ရှူးရှူးရှဲရှဲ ကျောက်ပွင့်သုပ် ချဉ်ငန်စပ်လေး

ဒီနေ့မှာတော့ ဆောင်းတွင်းအေးအေးမှာ အစားပျက်လို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် ရှူးရှူးရှဲရှဲနဲ့ ထမင်းမြိန်စေမယ့် ကျောက်ပွင့်သုပ် (ရခိုင်) နည်းလေး ပြောပြမယ်နော်။
လိုတာတွေကတော့

  • တရုတ် ကျောက်ပွင့်
  • ခရမ်းချဉ်သီး မမှည့်တမည့်
  • ကြက်သွန်နီ
  • သံပယိုသီး သို့ သံပရာသီး
  • ငရုတ်သီးစိမ်း
  • ပုစွန်ငပိထောင်း
  • ငံပြာရည်
  • ပုစွန်ခြောက်မှုန့် တို့ လိုအပ်ပါတယ်။

ပထမဆုံး အသုပ်မသုပ်ခင် ၂နာရီ ၃နာရီလောက်စောပြီးတော့ ကျောက်ပွင့်တွေကို ပန်းကန်ကြီးကြီးထဲမှာ ရေစိမ်ပေးပါ။

အချိန်မရဘူးဆိုလည်း ရေနွေးနဲ့ ဖျော်လည်းရပါတယ်။ ရေနွေးနဲ့ ဖျောထားတဲ့အချိန်မှာ ခရမ်းချဉ်သီးလေးတွေကို လှီးပါမယ်။ ကျောက်ပွင့်တစ်ပွင့်ဆို ခရမ်းချဉ်သီး လေးလုံးလောက် ထည့်လို့ရပါတယ်။ ခရမ်းချဉ်သီးလှီးတဲ့အခါမှာ ပါးပါးလေးတွေ လှီးနိုင်ရင် အကောင်းဆုံးပါပဲ။
ခရမ်းချဉ်သီး လှီးလို့ပြီးပြီဆိုရင် ကျောက်ပွင့်တွေကို ရေစစ်ပြီး လှီးပေးပါ။ ကတ်ကြေးနဲ့ ညှပ်တာထက် လှီးတာက ပိုလှပါတယ်။ ပြီးရင် ငရုတ်သီးစိမ်းလေးတွေနဲ့ ကြက်သွန်နီနှစ်လုံးလောက်ကို ပါးပါးလှီးထည့်ပါ။ အဲ့နောက် ပုဇွန်ခြောက်မှုန့်လေးထည့်ပါ။ အချိုမှုန့်ကိုလည်း ပါတယ်ဆိုရုံလေးလောက်ပဲ ထည့်ပေးပါ။ (အချိုမှုန့်အရမ်းစားတာ ကျန်းမာရေးနဲ့ မညီညွတ်ဖူးနော်)
ပြီးရင်တော့ ပုစွန်ငါးပိထောင်းထည့်ပါ။ နောက်ဆုံး ငံပြာရည်ထည့်၊ သံပရာသီးညှစ်ထည့်ပြီး အားရပါးရသေချာနယ်ပါ။ (လက်အိတ်လေးနဲ့နယ်တာ အကောင်းဆုံးပါပဲ။ သန့်လည်း သန့်သလို ငရုတ်သီးကြောင့် လက်လည်း မစပ်တော့ဘူးပေါ့။)
ကဲ နောက်ဆုံးအနေနဲ့ ပန်းကန်ပြားလှလှလေးတစ်ချပ်ထဲ ပြောင်းထည့်ပါ။
ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲ ကျောက်ပွင့်သုပ်တစ်ပွဲ ရပြီပေါ့နော်။
Photo Credit – Le Monde Inle Lake

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.