ့”

“ဒါဆို ကၽြန္ေတာ့္ကို ဘာျဖစ္လို႔ အစကတည္းက အသိမေပးၾကတာလဲဗ်ာ”

“အသိေပးလိုက္ရင္ သူတုိ႔အိမ္မငွားရေတာ့ဘူးေလ။ ဦးေလးကလည္း မင္းကို ေျပာျပမလုိ႔။ ဒါေပမဲ့ ဦးေလးမွာလည္း မေန႔ညေလးတင္မွ အေမာေဖာက္ၿပီး ဆံုးသြားေတာ့ ေျပာခြင့္မသာဘူး မဟုတ္လား…  ဟားဟားဟား”

Christina (For Her Myanmar)

<<< Unicode >>>

မိန်းမလှလေးတစ်ယောက် နဲ့ အိမ်ပြောင်းလာတဲ့ ကောင်လေးတစ်ယောက်.. ရင်းနှီးသွားကြတဲ့အခါ… 

သူရိန်တစ်ယောက် ပိတ်ရက်ကလေးမှာ အိမ်ပြောင်းအိမ်ရွှေ့လုပ်နေရတယ်။ အရင်နေတဲ့တိုက်ခန်းပိုင်ရှင်နဲ့ အဆင်မပြေတော့တာမို့ သူငယ်ချင်းတစ်ယောက်ရဲ့ အသိအိမ်ကို ငှားနေဖို့ဆုံးဖြတ်လိုက်တယ်။ တိုက်ခန်းသစ်နဲ့ အလုပ်ကသိပ်လည်း မဝေးတော့တာမို့ သူရိန့်အဖို့သိပ်ဟန်ကျသွားတယ်။

တိုက်ခန်းအသစ်မှာ ရေခဲသေတ္တာ၊ အဲယားကွန်းစသဖြင့်ရှိတာမို့ စာအုပ်စင်အသေးနဲ့ ဗီရိုအသေးတစ်လုံးကလွဲလို့ သူရိန့်အတွက် တခြားလေးလံတဲ့ ပစ္စည်းမျိုး သယ်စရာမရှိတော့။ ၆လွှာဆိုပေမဲ့ ဓာတ်လှေကားပါတာမို့ ပစ္စည်းရွှေ့ရပြုရလည်းလွယ်ကူတာလည်း ကံကောင်းတယ်ပဲဆိုရမယ်။ ပစ္စည်းတင်ကားအတွက်ကျသင့်ငွေရှင်းပြီး တိုက်ခန်းပေါ်တက်မယ်ကြံခါမှ ဟော.. မိုက်ခရိုဝေ့ဖ် မီးဖိုက ကျန်ခဲ့ပြန်ပြီ…

မီးဖိုသယ်ရင်း ဓာတ်လှေကားဘက် လျှောက်လာတုန်း မိန်းကလေးတစ်ယောက်ဓာတ်လှေကားထဲဝင်သွားတာကို မြင်လိုက်ရတာမို့ သူရိန်မီးဖိုးကြီးသယ်ပြီး ဓာတ်လှေကားဆီ တစ်ချိုးတည်း ပြေးတော့တာပဲ…

“ခဏလေး ကျွန်တော်ပါဝင်ခဲ့ပါရစေ”

သူရိန့်အော်သံကြားတော့ မိန်းကလေးလည်း တံခါးဖွင့်ပေးထားတယ်။ ခလုတ်နှိပ်ထားတာကြည့်ပြီး ကောင်မလေးက အပေါ်ဆုံး အထပ်မှာ နေမှန်း ခန့်မှန်းမိတယ်။ ကောင်မလေးကသူ့ရိန့်ကိုပြုံးရုံပဲပြုံးပြပြီ ရှေ့တည့်တည့်ကိုမျက်နှာပြန်မူလိုက်တယ်။ သိပ်မကြာလိုက်ဘူး။ ၆ထပ်ရောက်တော့ သူရိန်လည်း ဓာတ်လှေကားထဲက ထွက်ခဲ့လိုက်တယ်။

