(၂၀၁၇)မှာခေတ်စားမယ့်အရောင်(၁၀)မျိုး

ပျိုမေတို့ရေ… ခေတ်နဲ့အညီ ဝတ်စားတတ်ဖို့ အရောင်ရွေးချယ်တတ်ဖို့လည်းလိုမယ်နော်။ ဖက်ရှင်ပညာရှင်တွေပြောထားတဲ့ ဒီနှစ်မှာခေတ်စားမယ့် အရောင်(၁၀)ရောင်ကတော့…….

ခေတ်ကာလအလျောက် ပြောင်းလဲနေတဲ့ ဖက်ရှင်သံသရာဝယ် ဖက်ရှင်ရဲ့ အဓိကဇာတ်ဆောင် အရောင်တွေဟာလည်း နှစ်အလိုက် ပြောင်းလဲလျက်ရှိပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် ခေတ်စားတဲ့ အရောင်ချင်းမတူပါဘူး။ ၂၀၁၇ အတွက် ပန်တုန်း(Pantone) (ဖက်ရှင်အရောင် သတင်းထုတ်ပြန်သည့်အဖွဲ့) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၇ အစောပိုင်းမှာဆိုရင်ဖြင့် သဘာဝတရားကို ဖော်ကျူးမယ့် အရောင်အေးအေးလေးတွေ ၊ နွေးထွေးမှုကို သရုပ်ဖော်တဲ့ အရောင်ဖျော့ဖျော့လေးတွေက ခေတ်စားမယ်လို့ ဖော်ပြထားပါတယ်။ ဖက်ရှင်ဒီဇိုင်နာ အများစုကတော့ ” အခုချိန်မှာ လူတွေဟာနည်းပညာတိုးတက်မှုတွေကြားမှာ မွန်းကြပ်လာခဲ့တဲ့အတွက် သဘာဝတရားကို ပြန်လည်တောင့်တနေရပါတယ်။အဲ့ဒီအတွက်ကြောင့် သဘာဝအရောင် အရောင်ဖျော့ဖျော့လေးတွေကို ပြန်လည်ရွေးချယ်ကြဖို့များပါတယ်”လို့ဆိုထားပါတယ်။ ဒီနှစ်မှာခေတ်စားမယ့်အရောင်(၁၀)ရောင်ကတော့

(၁)အဝါနုရောင်
(၂)ပန်းနုဖျော့ရောင်
(၃)အညိုနုရောင်
(၄)အပြာနုရောင်
(၅)အစိမ်းနုရောင်
(၆)လိမ္မော်ရောင်
(၇)ပန်းဆီရောင်
(၈)မီးခိုးပြာရောင်
(၉)မြင်းချီးစိမ်းရောင်
(၁၀)အပြာရောင်

img_1507

အရောင်တွေကို နီးစပ်သလောက် သင့်တော်သလို ဘာသာပြန်ပေးထားတယ်နော်။ မှားနေရင်လည်း ခွင့်လွှတ်ပေးပါ။😁ပျိုမေတို့နှစ်သစ်မှာ ဖက်ရှင်ကျကျလှနိုင်ကြပါစေ။

Resource- Pantone.com.mm

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.