ဒေါက်ဖိနပ်ကြောင့် နာကျင်မှုကို ဤနည်းလမ်းဖြင့်နှုတ်ဆက်ပါ။

ဒေါက်ဖိနပ် မစီးဘဲလည်း မနေနိုင် တစ်နေကုန် စီးပြီးသွားရင်လည်း ခြေထောက်တွေနာကျင်နေပါသလား??? ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းလေးကတော့..👇👇👇

အလှအပမက်တဲ့ မိန်မသားတို့အဖို့ ဒေါက်ဖိနပ်ဆိုတာ ရူးသွပ်စရာတစ်ခုပါ။ ဒေါက်ဖိနပ်စီးလိုက်ရင် စမတ်ကျသွားသလို ခံစားရပြီး ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုတွေတိုးစေပါတယ်။ စီးထားတုန်းမှာ ယုံကြည်မှုတွေပေးသော်ငြားလည်း ချွတ်လိုက်တဲ့အခါမှာတော့ နာကျင်မှုတွေကျန်ခဲ့ပါတယ်။ ဘယ်လောက်ပဲနာနာ “အပြစ်မမြင်ပါဘူး စီးချင်တာပဲ သိတဲ့နောက်….”ဆိုပြီး စီးမြဲစီးဆဲ ပျိုမေတို့အတွက် နာကျင်မှုလေး သက်သာအောင် နည်းလမ်းကောင်းလေးတစ်ခု မျှဝေပေးလိုက်ရပါတယ်ရှင့်.။
ဒေါက်ဖိနပ် စီးတဲ့အခါတိုင်း အကြည်ရောင် ဆေးဆယ်လိုတိပ် (သို့) ဆယ်လိုတိပ် နဲ့ ခြေခလယ်နဲ့ ခြေသန်းကြွယ်ကို ပတ်ထားလိုက်ပါ။ ဒါဟာ နာကျင်မှုတွေကို သက်သာစေပါတယ်။
အရမ်းလွယ်တယ်ဟုတ်? မဖြစ်နိုင်ဘူးလို့များ သံသယရှိနေလေသလား?လုံးဝ သံသယရှိစရာမလိုပါဘူး။ ဒီနည်းလမ်းဟာ သိပ္ပံနည်းကျဖြေရှင်းချက်ပါ။ ခြေခလယ်နဲ့ ခြေသန်းကြွယ်ကြားမှာ ဖြာထွက်နေတဲ့ အာရုံကြောလေးတွေအပေါ် ဖိအားတစ်ခု သက်ရောက်တဲ့အခါ နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။ ဆယ်လိုတိပ်ဟာ အဲဒီ့ဖိအားကို ဖယ်ရှားပေးလို့ပါ။

နည်လမ်းလေးသိပြီဆိုတော့ ပျိုမေတို့ နာကျင်မှုမရှိ ဒေါက်ဖိနပ်နဲ့ ဖလန်းဖလန်းထလို့ရပြီပေါ့ကွယ်။😉😜😉ပျိုမေတို့ကမ္ဘာက မြန်မာနိုင်ငံက ပျိုမေတို့ အစဉ်လှပနေစေဖို့ နည်းလမ်းကောင်းများ ရှာဖွေတင်ဆက်လျက်ပါ။
😘”ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။”😘

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.