အက်ဖ်အေပီပီ ကောင်မလေးအပေါ် ရင်ခုန်သွားတာကအမှန်။ အသားခပ်ညိုညို အရပ်ခပ်ရှည်ရှည် ခြေတံသွယ်သွယ်လေးနဲ့ မျက်နှာကလည်း ဆက်စီကျတဲ့ဘက်သွားတယ်။ ဂါဝန်အနီဒူးဖုံးလေးနဲ့ပေမဲ့ တော်တော်ဆွဲဆောင်အားကောင်းတယ်။ သူရိန်ကတော့ ဖွန်ကြောင်ဖို့ အဆင်လေးတစ်ယောက်ရသွားပြီမို့ ပြောင်းခဲ့ရတာ အတော်လေး ပျော်နေမိ…

ပစ္စည်းတွေ နေရာတကျအစီအစဉ်ချလို့အပြီး ညစာအတွက်ချက်ပြုတ်ဖို့ပြင်နေတုန်း တံခါးဘဲလ်အသံမြည်လာတယ်။ ညီနိုင်ဖြစ်လိမ့်မယ်လို့ တစ်ထစ်ချယုံကြည်ပြီး တံခါးအဖွင့်မှာ သူရိန်ရင်တုန်သွားတယ်။ ရင်ခုန်သွားတယ်ဆို ပိုမှန်လိမ့်မယ်ထင်တယ်။ ဓာတ်လှေကားမှာ ဆုံခဲ့တဲ့မိန်းကလေးက လက်မှာကြွေဇလုံတစ်ခုကိုင်ပြီး ပြုံးပြုံးလေးနဲ့ ရပ်နေတာကိုး…

“ ဟုတ်ကဲ့ညီမ။ ဘာလိုချင်လို့လဲ ခင်ဗျ”

“ညီမဒီနေ့အလုပ်အင်တာဗျူးအောင်လို့ အထိမ်းအမှတ်အနေနဲ့ မုန့်လုပ်ဖြစ်တယ်။ အဲ့ဒါ တစ်တိုက်လုံးကို လိုက်ပေးနေတာ။ ရော့..အစ်ကို”

ဇလုံအဖုံးကိုဖွင့်လိုက်တော့..အားပါးပါးမွှေးနေတာပဲ။ ကြက်သားမုန့်လေးတွေက အနံ့နဲ့တင် ဆွဲဆောင်နေတယ်။ ဒီကောင်မလေးက ချောလည်းချော၊ ဟင်းချက်လည်း ကျွမ်းတာပဲ။ မနက်ဖြန် ဖိတ်စာသွားရိုက်ဦးမှ ဆိုတဲ့အတွေးတောင် ကြောင်တောင်တောင်နဲ့ ဝင်လာမိလို့ သူရိန်တစ်ချက်ရယ်မိသွားတယ်။

“ကျေးဇူးနော် ညီမလေး။”

“ရပါတယ်ရှင့်။ သွားခွင့်ပြု…အဲ…အစ်ကိုရေ အထဲမှာ ညှော်နံ့ရနေတယ်နော်”

သွားပါပြီ။ ဟင်းဆီသတ်ဖို့ ဆီထဲ ကြက်သွန်နီထည့်ပြီး မေ့လာတယ်။ သူရိန် ကမန်းကတန်းပြေးဝင်တော့ ကောင်မလေးလည်း လိုက်ဝင်လာတယ်။ ကြက်သွန်နီလုံးဝတူးသွားပြီမို့ အိုးကိုမီ းဖိုပေါ်ကချလိုက်တယ်။ ကြက်သွန်နီမရှိရင် ကြက်သားဟင်း ချက်လို့ မရတော့မယ့် အရေး တွေးပြီး သူရိန်စိတ်အကြီးအကျယ်ပျက်သွားတယ်။

