အမျိုးသမီးတို့၏ ဘာသာစကား

 မိန်းကလေးတွေကို နားကိုမလည်နိုင်ဘူးဆိုသော ယောက်ျားလေးများ အတွက် ဖြစ်ပါတယ်။

မိန်းကလေးတွေက အရမ်းကို နားလည်ရခက်တာပဲ။ သူတို့ပြောတာ ဘာဆိုလိုချင်လို့မှန်းကို မသိဘူး။ ခုတစ်မျိုး တော်ကြာတစ်မျိုး ဘာညာပေါ့နော်။ ယောက်ျားလေးတွေ ပြောလေ့ရှိပါတယ်။
မိန်းကလေးတွေရဲ့ စကားအဓိပ္ပါယ်ကို မိန်းကလေးတွေ သာလျှင်သိပါတယ်။ အဲ့ဒါကြောင့် ဖော်ကောင်လုပ်ထားတာပါ။ 😛
အောက်က ဟာလေးတွေ လေ့လာကြည့်ပါဦး။

တော်ပြီ။
– မတော်သေးဘူး။ ရန်ဆက်ဖြစ်ဦးမှာ။

ဘာပြောလိုက်တယ်။
– မကြားလို့မဟုတ်ဘူး။ ပြန်ပြင်ပြောဖို့ အခွင့်အရေးပေးတာ။

အင်း သဘောပဲလေ။
– ရှင့်သဘောပြောတာမဟုတ်ဘူး။ ကျွန်မသဘော။

ကောင်းပြီလေ။
– မကောင်းဘူး။ လုံးဝ မကောင်းတော့ဘူး။ အကန်တွေလာတော့မှာ။

ရပါတယ်။
– မရဘူးလို့မှတ်။ တစ်ခုခု ဖြစ်တော့မယ်လို့ပါ ကြိုတွေးထား။

လုပ်ချင်တာလုပ်တော့။
– တကယ်က လုပ်ရဲလုပ်ကြည့် သေမယ်လို့ ပြောတာ။

စိတ်မဆိုးပါဘူး။
– အကြီးကြီးပေါက်ကွဲနေတာ။ ရင်ထဲမှာ ဒူးရင်းသီးတွေ အပြွတ်လိုက်ပဲ။

ကျွန်မ စကားသိပ်မပြောချင်ဘူး။
– ဘယ်ပြောချင်မလဲ။ ရှေ့မှာ ပြောသွားတာ စက်သေနတ်ပစ်သလိုပဲလေ။

စိတ်မဝင်စားပါဘူး အဲ့ဒါတွေ။
– အလကားပြောတာ။ နောက်ကွယ်ကျမှ စပ်စုလိမ့်မယ်။

အင်း။
– ဟင့်အင်းလို့ပြောတာ။ လက်မခံနိုင်ဘူး။

ဟင့်အင်း။
– အဲ့ဒါက အင်းလို့ ဆိုလိုတာ။ သူလက်ခံတယ်။

ဖြစ်နိုင်ပါတယ်။
– မဖြစ်နိုင်ဘူး။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ကျွန်မ စိတ်မကောင်းပါဘူး ဆောရီး။
– ဟင့်အင်း ဘာမှမဖြစ်ဘူး ကျွန်မက။ စိတ်မကောင်းဖြစ်ရမှာက ရှင်။

ကျွန်မတို့ စကားပြောဖို့လိုနေပြီ။
– အဲ့ဒါ ထောင်ချောက်။ ဒုက္ခရောက်တော့မယ် ကြိုတွေးထား။ ပြေးပေါက်ရှာထားတော့။

ခဏစောင့် ငါးမိနစ်ပဲ။
– သွား ဖျာခင်းပြီး ခဏအိပ်လိုက်ဦး။ ရှင်တရေးနိုးတောင် ကျွန်မအလှပြင်လို့မပြီးသေးဘူး။

ဟယ် တော်လိုက်တာ။
– ရှင့်ကို ချီးကျူးတာ မဟုတ်ပါဘူး။ တုံးလှချည်လားဆိုပြီး ရွဲ့တာပါ။

ဘာမှမဖြစ်ပါဘူး။
– ဖြစ်တယ်။ အကြီးကြီးကို ဖြစ်တယ်။ ကိုယ်ဘာအမှား လုပ်ထားလဲ ပြန်သာစဉ်းစားထားလိုက်။

အင်း ဆက်ပြောပါဦး။
– မပြောနဲ့။ မပြောတာ အကောင်းဆုံးပဲ။

အဲ့ကိစ္စ မေ့လိုက်တော့။
– မမေ့နဲ့။ ရှင်မေ့သွားလောက်တဲ့ အချိန်ကျရင် ကျွန်မက အစပြန်ဆွဲထုတ်မှာ။

အဆင်ပြေပါတယ်။
– မပြေဘူးဟဲ့။ နည်းနည်းပါးပါး အလိုက်ကမ်းဆိုးလေးလည်း သိဦး။

ကျွန်မတစ်ယောက်တည်းနေပါရစေ။
– ထွက်မသွားပါနဲ့။ ထွက်သွားရင် မီရာလိုက်ဆွဲမှာ။
(ပုဆိုးတို့ ဘာတို့ပြောပါတယ် 😀 )

ဟုတ်လို့လား။
– သင့်အဖြေ ပြန်ပြောင်းမပြောင်း သိချင်လို့ပါ။
ကျွန်မ ရှင့်ကို မုန်းတယ်။
– အရမ်းချစ်တယ်လို့ပြောတာ။

ကျွန်မ ရှင့်ကို ချစ်တယ်။
– ကျွန်မချစ်တာထက် ပိုချစ်ပေးပါ။

ဒါလေးတွေသိရင် မိန်းမတွေက နားလည်ရလွယ်ပါတယ်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.