ဆောင်းရာသီရဲ့ နတ်သမီးလေးတွေ ဖြစ်စေဖို့

 ဆောင်းရာသီမှာ အလှပဆုံးဖြစ်ဖို့ အလွယ်ဆုံး ပြင်ဆင်ကြမယ်လေ။

အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီ
ဆောင်းရာသီ ရောက်ပြီဆိုတော့ မိတ်ကပ်လိမ်းတဲ့ပျိုမေတိုင်း တစ်ခုတော့ စိတ်ညစ်ရတယ်။
ဟုတ်တယ်။ အသားပတ်တာကိုပြောတာ။  အရေပြားခြောက်ပြီး မိတ်ကပ်လိမ်းရတာ အဆင်ကမပြေ။ ပြေပြန်တော့လည်း မိတ်ကပ်က ခြောက်သွေ့တဲ့အသွင် ပေါက်နေပြန်ရော။
အဲ့ဒီတော့ ဆောင်းရာသီနဲ့ လိုက်ဖက်မယ့် နွေးထွေးတဲ့ မိတ်ကပ်ပုံစံလေး လိမ်းကြည့်ရအောင်။

– moisturizer (အစိုဓာတ်ခံခရင်မ်)
မျက်နှာသစ်ပြီးတာနဲ့ moisturizer အရင်လိမ်းပါ။ toner (ချွေးပေါက်ကျဉ်းဆေးရည်) သုံးနေကျဆိုရင် toner လိမ်းပြီးမှ moisturizer လိမ်းပါ။ moisturizer လိမ်းရာမှာ အရေပြားကို ပွတ်မဆွဲဘဲ လက်နဲ့အသာအယာ ဖွဖွလေး ပုတ်ပြီးလိမ်းပေးပါ။ ခြောက်တဲ့အထိ ခဏစောင့်ပါ။

– primer (မိတ်ကပ်အောက်ခံ)
primer လိမ်းဖို့လိုပါတယ်။ ဒါမှ မိတ်ကပ်သား လှတာပါ။ ကိုယ်နဲ့ အဆင်ပြေမယ့် primer ရွေးသုံးလို့ရပါတယ်။

– foundation (မိတ်ကပ်ရည်)
foundation အတွက်ကတော့ နှစ်သက်ရာ ရွေးနိုင်ပါတယ်။ သိပ်သိပ်သည်းသည်းရှိတဲ့ မိတ်ကပ်ရည်မျိုး လိမ်းနိုင်သလို ပေါ့ပေါ့ပါးပါး လိမ်းချင်ရင်လည်း BB cream / CC cream တို့ လိမ်းနိုင်ပါတယ်။ အထူကြီးမဖြစ်စေဖို့ သတိပြုပါ။ လက်နဲ့လိမ်းတာ မညီနိုင်ဘူးထင်ရင် ဖော့ / ရေမြှုပ်တို့နှင့် အသာအယာ လိမ်းပေးပါ။

– powder (မျက်နှာချေ)
အမှုန့် (loose powder) / အခဲ (compact powder) ကိုယ်သုံးနေကျ သုံးပါ။ brush နဲ့လိမ်းရင် ပိုအဆင်ပြေပါတယ်။

– shading (အရောင်အနု/အရင့်)
ဆောင်းရာသီဟာ အေးမြလို့ သူနဲ့လိုက်ဖက်ဖို့ဆိုရင် နွေးထွေးတဲ့ အရောင်တွေ မျက်နှာပေါ် တင်ရပါမယ်။
လှလှလေးတော့ တင်ရမှာပေါ့။
(လှလှလေးဆိုတာလူနာမည်မဟုတ်ဘူးနော် 😀 )
အဝါ/ အညို/ အသားရောင်/ ရွှံ့စေးရောင် စတဲ့အရောင်တွေဟာ ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံးပါ။

15697769_407275529663901_8839642340348530163_n

– eye shadows
မျက်လုံးကို အရောင်သုံးရောင် ခွဲပြီး ချယ်ပေးနိုင်ပါတယ်။ မျက်လုံးအတွင်းထောင့်ကို အဝါဖျော့ / အသားရောင်ခြယ်ပေးပါ။ မျက်ခွံပေါ်မှာတော့ အဖြူ/ ရွှေအိုရောင်လိုမျိုး အရောင်ဖျော့ပြီး အလက်ပါတဲ့အမှုန်မျိုး ခြယ်ပေးနိုင်ပါတယ်။
မျက်ခွံအဖျားစွန်းကိုတော့ အညို/ ခဲရောင် စတဲ့အရောင်ရင့်တွေကို ခြယ်ပေးနိုင်ပါတယ်။

– eye liner
gel type လို့ခေါ်တဲ့ အရည်မပျစ်မကျဲ အမျိုးအစားကို သုံးတာ ပိုကောင်းပါတယ်။

– lip gloss
ဆောင်းတွင်းက အသားခြောက်တတ်လို့ matte တွေဆိုးရင် သိပ်အဆင်မပြေလှပါဘူး။
ရွှန်းစိုတဲ့ အသွင်ရဖို့ gloss ကို အိအိရွှဲရွှဲလေး ဆိုးပေးတာ ကြည့်လို့ လှစေပါတယ်။
အသားရောင်/ အညိုရောင် / ပန်းနုရောင် စတဲ့ နှုတ်ခမ်းနီအရောင်တွေဟာ ဆောင်းတွင်းနဲ့ လိုက်ဖက်ပါတယ်။

– blusher
မေးရိုးချတာတွေဘာတွေ သိပ်မလုပ်ဘဲ blusher လေး ပွတ်ပေးရင် ရပါပြီ။
အနီဖျော့/ လိမ္မော်နု/ အုတ်ကျိုးရောင် စတဲ့ အရောင်မျိုးတွေဟာ အပေါ်က မိတ်ကပ်အပြင်အဆင်နဲ့ လိုက်ဖက်ပါတယ်။

ကဲ ဒါဆိုရင်တော့ ဆောင်းရာသီမှာ အလှပဆုံး အလန်းဇယားလေးဖြစ်ပြီပေါ့။ ခုပဲ မှန်တင်ခုံရှေ့သွားပြီး ပြင်လိုက်ကြရအောင်လေ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.