“ရတယ်အစ်ကို။ ကြက်သားချက်မလို့ မဟုတ်လား။ ညီမ ချက်ပေးမယ်လေ.. ကြက်သွန်နီမရှိလည်း ချက်လို့ရတဲ့ နည်းတွေ ရှိပါတယ်”

“ရပါတယ်ညီမရယ်။ ညီမကြက်သားမုန့်က အစ်ကို့ညစာအတွက် ဖူလုံပါပြီ။”

“အားမနာပါနဲ့”

“တကယ်ပြောတာ ကျေးဇူးအရမ်းတင်ပါတယ်”

“ဟီးဟီး ဟုတ်ပါပြီရှင့်… ဒါဆို ညီမပြန်လိုက်ဦးမယ်နော်”

“ဟုတ်ကဲ့ပါဗျ”

သူမတံခါးဝကထွက်ပြီး ပြန်မယ်လုပ်တုန်း အရပ်ရှည်ရှည်သန်သန်မာမာနဲ့ လူတစ်ယောက်ရောက်လာပြီး

“ရတီမိုး နင် ဒီမှာဘာလုပ်နေတာလဲ”

“ဟို..ငါဒီနေ့အလုပ်အင်တာဗျူးအောင်တယ်လေ။ ဒါကြောင့်တစ်တိုက်လုံးကိုမုန့်လိုက်ဝေ..ဝေ”

“တစ်အိမ်ဝင် တစ်အိမ်ထွက် ဒီလိုပဲဝေတာပေါ့”

ထိုလူအကြည့်က ခနဲ့တဲ့တဲ့ မသင်္ကာတဲ့အကြည့်နဲ့ သူရိန့်ကိုတစ်ချက်၊ ကောင်မလေးကိုတစ်ချက်လှည့်ကြည့်တယ်။ ကောင်မလေးက မျက်နှာပျက်ပြီး ထိုသူ့လက်မောင်းကို ဆွဲလို့…

“ဘာတွေပြောနေတာလဲ။ လာအိမ်ပြန်ကြမယ်”

ဒါတောင် အဲ့ဒီလူက သူရိန့်ကို ကျောချမ်းစရာကောင်းတဲ့အကြည့်မျိုးနဲ့ ကြည့်သွားသေးတယ်။ သူရိန်ဘယ်လောက်တောင် ကြောက်သွားလဲဆိုတော့ အိပ်မက်ထဲတောင် အဲ့လူကြီးကို ထည့်မက်တဲ့အထိပဲ။ သူရိန်ကတော့ ဗိုက်ဆာလို့ ပေါက်ကရ မက်တယ်ထင်နေတာပဲ… ကောင်မလေး ပေးထားတဲ့ ကြက်သားမုန့်တွေကလည်း သူတို့ပဲ မေ့ပြီး ပြန်ယူသွားသလား၊ ကြွက်ပဲ ဆွဲသလားတော့မသိ.. စားမယ်ကြံတော့ မတွေ့တော့တာနဲ့ မစားလိုက်ရဘူးလေ…

Related Article >>> ပါးစပ်ရာဇဝင်ထဲက ခေါင်းပြတ်သရဲမ ခရာဆူ

ဒီနေ့ အိုဗာတိုင်းဆင်းရတော့ အိမ်ပြန်ရောတာ ၁၁ခွဲကျော်သွားတယ်။ ဓာတ်လှေကားခေါ်ပြီး တံခါးအပွင့်မှာ ရတီ့ကို တွေ့လိုက်ရတယ်။ အိမ်နေရင်း ကာတွန်းဘောင်းဘီ တီရှပ်လေးနဲ့ မျက်နှာမှာ မိတ်ကပ်တစ်စက်မှမရှိဘဲ ကြည့်ရရိုးရှင်းနေတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူရိန်ကို မရယ်ပြဘူး။ သူရိန်ကတော့ ပြုံးပြလိုက်ပြီး ဓာတ်လှေကားထဲ ဝင်သွားလိုက်တယ်။ ဟုတ်တယ်လေ.. သူမပြုံးပြချင်နေ.. ကိုယ့်တာဝန်တော့ ကိုယ်လုပ်ရမှာပဲ နော့်… အတွေးက မကြာလိုက်ပါဘူး။ ဓာတ်လှေကားစတက်တဲ့အချိန်မှာပဲ ဘေးက ရှိုက်သံထွက်လာရော…

