ဈေးမကြီးပေမယ့် တန်ဖိုးကြီးတဲ့ အပြုံးတစ်ပွင့်

အပြုံးဆိုတာ အင်မတန်မှ ဈေးနည်းလှပြီး လူတိုင်းပေးနိုင်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် လူတော်တော်များများ
အပြုံးတစ်ပွင့်ကို တစ်ပါးသူထံ လွှဲပြောင်းပေးဖို့  တွန့်ဆုတ်ကြတယ်။ ပေးတဲ့တန်ဖိုးအတိုင်း ပြန်မရမှာကို
စိုးရွံ့ကြတယ်။ တန်ဖိုးမဲ့သွားမှာကို ကြောက်ရွံ့ကြတယ်။

ဒါပေမယ့်
သင်သတိထားပြီး ရင်ထဲကပါပါနဲ့ ပြုံးကြည့်ပါ။ သင့်အပြုံးက တစ်ဖက်လူအပေါ်ကို အကျိုးသက်ရောက်မှုတစ်ခုတော့ရှိသွားတာကို
တွေ့ရမှာပါ။ သင် ပြုံးသလို သူပြန်မပြုံးပြရင်တောင် သူ့ဘက်က ပြန်မဲ့ပြဖို့ကတော့ ခဲယဉ်းမှာပါ။

ဈေးမကြီးပေမယ့် တန်ဖိုးကြီးတဲ့ အပြုံးတစ်ပွင့်ကို ပါးထက်မှာ ဆင်မြန်းရင်း မေတ္တာတရား ပွားများနိုင်ကြပါစေ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.