တန်ဖိုးထားတတ်ကြပါစေ

ယောက်ျားလေးတွေက ပြောတယ် မင်းတို့မိန်းမတွေက ငွေတစ်မျက်နှာသာကြည့်တတ်ကြတာပါကွာတဲ့။ ရှင်တို့ကော အဲ့လိုထင်လား။ ကျွန်မကတော့ အဲ့လိုမထင်ဘူး။

ကျွန်မတို့ မိန်းမသားတွေ တကယ်လိုချင်တာ အားကိုးယုံကြည်မှု သူ့အပေါ် ကျွန်မတို့ ဘယ်လောက် ယုံကြည်နိုင်မလဲ။ အားကိုးနိုင်မလဲဆိုတာအပေါ်ကျွန်မတို့ မိန်းမသားတွေ တိုင်းတာတတ်ကြတာပါ ။ တကယ်တော့ မိန်းမသားအများစုဟာ အချစ်ရူးမလေးတွေမှန်း သူတို့ ဘာကြောင့် မသိကြတာလဲ။

ကျွန်မတို့ တကယ်လိုချင်တာ သူတို့ဆီက မပြောင်းလဲတဲ့ ဂရုစိုက်မှုဆိုတာ သူတို့ ဘာကြောင့် နားမလည်ကြတာလဲ။ ချစ်သူက အချိန်မပေးလို့ မိန်းမသားတိုင်း မဖောက်ပြန်တတ်ကြပေမယ့် အားငယ်တတ်ကြပါတယ်။ ဝမ်းနည်းတတ်ကြပါတယ်။ သူတို့ရဲ့ စာတစ်စောင် ဖုန်းတစ်ချက်ဟာ တစ်နေ့တာရဲ့ အားသစ်တွေဖြစ်စေမှန်း သူတို့ သိစေချင်တယ်။

အချစ်နိုင်ဆုံး ချစ်ပေးခဲ့ပေးမယ့် ဥပေက္ခာတရားတွေသာ ပြန်ရခဲ့မယ်ဆိုရင်တော့ ကျွန်မတို့ သူတို့ကို ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ စွန့်ခွာသွားတတ်ကြတယ်။ ဒါကြောင့် ကျွန်မတို့ သူတို့ဘေးနား ရှိနေချိန်မှာ တန်ဖိုးထားတတ်ကြစေချင်တယ် ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.