သူရိန်လည်းမနေနိုင်တဲ့အဆုံး လှည့်ကြည့်လိုက်တော့ လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့ ရတီရယ်လေ…

“ညီမဘာဖြစ်လို့လဲ။ အဆင်မပြေဘူးလား”

သူရိန့်အခန်းအထပ်မှာ ဓာတ်လှေကားရပ်သွားပေမဲ့ အပြင်မထွက်နိုင်သေးဘူး… ဟုတ်တယ်လေ.. ငိုနေတဲ့သူကို ပစ်ပြီး သွားဖို့ထိလည်း သူက အသည်းမမာနိုင်လေ…

“အိမ်ခဏလိုက်ခဲ့ပါလား အစ်ကို”

“ဗျာ”

“ညီမကို အစ်ကိုပဲကူညီနိုင်မှာ”

“သြော်.. အင်း.. အင်း”

သူရိန် ရတီ့အိမ်လိုက်သွားဖို့ဆုံးဖြတ်လိုက်တော့ ရတီက အပေါ်ဆုံးအထပ်ခလုတ်ကိုနှိပ်လိုက်တယ်။ ဓာတ်လှေကားတံခါးပွင့်ပြီး ရတီ့အိမ်အရှေ့လည်းရောက်ရော ဘာကြောင့်ရယ်မသိ သူရိန့်စိတ်ထဲ တစ်မျိုး ဖြစ်သွားရော… ရတီက တံခါးကို အသာတွန်းဖွင့်လိုက်တော့ ညှီစို့စို့အနံ့က ထောင်းခနဲ…

“အစ်ကို ခဏလေးရပ်နေနော်။ ညီမမီးသွားဖွင့်လိုက်ဦးမယ်။”

သူရိန့်ကျောထဲ စိမ့်ခနဲဖြစ်သွားတယ်။ စိတ်ထဲက တစ်မျိုးကြီးဖြစ်နေတာကလည်း ပိုဆိုးလာတယ်… ရုတ်တရက် မီးလင်းလာတော့ အိမ်က အတော်ကြီး ရှုပ်ပွနေတာကို တွေ့လိုက်ရတယ်။ သတင်းစာအဟောင်းတွေ၊ မုန့်အခွံတွေနဲ့လူနေချင်စရာတောင်မကောင်းအောင်ပဲ။ ရတီ့ကို အထင်ကြီးခဲ့တာတောင် ဘယ်နားပျောက်သွားမှန်း မသိတော့ဘူး။

ရတီက သူရိန့်လက်ကိုကိုင်ပြီး အိမ်အတွင်းပိုင်းထဲ ဆွဲခေါ်သွားတယ်။ အခန်းတစ်ခုထဲလည်းရောက်ရော ညှီနံ့က တော်တော်ဆိုးရွားလာတယ်။ သူရိန်တစ်ခုခုကို နင်းမိသလို ခံစားရတယ်။ အဲ့ဒီအချိန်မှာ ရတီက အခန်းမီးခလုတ်လည်းဖွင့်လိုက်ရော…

“အား….”

