ရှင့်ဘေးမှာ သူမရှိနေတုန်းလေး

 စိတ်ရှည်သည်းခံတတ်တဲ့ ချစ်သူကို သူမဘက်က ဘယ်တော့မှ စပြီး စွန့်ခွာသွားမှာမဟုတ်ပါဘူး။

သူမကို ရှင် တကယ်ချစ်တယ်ဆိုရင် သူမ ဘေးနားမှာ ရှိနေတုန်း ဂရုစိုက်ပေးပါ။ သူမကို ရှင်အလေးထားကြောင်း သူမသိအောင် ပြပေးပါ။ သူမက ရှင့်ထက် ဘယ်လောက်ပဲ ငယ်ငယ် သူမအပေါ် လေးလေးစားစားဆက်ဆံပေးပါ။ ရှင်အမှားလုပ်တိုင်း သူမက ရှင့်ကို ဘယ်လောက်ပဲ ခွင့်လွှတ်တယ်ပြောပါစေ  သူမ ရင်ထဲမှာ ဒဏ်ရာလေးတွေကတော့ ကျန်ခဲ့မှာ အမှန်ပါပဲ။
ဒါကြောင့် သူမ မကြိုက်တာလေးတွေကို သတိထားပြီး ရှောင်ကြဉ်ပေးပါ။


သူမကို လူကြားထဲမှာ မအော်မငေါက်ပါနဲ့။ အဲ့လို အော်လိုက်တိုင်း သူမ ရှင့်ကို တဖြည်းဖြည်း နာကျည်းလာလိမ့်မယ်။ ယုံကြည်မှုတွေ ပျောက်ဆုံးသွားလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ သူမနဲ့ ယှဉ်လာတာတဲ့အခါ မျှမျှတတ ရွေးချယ်ပါ။ သူငယ်ချင်းတွေနဲ့ မဖြစ်မနေအပြင်သွားစရာရှိတဲ့အခါ သူမ နားလည်အောင်ဝမ်းမနည်းအောင် သေချာနားလည်အောင် ပြောပြပေးပါ။
သူမအတွက် သီးသန့်အချိန်လေးတွေ ပေးဖို့ မမေ့ပါနဲ့။


သူမ ဘေးမှာ ရှိနေတဲ့အခါ ဖေ့ဘွတ်ခ် ပွတ်တာမျိုး၊ ဂိမ်းကစားတာမျိုးတွေကိုလည်း ရှောင်ကြဉ်ပါ။
ဒါတွေဟာ ရှင့် သူမကို အလေးထားတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။
တကယ်လို့ ရှင် သူမကို စိတ်ဆိုးနေရင်တောင်မှ သူမကို နားလည်အောင် ပြောပြပါ။
အဓိကကတော့ ရှင် သူမကို ချစ်တယ်ဆိုတဲ့အကြောင်းကို သူမ သိဖို့ အရေးကြီးပါတယ်။
ဒီလိုမျိုး သူမအပေါ် စိတ်ရှည်သည်းခံတတ်တဲ့ ချစ်သူကို သူမဘက်က ဘယ်တော့မှ စပြီး စွန့်ခွာသွားမှာမဟုတ်ပါဘူး။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.