မိနစ်ပိုင်းအတွင်း စိတ်နှင့်ဝိညာဉ်ကို တည်ငြိမ်စေမယ့် သီချင်းတစ်ပုဒ် (Weightless)

 သိပ္ပံနည်းကျကျ အသံပညာရှင်တွေကိုယ်တိုင် ဖန်တီးစပ်ယူထားတဲ့ ဒီသီချင်းဟာ စိုးရိမ်ကြောင့်ကြမှုကို ၆၅% အထိလျော့ကျစေတယ်လို့ အတည်ပြုခဲ့ကြတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၆ မှာ Marconi Union လို့မည်တဲ့ UK အဆိုအဖွဲ့တစ်ခုက ရှစ်မိနစ်စာ သီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြတယ်။ သီချင်းရဲ့ နာမည်ကတော့ လွင့်မျောခြင်း (Weightless) လို့အမည်တွင်ပါတယ်။

သီချင်းတွေထဲပါဝင်တဲ့ သံစဉ်လှိုင်းတွေဟာ လူတစ်ယောက်ရဲ့ ဝိညာဉ်ထိပါ ဖောက်ထွင်းနိုင်တယ်ဆိုသလိုပဲ ဒီသီချင်းထဲပါဝင်တဲ့ ဘာဂျာသံ၊ စည်းချက် နဲ့ အသံနိမ့်လှိုင်းတွေဟာ နှလုံခုန်နှုန်းကို ငြိမ်ကျစေပြီး သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။

စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါ၊ အဝလွန်ရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ပန်နာရင်ကြပ် နဲ့အခြားသော နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ကို အနားပေးဖို့လိုအပ်ပါတယ်။ သီချင်းနှင့် ဂီတဟာ အကောင်းဆုံးသော စိတ်ဖြေဆေးပါ။ သာယာငြိမ့်ညောင်းတဲ့ တေးသွားလေးထဲမှာ မျောသွားတဲ့အခါ အခြားသော အလုပ်ပြသနာ ၊ လူမှုပြသနာတွေဟာ ခေါင်းထဲက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါတယ်။

Weightless ဟာအခြားသော သီချင်များထက် ၁၁ ရာခိုင်နှုန်း ပိုပြီး စိတ်ကိုအပန်းဖြေစေတယ်လို့ ရလဒ်များအရ သိရပါတယ်။ သီချင်းနားထောင်နေစဉ် ၅မိနစ်အကြာမှာ နှလုံးခုန်နှုန်းနဲ့ သီချင်းစည်းချက်ဟာ ထပ်တူညီသွားပါတယ်။ ပထမဆုံး တစ်မိနစ်မှာ စည်းချက်ပေါင်း ၆၀ ပါပြီး တစ်ဖြည်းဖြည်း တစ်မိနစ်ကို ၅၀ စသဖြင့်လျော့သွားတဲ့အတွက် နှလုံးခုန်နှုန်းနှင့် သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး စိုးရိမ်ကြောင့်ကြမှုကို တိုက်ဖျက်လိုက်ပါတယ်။

ဒီ့အပြင် အိပ်မပျော်တဲ့ရောဂါ ရှိသူအတွက်လည်း သင့်တော်ပါတယ်။ ဒါ့ကြောင့် Weightless ကို ကားမောင်းတဲ့အခါ နားမထောင်ဖို့ ဆရာဝန်များက တားမြစ်ထားပါတယ်။

ဒါပေမယ့်လည်း လူတစ်ယောက်နဲ့ တစ်ယောက်စိတ်ချင်းမဆက်သလိုပဲ Weightless ကိုအကြိုက်မတွေ့သူတွေရှိမှာပါ။ လေ့လာမှုဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ လူတစ်ဦးချင်းဆီတိုင်းကို လုပ်လို့မရဘူးလေ။

 

(Weightless) နားထောင်ရန်

[embedyt] http://www.youtube.com/watch?v=UfcAVejslrU[/embedyt]

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.