သာလိကာရှုံးလောက်အောင် စကားပြောကြသူများ (သို့) ပါးစပ်စွမ်းအားရှင်များ အကြောင်း

ပါးစပ်အမြှုပ်ထွက်လောက်အောင် မနားမတမ်း စကားများလွန်းကြတဲ့ မိန်းကလေးတွေရဲ့ နောက်ကွယ်က အမှန်တရားများ

ယေဘုယျအားဖြင့် မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် စကားပိုပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း ပါးစပ်စွမ်းအားရှင် မိန်းကလေးတွေကတော့ အံ့မခန်းပါပဲ။ ပြောလိုက်တဲ့စကား။ တစ်စက္ကန့်အတွင်းမှာ စကားတစ်ကြောင်းလောက်ပြောနိုင်တယ်ဆိုရင်တော့ စကေးမနည်းတော့ပါဘူး။ အောက်ကအချက်ကလေးတွေတိုက်ဆိုင်နေပြီဆိုရင်တော့ သင်လည်း ပါးစပ်စွမ်းအားရှင်တစ်ယောက်ဖြစ်နေပါတယ်။

၁။မသိရင် “မေး”၊ သိရင် “ပြေး”

စတွေ့ချင်းတော့ ဘယ်သူကမှ သတိမထားမိလောက်အောင် သိမ်မွေ့နူးညံ့တဲ့ ဥပဓိရုပ်လေးနဲ့ပါ။ မသိတဲ့လူဆို “အေးလိုက်တာနော်”တဲ့။ အေး..အကြောင်းမှန်တွေသိသွားလို့ကတော့ ပြေးပြီပဲ။ အာ့လောက်တောင်နားငြီးအောင်ပြောနိုင်တာ။

၂။ လူကဲခတ်တော်ခြင်း။

စကားများတဲ့ မိန်းကလေးတွေဟာ လူကဲခတ်ရာမှာလည်း ထက်မြက်လွန်းပါတယ်။ တွေ့ကရာလူတိုင်း စကားတွေဇွတ်ပြောတာမဟုတ်ပါဘူး။ ဘယ်လိုလူမျိုးဟာ ဘယ်လိုစကားမျိုးနဲ့အံကိုက်မလဲ။ ဘယ်လိုခေါင်းစဉ်မျိုးက သူ့ကိုပိုစိတ်ဝင်စားစေမလဲ စသဖြင့်တွက်ချက်ပြီးမှ အနန္တစကားလုံးတွေ လွှတ်တော့တာပါ။

၃။အကြံဉာဏ်များပေးတတ်ခြင်း။

အသဲကွဲလို့များ သူတို့ဆီမသွားလိုက်နဲ့။ ပေးလိုက်တဲ့အကြံတွေ တစ်ပုံတစ်ပင်ကြီး။ တကယ်လိုက်နာမယ်ဆိုရင်ဖြင့် ထိရောက်မှာသေချာပါရဲ့။ စိတ်အရမ်းညစ်နေရင်တောင် သူတို့ရဲ့စကားတွေကြားလိုက်ရင် စိတ်ဓာတ်ခွန်အားရှိလာစေပါတယ်။

၎။သူငယ်ချင်းတွေကြား ပင်မဇာတ်လိုက်ဖြစ်။

သူငယ်ချင်းအုပ်စုတစ်ခုဖြစ်လာခြင်းရဲ့ အဓိကဇာတ်ကောင်ကလည်းသူတို့ပါပဲ။ တစ်ခါတစ်ခါတစ်လေ အခြားအဖွဲ့တွေနဲ့ပါ အဆက်အသွယ်လုပ်ပြောဆိုတာကြောင့် အုပ်စုအင်အားတောင့်လာစေပါတယ်။

၅။ အပျင်းပြေစေခြင်း။

Wifi မရှိလို့စိတ်မညစ်ပါနဲ့။ သူတို့ရဲ့ပါးစပ်wifi လွှင့်လိုက်လျှင်ဖြင့် ပျင်းနေတာတောင်ဘယ်ဆီရောက်မှန်းမသိပါဘူး။ အကြောင်းအရာထပ်နေမှာကိုတော့လုံးဝမပူပါနဲ့။ အကြောင်းအရာပေါင်းစုံကိုမရိုးမအီရအောင် ပြောနိုင်လောက်အောင်စွမ်းပါတယ်။

