နှစ်သစ်မရောက်ခင် ဘာတွေကို နှစ်ဟောင်းမှာပဲ ထားခဲ့သင့်လဲ?

 ၂၀၁၇ ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ဒါလေးတွေ လုပ်ကြည့်လိုက်ပါ

(၁) ၂၀၁၆က အလုပ်တွေ ၂၀၁၇ထိ မသယ်ပါနဲ့။ ဒီလို သယ်ခြင်းဟာ အချိန်ဆွဲခြင်းတစ်မျိုးပါပဲ။
သင်ဟာ ကျောင်းသားတစ်ယောက်ဆိုရင် ဒီနှစ်မကုန်ခင်လုပ်ရမယ့် ကျောင်းစာတွေကို ဒီနှစ်မှာပဲ အပြီးလုပ်လိုက်ပါ။ ဒါဆိုရင် နောက်နှစ်ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ပြီပေါ့။

(၂) တခြားသူအပေါ် အရမ်းမှီခိုတတ်တဲ့ အကျင့်တွေကိုလည်း ဖျောက်ပစ်သင့်ပါတယ်။
နောက်ကျတတ်တာတွေ၊ ဖေ့ဘွတ်ခ်အရမ်းသုံးတာတွေ၊ ပျင်းတာတွေ အစရှိတဲ့ အကျင့်ဆိုးတွေကိုလည်း ဖျောက်သင့်ပါတယ်။

(၃) ဘဝကို လက်လွတ်စပယ်ဖြတ်သန်းတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

(၄) နှစ်သစ်မစခင်မှာ ကိုယ်မဝတ်ဖြစ်တော့တဲ့ အဝတ်တွေကိုလည်း လိုအပ်တဲ့သူတွေကို ပေးလိုက်ပါ။
မလိုအပ်တာတွေကို နေရာပေးပြီး သိမ်းထားမယ့်အစား တကယ်လိုအပ်နေတဲ့သူတွေကို ပေးလိုက်တာအကောင်းဆုံးပါပဲ။

(၅) အဲ့ဒီလိုပဲ အမုန်းတရားတွေကို နှစ်ဟောင်းမှာပဲ ထားခဲ့လိုက်ပါ။
အမုန်းဆိုတာ ရေရှည် လက်ခံထားလို့ကောင်းတဲ့ ဧည့်သည်မဟုတ်ပါဘူး။
ကြာကြာလက်ခံလေ အိမ်ရှင်ဖြစ်တဲ့သူကို စိတ်ဒုက္ခပေးဖို့ ကြိုးစားလေပါပဲ။

(၆) ဒေါသ မာန်မာနတွေကိုလည်း ထားခဲ့လိုက်ပါ။ ဒေါသ မာန်မာနဆိုတာ လူကို အင်မတန်မှ ရုပ်ဆိုးစေပါတယ်။

(၇) အကြွေးတွေဆိုတာလည်း နောက်နှစ်အထိ ပါကောင်းတဲ့အရာမဟုတ်ပါဘူး။
နှစ်သစ်မစခင်မှာ အကြွေးတွေကို ကျေနိုင်သမျှကျေအောင် ဆပ်တာအကောင်းဆုံးပါပဲ။

(၈) နှစ်သစ်မစခင် ၂၀၁၇အတွက် အကြံအစည်တွေကို စာအုပ်တစ်အုပ်မှာ စနစ်တကျ ကြိုတင်ရေးချပါ။ အသေးစိတ်ရေးနိုင်လေ ပိုကောင်းလေပါပဲ။
ဥပမာ ဘယ်အချိန် ဘယ်ကာလရောက်ရင် ဘယ်ဟာကို ဘယ်လို ရယူမယ်ဆိုတာမျိုး အသေးစိတ်ရေးသင့်ပါတယ်။

For Her Myanmar ပရိတ်သတ်ကြီးအားလုံး နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ကြပါစေနော်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.