မျက်နှာပြင်ပေါ်က အမည်းစက်လေးတွေကြောင့် စိတ်ညစ်နေရလား

ပျိုမေတို့အတွက် အမည်းစက်လေးတွေကို နှိမ်နင်းနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို မျှဝေပေးလိုက်မယ်နော်။ ပုံလေးတွေနှိပ်ကြည့်ပေးနော်။

) သံပယိုသီး (သံပရာသီး)

လတ်လတ်ဆတ်ဆတ် သံပယိုရည်ကို ဝါဂွမ်းလေးနဲ့တို့ပြီး အမည်းစက်ဖြစ်နေတဲ့နေရာတွေကို ညင်သာစွာပွတ်ပေးပါ။  ခြောက်သွားတဲ့နောက်မှာတော့ ရေသန့်သန့်လေးနဲ့ ဆေးချပေးပါ. အနည်းဆုံး နှစ်ပါတ်လောက်ထိ မှန်မှန်လုပ်ပေးသွားပါ။


lemon


ပျိုမေတို့ရဲ့ အသားရေက အရမ်းနုတယ် ထိလွယ်ရှလွယ်တယ်ဆိုရင် သံပယိုရည်ကို ပျားရည်နဲ့ရောပြီးသုံးပေးသင့်ပါတယ်။

နောက်သတိပြုရမှာတစ်ချက်က မျက်နှာမှာ ဒဏ်ရာရှိနေရင် ဒီနည်းကို မရွေးချယ်ပါနဲ့။ ဒီနည်းလမ်းအသုံးပြုပြီးတာနဲ့ချက်ချင်း နေပူထဲမထွက်သင့်ပါဘူး။
ဒါကြောင့် ညအိပ်ရာဝင်ခါနီးအသုံးပြုပေးတာ ပိုအဆင်ပြေမယ်ထင်ပါတယ်

() အာလူး

အာလူးကို ပါးပါးလေးလှီးပြီး အမည်းစက်နေရာမှာ ကပ်ပေးပါ။ မိနစ်အနည်းငယ်လောက်ထားပြီး ရေနဲ့ဆေးကြောလိုက်ပါ

potato

 

() ရှားစောင်းလက်ပက်

လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပက်ဂျယ်လ်ကို အမည်းစက်ဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပြီး လက်ထိပ်လေးတွေကို အသုံးပြုကာ
မိနစ်အနည်းငယ်လောက် မျက်နှာကို ညင်ညင်သာသာ နှိပ်ပေးပါ။ ထို့နောက် ၁၅မိနစ်မိနစ်၂၀လောက်ထားပြီး ရေနဲ့ဆေးကြောလိုက်ပါ၊
တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်ခန့် နေ့စဉ်ပုံမှန်လုပ်ပေးသင့်ပါတယ်

Shar Saung

 

() ခရမ်းချဉ်သီး

ခရမ်းချဉ်သီးအရည်ကို ညှစ်ယူပြီး သံပယိုရည် (စားပွဲတင်ဇွန်းတစ်ဇွန်း) နဲ့ ရောစပ်ကာ နှံ့စပ်စွာမွှေပါ။ ထိုအရောကို မျက်နှာတွင် မိနစ်၂၀ခန့်ကပ်ထားပေးပါ။
ထို့နောက် ရေနွေးလေးနဲ့ ဆေးကြောပေးပါ

Tomatoes

 

) သခွားသီးနှင့်နွားနို့

သခွားသီးကို ကြိတ်ချေပြီး နွားနို့နှင့် သံပရုရည်ကို  ရောထည့်ကာ အနှစ်ပြုလုပ်ပါ. ထိုအနှစ်ကို အမည်းစက်ဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပါ။
၁၀မိနစ်ခန့်ထားပေးပြီးနောက် ရေနဲ့ ပြန်ဆေးချပါ

milk

 

(၆) သင်္ဘောသီး

သင်္ဘောသီးမှည့်တစ်လုံးရဲ့ အသားကို မျက်နာမှာ ၁၅မိနစ်ခန့်ကပ်ပေးပါ။ ဒါမှမဟုတ် သင်္ဘောသီးမှည့်ကို တုံးပြီးတော့လည်း
မျက်နှာမှာ ပွတ်ပေးလို့ရပါသေးတယ်။

Papaya

 

 

(၇) ရေများများသောက်ပေးပါ

တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် အနည်းဆုံး ၆ခွက်မှ ၈ခွက်ထိ သောက်ပေးပါ။ ရေများများသောက်ပေးခြင်းဟာ
ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် မျက်နှာပြင်ပေါ်က အမည်းစက်တွေကို ကာကွယ်ပေးပါတယ်။

water

ဒီနည်းလမ်းလေးတွေကို လုပ်ပြီး ပိုမိုလှပနိုင်ကြပါစေရှင့်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.