၆။ သိသမျှ live လွှင့်ခြင်း။

တစ်ခုတစ်လေဖြင့် မသိ၊မကြားလိုက်လေနဲ့။ ချက်ချင်းကြီးကိုလွှင်တော့တာပဲ။ဒါပေမယ့်လည်း ပြောသင့်သူတွေဆီသာပြောတာပါ။သူတို့ဆီ လျှို့ဝှက်ချက်တွေပြောပြမယ်ဆိုရင်တော့လည်း မမှားပါဘူး။

၇။အသံကျယ်ခြင်း။

စကားများသူတော်တော်များများက အသံလည်းကျယ်ပါတယ်။ သူတို့ရှိတဲ့နေရာဟာ ဘယ်တော့မှငြီးငွေ့ဖွယ်မကောင်းပါဘူး။ တဟီးဟီးတဟားဟားနဲ့ တိတ်ဆိတ်မှုတောင် အိမ်ပြောင်းသွားတဲ့အထိပါပဲ။

၈။missed call ပေးသူများဖြစ်ကြ။

ကိုယ့်အကြောင်းကိုယ်သိတဲ့အတွက် ဖုန်းပြောရာမှာ အရမ်းကပ်စေးနှဲကြပါတယ်။ အရေးကြီးတဲ့ ကိစ္စမှသာ ဖုန်းခေါ်ကြပြီး သတိနဲ့ပဲ စကားကိုအဆုံးသတ်ကြတယ်။ မေ့သွားပြီဆိုရင်တော့ တစ်ခါပြော ၁၀၀၀ ပါပဲ။

keep-calm-and-give-missed-call-1

၉။ရင်ဖွင့်လို့ကောင်းသူများဖြစ်ကြ။

သူတို့ချည်းပြောနေတယ်မထင်ပါနဲ့။ သင့်မှာကိစ္စတစ်ခုရှိလာလို့ရင်ဖွင့်ရင် သူတို့အချိန်ဘယ်လောက်ကြာကြာ နားထောင်ပေးပါတယ်။ သူငယ်ချင်းကောင်းလို့ဆိုရမှာပဲ။

၁၀။ ငြိမ်နေရင် အကြောင်းရှိ။

အဲ့ဒီ့လောက်စကားများလွန်းတဲ့ကြားမှာ တိတ်ဆိတ်ငြိမ်သက်နေပြီဆိုရင်တော့ သူတို့တစ်ခုခုဖြစ်နေပါပြီ။ စိတ်ထိခိုက်တာမျိုး၊ ဝမ်းနည်းတာမျိုး စသဖြင့်စိတ်ပိုင်းဆိုင်ရာခံစားနေရလို့ပါ။ တစ်ခါတစ်လေမှာတော့ တစ်ခုခုကို အလေးအနက်ထားစဉ်းစားနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

၁၁။ ခွင့်လွှတ်မြန်ခြင်း။

သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တစ်ခုခုကြောင့် စိတ်ဆိုးခဲ့သည်ရှိသော် သိပ်မကြာပါဘူး။ ယောင်ပြီး စကားပြောမိတာမျိုးဖြစ်တတ်သလို တစ်ခါတစ်လေ ဘာမှမဖြစ်သလိုပဲ စကားစပြောတာကြောင့် တစ်ဖက်လူကိုလည်း စိတ်ကျေနပ်စေပါတယ်။

အကယ်၍ စကားအရမ်းပြောလွန်းလို့ တစ်ယောက်ယောက်များ သင့်ကို လော်စပီက၊ အော်ပီကျယ်၊ သာလိကာမ လို့ခေါ်လာခဲ့သည်ရှိသော် ပြန်ပြောလိုက်ပါ။ ငါတို့သည် “ပါးစပ်စွမ်းအားရှင် များသာ”လို့…

Christina (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.