ခွေး (သို့) ကြောင်မွေးခြင်း၏ကောင်းကျိုးများ

ပျိုမေတို့အနေနဲ့ ခွေး၊ ကြောင်မွေးခြင်းဖြင့် စိတ်ရော ကိုယ်ပါ ကျန်းမာခြင်းစေကြောင်း ဖတ်ရှု မှတ်သားစေလိုပါတယ်။

အိမ်မွေး တိရစ္ဆာန်ချစ်တတ်သူတွေဟာ သာမန်လူတွေထက်တော့ အနည်းငယ် ထူးခြားချက်ကလေးတွေရှိတတ်ကြပါတယ်။ သူတို့အနေနဲ့ တိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ အမှန်တကယ်ဆိုရင်လည်း အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေးနဲ့ကြောင် မွေးခြင်းအားဖြင့် အကျိုးရလဒ်အချို့ရှိပါတယ်။

၁။နှလုံးရောဂါဖြစ်ခြင်းမှကင်းဝေးခြင်း။

မှတ်တမ်းတွေအရ ခွေးနဲ့ကြောင်မွေးခြင်းဖြင့် နှလုံးအောင့်ခြင်းနှင့် အခြားနှလုံးဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေကို ၃၀ရာခိုင်နှုန်းခန့် လျှော့ချပေးပါတယ်။ နှလုံးရောဂါရှင်တွေလည်း အိမ်မွေးတိရစ္ဆာန်မွေးထားခြင်းအားဖြင့် သက်သာလာနိုင်ခြေရှိပါတယ်။

hearthealth_cbp1047250_600x350_1

၂။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုကိုလျှော့ချပေး။

ပညာရှင်တွေရဲ့ လေ့လာချက်အရ လူတွေဟာ မိမိရဲ့ ဇနီး/ခင်ပွန်း နှင့် အိမ်မွေးတိရစ္ဆာန်အနားမှာရှိလျှင် စိုးရိမ်မှု၊ စိတ်ဖိစီးမှု ဖြစ်နိုင်ချေ နည်းတယ်လို့ဆိုထားပါတယ်။ ခွေး၊ ကြောင်တွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီးလျှင်ပင် ပင်ပန်းမှု နှုန်းသူ့အလိုလိုလျော့ကျလာတတ်ပါတယ်။

၃။သွေးဖိအားလျော့ကျစေသည်။

ခွေး၊ကြောင်တွေနဲ့ ကစားခြင်းအားဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်မှုတွေလျော့ကျစေတာကြောင့် နှလုံးခုန်းနှုန်း ပုံမှန်ဖြစ်စေပြီး သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။ ဒါကြောင့် ခွေး၊ကြောင် မွေးထားသူတွေဟာ မမွေးသူတွေထက် ပိုပြီး စိတ်ရွှင်တယ်လို့သိရပါတယ်။

၎။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဖြစ်စေသည်။

ခွေးနဲ့လမ်းလျှောက်ထွက်တာ ၊ကြောင်နဲ့ ပြေးကစားတာ လုပ်ခြင်းဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုဖြစ်လာပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ် နှင့် စိတ်ကိုကျန်းမာစေပါတယ်။

charlottereeves1-500-500x330

၅။ရင်ဖွင့်ဖော်ရခြင်း။

စိတ်ဖိစီးမှုများလွန်း၍ ရင်ဖွင့်စရာလူမရှိတဲ့အခါ သူတို့လေးတွေက ကူညီပေးပါတယ်။ ကိုယ့်ရဲ့မိတ်ဆွေတစ်ယောက်လို့ စိတ်ထဲရှိသမျှအကြောင်းအရာတွေ ထုတ်ပြောလိုက်ခြင်းအားဖြင့် စိတ်ပေါ့စေတဲ့အပြင် ခွန်အားတစ်ခုရစေပါတယ်။

 ၆။ အထီးမကျန်တော့ခြင်း။

မကြာခဏ အထီးကျန်သလို ခံစားရခြင်းမရှိတော့ပါဘူး။ ကြောင်၊ ခွေးပိုင်ရှင်တွေက သူတို့လေးတွေကို မိတ်ဆွေစာရင်းသွင်းထားပြီးသား ဖြစ်ပါတယ်။

Kitten on shoulder

ခွေး၊ကြောင်မွေးခြင်းက ဒီထက်မကပဲ မြောက်မြားစွာသော အကျိုးကျေးဇူးတွေပေးပါသေးတယ်။ခွေး၊ကြောင် မွေးထားတဲ့ပျိုမေတို့အနေနဲ့ အပေါ်ကအချက်ကလေးတွေကို သိထားခြင်းအားဖြင့် မိမိရဲ့ အိမ်မွေးတိရစ္ဆာန်လေးအပေါ် ပိုပြီးဂရုစိုက်လာမိမယ်လို့ယုံကြည်မိပါတယ်။

Source: http://topyaps.com/top-10-benefits-of-having-a-pet-in-home

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.