မိန်းမသားအချင်းချင်းချစ်ကြိုက်ရသည့် အကြောင်းအရင်း(၆)ချက်

အချစ်လို့ခေါင်းစဉ်တပ်လိုက်တာနဲ့ ယောကျာ်းမိန်းမဆက်ဆံရေးကိုသာ ပြေးမြင်တဲ့ လူသားများအဖို့ သမိုင်းကြောင်းတစ်လျှောက် မိန်မသားအချင်းချင်း ယောကျာ်းသားအချင်း ချစ်ကြိုက်မှုအပေါ်သဘာဝတရားနဲ့ ဆန့်ကျင်နေတယ်ဆိုပြီး ဟိုမိုဆက်ဆံရေး(လိင်တူဆက်ဆံရေး)ကို ပြင်းပြင်းထန်ထန် ပြစ်တင်ကန့်ကွက်ခဲ့ကြပါတယ်..။

လိင်တူဆက်ဆံရေးမှာတောင် ယောကျာ်းအချင်းချင်းထက် မိန်းမအချင်းချင်း ချစ်ကြိုက်မှုကို ပိုပြီး ရှုံ့ချခဲ့ပါတယ်။ သို့သော်ငြားလည်း ယခုလက်ရှိ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးပေါ်အခြေခံပြီး လိင်တူဆက်ဆံရေးကိုအထိုက်အလျောက်လက်ခံလာကြပါတယ်။နယ်သာလန်၊ပြင်သစ်၊ အိုင်ယာလန်၊ကနေဒါ ၊စပိန် စတဲ့ နိုင်ငံပေါင်း (၂၁)နိုင်ငံဟာ အတိအလင်း လိင်တူဆက်ဆံရေးကို တရားဝင်လက်ခံထားပါတယ်။စိတ်ပညာရှင်များရဲ့ လေ့လာချက်များအရ ဘာကြောင့် မိန်းမသားအချင်းချင်း ချစ်ကြိုက်ရတယ်ဆိုတဲ့ အချက်တွေကတော့………..

14572151_1147515825317346_4836030364372252649_n

(၁)မွေးရာပါ
သာမန်အမျိုးသမီးတွေထက် အက်စ်ထရိုဂျင်(estrogen)လို့ခေါ်တဲ့ မဟော်မုန်းနည်းပါးမှုကြောင့် ဖြစ်တတ်ပါတယ်။ ဒီဟော်မုန်းချို့ယွင်းမှုကြောင့် အရွယ်ရောက်လာတဲ့အခါ မိန်းကလေးအချင်းချင်းကိုသာ စိတ်ဝင်စားတတ်ပါတယ်။

14690870_1147515835317345_6985557228377546595_n

(၂)မိသားစုပြဿနာ
ငယ်စဉ်ကတည်းက မျက်စိရှေ့မှာ မိဘတွေ ရန်ဖြစ်တာကို မြင်ရပါများလာပြီး စိတ်ဒဏ်ရာနက်ရှိုင်းလာလည့်အခါမျိုး အထူးသဖြင့် မိခင်မေတ္တာ ငတ်မွတ်ရင် မိန်းမသားအချင်းချင်း ချစ်ကြိုက်ဖို့ရာခိုင်နှုန်းများပါတယ်။

fighting-couple

(၃)ပုရိသတို့နှင့်အချစ်ရေးပြဿနာ ရှုပ်ထွေးလာ
ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ပုရိသတို့နဲ့ စိတ်ပျက်စရာဆက်ဆံရေးနှင့် ကြုံတွေ့ရသည့်အခါ ပုရိသတို့ကို စိတ်ကုန်သွားတတ်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာ ပုရိသတို့အစား ကိုယ့်မိန်းကလေးအချင်းချင်းကို အစားထိုးလာတတ်ကြပါတယ်။

14702226_1147515885317340_2713245350031788497_n

၎)ပုရိသတို့ထက်နားလည်မှုပိုပေးနိုင်
မြွေမြွေချင်း ခြေမြင်တယ်ပဲပြောရမလား….ဣတ္တ္ထိယတို့စိတ်ကို ဣတ္ထိယတို့သာလျှင် အတွင်းကျကျနားလည်နိုင်ပါတယ်။ ချစ်သူရည်းစားဆက်ဆံရေးမှာ အဓိကကျတဲ့နားလည်ပေးမှုဆိုတာကို မိန်းကလေးအချင်းချင်းသာပေးစွမ်းနိုင်တယ်လို့ သတ်မှတ်ပြီး မိန်းကလေးအချင်းချင်းသာ ချစ်သူအဖြစ်ရွေးချယ်သူများလည်းရှိပါတယ်။

14671295_1147515888650673_4951910739819148448_n

(၅)ပတ်ဝန်းကျင်တွင် ယောကျာ်းလေးနည်းလွန်းရင်
ဒါကတော့ မိန်းကလေးကျောင်းတွေမှာ အဖြစ်များတတ်ပါတယ်။ စိတ်လှုပ်ရှားလွယ် အရာရာကို စမ်းသပ်ကြည့်ချင်တဲ့အချိန်မျိုးမှာ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မျိုးမှာ ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးအချင်းချင်းပဲ ချစ်သူရည်းစားဆက်ဆံရေးကို ဖန်တီးတတ်ကြပါတယ်။

14732298_1147515938650668_284854623060832750_n

(၆) ကိုယ်ဝန်ရနိုင်ခြေမရှိ
အနောက်တိုင်း စိတ်ပညာရှင်တွေရဲ့ လိင်တူဆက်ဆံတဲ့ မိန်းမသားများကို မေးမြန်းစုံစမ်းတဲ့အခါ….”လူဆိုတာ အချစ်ခံရတာကို နှစ်သက်သဘောကျပါတယ်။ ကိုယ့်ကိုချစ်တဲ့သူဟာ…ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ပါ။ နောက်ပြီး ဘဝတက်လမ်းကို လှမ်းနေတဲ့အခါ ကိုယ်မမျှော်လင့်ထားတဲ့အချိန် ရုတ်တရက် ကိုယ်ဝန်ရတာမျိုးကို မလိုလားပါဘူး.။ ” လို့ ဖြေသူများကိုလည်း တွေ့ရှိရပါတယ်။

အကြောင်းရင်း မည်သို့ပင်ရှိစေ….စိတ်ပညာရှင်တွေရဲ့ သတ်မှတ်ချက်အရတော့ မိန်းမသားအချင်းချင်း အချစ်ရေးဟာ အရမ်းကို နူးညံ့သိမ်မွေ့ပြီး နက်ရှိုင်းတဲ့အတွက် လမ်းခွဲတဲ့အခါမျိုးမှာ အရမ်းနာကျင်ခံစားရတယ်လို့ ဆိုထားပါတယ်။

 

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.