ခရစ္စမတ်ဖိုးဖိုး Santa Claus အကြောင်း

Santa Claus က ကျွန်မတို့သိထားသလို ဝဝဖိုင့်ဖိုင့် ဗိုက်ပူပူရွှဲရွှဲ မုတ်ဆိတ်မွေးဖြူဖြူ မျက်မှန်ကြီးတပ်လျက် မဟုတ်ပါဘူး။

ခရစ္စမတ်နေ့မှာ ရွှေသမင်ရထားကြီးစီးပြီး ကလေးတွေကို လက်ဆောင်နဲ့ ပျော်ရွှင်စေတယ်လို့ ခေတ်အဆက်ဆက်က ယုံကြည်လာကြတဲ့ ခရစ္စမတ်ဖိုးဖိုးက တကယ်တမ်းတော့ နီကိုလတ်စ် (Nicholas) လို့ခေါ်တဲ့ တူရကီ ခရစ်ယာန်ဘုန်းကြီးတစ်ပါးပါ။

stnick

နီကိုလတ်စ်က ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၃၀၀ ကြာပြီးနောက် တူရကီနိုင်ငံ Patara မြို့မှာမွေးဖွားခဲ့တယ်။ ငယ်စဉ်ကတည်းက မိဘတွေဆုံးရှုံးသွားပြီး ရရှိခဲ့တဲ့ အမွေအနှစ်တွေကိုလည်း ဆင်းရဲသားတွေကို လှူဒါန်းခဲ့ပါတယ်။

ဘာသာတရားအပေါ် အလွန်ရိုသေကိုင်းရှိုင်းပြီး တူရကီနိုင်ငံ Myra မြို့မှာ ခရစ်ယာန်ဘုန်းတော်ကြီးဂိုဏ်းချုပ်ဖြစ်လာခဲ့တယ်။ ဘာသာရေး အထိကရုဏ်းတစ်ခုမှာ သူ့ရဲ့ ဘာသာရေးအပေါ်ယုံကြည်မှုကို မငြင်းပယ်ခဲ့တဲ့အတွက် နှစ်ပေါင်းအချို့ ထောင်ထဲမှာ နေခဲ့ရတယ်။

ဆင်းရဲသား ညီအစ်မသုံးယောက်ကို ကယ်တင်ခြင်းက စိန့်နီကိုလတ်စ်ကို ထင်ရှားလာစေတယ်။ ဖခင်က သမီးသုံးယောက်ကို ထိမ်းမြားပေးဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက် ပြည့်တန်ဆာအဖြစ်ရောင်းစားဖို့ ကြံစည်ခဲ့တယ်။ စိန့်နီကိုလတ်စ်က ယင်းအဖြစ်မှ ကယ်တင်ဖို့အတွက် ပိုက်ဆံထုပ် ၃ ထုပ်ကို ဆင်းရဲသားအိမ်ရှေ့ပြတင်းပေါက်မှ အိမ်ထဲလှမ်းပစ်လိုက်တဲ့အခါ မီးဖိုနား အခြောက်ခံထားတဲ့ ခြေအိတ်တွေထဲဝင်သွားခဲ့တယ်။ ဒါကြောင့်မို့လို့လည်း ခရစ္စမတ်ရောက်ပြီဆို အိမ်တွေမှာ ခြေအိတ်နဲ့အလှဆင်ထားရတာဖြစ်ပါတယ်။

ဒီ့အပြင် စားသောက်ဆိုင်ပိုင်ရှင် အသတ်ခံရခြင်းနဲ့ ပတ်သတ်ပြီး စွပ်စွဲသေဒဏ်ခတ်ခံရတဲ့ အပြစ်မဲ့ လူသုံးယောက်ကိုလည်း ဆုတောင်းပေးပြီး ပြစ်ဒဏ်မှလွတ်မြောက်စေခဲ့တယ်။ 

စိန့်နီကိုလတ်စ်က ဒီဇင်ဘာ ၆ရက်နေ့မှာကွယ်လွန်ခဲ့ပြီး ရဟန္တာတစ်ပါးဖြစ်လာခဲ့တယ်။ သူ့ရဲ့ ဆင်းရဲသားတွေအပေါ် သနားကူညီပေးခြင်းကြောင့် ရဟန္တာတွေအကြားမှာ ထင်ရှားလာခဲ့တယ်။ ဒီ့အပြင် ကလေးသူငယ်တွေကို ထောက်ပံ့ပေးတဲ့ ရဟန္တာအဖြစ်လည်း တွင်ကျယ်လာတယ်။

saint-nicholas6

သူကွယ်လွန်ခဲ့တဲ့ ဒီဇင်ဘာ ၆ရက်နေ့ကို Saint Nicholas ပွဲအဖြစ် ဟော်လန်မှာကျင်းပကြတယ်။  အဲ့ဒီ့နေ့ ညအိပ်ယာမဝင်ခင် ကလေးသူငယ်တွေ ရှူးဖိနပ်တွေကို မီးလှုံဖိုနားမှာ ထားခဲ့ပြီး နောက်တစ်နေ့ မနက်မှာတော့ လက်ဆောင်ထုတ်တွေကို Saint Nicholas လာထားသွားတယ်ဆိုတဲ့ ဓလေ့ ဒတ်ခ်ျလူမျိုးတွေကြားမှာဖြစ်ထွန်းလာခဲ့တယ်။

Saint Nicholas ဆိုတဲ့နာမည်ကနေ တဖြည်းဖြည်း Sint Nikolaas ၊ Sint Nikolaas ကတစ်ဖန် Sinterklaas ဖြစ်လာခဲ့တယ်။ ၁၈ရာစု နောက်ပိုင်းမှာ အမေရိကန်အထိပျံ့နှံ့ပြီး Sinterklaas မှ Santa Clausဖြစ်လာခဲ့တယ်။

တဖြည်းဖြည်း ဒီဇင်ဘာ ၆ရက်နေ့မှာ ကျင်းပတဲ့ Saint Nicholas ပွဲဟာ ခရစ္စမတ်ရဲ့ တစ်စိတ်တပိုင်းအနေနဲ့ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပလာခဲ့ကြတယ်။

၁၈၂၀ခုနှစ် ကဗျာဆရာ Clement Clarke Mooreရဲ့ “စိန့်နီကိုလတ်စ်ရဲ့ အလည်တစ်ခေါက်” ကဗျာမှာ Santa Claus ကို

ဝဝဖိုင့်ဖိုင့် ပျော်ရွှင်တတ်ပြီး ရွှေသမင် နှင်းရထားလုံးကြီးစီးပြီး မီးခိုးခေါင်းတိုင်ထဲက လက်ဆောင်ထုပ်တွေကို ကလေးတွေအတွက်လာရောက်ထားသွားတယ်လို့ သရုပ်ဖော်ထားပါတယ်။ ဒီ့အပြင် Thomas Nast ဆိုတဲ့ ကာတွန်းပညာရှင်က ၁၈၈၁ခုနှစ်မှာ Santa Claus ကအနီရောင်ကုတ်အထူကြီးကို အဖြူရောင်အနားသတ်နဲ့ ဝတ်ထားတဲ့ပုံစံရေးဆွဲထားပါတယ်။

ca. 1881 --- by Thomas Nast --- Image by © Bettmann/CORBIS
ဒီလိုနဲ့ပဲ Saint Nicholas က ခရစ္စမတ်နေ့မှာ ကလေးတိုင်းတွေ့ချင်နေကြတဲ့ Santa Claus ကြီးဖြစ်လာပါတော့တယ်။

 

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.