ထိုက်တန်သောလစာ ရရှိရန် ညှိနှိုင်းနည်း

 အလုပ်အတွေ့အကြုံမရှိသေးတဲ့ ပျိုမေတို့ အလုပ်ခွင်ဝင်ရာမှာ ကိုယ်ရည်မှန်းထားတဲ့ လစာကို ပါးနပ်မှုနဲ့ညှိနှိုင်းဆွေးနွေးလို့ရအောင် မျှဝေပေးလိုက်ပါတယ်။ အင်တာဗျူးမှာ အခက်ခဲဆုံးအရာက လစာညှိနှိုင်းခြင်းပါပဲ။ ကိုယ်က လစာတစ်ခုရည်မှန်းထားပေမယ့် “ငါ့ကို ပေးမှပေးပါ့မလား” ဆိုတဲ့စိုးရိမ်စိတ်ကြောင့် သူတို့ကမ်းလှမ်းတဲ့ လစာနဲ့ပဲကျေနပ်ရတဲ့သူတွေရှိကြပါတယ်။ဒါကြောင့် အခုဖော်ပြမယ့် အချက်ကလေးတွေက လစာညှိနှိုင်းရာမှာ အထောက်အကူပြုပါလိမ့်မယ်။

၁။ လေ့လာမေးမြန်ပါ။

အင်တာဗျူး မဝင်ခင်မှာ ကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို ချဉ်းကပ်ပြီး သူတို့ရဲ့ အင်တာဗျူးအတွေ့အကြုံတွေကို လေ့လာမေးမြန်းပါ။ လစာနဲ့ပတ်သတ်ပြီး သူတို့ဘယ်လို ညှိယူခဲ့ကြလဲ စသဖြင့်ပေါ့။

၂။တွက်ချက်ပါ။

ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းရည်ကို တွက်ချက်ပါ။ တစ်နည်းအားဖြင့် ဒီကုမ္ပဏီအပေါ် ကိုယ်ဘယ်လောက်အကျိုးဆောင်နိုင်မလဲဆိုတာကို ကိုယ်တိုင်သိအောင်လုပ်ပါ။

၃။ပွင့်လင်းပါ။

ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းအပေါ်မူတည်ပြီး ထိုက်သင့်သလောက် တောင်းဆိုဖို့ဝန်မလေးပါနဲ့။ အချိန်နဲ့ လုပ်အားတိုင်းမှာ တန်ဖိုးရှိတယ်လေ။ အင်တာဗျူးဖြေစဉ်မှာပဲ ကိုယ်မှန်းထားသလောက်ကို ပွင့်ပွင့်လင်းလင်းပြောပါ။

၎။ အမွမ်းမတင်ရ။

လစာများများရဖို့အတွက် ကိုယ့်အရည်အချင်းထက် ပိုလွန်ပြီး အမွမ်းမတင်ပါနဲ့။ လူတိုင်းပြီးပြည့်စုံတာမှမဟုတ်တာ။ ကိုယ်က ဘယ်နေရာမှာ ဘယ်လိုတော်လဲ ဘယ်နေရာကျတော့ လေ့လာဖို့လိုသေးသလဲ စသဖြင့် ရိုးရိုးသားသားဝန်ခံပါ။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။

စကားပြောတဲ့အခါ တစ်ခြားသူယုံကြည်စေမယ့် စကားမျိုးပြောပါ။ “ထင်တယ်၊ ဖြစ်လောက်မယ်” စသဖြင့် မသေချာမရေရာတဲ့ စကားမျိုးကိုရှောင်ပါ။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည်ကို ယုံကြည်ထားပါ။ ဒါမှသာ တစ်ဖက်လူအနေနဲ့ ကိုယ့်ကိုအထင်ကြီးလာမှာပါ။

ဒီအချက်ကလေးတွေ သုံးသပ်လိုက်ပြီဆိုရင်တော့ ကိုယ့်အနေနဲ့ လစာနဲ့ပတ်သတ်ပြီး မပွင့်လင်းတာမျိုး တရာမမျှတ တာမျိုးမရှိနိုင်တော့ပါဘူး။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.