စပရိုက်(စ်)မည်သည်….

ခုခေတ် ကောင်လေးတွေ ကောင်မလေးတွေ မွေးနေ့၊ နှစ်ပတ်လည် ၊ လက်ထပ်ခွင့်တောင်းတဲ့အချိန် စသဖြင့် အထိမ်းအမှတ်နေ့တွေမှာ စပရိုက်(စ်) (တစ်စုံ တစ်ယောက် အံသြဝမ်းသာသွားအောင် လျှို့ဝှက်စွာ စီစဉ်ပြုလုပ်ခြင်း) အပြန်အလှန်လုပ်ကြတာတွေ့ရပါတယ်။သူငယ်ချင်းတွေကြားမှာလည်း မွေးနေ့တွေမှာ စပရိုက်(စ်)လုပ်ကြတယ်။ ဘယ်နိုင်ငံက ဆင်းသက်လာတဲ့ ယဉ်ကျေးမှုလဲတော့မသိ အတော်တော့ ပျော်စရာကောင်းပါတယ်။ စပရိုက်(စ်)အလုပ်ခံရတဲ့သူရော လုပ်ပေးတဲ့သူရော နှစ်ဦးနှစ်ဖက်ကြည်နူး ရပါတယ်။ ဘဝအတွက် အမှတ်တရလေးလည်းဖြစ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားချစ်ခင်မှုကို ဖော်ပြတဲ့ အလေ့အထလို့ မြင်မိပါတယ်။
ဒါမယ့်လေ ချစ်သူရည်စား သူငယ်ချင်းတွေကြားသာမက မိဘတွေ ဆရာသမားတွေကိုလည်း စပရိုက်(စ်)လုပ်ပေးလို့ရတယ်လို့…အဲဒါ လာပြောတာ..။ အောက်ကဗီဒီယိုလေးကို ကြည့်ကြည့်ပါ။…စိတ်ထဲမှာ သတိရမိသွားတဲ့ပုဂ္ဂိုလ်နဲ့ အမှတ်တရလေးတွေရှိရင် မန့်ခဲ့နော်။(ဗီဒီယိုက (၁)မိနစ်ကျော်ပဲ ကြာတယ်နော်။)

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.