သူရိန်နင်းထားတာက လူသန်မာကြီးရဲ့အလောင်း။ မျက်လုံးကြီးပြူးထွက်နေပြီး သွေးတောင်မရှိတော့တာမို့ သူရိန်လန့်ပြီး မိုက်ခနဲဖြစ်သွားတယ်။

Related Article >>> ချောက်ချားစရာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကိုရီးယားသရဲကား (၃)ကား

ရတီက သူရိန်ရှေ့ထိုင်ချပြီး ရှိုက်ကြီးတငင်ငိုချတယ်။

“ကျွန်မလူသတ်မိပြီ အစ်ကို။ ဘယ်လိုလုပ်ရမလဲ။ သူကျွန်မကိုနှိပ်စက်လွန်းအားကြီးတယ်။ တစ်နေ့တစ်နေ့ ကျွန်မကို သဝန်တိုပြီး နာကျင်အောင် လုပ်တယ်။ မနေ့က အစ်ကို့အိမ်ကထွက်လာလို့ အစ်ကိုနဲ့ အထင်လွဲပြီး ညီမကိုဒီနေ့အရမ်းရိုက်တာ။ ညီမလည်း သူရိုက်တာကနေ ကာကွယ်ရင်း ဘေးနားမှာစမ်းလို့ရတဲ့ မီးဆလောင်းနဲ့ ရိုက်လိုက်တာ.. သွေးတော့မထွက်ဘဲ အဲ့လိုကြီး သေသွားတော့တာပဲ အစ်ကိုရယ်..  ရတီကြောက်တယ်။ ဘာလုပ်ရမလဲ။ အီးဟီးဟီး”

သူရိန်လည်း ကြောင်အမ်းအမ်းနဲ့ လူသေကောင်ကိုရော ရတီ့ကိုပါ တစ်ချက်ကြည့်လိုက်ရင်း

“ရဲအကြောင်းကြားကြမယ်”

“အင်း။ ဟုတ်ကဲ့အစ်ကို။ ဒါပေမယ့် အစ်ကိုဘယ်လိုပြောမှာလဲ။”

“မင်းကိုယ်တိုင်ဝန်ခံရမှာ”

“ဟင့်အင်း။ ရတီမလိုက်နိုင်တော့ဘူး။ ရတီ့ဗိုက်ထဲကလည်း တော်တော်နာနေပြီ။ ကလေးလည်းလှုပ်နေပြီ။”

“ဟင်”

သူရိန် အံ့သြမှင်သက်နေချိန်မှာပဲ ရတီက သူ(မ)အင်္ကျီကို လှန်ပြလိုက်တယ်။

ဗိုက်တစ်ခုလုံးပွင့်နေပြီး အတွင်းပိုင်းက အူတွင်းကလီစာတွေကအစ အတိုင်းသား… ရုတ်တရက်ဗိုက်ထဲက သန္ဓေသားလေး ထွက်ကျလာတာကို မြင်ပြီးတဲ့နောက်မှာတော့ သူရိန်အမြင်အာရုံတစ်ခုလုံး မှောင်အတိဖုံးသွားပါတော့တယ်…

“ညီလေး..ညီလေးရေ”

အသံတစ်ခုကြောင့် သူရိန့်မျက်လုံးပွင့်လာတယ်။ တိုက်အစောင့် ဦးလေးဖြစ်နေတယ်။ သူရိန်ကမန်းကတန်းထကြည့်တော့ ကြပ်ခိုးတွေပြည့်နှက်နေတဲ့ အခန်းတစ်ခန်းမှာ။ ဘာဆိုဘာမှမရှိဘဲ ပြောင်သလင်းခါနေတဲ့အခန်း။

“ဦး..ဦးလေး..မနေ့ညတုန်းက ဒီမှာ”

“ဦးလေးသိတယ်။ မင်းအခြောက်ခံရတယ်ထင်တယ်။ လိုက်ခဲ့ ငါ့ညီ။ ငါမင်းကိုအေးအေးဆေးဆေးပြောပြရတာပေါ့”

