ခြောက်ခြားဖွယ်ရာ အရုပ်များကျွန်း

 ခြေပြတ်လက်ပြတ် မျက်လုံးအိမ်ကျွတ်ထွက် ရွဲပလဲ နေတဲ့ အရုပ်တွေမြင်ရရင်တော့ ဘယ်သူကမှ မခြောက်ခြားပဲ မနေနိုင်ပါဘူး

ဒါဟာပုံပြင်ဇာတ်လမ်း မဟုတ်ပါဘူး။ မက္ကဆီကိုမြို့ တောင်ပိုင်း ဆိုချီမီကို (Xochimico)ပြည်နယ်ရှိ တူးမြောင်းတွေကြားထဲမှာ ခြောက်ခြားစရာပြည့်နှက်နေတဲ့ ကျွန်းငယ်လေးတစ်ခုရှိပါတယ်။ အမှန်တကယ်ဆိုရင်တော့ ဥယျာဉ်ငယ်လေးတစ်ခုပါပဲ။ ကမ္ဘာလှည့်ခရီးသည်တွေ ကြားမှာတော့ အရုပ်များကျွန်း (Isla de las Munecas)လို့ နာမည်တွင်ကျယ်လာခဲ့ပါတယ်။

www-bancodeimagenesgratuitas-com-fotos-de-xochimilco-2

ကျွန်းရဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လူတွေနေထိုင်ကြပေမယ့် ဒီကျွန်းလေးမှာတော့ အော့ဂလီဆန်စရာကောင်းတဲ့ သက်မဲ့ အရုပ်ကလေးတွေ ပြည့်နှက်နေပါတယ်။

အများအားဖြင့် ခြေပြတ်လက်ပြတ်အရုပ်၊ ခေါင်းပြတ်အရုပ်၊ မျက်လုံးကျွတ်ထွက်အရုပ် စသဖြင့် ဆိုးရွားလှတဲ့ ကြောက်စရာအရုပ်တွေကြောင့် နေခင်းကြောင်တောင်မှာတောင် ကြောက်တတ်သူတွေရဲ့ အသည်းကိုတုန်လှုပ်စေမှာ အမှန်ပါ။

2b18e77e00000578-3185228-image-a-7_1438714423805

ဒါပေမယ့်လည်း ခြောက်ခြားစရာ ကျွန်းကလေးရဲ့နောက်ကွယ်မှာ ဆွေးမြေ့ဖွယ်ရာ နောက်ခံဇာတ်ကြောင်းလေးရှိနေပါတယ်။

နှစ်ပေါင်း ၅၀ မတိုင်ခင် Don Julian ဆိုတဲ့လူက သူ့မိသားစုနဲ့ခွဲပြီး ဒီကျွန်းကလေးကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ ရေနစ်နေတဲ့ ကလေးမလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့ပေမယ့် အသက်မကယ်ခဲ့နိုင်ပါဘူး။ ရက်အနည်းငယ်ကြာပြီးနောက် ရေပေါ်မှာအရုပ်တစ်ရုပ်မျောနေတာကို ထပ်တွေ့ရပါတယ်။ ကွယ်လွန်သွားတဲ့ ကလေးမလေးကို ရည်စူးပြီး သူမရဲ့ဝိညာဉ် ကျေနပ်မှုရရှိဖို့ အဲ့ဒီ့ အရုပ်ကို သစ်ပင်မှာချိတ်ဆွဲထားခဲ့ပါတယ်။

first-doll

ကလေးငယ်ရဲ့ ဝိညာဉ်ကြောင့် ခြောက်ခြားနေတဲ့ Julian ဟာမကြာခင်မှာပဲ ကျွန်းတစ်ဝိုက်ရှိ အရုပ်တွေလိုက်စုပြီး သစ်ပင်တွေမှာ ချိတ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ Julian ဟာအရုပ်တိုင်းမှာ သေသွားတဲ့ကလေးငယ်တွေရဲ့ ဝိညာဉ်တွေ ကိန်းအောင်းနေတယ်လို့ယုံကြည်လာပြီး ဝိညာဉ်တွေကျေနပ်စေဖို့ အရုပ်တွေစုလာတယ်။ သူကိုယ်တိုင်စိုက်ပျိုးထားတဲ့ ဥယျာဉ်ထွက်ပစ္စည်းတွေကို သွားရောက်ရောင်းချကာ ရရှိလာတဲ့ ငွေတွေနဲ့ အရုပ်တွေဝယ်ပြီး ကျွန်းပေါ်ရှိ သစ်ပင်တွေမှာချိတ်ဆွဲလာခဲ့တယ်။

2b18e6ee00000578-3185228-image-m-41_1438717904738

နှစ်ပေါင်းငါးဆယ်တိတိ အရုပ်တွေစုချိတ်လာတဲ့နောက်ပိုင်း ၂၀၀၁ခုနှစ်မှာ Don Julianဟာ ကလေးမလေး သေခဲ့တဲ့ နေရာမှာပဲ ရေနစ်နေတာကို တွေခဲ့ရတယ်။

ဒေသခံတွေပြောပြပုံအရ Julianက စိတ္တဇဖြစ်နေတာကြောင့် ဖန်တီးပြောဆိုခြင်းမျှသာဖြစ်တယ်။ဒါပေမယ့် Julian ရဲ့မိသားစုကတော့ ကလေးငယ်ရဲ့သေဆုံးမှုနဲ့ပတ်သတ်ပြီး ယူကျုံးမရဖြစ်တာကြောင့် သာဖြစ်ပါတယ်တဲ့။

2b198e3c00000578-3185228-image-a-38_1438724736029

ဒါပေမယ့်လည်း ကမ္ဘာလှည့်ခရီးသည်အချို့ကတော့ အဲ့ဒီ့ကျွန်းငယ်လေးကို သွားရောက်လည်ပတ်တဲ့အခါ အမှန်တကယ်ပဲ အခြောက်ခံရတယ်ဆိုကြတယ်။

“ကျွန်တော်တို့ ကျွန်းပေါ်ရောက်တော့ တစ်ခါတစ်လေ အရုပ်တွေမျက်တောင်ခတ်သလို ခံစားတယ်။ ကျောချမ်းစရာကောင်းလောက်အောင်ပဲ သူတို့ရဲ့မျက်လုံးတွေဟာ ကျွန်တော်တို့ကို စိုက်ကြည့်နေသလိုပဲ” လို့ ကမ္ဘာလှည်းခရီးသည်တစ်ဦးက ပြောပြပါတယ်။

ခရီးသည်တော်တော်များများရဲ့ ပြောပြချက်အရတော့ တစ်ခါတစ်လေ ကလေးတွေရဲ့ တီးတိုးပြောသံလိုလို ကြားနေရတတ်ပါတယ်။ ဘယ်လိုပဲမဆို မက္ကဆီကိုက အရုပ်ကျွန်းဟာ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ရေပန်းစားလျက်ရှိပြီး လာရောက်လည်ပတ်သူတွေကလည်း အရုပ်တွေယူလာပြီး သစ်ပင်တွေပေါ်မှာချိတ်ကြရင်း သေသွားတဲ့ Julian ကိုဂုဏ်ပြုကြတယ်လို့ဆိုပါတယ်။

Source:MailOnline , Vocativ

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.