သတိ! လက်သည်းမကိုက်ရ။

အကယ်၍ပျိုမေဟာ လက်သည်းကိုက်ကျင့်ရှိသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ဒီအချက်ကလေးတွေကို လေ့လာပြီး မြန်မြန် အကျင့်ဖျောက်စေလိုပါတယ်။
လက်သည်းတစ်စုံသန့်ရှင်း လှပနေခြင်းဟာလည်း အမျိုးသမီးတစ်ယောက်ကို အလှပိုတိုးစေပါတယ်။ လက်သည်းကိုက်ကျင့်ရှိသူတစ်ယောက်အဖို့တော့ လှပတဲ့လက်သည်းတစ်စုံရရှိဖို့ အင်မတန်အလှမ်းဝေးလှပါတယ်။လက်သည်းကိုက်ရတဲ့အဓိကအကြောင်းအရင်းကတော့ စိတ်ဖိစီးမှုဖြစ်ပေါ်ခြင်း၊ စိုးရိမ်ခြင်းကြောင့်ဖြစ်ရပါတယ်။ဒါကြောင့် အလှအပရေးရာရော ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေပေးနိုင်တဲ့ လက်သည်းကိုက်ခြင်းအကြောင်းသိကောင်းစရာလေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ပိုးမွှားတွေဝင်စေတယ်။
လက်သည်းတွေကြားထဲမှာ ဘက်တီးရီးယားပိုးများစွာရှိနေတတ်ပါတယ်။ လက်သည်းကိုက်တဲ့အခါမှာတော့ အဲ့ဒီ့ပိုးမွှားတွေ ပါးစပ်ထဲ တိုက်ရိုက်ဝင်လာပါတော့တယ်။အဲ့ဒီ့အခါမှာတော့ ခန္ဓာကိုယ်အနှံ့ကို ပိုးမွှားတွေပျံ့နှံ့ပြီး မကြာခဏဖျားနာခြင်းကို ဖြစ်ပေါ်လာစေပါတယ်။
 
၂။လက်သည်းနားတစ်ဝိုက် ပြည်တည်ခြင်း။
လက်သည်းကိုက်တဲ့အခါမှာ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေဝင်တတ်ပြီး လက်သည်းနားတစ်ဝိုက် ပြည်တည်ခြင်းကိုဖြစ်ပေါ်လာစေပါတယ်။ ဆေးသောက်ရင်ပျောက်နိုင်ပေမယ့် တစ်ခါတစ်လေ ခွဲစိတ်ရတဲ့အထိဖြစ်နိုင်ပါတယ်။
 8
၃။သွားကို ပျက်စီးစေသည်။
လက်သည်းကိုက်တဲ့အခါ အပေါ်သွားနဲ့အောက်သွားတိုက်မိတဲ့အတွက် သွားပဲ့ခြင်းနှင့် အခန့်မသင့်လျှင် သွားကျိုးခြင်းအထိဖြစ်နိုင်ချေရှိပါတယ်။
 
၎။သွားဖုံးရောင်စေသည်။
လက်သည်းကိုက်ခြင်းဖြင့် လက်သည်းအစအနလေးတွေ သွားဖုံးကိုရှမိရာကနေပြီး သွားဖုံးရောင်ခြင်းဖြစ်လာနိုင်ပါတယ်။
၅။လိင်ဆက်ဆံခြင်းမှ
ကူးစက်သောအနာကဲ့သို့ဖြစ်ပေါ်စေခြင်း။ မယုံမရှိပါနဲ့။ ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့အခါ ပါးစပ်ပြည်တည်နာဖြစ်တဲ့အတိုင်း လက်သည်းကိုက်တဲ့အခါလည်းဖြစ်ပေါ်လာစေပါတယ်။ နှုတ်ခမ်းမှာ ရေယုန်လိုမျိုးအနာဖြစ်လာပြီဆိုရင်တော့ လက်သည်းကိုက်ခြင်းကြောင့်ဖြစ်လာတယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။
 enhanced-buzz-5461-1445006803-7
၆။ခံတွင်းနံစေသည်။
ခံတွင်းနံခြင်းဟာ ပါးစပ်ထဲက ဘက်တီးရီးယားနဲ့တံတွေးကြောင့်ဖြစ်ပေါ်လာရတာပါ။ လက်သည်းဆက်တိုက်ကိုက်ခြင်းအားဖြင့် ဘက်တီးရီးယားပိုးပေါင်းမြောက်မြားစွာ ပါးစပ်ထဲဝင်ရောက်လာပြီး ခံတွင်းနံ့ဆိုးရွားခြင်းကိုဖြစ်ပေါ်စေပါတယ်။ ခံတွင်းဆေးရည်နဲ့ ပလုတ်ကျင်းရင်တောင် အဲ့ဒီ့အနံ့ဟာ မပျောက်ကင်းနိုင်ပါဘူး။
 
၇။လက်သည်းနီသည် ခန္ဓာကိုယ်ကိုအဆိပ်ဖြစ်စေသည်။
လက်သည်းဆိုးဆေး အများစုမှာ လူသေအလောင်းတွေ မပုပ်သိုးအောင် ဆေးစိမ်ရာမှာသုံးတဲ့ formaldehyde ပါဝင်ပါတယ်။ လက်သည်းနီဟာ ဘက်တီးရီးယားပိုးတွေကိုသေစေပေမယ့် လူ့ခန္ဓာထဲဝင်ရောက်ရင်တော့ အဆိပ်အတောက်ပါပဲ။
640x960
၈။လက်သည်းထပ်မရှည်တော့ပဲ ရပ်တန့်သွားနိုင်သည်။
လက်သည်းအိမ်မှ လက်သည်းတွေရှည်လာရခြင်းဖြစ်ပြီး လက်သည်းအလွန်အကျွံကိုက်ခြင်းဖြင့် လက်သည်းအိမ်ကိုပျက်စီးစေပါတယ်။ အကျိုးဆက်အနေနဲ့ လက်သည်းလုံးဝမရှည်နိုင်တော့ပဲ အော်ဂလီဆန်စရာကောင်းတဲ့ ပုံပျက်ပန်းပျက် လက်သည်းငုတ်တိုလေးတွေဖြစ်လာနိုင်ရပါတယ်။
 
လက်သည်းကိုက်ကျင့်ကို ဘယ်လိုဖျောက်မလဲ။
-ပီကေဝါးပါ။
-လက်သည်းတွေကို အနာကပ်ပလာစတာနဲ့ ပတ်ထားပါ။
-လက်ချောင်းလေးတွေကို ကိုယ်မကြိုက်တဲ့အနံ့ဖျန်းထားပါ။
-ခါးတဲ့အရည်တစ်မျိုးမျိုးသုတ်ထားပါ။
-လက်မအားအောင်အလုပ်တစ်ခုပြီး တစ်ခုလုပ်နေပါ။
အခုဆိုရင် ပျိုမေတို့လည်း လက်သည်းကိုက်ခြင်းရဲ့ဆိုကျိုးတွေအထိုက်အလျောက်သိပြီဆိုတော့ လက်သည်းကိုက်ကျင့်ကို အခုချက်ချင်းပဲ ဖျောက်နိုင်ကြပါစေလို့ For Her Myanmar မှအကြံပေးလိုပါတယ်။
Sources:

http://www.simplemost.com/12-disgusting-reasons-stop-biting-nails-today/

http://www.lifehack.org/328642/9-horrifying-facts-explain-why-you-should-longer-bite-your-nails
No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.