သူရိန့်အိမ်ရောက်တော့ အစောင့်ဦးလေးက ပြောလာတယ်။

“မင်းကို ဒီအိမ်ငှားတဲ့သူက ဘာမှပြောမပြထားဘူးထင်တယ်။ မင်းတွေ့ခဲ့တဲ့ကောင်မလေးက သေသွားတာ ၆လလောက် ရှိပြီ။ မင်းမပြောဘဲ ဦးသိနေလို့ အံ့သြနေတယ်မဟုတ်လား။ မင်းအရှေ့မှာလည်း နှစ်ယောက်လောက် ဒီလိုဖြစ်ဖူးကြတယ်။ လွန်ခဲ့တဲ့ခြောက်လက လင်မယားနှစ်ယောက် အဲဒီတိုက်ခန်းကို ပြောင်းလာတယ်။ ကောင်မလေးက တအားလှတာ။ သူ့ယောက်ျား လူသန်ကြီးက ဒါကိုစိတ်မချဘူး။ နေ့တိုင်းလိုလို သူတို့အိမ်က ရန်ဖြစ်သံကြားတယ်လို့ ဘေးအိမ်ကပြောပြတယ်။ တစ်ရက် မင်းနေတဲ့အိပ်ခန်းကို ကောင်လေးတစ်ယောက်ပြောင်းလာပါရော.. အဲဒီမှာပဲ ကောင်မလေးနဲ့ အဲ့ဒီကောင်လေးကို စွပ်စွဲပြီး ပြဿနာ အကြီးအကျယ်ဖြစ်ကြတာ။ နောက်နေ့မနက် မင်းအခန်းမှာနေတဲ့ကောင်လေးက ကောင်မလေးကို စာအုပ်တစ်အုပ်ပေးမယ်ဆိုပြီး အိမ်လိုက်သွားတော့မှ နှစ်ယောက်လုံး သေလျက်နဲ့တွေ့ရတာ။ ဟိုကောင်ကလည်းမျက်လုံးကြီးပြူးထွက်၊ ကောင်မလေးကလည်း ဗိုက်ထဲက သွေးတွေလျှံ အောက်ပိုင်းက သန္ဓေသားတန်းလန်းနဲ့သေနေတာ။ ငါတို့တောင် ကောင်မလေးကိုယ်ဝန်ရှိနေမှန်း အဲ့ဒီတော့မှသိရတာ။

အဲ့ဒီ့ကောင်လေးလည်း အဲ့ဒီ့အခန်းမှာမနေရဲတော့ဘဲ ပြောင်းသွားတယ်။ နောက်ပြောင်းလာတဲ့နှစ်ယောက်လည်း ပြောင်းလာပြီးနှစ်ရက်အကြာ မိုးလင်းချိန်မှာ အဲ့ဒီအခန်းထဲရောက်နေရော။ မင်းဖြစ်သလိုပေါ့”

“ဒါဆို ကျွန်တော့်ကို ဘာဖြစ်လို့ အစကတည်းက အသိမပေးကြတာလဲဗျာ”

“အသိပေးလိုက်ရင် သူတို့အိမ်မငှားရတော့ဘူးလေ။ ဦးလေးကလည်း မင်းကို ပြောပြမလို့။ ဒါပေမဲ့ ဦးလေးမှာလည်း မနေ့ညလေးတင်မှ အမောဖောက်ပြီး ဆုံးသွားတော့ ပြောခွင့်မသာဘူး မဟုတ်လား…  ဟားဟားဟား”

Christina (For Her Myanmar)

Christina Rosy
နာမည္ကေတာ့ ခရစၥတီးနားပါ။ အလြတ္တမ္း လက္ေထာက္အယ္ဒီတာေပမယ့္လည္း အသက္ကေတာ့ မႏုမရင့္ ၂၂ေပါ့။ For Her Myanmarမွာ မိတ္ကပ္ကလြဲျပီး စံုစီနဖာ အေၾကာင္းစံုေရးေနတဲ့ အစားတစ္လိုင္းအက္ဒမင္ပါ။ ဒီ့အျပင္ အခ်စ္ဇာတ္လမ္းတိုေတြ၊ စိတ္ထဲ မေက်နပ္တဲ့အေၾကာင္းေတြလည္း ေဆာင္းပါးအျဖစ္ထုတ္လုပ္တတ္တယ္။

Leave a Reply

Your email address will not be published. Required fields are marked *