ရှူးရှူးရှဲရှဲ မာလာကြက်အူချောင်း

 “ငါးမိနစ်အတွင်း ရှူးရှဲ ကြက်အူချောင်းလေး လုပ်စားကြမယ်”

မာလာဟင်း မာလာခေါက်ဆွဲ မာလာငါးတွေက မိန်းကလေးတွေအကြိုက် ပူပူစပ်စပ်လေးဆိုတာ ပျိုမေတို့ သိပြီးသားပါနော်။ ဒီတစ်ခါတော့ လွယ်လွယ်ကူကူ မာလာကြက်အူချောင်းလေး လုပ်စားကြမယ်လေ။

ပါဝင်ပစ္စည်းများ

ကြက်အူချောင်း – ၆ ချောင်း
မာလာဟင်းနှစ် – ၃ စားပွဲဇွန်း
ဆီ – သင့်ရုံ
ငရုတ်ကောင်း – အနည်းငယ်

 

ပြုလုပ်နည်း
– ကြက်အူချောင်းများကို ဓားနဲ့မွှန်းထားပါ။
– ဒယ်အိုးထဲသို့ ဆီထည့်ပါ။
– ဆီပူလာလျှင် ကြက်အူချောင်းများကို ထည့်ပါ။
– မာလာဟင်းနှစ် ထည့်ပါ။
– ကြက်အူချောင်းများ ကျက်အောင် ကြော်ပေးပါ။ မတူးစေရန် သတိပြုပါ။
– ကြက်အူချောင်းများ ကျက်လျှင် အပေါ်မှ ငရုတ်ကောင်းအနည်းငယ် ဖြူးပေးနိုင်ပါသည်။

ကဲ ဘယ်လောက်လွယ်လဲ။ အချိန်တိုအတွင်းမှာ ဟင်းတစ်ခွက်ရပြီပေါ့။
သူငယ်ချင်းတွေနဲ့ပဲ အပျော်တမ်းစားစား အိမ်မှာဟင်းမကောင်းလို့ဘဲ ကြော်စားစား
ကလေးတွေအတွက် ဘာဟင်းထည့်ပေးရမှန်းမသိတဲ့ မေမေတို့အတွက်လည်း အဆင်ပြေစေမယ့် မာလာ ကြက်အူချောင်းလေးပဲဖြစ်ပါတယ်။ အရသာရှိလွန်းလို့ ကိုယ့်ရုပ်ကို မှန်ထဲသွားကြည့်တောင် နာမည်မေ့သွားဦးမယ်။ အဲ့လောက်ကို ကောင်းတာ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.