ပူပူမွှေးမွှေး ကြက်အူချောင်းထမင်းကြော်

အစားအသောက် ဆန်းဆန်းကလည်းကြိုက် လုပ်ရခက်မှာလည်း စိုးရိမ်တဲ့ ပျိုမေတို့အတွက် ဟောဒီ့မှာ သွားရည်ကျ အကြိုက်တွေ့စေမယ့် ကြက်အူချောင်း ထမင်းကြော် ပြုလုပ်နည်းပါ

ဆောင်းတွင်းမှာ ပူပူနွေးနွေးထမင်းကြော်ကလေးနဲ့ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရလျှင်ဖြင့် ရင်ရော ဝမ်းပါနွေးသွားမှာပဲနော်။ ဒါကြောင့်မို့လို့လည်း လွယ်ကူပြီး အချိန် မိနစ်၂၀ပဲ ကြာမယ့် ကြက်အူချောင်းထမင်းကြော်လေးကို ပျိုမေတို့ အားလပ်ရက်မှာ လုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

 

ပါဝင်ပစ္စည်းများ

-နေကြာဆီ ၂ဇွန်း

-ကြက်သွန်ဖြူ ၂ဥ (အခွံနွှာ ထုချေပြီး)

-ကြက်သွန်မြိတ် အနည်းငယ်

-ကြက်/ဝက်အူချောင်း ကြက်သား (ပြုတ်ပြီး အတုံးငယ်လေး ဖြစ်အောင်ပိုင်းထားပါ)

-ထမင်း

-ကြက်ဥ ၂လုံး

-ပဲငံပြာရည်

-ဆား

-ငရုတ်ကောင်းမှုန့်

 

ပြုလုပ်နည်း

-မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး ဆီထည့်ပါ။ ဆီဆူလာတာနဲ့ ကြက်သွန်ဖြူ၊ ၊ကြက်သွန်မြိတ် ထည့်ပြီး ၁မိနစ် ၂မိနစ်ခန့် မွှေပါ။

-ကြက်အူချောင်း နှင့် ပိုင်းထားတဲ့ ကြက်သားတုံးလေးတွေ ထပ်ထည့်ပြီး ၃မိနစ်ခန့် မွှေပေးပါ။

-ထမင်းထည့်ပြီး ရေ ၃ ဇွန်းခန့်လောင်းကာ ၅မိနစ်ခန့်မွှေပေးပါ။

-ထမင်းတွေ ထောင့်ကပ်ပြီး အလယ်မှာ အလွတ်ထားပါ။ ပြီိးရင်တော့ ဖောက်ထားတဲ့ ကြက်ဥထည့်ပြီး ကျက်အောင်မွှေပေးပါ။

-ကြက်ဥကျက်ပြီဆိုရင် ပဲငံပြာရည်၊ ဆား နဲ့ ငရုတ်ကောင်းမှုန့်ထည့်ကာ ထပ်မွှေပေးပြီး မီးဖိုပေါ်မှ ချကာ အရသာရှိတဲ့ ပူပူမွှေးမွှေးကြက်အူချောင်း ထမင်းကြော်ကို စားလို့ရပါပြီ။

*ကြက်သားနေရာမှာ ပုစွန်အစားထိုးပြီးချက်စားနိုင်သလို မုန်လာဥနီ၊ ငရုတ်သီးပွ စသဖြင့် ကိုယ့်စိတ်ကြိုက်ထည့်ကြော်နိုင်ပါတယ်။

Source: GoodtoKnow

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.